Thursday, March 27, 2025

ဟနွိုင်ကSpaceX၏ စတားလင့်ခ်ဂြိုလ်တုအင်တာနက်ဝန်ဆောင်မှုကိုခွင့်ပြု

ဟနွိုင်း၊မတ် ၂၆ ဗီယက်နမ်နိုင်ငံ၌ SpaceX ကုမ္ပဏီ၏ စတားလင့်ခ်ဂြိုလ်တုအင်တာနက်ဝန်ဆောင်မှုကိုိုနိုင်ငံအတွင်း အစမ်းသဘောဖြင့်စတင်လုပ်ဆောင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာအာဏာပိုင်များကပြောကြားခဲ့သည်။ အဆိုပါလုပ်ငန်းနှင့်ပတ်သက်၍ နိုင်ငံခြားပိုင်ဆိုင်မှုကို ကန့်သတ်ထားခြင်းမရှိကြောင်းလည်း အစိုးရဘက်ကပြောကြားခဲ့ပြီး စမ်းသပ်ခွင့်ပြုကာလသည် ၂၀၃၀ ပြည့်နှစ်ကုန်အထိကြာမြင့်မည်ဖြစ်ကြောင်းကိုလည်းပြောကြားခဲ့သည်။ အမေရိကန်အင်တာနက်ကုမ္ပဏီကို...

မြောက်ဒဂုံ မ.ဝ.တ. လမ်းဆုံတွင် YBS...

ရန်ကုန်တိုင်ဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် မ.ဝ.တ. လမ်းဆုံတွင် YBS ယာဉ်တစ်စီး ဘရိတ်ပေါက်၍ လမ်းဘေးဓာတ်တိုင်နှင့် ဆိုင်ကယ်တစ်စီးအား ဝင်ရောက်တို-က်မိမှုဖြစ်ပွားခဲ့ကြောင်း အနီးနားဝန်းကျင်ရှိ ဒေသခံတို့ထံမှ...

သင်္ဘောသားဖြစ်လိုသူများအတွက် စက်ခန်းအခမဲ့ သင်တန်းပေးမည်

သင်္ဘောသား ဖြစ်လိုသူများအတွက် စက်ခန်း အခြေခံလက်‌‌တွေ့သင်တန်းကို အခမဲ့ပေးရန် ရှိကြောင်း သိရသည်။ ယင်း အခမဲ့သင်တန်းကို သင်တန်းဆရာဦးတင်ထွန်းမှသင်တန်းသား(၃၀)ဦးထိ လက်ခံသင်ကြားပေးမည်လည်း ဖြစ်သည်။သင်တန်းတက်လိုသူများအနေဖြင့် မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားအလုပ် သမားများအဖွဲချုပ်(MSF)သို့...

ပင်လယ်နက် အပစ်ရပ်ရေးတောင်းဆိုချက်ကိုအမေရိကန်က အကဲဖြတ်မည်-ရူဘီယို

ဘေးကင်းစွာ ရေကြောင်းသွားလာခွင့်ပြုမည့် အမေရိက,က ကြားဝင်စေ့စပ်သော ယူကရိန်းနှင့် ပင်လယ်နက်ဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို မော်စကိုက မူအားဖြင့် သဘောတူခဲ့ပြီးနောက် ရုရှားဘက်က တောင်းဆိုချက်များကို အမေရိကန်ပြည်ထောင်စုက...
HomeNewsLocal Newsအကြောင်းအမျိုးမျိုးကြောင့် နေရာဒေသအသီးသီးသို့ ရောက်ရှိနေကြသည့်...

အကြောင်းအမျိုးမျိုးကြောင့် နေရာဒေသအသီးသီးသို့ ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများအား နစက ပြန်လည်ဖိတ်ခေါ်

EAO များတည်ရှိရာနေရာများနှင့် ပြည်ပနိုင်ငံများသို့ စိုးရိမ်စိတ်များဖြင့် ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများအား နေရပ်ပြန်နိုင်ရေး နစက က ထပ်မံဖိတ်ခေါ်ထားသည်ကို တွေ့ရသည်။

တပ်မတော်က နိုင်ငံတော်တာဝန်ကို လွှဲပြောင်းရယူခဲ့ရသည့် ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နောက်ပိုင်းမှစ၍ NLD ပါတီဝင်များ၊ ၎င်းပါတီကိုထောက်ခံသူ အစွန်းရောက်များ၊ မတရားအသင်းနှင့်အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH နှင့် NUG၊ DCS လှုံ့ဆော်မှုနှင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိုမလိုလားသည့် ပြည်တွင်း၊ ပြည်ပမှ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ၏ သွေးထိုးလှုံ့ဆော်မှု၊ ခြောက်လှန့်မှုတို့ကြောင့် အချို့သောကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် မိမိတို့နိုင်ငံသားများသည် EAOs များတည်ရှိရာနေရာများနှင့် ပြည်ပနိုင်ငံများသို့ စိုးရိမ်စိတ်များဖြင့် တိမ်းရှောင်နေကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

