Sunday, March 30, 2025

ဝမ်းတွင်းမြို့ရှိ ပြိုကျသွားသည့် အမှတ်(၇)ချည် မျှင်အထည်စက်ရုံအတွင်းပိတ်မိနေသည့်...

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့တွင် မတ် ၂၈ ရက်မွန်းတည့်ပိုင်းက အင်အားအလွန်ပြင်းထန်သည့်ငလျင် လှုပ်ခတ်ခဲ့ပြီးနောက် အမှတ်(၁)ရပ်ကွက်ရှိ အမှတ် (၇)ချည်မျှင်အထည်စက်ရုံအဆောက်အဦးမှာ ပြိုကျသွားခဲ့ပြီး အမျိုးသမီး(၂)ဦးပိတ်မိနေခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ...

ယခုဖြစ်စဉ်ကိုသင်ခန်းစာယူ၍ တည်ဆောက်ရေးကို စနစ်တကျ စစ်ဆေးရန်...

အလွန်ပြင်းထန်သည့် ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ‌ေ-သဆုံးမှုများ၊ ထိခိုက်ဒဏ်ရာရရှိသူများနှင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရမှု့အပေါ် နစက ဥက္ကဋ္ဌက ယခုဖြစ်စဉ်ကိုသင်ခန်းစာယူ၍ အဆောက်အဦသစ်များဆောက်လုပ်ရာတွင် သတ်မှတ်ခံနိုင်ရည်စံနှုန်းများနှင့်အညီ တည်ဆောက်စေရေးကို စနစ်တကျ စစ်ဆေးရန်...

ရန်ကုန်တွင် ပုံမှန်အတိုင်း စက်သုံးဆီဖြန့်ဖြူးရောင်းချပေးနေ

ငလျင်ကြောင့် ရန်ကုန်တိုင်းဒေသကြီးရှိ စက်သုံးဆီအရောင်းဆိုင်များ အနေဖြင့် မည်သည့်ပျက်စီးချို့ယွင်းမှုမျှမရှိဘဲ ပုံမှန်အခြေအနေအတိုင်း ဆက်လက် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။ သို့သော် ငလျင်ဒဏ်သင့် နေပြည်တော်နှင့် မန္တလေးတိုင်းဒေသကြီးတို့ရှိစက်သုံးဆီအရောင်းဆိုင်အချို့မှာ...

အထူးဒေသ(၁)မှ ကယ်ဆယ်ရေးအဖွဲ့က ဘေးအန္တရာယ်ကျရောက်နယ်မြေသို့ သွားရောက်ကယ်ဆယ်ရန်အဆင်သင့်ပြင်ဆင်

အထူးဒေသ(၁)မှ ကယ်ဆယ်ရေးအဖွဲ့က ဘေးအန္တ ရာယ်ကျရောက်နယ်မြေသို့ သွားရောက်ကယ်ဆယ်ရန်အဆင်သင့်ပြင်ဆင်ထားသည်ဟု မြန်မာနိုင်ငံအထူးဒေသ(၁)အုပ်ချုပ်ရေးကော်မတီ၏ မတ် ၂၉ ရက်ထုတ်ပြန်ချက်အရ သိရသည်။ လက်ရှိအချိန်၌ အထူးဒေသ(၁)အတွင်းရှိ မြို့နယ်၊ ခရိုင်အသီးသီးတို့၏အုပ်ချုပ်ရေးမှူးများကဦးဆောင်၍...
HomeNewsLocal Newsအမေရိကန်နိုင်ငံက ပြည်နှင်သည့် မြန်မာနှစ်ဦးအား...

