Tuesday, April 1, 2025

ငလျင်ဒဏ်သင့်ဒေသများသို့ လှူဒါန်းမှုများအတွက် ငွေလွှဲခ ကင်းလွတ်ခွင့်ပြု

အင်အားပြင်းလှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်သင့်ဒေသများသို့ လှူဒါန်းမှုများအတွက် ငွေလွှဲခ ကင်းလွတ်ခွင့်ပြုမည်ဖြစ်ကြောင်း ဗဟိုဘဏ်ကထုတ်ပြန်ထားသည်။ မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်တွင် ဖွင့်လှစ်ထားသည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေ(OA-011834)စာရင်း၊ ရန်ကုန်မြို့၊ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်တွင်...

မြန်မာနိုင်ငံ၌ ငလျင်ဘေးကြုံတွေ့နေခြင်းအတွက် နစက ဥက္ကဋ္ဌထံ...

ပြီးခဲ့သည့် မတ် ၂၈ ရက်မွန်းတည့်ပိုင်းက နေပြည် တော်၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့အပါအ ဝင် တိုင်းနှင့်ပြည်နယ်အချို့၌ အင်အားအလွန်ပြင်း ထန်သော ငလျင်လှုပ်ခတ်ကာ...

မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာပစ္စည်း ၃၅ တန်အား...

ငလျင်ဒဏ်ကြုံတွေ့နေရသည့် မြန်မာနိုင်ငံအတွက် ပါကစ္စတန်အစိုးရနှင့် ပါကစ္စတန်ပြည်သူများက လူ သားချင်းစာနာထောက်ထားမှုဆိုင်ရာပစ္စည်း ၃၅ တန်အား လေယာဉ်ခရီးစဉ် ၂ ခုဖြင့် ၂၄ နာရီအ...

UMFCCI က ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ထိရောက်စွာ...

မြန်မာနိုင်ငံကုန်သည်စက်မှုအသင်းချုပ်သည် ငလျင်ဒဏ်သင့်ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ထိရောက်စွာ ကူညီပံ့ပိုးပါဝင်ဆောင်ရွက်နိုင်ရန် UMFCCI Earthquake Relief and Rehabilitation Task Force ကို...
HomeInternationalမီးလောင်မှုကြောင့် လန်ဒန် ဟီးသရိုးလေဆိပ်...

မီးလောင်မှုကြောင့် လန်ဒန် ဟီးသရိုးလေဆိပ် ပိတ်လိုက်ရ

လေဆိပ်အနီးရှိ လျှပ်စစ်ဓါတ်အားခွဲရုံတွင် မတ်လ ၂၁ ရက်‌နေ့က အကြီးအကျယ်မီးလောင်သောကြောင့် ဗြိတိန်နိုင်ငံ၏ ဟီသရိုးလေဆိပ်ကို ပိတ်လိုက်ရပြီး ကမ္ဘာတစ်ဝန်းမှ လေယာဉ်ခရီးစဉ်များ ကမောက်ကမ ဖြစ်ကုန်သည်။

မီးလောင်ကျွမ်းမှုကြောင့် ဥရောပ၏ လေယာဉ်အဝင်အထွက်အများဆုံးနှင့် ကမ္ဘာ့ပဉ္စမမြောက် လေယာဉ်အဝင်အထွက်အများဆုံး ဟီသရိုးလေဆိပ်တွင် ကြီးမားသော ဓါတ်အားပြတ်တောက်မှုဖြစ်ခဲ့ကာ ယင်း၏ အရန်ဓါတ်အားပေးစနစ်သည်လည်း ပြတ်တောက်သွားခဲ့ကြောင်း၊ လန်ဒန်အနောက်ပိုင်းရှိ မီးလောင်ရာ နေရာ ကို မီးသတ်သမား ၇၀ ဝန်းကျင်ဖြင့် ငြိမ်းသတ်လျက်ရှိကြောင်း လန်ဒန် မီးသတ်တပ်ဖွဲ့က ပြောကြားခဲ့သည်။