၎င်းတို့အနေဖြင့် မတရားအသင်းနှင့် အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH နှင့် NUG၊ ၎င်းတို့နှင့်ဆက်စပ်နေသည့် ပုဂ္ဂိုလ်အချို့၏ ထုတ်ပြန်ခဲ့သည့် အာဏာရှင်ဆန်သည့် ထုတ်ပြန်ချက်၊ ပြောကြားချက်တို့ အပေါ်တွင်လည်း ထပ်မံစိုးရိမ်လျက်ရှိပြီး ရောက်ရှိရာနေရာများ၌လည်း လုံခြုံရေးအာမခံချက်မရှိမှု၊ လူမှုစီးပွားဘဝ အဆင်မပြေခက်ခဲမှုတို့နှင့်ရင်ဆိုင်နေရသဖြင့် မိမိတို့နေရပ်ဒေသအသီးသီးသို့ ပြန်လာလိုသည့် ဆန္ဒများဖြစ်ပေါ်နေသည်ကို သိရှိရကြောင်း နစက၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သို့သော် ယခုဖြစ်စဉ်ကာလအတွင်း လူသ–တ်မှု၊ လုယက်မှု၊ မီးရှို့မှု၊ မိုင်းဖောက်ခွဲမှု၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှု၊ပြည်သူ့ဝန်ထမ်းများနှင့် ပြည်သူအချို့အား အုပ်စုဖွဲ့ကိုယ်ထိလက်ရောက်တိုက်ခိုက်မှု၊ အစိုးရပိုင်အဆောက်အဦများနှင့် ပုဂ္ဂလိကပိုင်အဆောက်အဦများအားဖျက်ဆီးမှု၊ (DCS) လှုပ်ရှားမှုတွင် ငွေကြေးအရဖြစ်စေ၊ အခြားနည်းလမ်းဖြင့်ဖြစ်စေ၊ နက်ရှိုင်းစွာ ကာယကံမြောက်ပါဝင်သူများမှအပ စိုးရိမ်စိတ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် ဝန်ထမ်းများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ အခြားနယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ၊ နိုင်ငံသားများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အထူးသက်ညှာစွာ ဖြေလျော့ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းလည်း နစက က ဆိုသည်။

ထို့ပြင် မိမိနေရပ်ဒေသအသီးသီးမှ စွန့်ခွာတိမ်းရှောင်နေရသူများသည် မိမိတို့နိုင်ငံသားများဖြစ်သောကြောင့် ၎င်းတို့အနေဖြင့် တိမ်းရှောင်ရောက်ရှိနေရာများမှ မြန်မာနိုင်ငံရှိ ၎င်းတို့၏ ဒေသအသီးသီးသို့ ပြန်လည်ဝင်ရောက်ရေးနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။

သို့ဖြစ်၍ နေရပ်ဒေသအသီးသီးသို့ အကြောင်းအရာ တစ်မျိုးမျိုးဖြင့် ပြစ်မှုကျူးလွန်ထားသူများမှအပ စိုးရိမ်စိတ်ကြောင့် တိမ်းရှောင်နေရသူများအနေဖြင့် မိမိတို့၏ကိုယ်ပိုင်စိတ်ဆန္ဒအရ မြန်မာနိုင်ငံရှိ မိမိတို့၏နေရပ်များသို့ ပြန်လည်ဝင်ရောက်လိုပါက ဥပဒေအရ ဖြေလျော့ပေးမှုများနှင့်အညီ ပြန်လည်ဝင်ရောက်နိုင်ရေး နီးစပ်ရာ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီများနှင့် ပြည်ပရော က်နိုင်ငံသားများအနေဖြင့် သက်ဆိုင်ရာသံရုံး၊ စစ်သံရုံး၊ ကောင်စစ်ဝန်ရုံးများသို့ ဆက်သွယ်ဆောင်ရွက်နိုင်ရန် အသိပေးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဟနွိုင်ကSpaceX၏ စတားလင့်ခ်ဂြိုလ်တုအင်တာနက်ဝန်ဆောင်မှုကိုခွင့်ပြု

