Tuesday, April 1, 2025

မန္တလေးမြို့၊ TULIP တည်းခိုခန်း အဆောက်အဦး...

မန္တလေးမြို့ရှိ TULIP တည်းခိုခန်း အဆောက်အဦး ပြိုကျပျက်စီးသည့်နေရာတွင် ကယ်ဆယ်ရေး လုပ်ဆောင်နေရာမှ အမျိုးသား (၂)ဦး၏ ရုပ်အလောင်းတို့ တွေ့ရှိခဲ့ရပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေကြောင်း...

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငလျင်ဒဏ်သင့်သည့် ဒေသများသို့ ဆန်၊...

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငလျင်ဒဏ်သင့်သည့် ဒေသများဖြစ်သည့် နေပြည်တော် ကောင်စီသို့ ၂၄ ပြည် ဆန်အိတ် (၇၀၀)အိတ်၊ မန္တလေးတိုင်းဒေသကြီးသို့ ၂၄ ပြည် ဆန်အိတ်...

နေပြည်တော်တွင် အင်အားရစ်(ခ်)တာစကေး (၄.၉) အဆင့်...

နေပြည်တော်ကို ဗဟိုပြူ၍ ယနေ့ ဧပြီ (၁)ရက်၊ နေ့လယ် (၁)နာရီ၊ (၁၂)မိနစ်၊ (၀၄)စက္ကန့် အချိန်က အင်အားရစ်(ခ်)တာစကေး (၄.၉) အဆင့်...

မြန်မာငလျင်ဘေးဒဏ်သင့်ပြည်သူများအား ထိုင်းဘုရင်မင်းမြတ်လှူဒါန်းသည့် ကူညီထောက်ပံ့ရေးပစ္စည်းများ လွှဲပြောင်းပေးအပ်

ယနေ့ ဧပြီလ ၁ ရက်နေ့တွင် ထိုင်းဘုရင်မင်းမြတ်နှင့် မိဖုရားကြီးမှ မြန်မာငလျင်ဘေးသင့်ပြည်သူများအတွက် ပေးအပ်သောလူသားချင်းစာနာထောက်ထားမှုအကူအညီများဖြစ်သည့် ဆေးဝါးအိတ်များ၊ ယာယီတဲများ၊ အသင့်စားခေါက်ဆွဲခြောက်၊ ဆန်ပြုတ်ဘူး၊ ငါးသေတ္တာ၊...
HomeNewsLocal Newsသီပေါမြို့ရှိ သီတဂူစက္ခုဒါန ဆေးရုံကြီး...

သီပေါမြို့ရှိ သီတဂူစက္ခုဒါန ဆေးရုံကြီး လျှပ်စစ်မီးမရရှိသဖြင့် ဆိုလာမီးတပ်ဆင်အသုံးပြု၍ ခွဲစိတ်ရန် လှူဒါန်းနိုင်

ရှမ်းပြည်မြောက်ပိုင်း ၊ သီပေါမြို့၊မဟာမြတ်မုနိဘုရားကြီးဝင်းအတွင်းရှိ သီပေါသီတဂူစက္ခုဒါနဆေးရုံကြီးတွင် လျှပ် စစ်မီးမရရှိသည်မှာ ကြာမြင့်ပြီဖြစ်သဖြင့် မျက်စိခွဲစိတ်ကုသပေးရန် ဆိုလာမီးတပ်ဆင်ရန်လိုအပ်လျက်ရှိပြီး မတည်လှူဒါန်းမှုများ ပြုလုပ်ပါက ဆေးရုံပြန်လည်ဖွင့်လှစ်နိုင်မည်ဖြစ်သည်ဟု အသိပေးထားသည်။

“မျက်စိဆေးရုံကို ဖွင့်ပြီးကုမယ်ဆိုရင် မီးတွေ ထိန်လင်းနေမှ အဆင်ပြေမှာပါ။လျှပ်စစ်မီးမရတာ ကြာပြီဆိုတော့ လျှပ်စစ် မီးနဲ့သုံးရတဲ့ ခွဲခန်းသုံးအဝတ်တွေ ခွဲစိတ်ခန်းသုံးပစ္စည်းတွေ ဒါတွေအားလုံးအတွက် သုံးဖို့လျှပ်စစ်အား ရဖို့မသေချာပါဘူး။ ဆိုလာနဲ့ (၅၀)ကီလို ဆင်နိုင်ရင်တော့ အဆင်ပြေပါမယ်။ ဆိုလာဆင်နိုင်အောင် မတည်လှူဒါန်းပေးကြမယ်ဆိုရင်တော့ အခမဲ့မျက်စိကုဖို့ ဆေးရုံဖွင့်နိုင်ပါပြီ”ဟု ဆိုသည်။

သီပေါသီတဂူစက္ခုဒါနဆေးရုံကြီးတွင် လျှပ်စစ်မီးဖြင့်အသုံးပြုရသည့် ခွဲခန်းသုံးအဝတ်များ၊ ခွဲစိတ်ကိရိယာများပေါင်းရန်ပေါင်းအိုး (၅)လုံး ၊ မျက်စိခွဲစိတ်စက် (၅)လုံး ၊ မျက်စိရောဂါရှာဖွေသည့် စက်က (၄)လုံး ၊ မျက်စိရေချိန်တိုင်းစက် (၃)လုံး ၊ ခွဲစိတ်ပြီး မျက်စိအတွင်းထည့်ရန် မှန်ဘီလူးတိုင်းစက် (၂)လုံး ၊လေအေးပေးစက် (၁၈)လုံးရှိကြောင်း သိရသည်။

