Tuesday, April 1, 2025

ငလျင်ဒဏ်ကြောင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်ပရိဝုဏ်တော်အတွင်းရှိ သာသနိကအဆောက်အဦအနည်းငယ်သာ...

နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့၌ အင်အားအလွန်ပြင်းထန်သောငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ‌ေ-သဆုံးထိခိုက်ဒဏ်ရာရရှိမှုများနှင့် ပျက်စီးဆုံးရှုံးမှုများရှိခဲ့သော်လည်း နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၌တည်ထားကိုးကွယ်ထားသည့် မာရဝိဇယဗုဒ္ဒရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်ပရိဝုဏ်တော်အတွင်းရှိ သာသနိကအဆောက်အဦအနည်းငယ်သာထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။ အဆိုပါ သာသနိကအဆောက်အဦများအား နစက...

ငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့သည့် လွှတ်တော်အဆောက်အဦးများအားပြန်လည်ပြုပြင်ရာ၌ ရေရှည်တည်တံ့စေရေးနှင့် ခိုင်ခိုင်မာမာဖြစ်စေရေးဆောင်...

ပြီးခဲ့သည့် မတ် ၂၈ ရက်ကလှုပ်ခတ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သောငလျင်ဒဏ်ကြောင့် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦးများလည်း ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရကြောင်း သိရသည်။ ထိုသို့ ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် လွှတ်တော်အဆောက်အဦးများအား နစက ဥက္ကဋ္ဌ၊...

မန္တလေးတွင် ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်နေချိန် တံတားဦးမြို့ကို...

မန္တလေးတွင် မြေငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည်များကို ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်နေချိန် ယနေ့ ဧပြီ (၁) ရက်၊ ညနေ (၅)နာရီ၊ (၃၁)မိနစ်၊ (၅၀)စက္ကန့်အချိန်တွင်...

Sky Villa Condo တွင်...

ယနေ့ ဧပြီလ (၁) ရက် ညနေပိုင်းက Sky Villa Condo တွင် ရုပ်အလောင်းရှာဖွေမှုများကို တရုတ်ကယ်ဆယ်ရေးနှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှာ ကယ်ဆယ်ရေးအဖွဲ့များ...
HomeInternationalဆိုးလ်က တရုတ်ခရီးသွားများကို ပြည်ဝင်ဗီဇာ...

ဆိုးလ်က တရုတ်ခရီးသွားများကို ပြည်ဝင်ဗီဇာ ကင်းလွတ်ခွင့် ပေးမည်

ပြည်တွင်းဝယ်လိုအား နှေးကွေးနေမှု၊ ၂၀၂၅ ခုနှစ်ကုန်ပိုင်းတွင် အာရှ-ပစိဖိတ် ထိပ်သီးအစည်းအဝေး လက်ခံကျင်းပရန်ရှိနေမှုတို့ကြောင့် တောင်ကိုရီးယားသည် နိုင်ငံ၏ ခရီးသွားလုပ်ငန်းကို မြှင့်တင်ရန် ယခုနှစ် တတိယသုံးလပတ်တွင် တရုတ်ခရီးသွားများကို ဗီဇာကင်းလွတ်ခွင့်ပေးသွားမည်ဖြစ်ကြောင်း မတ် ၂၀ ရက်တွင် ပြောကြားလိုက်သည်။

တရုတ်အစိုးရက စီးပွားရေး၊ ခရီးသွားလာခြင်းနှင့် မိသားစုအလည်အပတ်ခရီးစဉ်များအတွက် တောင်ကိုရီးယား၊ အခြားအာရှနှင့် ဥရောပနိုင်ငံများမှ နိုင်ငံသားများကို ဗီဇာကင်းလွတ်ခွင့်ပေးထားခြင်း ကို ၂၀၂၅ ခုနှစ်ကုန်သည်အထိ သက်တမ်းတိုးရန် ပြီးခဲ့သည့် နိုဝင်ဘာလတွင် ဆုံးဖြတ်ခဲ့ပြီးနောက်တွင် တောင်ကိုရီးယား၏ ယခုအစီအစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။

