Tuesday, April 1, 2025

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငလျင်ဒဏ်သင့်သည့် ဒေသများသို့ ဆန်၊...

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငလျင်ဒဏ်သင့်သည့် ဒေသများဖြစ်သည့် နေပြည်တော် ကောင်စီသို့ ၂၄ ပြည် ဆန်အိတ် (၇၀၀)အိတ်၊ မန္တလေးတိုင်းဒေသကြီးသို့ ၂၄ ပြည် ဆန်အိတ်...

နေပြည်တော်တွင် အင်အားရစ်(ခ်)တာစကေး (၄.၉) အဆင့်...

နေပြည်တော်ကို ဗဟိုပြူ၍ ယနေ့ ဧပြီ (၁)ရက်၊ နေ့လယ် (၁)နာရီ၊ (၁၂)မိနစ်၊ (၀၄)စက္ကန့် အချိန်က အင်အားရစ်(ခ်)တာစကေး (၄.၉) အဆင့်...

မြန်မာငလျင်ဘေးဒဏ်သင့်ပြည်သူများအား ထိုင်းဘုရင်မင်းမြတ်လှူဒါန်းသည့် ကူညီထောက်ပံ့ရေးပစ္စည်းများ လွှဲပြောင်းပေးအပ်

ယနေ့ ဧပြီလ ၁ ရက်နေ့တွင် ထိုင်းဘုရင်မင်းမြတ်နှင့် မိဖုရားကြီးမှ မြန်မာငလျင်ဘေးသင့်ပြည်သူများအတွက် ပေးအပ်သောလူသားချင်းစာနာထောက်ထားမှုအကူအညီများဖြစ်သည့် ဆေးဝါးအိတ်များ၊ ယာယီတဲများ၊ အသင့်စားခေါက်ဆွဲခြောက်၊ ဆန်ပြုတ်ဘူး၊ ငါးသေတ္တာ၊...

Earthquake-hit Myanmar still needs...

Countries such as China, India, Russia, Vietnam, Thailand, Malaysia, Singapore, UAE, and Belarus...
HomeNewsLocal Newsကျိုင်းတုံ စော်ဘွားဈေးနေ့ ကျင်းပ

ကျိုင်းတုံ စော်ဘွားဈေးနေ့ ကျင်းပ

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၌ ယနေ့ မတ်လ (၂၀)ရက် နံနက်ပိုင်းအချိန်တွင် ရှမ်းတိုင်းရင်းသားများက စော်ဘွားဈေးနေ့ကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဈေးရောင်းချမှုသည် စော်ဘွားများကို အမှတ်ရခြင်း၊ ပူဇော်ခြင်း အထိမ်းအမှတ်အဖြစ် တစ်နှစ်လျှင် တစ်ရက်သာ ခင်းကျင်းရောင်းချကြခြင်းဖြစ်‌ပြီး စော်ဘွားများ၏ အု တ်ဂူတွင် ပူဇော်ခြင်းများကိုလည်း လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။

စော်ဘွားဈေးကို လွိုင်မွေလမ်းရှိ စော်ဘွားကြီးများ အုတ်ဂူနောက်ကျောနေရာမှ ပါလျန်တံခါးအလွန် ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့အထိလည်းကောင်း၊ ဈေးတန်းကြီးလမ်း ကောင်းမှူးခမ်း ဘုန်းကြီးကျောင်းလမ်းထောင့်မှ စော်ဘွားကြီး အုတ်ဂူရှေ့သို့ လည်းကောင်း၊ တစ်ဆက်တည်း EPC သွားလမ်းကွေ့အထိ စည်ကားသိုက်မြိုက်စွာ ခင်းကျင်း ရောင်းချခဲ့ကြောင်း သိရသည်။

စော်ဘွားဈေးနေ့ကို သက္ကရာဇ် ၇၃၀ ခုနှစ်၊ အေဒီ ၁၃၆၈ ခုနှစ် စော်ဘွား စင်စစ်ပန်းတု(ခ)စင်သတ္တ ချူရာဇာ လက်ထက်တွင် ကျိုင်းတုံမြို့ ရပ်ကွက်(၃)ရှိ အောင်မြေနန်းပန်းခြံသည် စော်ဘွားရေးဖြစ်ပြီး ၎င်းနယ်မြေကို အောင်မြေဟု သတ်မှတ်ထားကြောင်း ၊ ကျိုင်းတုံစော်ဘွားများ ခရီးထွက်လျှင်သော်လည်းကောင်း၊ စစ်ထွက်လျှင် သော်လည်းကောင်း၊ အဆိုပါ ဈေးနယ်မြေတွင် ညအိပ်၍ မှူးမတ်စစ်သည်များကို ရာထူးချီးမြှင့်ပေးခြင်း၊ လက်နက်နှင့် လူအင်အား စုဆောင်ခြင်းများပြုလုပ်၍ ပျော်ပွဲရွှင်ပွဲများ ကျင်းပပြီးမှ ထွက်ခွာလေ့ ရှိကြောင်း သိရသည်။