(၅၃)ကြိမ်မြောက် မျက်စိခွဲစိတ်ကုသပေးခြင်းကို ပြီးခဲ့သည့်နှစ် မေလ( ၆)ရက်မှ မေလ(၈)ရက်အထိ သုံးရက်ကြာခွဲစိတ်ကုသပေးခဲ့ရာ လူနာပေါင်း (၅၀၀) ကျော် ကုသပေးနိုင်ခဲ့သ ည်။

အဆိုပါ သီပေါမြို့ သီတဂူစက္ခုဒါနဆေးရုံကြီးအား သီတဂူဆရာတော်ဘုရားကြီးက (၂၀၀၈)ခုနှစ်အတွင်း ဦးစီးဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီး၊ ဆေးရုံကြီးအား ကျပ်သိန်း(၁,၃၃၃)ခန့် ကုန်ကျခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကာလစတင်သည့်အချိန်မှစတင်၍ စမ်းသပ်ခွဲစိတ်ကုသပေးမှုများအား ယာယီရပ်ဆိုင်းခဲ့ပြီး ၂၀၂၂ ခုနှစ်၊ မေလမှစတင်၍ ပြန်လည်ဖွင့်လှစ် ခွဲစိတ်ကုသဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မန္တလေးမြို့၊ TULIP တည်းခိုခန်း အဆောက်အဦး ပြိုကျပျက်စီးခဲ့ရာ အမျိုးသား (၂)ဦး၏ ရုပ်အလောင်းတို့ တွေ့

မန္တလေးမြို့ရှိ TULIP တည်းခိုခန်း အဆောက်အဦး ပြိုကျပျက်စီးသည့်နေရာတွင် ကယ်ဆယ်ရေး လုပ်ဆောင်နေရာမှ အမျိုးသား (၂)ဦး၏ ရုပ်အလောင်းတို့ တွေ့ရှိခဲ့ရပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ငလျင်လှုပ်ခတ်မှုကြောင့် ၃၆ လမ်း၊ ရ၉×၈၀လမ်းကြားရှိ TULIP တည်းခိုခန်း အဆောက်အဦ ပြိုကျပျက်စီးခဲ့ရခြင်းဖြစ်သည်။ အဆိုပါ နေရာတွင် ယနေ့ ဧပြီ (၁)ရက်တွင် မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ ရုရှားနိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာမှ ေ-သဆုံးသူ...

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငလျင်ဒဏ်သင့်သည့် ဒေသများသို့ ဆန်၊ ဆီနှင့် စက်မှုကုန်ကြမ်း(အထည်လိပ်)များ လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငလျင်ဒဏ်သင့်သည့် ဒေသများဖြစ်သည့် နေပြည်တော် ကောင်စီသို့ ၂၄ ပြည် ဆန်အိတ် (၇၀၀)အိတ်၊ မန္တလေးတိုင်းဒေသကြီးသို့ ၂၄ ပြည် ဆန်အိတ် (၂၁၀၀) အိတ်၊ စစ်ကိုင်းတိုင်းဒေသကြီးသို့ ၂၄ ပြည် ဆန်အိတ်(၇၀၀)အိတ်၊ နေပြည်တော်ကောင်စီနှင့် မန္တလေးတိုင်းဒေသကြီးသို့ စက်မှုကုန်ကြမ်း(အထည်လိပ်) (၁၅၂)ထုပ်၊ နေပြည်တော်ကောင်စီ၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးသို့ စားအုန်းဆီ (၃၅၀၀)ပိဿာ ပေးပို့လှူဒါန်းခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများသည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပံ့ပိုးမှုဖြင့် ငလျင်ဘေးသင့်ဒေသများသို့ သွားရောက်ကူညီဆောင်ရွက်ပေးမည့်အဖွဲ့နှင့်...

နေပြည်တော်တွင် အင်အားရစ်(ခ်)တာစကေး (၄.၉) အဆင့် အင်အားအနည်းငယ်ရှိသော မြေငလျင် တစ်ခု ထပ်မံလှုပ်ခတ်

နေပြည်တော်ကို ဗဟိုပြူ၍ ယနေ့ ဧပြီ (၁)ရက်၊ နေ့လယ် (၁)နာရီ၊ (၁၂)မိနစ်၊ (၀၄)စက္ကန့် အချိန်က အင်အားရစ်(ခ်)တာစကေး (၄.၉) အဆင့် အင်အားအနည်းငယ်ရှိသော မြေငလျင် တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ တိုင်းထွာရရှိချက်အရ သိရသည်။ နေပြည်တော်မြေငလျင်စခန်းမှ မြောက်-အရှေ့မြောက်ဘက် (၁၃) မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ပုဗ္ဗသီရီမြို့နယ်၏ မြောက်-အရှေ့မြောက်ဘက် (၅) မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၁၉.၉၆) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၂၁) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071