Tuesday, April 1, 2025

အရေးပေါ်ဖုန်းအားသွင်းရန်လိုအပ်သူများအတွက် ဂျပန်ယဉ်ကျေးမှုစင်တာကို ဖွင့်လှစ်ပေးထားမည်

ရန်ကုန်တွင် ဧပြီလ ၁ ရက်မှစ၍ အရေးပေါ်ဖုန်းအားသွင်းရန်လိုအပ်သူများ အခမဲ့အားသွင်းနိုင်ရန် ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာကို ဖွင့်လှစ်ပေးထားမည်ဖြစ်ကြောင်း သိရသည်။ အရေးပေါ်ဖုန်းအားသွင်းရန်လိုအပ်သူများအနေဖြင့် အမှတ် ၇၀၊ နတ်မောက်လမ်းသွယ်(၁)၊ ဗဟန်းမြို့နယ်၊...

အင်းလေးဒေသ ကျေးရွာ(၃)ရွာ ပြန်လည်ထူထောင်ရေးအတွက် ကမ္ဘော‌ဇဘဏ်...

အင်းလေးဒေသ ကျေးရွာ(၃)ရွာဖြစ်သည့်ရှေ့၀ကြီး၊ အိုင်ထောင့်ကြီး၊ မြွေပွေး (အထက်ရွာ)များရှိ စာသင်ကျောင်းအပါအဝင် ဆရာများ‌နေအိမ်၊ဘုန်းကြီးကျောင်းများ ပြန်လည်ထူထောင်ရေးအတွက် ကမ္ဘော‌ဇဘဏ်က အလှူငွေများပေးအပ်ခဲ့ကြောင်းသိရသည်။ ထိုသို့ ပေးအပ်လှူဒါန်းရာ၌ အိုင်ထောင့်ကြီးကျေးရွာ အခြေခံပညာ...
HomeNewsLocal Newsယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မန္တလေး...

ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မန္တလေး ဗဟိုအကျဉ်းထောင်နှင့် လူငယ်သင်တန်းကျောင်းမှ အကျဉ်းသား (၇)ဦး ဝင်ရောက်ဖြေဆို

ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွင်း မန္တလေးမြို့ ဗဟိုအကျဉ်းထောင်နှင့် လူငယ်သင်တန်းကျောင်းမှ အကျဉ်းသားလူငယ် (၇)ဦး ဝင်ရောက်ဖြေဆိုလျက်ရှိပြီး၊ အကျဉ်းထောင်ဝန်ထမ်း (၅)ဦးလည်း ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အဆိုပါ အကျဉ်းသားလူငယ်များမှာ မန္တလေးဗဟိုအကျဉ်းထောင်ရှိ အ.ထ.က (၂၅)တန်းခွဲ စာစစ်ဌာနတွင် ဖြေဆိုနေကြခြင်းဖြစ်ကြောင်းသိရသည်။

ယမန်နေ့ မတ်လ (၂၀)ရက်၌ မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်က အကျဉ်းထောင်ရှိ စာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှုကို သွားရောက်ကြည့်ရှုခဲ့ပြီး စာမေးပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဆောင်ရွက်ထားရှိမှု၊ စာရေးကိရိယာများ အခမဲ့အသုံးပြုနိုင်ရန် စီစဉ်ထားရှိမှု၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုခဲ့ကြောင်း သိရသည်။

ထို့ပြင် အကျဉ်းထောင်အတွင်း စာကြည့်တိုက်ဖွင့်လှစ်ထားရှိမှု၊ အကျဉ်း ထောင်/အချုပ် ထောင်အသီးသီးတွင် ပညာတစ်ပိုင်းတစ်စဖြင့် ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသား၊ အကျဉ်းသူများ ပညာဆက်လက်သင်ကြားနိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ပေးထားမှုတို့ကိုလည်း ကြည့်ရှုခဲ့ကြောင်း သိရသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် (၁၇) ရက်မှ မတ်လ (၂၂)ရက်အထိ ကျင်းပနေကာ မန္တလေးတိုင်းအတွင်း စာစစ်ဌာန (၈၉) ခု ဖွင့်လှစ်ထားပြီး ဝင်ရောက်ဖြေဆိုရန် စာရင်းပေးထားသူ (၃၅,၅၀၀) ဦး၊ ဖြေဆိုသူ (၃၄ ,၂၆၆)ဦး၊ ပျက်ကွက် (၁,၂၃၄) ဦးရှိပြီး ဖြေဆိုမှု ၉၆ ဒဿမ ၅၂ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အရေးပေါ်ဖုန်းအားသွင်းရန်လိုအပ်သူများအတွက် ဂျပန်ယဉ်ကျေးမှုစင်တာကို ဖွင့်လှစ်ပေးထားမည်

ရန်ကုန်တွင် ဧပြီလ ၁ ရက်မှစ၍ အရေးပေါ်ဖုန်းအားသွင်းရန်လိုအပ်သူများ အခမဲ့အားသွင်းနိုင်ရန် ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာကို ဖွင့်လှစ်ပေးထားမည်ဖြစ်ကြောင်း သိရသည်။ အရေးပေါ်ဖုန်းအားသွင်းရန်လိုအပ်သူများအနေဖြင့် အမှတ် ၇၀၊ နတ်မောက်လမ်းသွယ်(၁)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ရှိဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာ၌ လူတစ်ဦးလျှင် ဖုန်းတလုံးနှုန်းဖြင့်လာရောက်အားသွင်းနိုင်မည်ဖြစ်ပြီး စင်တာမှသတ်မှတ်ချက်များကိုလိုက်နာပေးရန်မေတ္တာရပ်ခံထားသည်။ စင်တာဖွင့်ချိန်မှာ‌ မနက် ၉ နာရီခွဲမှ ညနေ ၃ နာရီခွဲဖြစ်ပြီး အပတ်စဉ် အင်္ဂါ‌နေ့မှစနေနေ့အထိ ဖွင့်လှစ်ပေးထားမည်ဖြစ်ကြောင်း အသိပေးထားသည်။ ထို့ပြင် ဂျပန်စာလေ့လာနေသူများ စင်တာသို့လာရောက်ခြင်းကိုလည်း ကြိုဆိုကြောင်း၊ ငလျင်ဒဏ်သင့်ပြည်သူများနှင့် အရပ်ဒေသများ အမြန်ဆုံး ပြန်လည်ထူထောင်လာစေရန် ဆုတောင်းမေတ္တာပို့အပ်ပြီး ဂျပန်ဖောင်ဒေးရှင်း(JF)သည် ဂျပန်နိုင်ငံ၏မိတ်ဆွေသင်္ဂဟဖြစ်သည့် မြန်မာနိုင်ငံမှ ပြည်သူပြည်သားများအား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071