ကြီးမားသော လိမ္မော်ရောင် မီးတောက်မီးလျှံများနှင့် မီးခိုးလုံးများ ကောင်းကင်သို့ ထိုးတက်နေခဲ့သည်ကို မြင်တွေ့နိုင်ပြီး အခင်းဖြစ်နေရာအနီးရှိ လူဦးရေ ၁၅၀ ဝန်းကျင်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရကာ ထောင်နှင့်ချီသော နေအိမ်အဆောက်အအုံများ ၌ လျှပ်စစ်မီး ပြတ်တောက်ခဲ့သည်။

မီးလောင်ရသည့် အကြောင်းရင်းကို မသိရသေးဟု မီးသတ်တပ်ဖွဲ့က ပြောသည်။

ဓါတ်အားပြတ်တောက်မှုကြောင့် လေဆိပ်ကို ညသန်းခေါင် အထိ ပိတ်ထားမည်ဖြစ်ကြောင်း၊ နေ့စဉ် လေယာဉ်ခရီးစဉ်ပေါင်း ၁,၃၅၁ ခုကို စီမံကိုင်တွယ်ကာ ခရီးသည်ပေါင်း ၂၉၁,၀၀၀ ဦး အဝင်အထွက်ရှိသည့် ဟီသရိုးလေဆိပ်က ပြောကြားခဲ့သည်။

“ခရီးသည်တွေ လေဆိပ်ကို မလာရောက်ကြဖို့ အကြံပြုထားပါတယ်၊ ထပ်ထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေအတွက် သက်ဆိုင်ရာ လေကြောင်းလိုင်းတွေကို ဆက်သွယ်သင့်ပါတယ်” ဟု လေဆိပ်က ပြောဆိုခဲ့ပြီး အဆင်မပြေမှုအတွက် တောင်ပန်အပ်ပါကြောင်း‌ပြော ကြားခဲ့သည်။

မတ် ၂၀ ရက် ည ၁၁ နာရီအချိန်က မီးလောင်ခဲ့ခြင်းဖြစ်ကာ ဟီးသရိုးလေဆိပ်သို့ ပျံသန်းနေသည့် လေယာဉ်များသည် ဗြိတိန်နှင့် ဥရောပတစ်ဝန်းရှိ တခြား လေဆိပ်များသို့ လမ်းကြောင်းပြောင်းခဲ့ရသကဲ့သို့ ခရီးဝေး လေကြောင်းခရီးစဉ်များသည် လည်း၎င်းတို့ ထွက်ခွာခဲ့ရာ လေဆိပ်များသို့ လမ်းကြောင်းပြန်လှည့်ခဲ့ရသည်။

Ref: သည်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငလျင်ဒဏ်သင့်ဒေသများသို့ လှူဒါန်းမှုများအတွက် ငွေလွှဲခ ကင်းလွတ်ခွင့်ပြု

အင်အားပြင်းလှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်သင့်ဒေသများသို့ လှူဒါန်းမှုများအတွက် ငွေလွှဲခ ကင်းလွတ်ခွင့်ပြုမည်ဖြစ်ကြောင်း ဗဟိုဘဏ်ကထုတ်ပြန်ထားသည်။ မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်တွင် ဖွင့်လှစ်ထားသည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေ(OA-011834)စာရင်း၊ ရန်ကုန်မြို့၊ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်တွင် ဖွင့်လှစ်ထားသည့် နိုင်ငံခြားငွေစာရင်းအမှတ်၊ (0111284000000063) နှင့် မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်ရှိ နိုင်ငံခြားငွေစာရင်းအမှတ် (EDN-600018) သို့ ငွေလွှဲခ ကင်းလွတ်ခွင့်ဖြင့် ငလျင်ဒဏ်သင့်ဒေသများအား လှူဒါန်းငွေများလှူဒါန်းနိုင်ကြောင်း အသိပေးထားသည်။ အလားတူဖော်ပြပါဘဏ်စာရင်းများသို့ အများပြည်သူမှ မြန်မာ ကျပ်ငွေဖြင့် လှူဒါန်းလိုပါက ဘဏ်ကောင်တာမှတစ်ဆင့် ငွေသားဖြင့်တိုက်ရိုက်ဖြစ်စေ၊ အခြားဘဏ် များမှတစ်ဆင့်စာရင်း ပြောင်းနည်း Account Transfer ဖြင့်ဖြစ်စေ၊...

