Monday, March 31, 2025

ငလျင်ဒဏ်သင့် စစ်ကိုင်းမြို့၌ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို မလေးရှားနိုင်ငံမှ...

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၌ ငလျင်ဒဏ်ကြောင့် အဆောက်အဦးများပြိုကျပျက်စီးပြီး ပိမိနေသူများအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဒေသခံမီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက မလေးရှားနိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ ထိုသို့...

ငလျင်ဒဏ်ကြောင့် စစ်ကိုင်းတိုင်းရှိ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းပေါင်း(၂)ထောင်ကျော်အလုံးစုံပျက်စီးဆုံးရှုံးခဲ့

အလွန်ပြင်းထန်စွာလှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတိုင်းရှိ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းပေါင်း(၂)ထောင်ကျော်အလုံးစုံပျက်စီးဆုံးရှုံးခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ(IBEC)ထံမှ သိရသည်။ " စစ်ကိုင်းတောင်ရိုး၊ မင်းဝံတောင်ရိုးပေါ်က ဘုန်း ကြီးကျောင်း၊ သီလရှင်ခကျောင်းပေါင်း(၂၀၀၀)...

နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက်ကို တစ်နိုင်ငံလုံးအတိုင်းအတာလှုပ်ရှားမှုအဖြစ် မနက်ဖြန်...

နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက်ကို တစ်နိုင်ငံလုံးအတိုင်းအတာလှုပ်ရှားမှုအဖြစ် မနက်ဖြန် ဧပြီ ၁ ရက်မွန်းတည့် ၁၂ နာရီ ၅၁ မိနစ် ၂ စက္ကန့်တွင်ပြုလုပ်သွားမည်ဟု...

ငလျင်သင့်ဒေသများ ပြန်လည်ထူထောင်ရေး ကျပ်ငွေ ၁၅...

ငလျင်ဒဏ်သင့်ဒေသများ ပြန်လည် ထူထောင်ရေးအတွက် ကမ္ဘောဇဖောင်ဒေးရှင်းနှင့် ကမ္ဘောဇဘဏ်တို့က ကျပ်ငွေ ၁၅ ဘီလီယံ ကနဦး မတည်လှူဒါန်းသွားမာ်ဖြစ်ပြီး အဆိုပါ ထောက်ပံ့လှုဒါန်းမှုအား အရေးပေါ်ကယ်ဆယ်ရေးနှင့်...
HomeNewsLocal Newsမန်းရွှေစက်တော် ဘုရားပွဲတော်တွင် ကျင်းပသည့်...

မန်းရွှေစက်တော် ဘုရားပွဲတော်တွင် ကျင်းပသည့် တေးဂီတဖျော်‌ဖြေပွဲသို့ ဘုရားဖူးပြည်သူ (၄,၀၀၀)နီးပါး လာရောက်ကြည့်ရှု

မန်းရွှေစက်တော်ဘုရားပွဲတော်ကြီးတွင် အနုပညာရှင်များ၊ အငြိမ့်သဘင်၊ တေးဂီတများဖြင့် ကပြဖျော်ဖြေတင်ဆက်လျက်ရှိရာ ဘုရားဖူးပြည်သူ (၄,၀၀၀)နီးပါး လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး ၊ မင်းဘူးခရိုင် ၊ မင်းဘူး (စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားကြီးတွင် ပွဲတော်ကာလ နိုင်ငံကျော် အနုပညာရှင်များက အငြိမ့်သဘင်၊ တေးဂီတဖျော်ဖြေပွဲများဖြင့် မတ်လ (၁၈) ရက် ၊ ည (၈) နာရီက ဖျော်ဖြေတင်ဆက်ခဲ့ရာ ဘုရားဖူးလာပြည်သူများနှင့် ဒေသခံများက တစ်ခဲနက် လာရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အငြိမ့်သဘင်၊ တေးဂီတဖျော်ဖြေပွဲကြီးကို မတ်လ (၁၈) ရက်နှင့် (၁၉) ရက်တို့တွင် ည (၈) နာရီမှစတင်ပြီး နှစ်ညတိုင်တိုင် အခမဲ့ဧည့်ခံဖျော်ဖြေ တင်ဆက်ပေးခဲ့ခြင်းဖြစ်သည်။

ယခုနှစ် မန်းရွှေစက်တော်ရာ ပါဒစေတီတော် ဗုဒ္ဓပူဇနိယဘုရား ပွဲတော်ကြီးကို ဖေဖော်ဝါရီလ (၂) ရက်မှ ဧပြီလ (၁၇) ရက်အထိ မဟာသင်္ကြန် ရုံးပိတ်ရက်အပါအဝင် (တပို့တွဲလဆန်း (၅)ရက်မှ မြန်မာနှစ်ဆန်း (၁) ရက်ထိ) ရက်ပေါင်း (၇၅) ရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပနေခြင်းဖြစ်သည်။

အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးခရီးသွားပြည်သူများ ညအိပ်တည်းခို နားနေနိုင်စေရန် တည်းခိုဆောင် အခန်းပေါင်း (၄၈၄) ခန်းနှင့် ဈေးဆိုင်ခန်းပေါင်း (၄၂၁) ဆိုင် ဆောက်လုပ်ပေးထားပြီး အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးခရီးသွား လာရောက် အပန်းဖြေသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငလျင်ဒဏ်သင့် စစ်ကိုင်းမြို့၌ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို မလေးရှားနိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းဆောင်ရွက်နေ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၌ ငလျင်ဒဏ်ကြောင့် အဆောက်အဦးများပြိုကျပျက်စီးပြီး ပိမိနေသူများအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဒေသခံမီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက မလေးရှားနိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ ထိုသို့ ဆောင်ရွက်ရာ၌ ယနေ့ မတ် ၃၁ ရက်တွင် ပြိုကျပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ သုတဇေယျာ သီ လရှင်ကျောင်း၊ ရွှေမင်းဝံ(၁)လမ်းတွင် စစ်ကိုင်းမြို့ နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ရာ ည ၇ နာရီ ၁၀ မိနစ်တွင် ရှာဖွေတွေ့ရှိခဲ့သဖြင့် သယ်ထုတ်နိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် မြတ်ကိုယ်ပိုင်ကျောင်းအဆောက်အဦပြိုကျပျက်စီးရာမှ ပိမိနေသူများအား စစ်ကိုင်းမြို့နယ်မီး...

ငလျင်ဒဏ်ကြောင့် စစ်ကိုင်းတိုင်းရှိ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းပေါင်း(၂)ထောင်ကျော်အလုံးစုံပျက်စီးဆုံးရှုံးခဲ့

အလွန်ပြင်းထန်စွာလှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတိုင်းရှိ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းပေါင်း(၂)ထောင်ကျော်အလုံးစုံပျက်စီးဆုံးရှုံးခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ(IBEC)ထံမှ သိရသည်။ " စစ်ကိုင်းတောင်ရိုး၊ မင်းဝံတောင်ရိုးပေါ်က ဘုန်း ကြီးကျောင်း၊ သီလရှင်ခကျောင်းပေါင်း(၂၀၀၀) ကျော်လုံးဝပျက်စီးခဲ့ရတဲ့အတွက် မြတ်ဗုဒ္ဓသာသနာတော်အတွက် ကြီးမားသောပျက်စီးဆုံးရှုံးမှုကြီးဖြစ်ခဲ့ရပါတယ်။ အခုလို ပျက်စီးဆုံးရှုံးမှုတွေအတွက်လည်း အရေးပေါ်ကူညီကယ်ဆယ်ရေးနဲ့ပြန်လည် ထူထောင်ရေးလုပ်ငန်းစဥ်တွေကို IBEC ကူညီကယ်ဆယ်ရေးစင်တာက အင်တိုက်အားတိုက်ဆောင်ရွက်နေပါတယ်"ဟု IBEC ဆရာတော်က မိန့်ကြားထား သည်။ ထို့ပြင် စစ်ကိုင်းတိုင်းအတွင်း၌ ပြိုကျနေသည့်အ ဆောက်အဦးများအတွင်း ပိမိ‌ေ-သဆုံးနေသူများနှင့် ပျောက်ဆုံးနေသူများအား ရှာဖွေကယ်ဆယ်ကူညီမှုများပြုလုပ်ရန်ရောက်ရှိနေသည့် မလေးရှားနိုင်ငံမှကယ်ဆယ်ရေးအဖွဲ့ဝင်များအား IBEC ဆရာတော် ၏ လမ်းညွှန်မှုဖြင့် IBEC...

နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက်ကို တစ်နိုင်ငံလုံးအတိုင်းအတာလှုပ်ရှားမှုအဖြစ် မနက်ဖြန် ဧပြီ ၁ ရက်တွင်ပြုလုပ်မည်

နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက်ကို တစ်နိုင်ငံလုံးအတိုင်းအတာလှုပ်ရှားမှုအဖြစ် မနက်ဖြန် ဧပြီ ၁ ရက်မွန်းတည့် ၁၂ နာရီ ၅၁ မိနစ် ၂ စက္ကန့်တွင်ပြုလုပ်သွားမည်ဟု နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သိရသည်။ ထိုသို့ ပြုလုပ်ရာ၌ နိုင်ငံတော်အလံအား တိုင်ဝက်လျှော့ချ၍ လွှင့်ထူထားသောအလံတိုင်ရှေ့(သို့) သင့်လျော်ရာနေရာ()ပြုလုပ်နေသည့်အခမ်းအနားများ၌ ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တစ်မိနစ်ငြိမ်သက်၍ ဦးညွတ်ဂါရဝပြုခြင်း၊ လှုပ်ရှားသွားလာနေသူများအနေဖြင့် ၎င်းအချိန်တွင် တစ်မိနစ်ငြိမ်သက်စွာရပ်တန့်၍ ဦးညွတ်ဂါရဝပြုခြင်း၊ ၎င်းအချိန်တွင် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေဖြင့် ဥဩဆွဲဂါရဝပြုခြင်းတို့ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့အတူ ၎င်းအချိန်တွင် မီဒီယာများအနေဖြင့် ထုတ်လွှင့်လျက်ရှိသည့် အစီအစဉ်များအား ခေတ္တရပ်ဆိုင်း၍ ဝမ်းနည်းခြင်းအထိမ်းအမှတ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071