ဟနွိုင်း၊မတ် ၂၆ ဗီယက်နမ်နိုင်ငံ၌ SpaceX ကုမ္ပဏီ၏ စတားလင့်ခ်ဂြိုလ်တုအင်တာနက်ဝန်ဆောင်မှုကိုိုနိုင်ငံအတွင်း အစမ်းသဘောဖြင့်စတင်လုပ်ဆောင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာအာဏာပိုင်များကပြောကြားခဲ့သည်။ အဆိုပါလုပ်ငန်းနှင့်ပတ်သက်၍ နိုင်ငံခြားပိုင်ဆိုင်မှုကို ကန့်သတ်ထားခြင်းမရှိကြောင်းလည်း အစိုးရဘက်ကပြောကြားခဲ့ပြီး စမ်းသပ်ခွင့်ပြုကာလသည် ၂၀၃၀ ပြည့်နှစ်ကုန်အထိကြာမြင့်မည်ဖြစ်ကြောင်းကိုလည်းပြောကြားခဲ့သည်။ အမေရိကန်အင်တာနက်ကုမ္ပဏီကို ဗီယက်နမ် နိုင်ငံတွင်း၌ ယခုကဲ့သို့ လုပ်ဆောင်ခွင့်ပြုလိုက်ခြင်းသည် ဗီယက်နမ်အနေဖြင့် အမေရိကနှင့်ထိပ်တိုက်ရင်ဆိုင်ရမည့် အခွန်စည်းကြပ်မှုဒဏ်ကို ရှောင်ရှားလိုခြင်းလည်းပါဝင်လိမ့်မည်ဟုလေ့လာသုံးသပ်သူအချို့ကသုံးသပ်ပြောကြားလျှက်ရှိကြသည်။ SpaceX အနေဖြင့်မူ ဗီယက်နမ်နိုင်ငံ၌ ၎င်း၏လုပ်ငန်းကိုစတင်ရန် လိုင်စင်လျှောက်ထားခြင်းရှိ၊ မရှိကိုလည်း ရှင်းရှင်းလင်းလင်းမသိရသေးပေ။စတားလင့်ခ်သည် ကမ္ဘာတစ်ဝန်းရှိ ဈေးကွက်ပေါင်း ၁၂၀ ကျော်တွင် လုပ်ငန်းလည်ပတ်နေသည့် ကုမ္ပဏီတစ်ခုဖြစ်သည်ဟုလည်းသိရသည်။ Source : ရိုက်တာ

မြောက်ဒဂုံ မ.ဝ.တ. လမ်းဆုံတွင် YBS ယာဉ်ဘရိတ်ပေါက်ကာ လမ်းဘေးဓာတ်တိုင်နှင့်ဆိုင်ကယ်အား ဝင်ရောက်တို-က်မိမှုဖြစ်ပွား

ရန်ကုန်တိုင်ဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် မ.ဝ.တ. လမ်းဆုံတွင် YBS ယာဉ်တစ်စီး ဘရိတ်ပေါက်၍ လမ်းဘေးဓာတ်တိုင်နှင့် ဆိုင်ကယ်တစ်စီးအား ဝင်ရောက်တို-က်မိမှုဖြစ်ပွားခဲ့ကြောင်း အနီးနားဝန်းကျင်ရှိ ဒေသခံတို့ထံမှ သိရသည်။ ယနေ့ မတ်လ (၂၇)ရက် နံနက်(၇)နာရီခွဲအချိန်ခန့်က ရန်ကုန်ပြေးဆွဲနေသည့် ခရီးသည်တင် YBS 137 ယာဉ်တစ်စီး ယာဉ်မတော်တဆမှု ဖြစ်ပွားကြောင်း သတင်းအရ ဝန်းရံမှူးလူမှုကူညီကယ်ဆယ်ရေးအသင်းမှ အရေးပေါ်လူနာတင်ယာဉ်အမှတ် (၀၆) သွားရောက်ကူညီခဲ့ကြောင်း သိရသည်။ အဆိုပါ ယာဉ်မတော်တဆမှု ဖြစ်စဉ်တွင် ဝင်ရောက်တို-က်မိသော လမ်းဘေးရှိ ဓါတ်တိုင်နှင့် ဆိုင်ကယ်တစ်စီးတို့ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့ပြီး အမျိုးသား တစ်ဦးမှာလည်း...

သင်္ဘောသားဖြစ်လိုသူများအတွက် စက်ခန်းအခမဲ့ သင်တန်းပေးမည်

သင်္ဘောသား ဖြစ်လိုသူများအတွက် စက်ခန်း အခြေခံလက်‌‌တွေ့သင်တန်းကို အခမဲ့ပေးရန် ရှိကြောင်း သိရသည်။ ယင်း အခမဲ့သင်တန်းကို သင်တန်းဆရာဦးတင်ထွန်းမှသင်တန်းသား(၃၀)ဦးထိ လက်ခံသင်ကြားပေးမည်လည်း ဖြစ်သည်။သင်တန်းတက်လိုသူများအနေဖြင့် မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားအလုပ် သမားများအဖွဲချုပ်(MSF)သို့ ဆက်သွယ်စာရင်းပေးရမည်ဖြစ်ကြောင်းလည်း သိရသည်။ သင်တန်းကို ဧပြီလ(၂၂)ရက်မှ မေလ(၂)ရက်အတွင်း ဧပြီ(၂၂) ရက်မှ(၂၄)ရက်၊ ဧပြီ(၂၈)ရက်မှ(၃၀)ရက်အထိ နှင့် မေ(၂)ရက်တို့တွင် ဖွင့်လှစ်သွားမည်လည်း ဖြစ်သည်။ မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားအလုပ် သမားများအဖွဲ့ချုပ်(MSF)အနေဖြင့် သင်္ဘောသားဖြစ့်သူများအတွက် ကုန်းဘတ်သင်တန်း၊ အင်္ဂလိပ်စာသင်တန်းတွေ အခမဲ့ပေးခြင်းအပြင် ယခု စက်ခန်းအခြေခံလက်‌‌တွေ့သင်တန်းကိုပါ တိုးချဲ့ပေးသွားခြင်းဖြစ်ကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071