မြန်မာနိုင်ငံ၌ ငလျင်ဘေးကြုံတွေ့နေခြင်းအတွက် နစက ဥက္ကဋ္ဌထံ နိုင်ငံတကာခေါင်းဆောင်များက ဝမ်းနည်းကြောင်းသဝဏ်လွှာများပေးပို့

ပြီးခဲ့သည့် မတ် ၂၈ ရက်မွန်းတည့်ပိုင်းက နေပြည် တော်၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့အပါအ ဝင် တိုင်းနှင့်ပြည်နယ်အချို့၌ အင်အားအလွန်ပြင်း ထန်သော ငလျင်လှုပ်ခတ်ကာ သေဆုံး/ထိခိုက်ဒဏ် ရာရမှုများနှင့် အဆောက်အဦးပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့၍ နစက ဥက္ကဋ္ဌထံသို့ နိုင်ငံတကာမှခေါင်းဆောင်များက ဝမ်းနည်းကြောင်းသဝဏ်လွှာများပေးပို့ခဲ့ကြသည်။ တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၊ တရုတ်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လီချမ်း၊ ကမ္ဘောဒီးယားဘုရင်မင်းမြတ် ပရယ်ဘတ်ဆမ်ဒတ် ပရယ်ဘိုရိုနိုနစ်နိုရိုဒွန်သီဟာမိုနီ၊ ကမ္ဘောဒီးယား အထက်လွှတ်တော် ဥက္ကဋ္ဌ ဆမ်ဒတ်အာခါမိုဟာဆီနာပါဒိုင်းတဲ့ချိုဟိုဆန်၊ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်မာနိုက်၊ ဘရူနိုင်းနိုင်ငံ ဘုရင်မင်းမြတ် ဆူလ်တန် ဟာဂျီဟာဆာနာလ်ဘိုလ်ကီးယားမူအစ်ဇာဒင်ဝါဒူလာ၊ နီကာရာဂွာနိုင်ငံသမ္မတ...

မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာပစ္စည်း ၃၅ တန်အား (၂၄)နာရီအတွင်းပေးပို့သွားမည်ဟု ပါကစ္စတန်ဝန်ကြီးချုပ်ပြော

ငလျင်ဒဏ်ကြုံတွေ့နေရသည့် မြန်မာနိုင်ငံအတွက် ပါကစ္စတန်အစိုးရနှင့် ပါကစ္စတန်ပြည်သူများက လူ သားချင်းစာနာထောက်ထားမှုဆိုင်ရာပစ္စည်း ၃၅ တန်အား လေယာဉ်ခရီးစဉ် ၂ ခုဖြင့် ၂၄ နာရီအ တွင်းပေးပို့သွားမည်ဟု ပါကစ္စတန်နိုင်ငံဝန်ကြီးချုပ် H.E. Mr. Mian Muhammad Shahbaz Sharif ကပြောသည်။ မြန်မာနိုင်ငံတွင်ကြုံတွေ့နေရသည့် ငလျင်ဒဏ်နှင့်ပတ်သက်၍အကူအညီများပေးအပ်နိုင်ရန် ယနေ့ မတ် ၃၁ ရက်ညနေပိုင်းက နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ဖုန်းဖြင့်ဆက်သွယ်ပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ယခုပေးပို့မည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာပစ္စည်း ၃၅ တန်အပြင် ကယ်ဆယ်ရေးပစ္စည်း(၁၇)တန်ကိုလည်း ဆက်လက်ပေးပို့သွားမည်ဖြစ်ကာ ပါကစ္စတန်အစိုးရအနေဖြင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071