“တရုတ်ခရီးသွားဦးရေ ပြန်လည်မြင့်တက်လာဖို့အတွက် တရုတ်နိုင်ငံက လာရောက်တဲ့ ခရီးသွားအုပ်စုတွေကို တတိယသုံးလပတ်ကာလမှာ ယာယီဗီဇာကင်းလွတ်ခွင့်ပြုသွားပါမယ်” ဟု တောင်ကိုရီးယား ယာယီသမ္မတ Choi Sang-mok က ပြောကြားခဲ့သည်။

နိုင်ငံသည် ၂၀၂၅ ခုနှစ် စတုတ္ထသုံးလပတ်ကာလတွင် နိုင်ငံအရှေ့တောင်ပိုင်းရှိ ရှေးဟောင်းအမွေအနှစ်ဆိုင်ရာ ခရီးသွားနေရာအဖြစ်သိကြသည့် Gyeongju မြို့တွင် အာ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ်အတွက် နိုင်ငံ ၂၁ နိုင်ငံမှ စီးပွားရေးခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးကို လက်ခံကျင်းပသွားရန် စီစဉ်ထားသည်။

၂၀၂၄ ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံသို့ လာရောက်ခဲ့သော ခရီးသွားဦးရေ ၁၆ ဒဿမ ၄ သန်းရှိခဲ့ပြီး ယမန်နှစ်ကထက် ၄၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ကာ ကိုဗစ်-၁၉ ကပ်ရောဂါမဖြစ်မီ ၂၀၁၉ ခုနှစ်ကမူ ၁၇ ဒဿမ ၅ သန်းရှိခဲ့သည်။ ယင်းတွင် တရုတ်ခရီးသွားဦးရေသည် ၂၈ ရာခိုင်နှုန်းဖြင့် အများဆုံးဝင်ရောက်ခဲ့သည်ဟု အစိုးရ၏ ကိန်းဂဏန်းအချက်အလက်များအရ သိရသည်။

ကေပေါ့ပ်ဂီတမှ အစပြု၍ ဖက်ရှင်အထိ တိုင် ကျော်ကြားသော တောင်ကိုရီးယား ယဉ်ကျေးမှုသည် ပြီးခဲ့သည့် ဆယ်စုနှစ်အနည်းငယ်အတွင်း ကမ္ဘာ့အသိအမှတ်ပြုမှုကို ရရှိခဲ့ပြီး အာဏာပိုင်များသည် ယင်းကို အရှိန်အဟုန်မြှင့် အသုံးချရန် စီစဉ်ထားသည်။

၂၀၂၅ ခုနှစ်တွင် ခရီးသွားဝင်ရောက်မှု ၁၈ ဒဿမ ၅ သန်းရောက်ရှိရေး မျှော်မှန်းချက်အတွက် ကိုရီးယား အစားအစာနှင့် အလှကုန်ပစ္စည်းများ ကို အလွယ်တကူ ရရှိစေမည့် လည်ပတ်စရာနေရာများကိုဖော် ထုတ် ဖန်တီးကာ ခရီးသွားများကို ပိုမိုဆွဲဆောင်မည့် နောက်ထပ်အစီအမံများအတွက်လည်း အစိုးရက ပြင်ဆင်မည်ဖြစ်သည်။

Ref: သည်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငလျင်ဒဏ်ကြောင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်ပရိဝုဏ်တော်အတွင်းရှိ သာသနိကအဆောက်အဦအနည်းငယ်သာ ထိခိုက်ပျက်စီးခဲ့

နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့၌ အင်အားအလွန်ပြင်းထန်သောငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ‌ေ-သဆုံးထိခိုက်ဒဏ်ရာရရှိမှုများနှင့် ပျက်စီးဆုံးရှုံးမှုများရှိခဲ့သော်လည်း နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၌တည်ထားကိုးကွယ်ထားသည့် မာရဝိဇယဗုဒ္ဒရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်ပရိဝုဏ်တော်အတွင်းရှိ သာသနိကအဆောက်အဦအနည်းငယ်သာထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။ အဆိုပါ သာသနိကအဆောက်အဦများအား နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဧပြီ ၁ ရက်နံနက်ပိုင်းက လှည့်လည်ကြည့်ရှုခဲ့ပြီး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတည်ဆောက်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်စဉ်ကပင် ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် တည်ဆောက်ခဲ့သည့် အခြေအနေများကို ပြောကြားခဲ့သည်။ သဘာဝဘေးဒဏ်ခံနိုင်မှုရှိစေရေး စနစ်တကျတွက်ချက်ခဲ့မှုနှင့် ခေတ်မီနည်းပညာများအသုံးပြုတည်ဆောက်ခဲ့မှုတို့ကြောင့် ပြင်းထန်ငလျင်ဖြစ်ပေါ်ချိန်တွင် ဆင်းတုတော်ကြီးနှင့် ပလ္လင်တော်ကြီးတို့ တိမ်းစောင်းခြင်း၊ နိမ့်ကျခြင်း၊ တွဲဆက်ထားသည့်အပိုင်းများကွဲအက်ခြင်းတို့(လုံးဝ)မရှိခဲ့ခြင်းဖြစ်ကြောင်းလည်း ပြောသည်။ ထို့ပြင် အခြားသာသနိကအဆောက်အဦများတွင် ထိခိုက်ပျက်စီးမှုအနည်းဆုံးဖြစ်ခဲ့သည်မှာ မိမိတို့အတွက်...

ငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့သည့် လွှတ်တော်အဆောက်အဦးများအားပြန်လည်ပြုပြင်ရာ၌ ရေရှည်တည်တံ့စေရေးနှင့် ခိုင်ခိုင်မာမာဖြစ်စေရေးဆောင် ရွက်ရန် နစက ဥက္ကဋ္ဌမှာကြား

ပြီးခဲ့သည့် မတ် ၂၈ ရက်ကလှုပ်ခတ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သောငလျင်ဒဏ်ကြောင့် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦးများလည်း ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရကြောင်း သိရသည်။ ထိုသို့ ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် လွှတ်တော်အဆောက်အဦးများအား နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဧပြီ ၁ ရက်နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။ ပျက်စီးမှုများအားကြည့်ရှုစစ်ဆေးပြီးနောက် နစက ဥက္ကဋ္ဌမှ ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် လွှတ်တော်အဆောက်အဦးများအား စနစ်တကျပြန်လည်ပြုပြင်တည်ဆောက်ရမည်ဖြစ်ကာ ပြုပြင်မှုများဆောင်ရွက်ရာတွင် အဆင့်အလိုက်စနစ်တကျဆောင်ရွက်ရမည်ဟု မှာကြားသည်။ ထို့ပြင် ရေရှည်တည်တံ့စေရေးနှင့် ခိုင်ခိုင်မာမာဖြစ်စေရေးတို့အတွက်လည်း ဆောင်ရွက်ရမည်ဖြစ်ကာ ထိခိုက်ပျက်စီးခဲ့မှုများနှင့် ပြန်လည်ပြုပြင်တည် ဆောက်မှုအခြေအနေများကို စနစ်တကျဖြင့် မှတ်တမ်းထားရှိရမည်ဟုလည်း မှာကြားခဲ့သည်။ နစက ဥက္ကဋ္ဌမှ ငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့သည့်...

မန္တလေးတွင် ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်နေချိန် တံတားဦးမြို့ကို ဗဟိုပြု၍ (၄.၇) အဆင့်ရှိ မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ်

မန္တလေးတွင် မြေငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည်များကို ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်နေချိန် ယနေ့ ဧပြီ (၁) ရက်၊ ညနေ (၅)နာရီ၊ (၃၁)မိနစ်၊ (၅၀)စက္ကန့်အချိန်တွင် တံတားဦးမြို့ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၇) အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု ထပ်မံလှုပ်ရှားခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။ မန္တလေးမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၁၈) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (တံတားဦးမြို့၏ အရှေ့တောင်ဘက် (၃) မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၁.၇၈) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၉၉) ဒီဂရီ၊ အနက် (၁၆)...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071