၁၆၃၂ ခုနှစ်တွင် ဈေးရောင်းဈေးဝယ်သူ များပြားလာကာ ရပ်ကွက်(၁)ရှိ မြို့မရေးသို့ ပြောင်းရွှေ့ခင်းကျင်း ရောင်းချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငလျင်ဒဏ်သင့်သည့် ဒေသများသို့ ဆန်၊ ဆီနှင့် စက်မှုကုန်ကြမ်း(အထည်လိပ်)များ လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငလျင်ဒဏ်သင့်သည့် ဒေသများဖြစ်သည့် နေပြည်တော် ကောင်စီသို့ ၂၄ ပြည် ဆန်အိတ် (၇၀၀)အိတ်၊ မန္တလေးတိုင်းဒေသကြီးသို့ ၂၄ ပြည် ဆန်အိတ် (၂၁၀၀) အိတ်၊ စစ်ကိုင်းတိုင်းဒေသကြီးသို့ ၂၄ ပြည် ဆန်အိတ်(၇၀၀)အိတ်၊ နေပြည်တော်ကောင်စီနှင့် မန္တလေးတိုင်းဒေသကြီးသို့ စက်မှုကုန်ကြမ်း(အထည်လိပ်) (၁၅၂)ထုပ်၊ နေပြည်တော်ကောင်စီ၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးသို့ စားအုန်းဆီ (၃၅၀၀)ပိဿာ ပေးပို့လှူဒါန်းခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများသည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပံ့ပိုးမှုဖြင့် ငလျင်ဘေးသင့်ဒေသများသို့ သွားရောက်ကူညီဆောင်ရွက်ပေးမည့်အဖွဲ့နှင့်...

နေပြည်တော်တွင် အင်အားရစ်(ခ်)တာစကေး (၄.၉) အဆင့် အင်အားအနည်းငယ်ရှိသော မြေငလျင် တစ်ခု ထပ်မံလှုပ်ခတ်

နေပြည်တော်ကို ဗဟိုပြူ၍ ယနေ့ ဧပြီ (၁)ရက်၊ နေ့လယ် (၁)နာရီ၊ (၁၂)မိနစ်၊ (၀၄)စက္ကန့် အချိန်က အင်အားရစ်(ခ်)တာစကေး (၄.၉) အဆင့် အင်အားအနည်းငယ်ရှိသော မြေငလျင် တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ တိုင်းထွာရရှိချက်အရ သိရသည်။ နေပြည်တော်မြေငလျင်စခန်းမှ မြောက်-အရှေ့မြောက်ဘက် (၁၃) မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ပုဗ္ဗသီရီမြို့နယ်၏ မြောက်-အရှေ့မြောက်ဘက် (၅) မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၁၉.၉၆) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၂၁) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍...

မြန်မာငလျင်ဘေးဒဏ်သင့်ပြည်သူများအား ထိုင်းဘုရင်မင်းမြတ်လှူဒါန်းသည့် ကူညီထောက်ပံ့ရေးပစ္စည်းများ လွှဲပြောင်းပေးအပ်

ယနေ့ ဧပြီလ ၁ ရက်နေ့တွင် ထိုင်းဘုရင်မင်းမြတ်နှင့် မိဖုရားကြီးမှ မြန်မာငလျင်ဘေးသင့်ပြည်သူများအတွက် ပေးအပ်သောလူသားချင်းစာနာထောက်ထားမှုအကူအညီများဖြစ်သည့် ဆေးဝါးအိတ်များ၊ ယာယီတဲများ၊ အသင့်စားခေါက်ဆွဲခြောက်၊ ဆန်ပြုတ်ဘူး၊ ငါးသေတ္တာ၊ ဓါတ်မီး၊ မီးစက်နှင့် အခြားလိုအပ်သောကယ်ဆယ်ရေးပစ္စည်းများတင်ဆောင်လာသော ထိုင်းဘုရင့်လေတပ်မှ အထူးလေယာဉ်နှစ်စင်းသည် နေပြည်တော်လေဆိပ်သို့ ရောက်ရှိခဲ့သည်။ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး ဉီးဆောင်ကာ ဘုရင်မင်းမြတ်၏ကူညီထောက်ပံ့မှုပစ္စည်းများကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးကြည် ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကာ အဆိုပါပစ္စည်းများကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန (Disaster Management Center : DMC) ထံ ပေးအပ်သွားမည်ဖြစ်ပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071