အမေရိကန်နိုင်ငံက ပြည်နှင်သည့် မြန်မာနှစ်ဦးအား မြန်မာနိုင်ငံက ပြန်လည်လက်ခံမည်

အမေရိကန်နိုင်ငံက ပြည်နှင်သည့် မြန်မာနိုင်ငံသား နှစ်ဦးကို ပြန်လည်လက်ခံသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်အသိပေးထားသည်။

မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန၏ မတ်လ (၂၁) ရက် ထုတ်ပြန်ချက်တွင် ပြည်နှင်ခံရသူ မြန်မာနှစ်ဦးသည် မတ် (၁၉) ရက်နှင့် မတ် (၂၈)ရက်တွင် မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိမည်ဖြစ်သည်။

ကမ္ဘာ့နိုင်ငံများအနေဖြင့် သက်ဆိုင်ရာနိုင်ငံ၏ အကျိုးစီးပွားကို ထိပါးသူ ဒါမှမဟုတ် ရာဇဝတ်မှုများ ကျူးလွန်ထားသူ တရားမဝင် ရွှေ့ပြောင်းရောက်ရှိသူ နိုင်ငံခြားသားများကို ဥပဒေကြောင်းအရ ပြည်နှင်မှုများကို ပြုလုပ်လေ့ရှိကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထိုနည်းတူ အမေရိကန်အစိုးရသစ်၏ ဦးစားပေး မူဝါဒများအရ လူဝင်မှုကြီးကြပ်ရေး စည်းမျဉ်းစည်းကမ်းများနှင့် ငြိ စွန်းသူများ၊ ပြစ်မှုကျူးလွန်ထားသည့် နိုင်ငံခြားသားများကို ပြည်နှင်ခြင်းများပြုလုပ်နေကြောင်းလည်း ထုတ်ပြန်ချက်တွင် ဆိုသည်။

ထို့ကြောင့် နိုင်ငံသားများအနေဖြင့် ပြည်ပသို့ တရားဝင်လမ်းကြောင်းမှသာ ထွက်ခွာကြရန်နှင့် ရောက်ရှိရာ နိုင်ငံတိုင်းတွင် သက်ဆိုင်ရာ ပြည်တွင်းဥပဒေများကို လိုက်နာကြရန် လိုအပ်ကြောင်း၊ အမိနိုင်ငံအတွင်း၌ ဥပဒေ‌ဘောင်အတွင်း နေထိုင်ခြင်းသည်သာ အကောင်းဆုံးဖြစ်ပါကြောင်း ယခု ပြည်နှင်ခံရမှုက ပြသလျက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဝမ်းတွင်းမြို့ရှိ ပြိုကျသွားသည့် အမှတ်(၇)ချည် မျှင်အထည်စက်ရုံအတွင်းပိတ်မိနေသည့် အမျိုးသမီး(၂)ဦးအား ‌ေ-သဆုံးလျက်တွေ့ရှိခဲ့ရ

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့တွင် မတ် ၂၈ ရက်မွန်းတည့်ပိုင်းက အင်အားအလွန်ပြင်းထန်သည့်ငလျင် လှုပ်ခတ်ခဲ့ပြီးနောက် အမှတ်(၁)ရပ်ကွက်ရှိ အမှတ် (၇)ချည်မျှင်အထည်စက်ရုံအဆောက်အဦးမှာ ပြိုကျသွားခဲ့ပြီး အမျိုးသမီး(၂)ဦးပိတ်မိနေခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ ထို့ကြောင့် ပိတ်မိနေသည့်အမျိုးသမီး(၂)ဦးအား ဝမ်းတွင်းမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်မှုများပြုလုပ်ခဲ့ကြသဖြင့် နံနက် ၉ နာရီ ၄၅ မိနစ်တွင် အမျိုးသမီးတစ်ဦးအား ‌ေ-သဆုံးလျက်ပြန်လည်တွေ့ရှိခဲ့ရကြောင်း သိရသည်။ ထို့နောက် ရှာဖွေကယ်ဆယ်မှုများအားဆက်လက်ပြုလုပ်ခဲ့ကြရာ နံနက် ၁၁ နာရီခွဲ၌ ကျန်ရှိနေသည့် အမျိုးသမီးတစ်ဦးအား ‌ေ-သဆုံးလျက်ထပ်မံတွေ့ရှိခဲ့ရကြောင်း သိရသည်။ ထို့အတူ မန္တလေးတိုင်း၊ ရမည်းသင်းမြို့၊ ပန်းတိမ်ရပ်တွင် ငလျင်လှုပ်ခတ်မှုကြောင့်ပြိုကျသွားသည့် အဆောက်အဦးအတွင်း...

ယခုဖြစ်စဉ်ကိုသင်ခန်းစာယူ၍ တည်ဆောက်ရေးကို စနစ်တကျ စစ်ဆေးရန် နစက ဥက္ကဋ္ဌမှာကြား

အလွန်ပြင်းထန်သည့် ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ‌ေ-သဆုံးမှုများ၊ ထိခိုက်ဒဏ်ရာရရှိသူများနှင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရမှု့အပေါ် နစက ဥက္ကဋ္ဌက ယခုဖြစ်စဉ်ကိုသင်ခန်းစာယူ၍ အဆောက်အဦသစ်များဆောက်လုပ်ရာတွင် သတ်မှတ်ခံနိုင်ရည်စံနှုန်းများနှင့်အညီ တည်ဆောက်စေရေးကို စနစ်တကျ စစ်ဆေးရန် ယနေ့ မတ် ၂၉ ရက်နံနက်ပိုင်းက မန္တလေးတိုင်းတွင် တာဝန်ရှိသူများကို မှာကြားခဲ့သည်။ ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အမြန်ဆုံးဆောင်ရွက်ပေးရမည်ဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူများအား နီးစပ်ရာဆေးရုံ၊ ဆေးခန်းများသို့အမြန်ဆုံးပို့ဆောင်၍ လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုများကို စစ်ဘက်၊ အရပ်ဘက်မှ ဆေးမှူး၊ ပါရဂူများဖြင့် အမြန်ဆုံးဆောင်ရွက်ပေးရမည်ဖြစ်ကာ ‌ေ-သဆုံးခဲ့ရသူများကိုလည်း ကောင်းမွန်စွာသင်္ဂြိုဟ်ခြင်းများကို ဝိုင်းဝန်းဆောင်ရွက်ပေးရမည်ဟု မှာကြားသည်။ ထို့ပြင် ပျက်စီးဆုံးရှုံးမှုများကြောင့် နေထိုင်ရန်အ ခက်အခဲရှိသူများကိုလည်း ကိုဗစ် -၁၉...

ရန်ကုန်တွင် ပုံမှန်အတိုင်း စက်သုံးဆီဖြန့်ဖြူးရောင်းချပေးနေ

ငလျင်ကြောင့် ရန်ကုန်တိုင်းဒေသကြီးရှိ စက်သုံးဆီအရောင်းဆိုင်များ အနေဖြင့် မည်သည့်ပျက်စီးချို့ယွင်းမှုမျှမရှိဘဲ ပုံမှန်အခြေအနေအတိုင်း ဆက်လက် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။ သို့သော် ငလျင်ဒဏ်သင့် နေပြည်တော်နှင့် မန္တလေးတိုင်းဒေသကြီးတို့ရှိစက်သုံးဆီအရောင်းဆိုင်အချို့မှာ အဆောက်အဦများပြိုကျပျက်စီးခြင်း၊ မြေအောက်သိုလှောင် ကန်များအပါအဝင် ဆီပန့်နှင့်ဆက်သွယ်ထားသော မြေအောက်ဆီပိုက်လိုင်းများ ပျက်စီး ချို့ယွင်းခြင်း၊ စက်သုံးဆီဖြန့်ဖြူးရာတွင်အသုံးပြုသည့် မီးစက်အချို့ ပျက်စီးချို့ယွင်းခဲ့သည့် အပြင် လျှပ်စစ်မီးလိုင်းများပြတ်တောက်မှုဖြစ်ပေါ်ခဲ့သည်။ အဆိုပါပျက်စီးချို့ယွင်းမှုများအား အမြန်ဆုံးပြန်လည်ပြင်ဆင်ဆောင်ရွက်ရေး ကြီးကြပ် ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ပြည်ထောင်စုနယ်မြေ၊နေပြည်တော်အတွင်းရှိ အရောင်းဆိုင် စုစုပေါင်း(၁ဝ၅)ဆိုင်အနက် အရောင်းဆိုင်(၉ဝ)ခန့်နှင့် မန္တလေးတိုင်း ဒေသကြီးစည်ပင်သာယာ ရေးနယ်နိမိတ်အတွင်းရှိ အရောင်းဆိုင်(၁၆၄)ဆိုင်တို့အား ပြင်ဆင်ပြီးစီးခဲ့သဖြင့် ပြန်လည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071