Friday, March 28, 2025

မနက်ဖြန် ​နေမကြပ်မှီ လူ​တွေ​သောကကြပ်သွားသည့် ငလျှင်

မနက်ဖန် မတ်လ၂၉ ရက်​နေ့တွင်နေကြပ်ခြင်း၊စနေ မိန်ရာသီပြောင်း ခြင်းစသည်တို့​ကြောင့် ​လောကီဆရာများက မနက်ဖြန်အတွက် စိုးရိမ်ပူပန်ခဲ့ကြချိန်တွင် ယ​နေ့ ငလျှင်ကြီး ဖြစ်သွားခဲ့ပြီ ဖြစ်သည်။ မန္တလေး၊ အမရပူရတွင် အပျက်အစီးများသလိုဘုရားဟောင်းများလည်းပြိုကျခဲ့သည်။တိုက်ပြိုကျရာတွင်ပိပြီး...

နေပြည်တော်အတွင်း ငလျင်ဒဏ်သင့်ခဲ့သည့်နေရာများနှင့် ငလျင်ဒဏ်ကြောင့် ဆေးရုံတက်ရောက်နေရသူများကို...

နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့၌ ယနေ့ မတ် ၂၈ ရက်မွန်းတည့်ပိုင်းက အင်အားအလွန်ပြင်းထန်သောငလျင်လှုပ်ခတ်ခဲ့ပြီး ‌ေ-သဆုံးမှုများ၊ ထိခိုက်ဒဏ်ရာရရှိမှုများနှင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည်။ အဆိုပါ ဖြစ်ပေါ်ခဲ့ရမှုများအနက် နေပြည်တော်အတွင်း၌ ပျက်စီးခဲ့ရမှုများနှင့်...

နှစ်ပေါင်း (၁၀၀) ကျော်အတွင်း အပြင်းထန်ဆုံး...

နှစ်ပေါင်း (၁၀၀) အတွင်း အပြင်းထန်ဆုံး လှုပ်ခတ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သည့် ငလျင်ဒဏ်ကြောင့် မန္တလေး၊ နှင့် နေပြည်တော်အပါအဝင် ဒေသအချို့တွင် ထိခိုက်ပျက်စီးမှု မြင့်မားခဲ့ပြီး...

ငလျင်ဒဏ်ကြောင့်ထိခိုက်ခဲ့၍ ဆေးကုသမှုခံယူနေရသူများအတွက် အရေးပေါ်သွေးများလိုအပ်နေ

ယနေ့ မတ် ၂၈ ရက်မွန်းတည့်ပိုင်းက မန္တလေးမြို့ကိုဗဟိုပြု၍ အင်အားအလွန်ပြင်းထန်သောငလျင်လှုပ်ခတ်ခဲ့ပြီးနောက် နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့၌ ‌ေ-သဆုံးမှုများ၊ ထိခိုက်ဒဏ်ရာရသူများနှင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည်။ ထိုသို့ ထိခိုက်ဒဏ်ရာရသူများအား သက်ဆိုင်ရာဆေးရုံများတွင်ဆေးကုသမှုပေးလျက်ရှိရာ...
HomeNewsLocal Newsလောင်းလုံးမြို့နယ်၌ မီးလောင်မှုဖြစ်ပွား နေအိမ်...

လောင်းလုံးမြို့နယ်၌ မီးလောင်မှုဖြစ်ပွား နေအိမ် (၂၀)လုံးခန့်ပျက်စီးဆုံးရှုံးပြီး လူဦးရေ(၁၀၀)ခန့်မီးဘေးသင့်ခဲ့၍ အကူအညီများလိုအပ်နေ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် ယနေ့ မတ် ၂၂ ရက်နံနက် ၁၀ နာရီ ၁၃ မိနစ်ခန့်က နေအိမ်တစ် လုံးမှစတင်ကာ မီးလောင်ကျွမ်းမှုဖြစ်ပွား၍ နေအိမ် (၁၈)လုံးပျက်စီးဆုံးရှုံးခဲ့ပြီး လူဦးရေ(၁၀၀)ခန့်မီး ဘေးသင့်ခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းဝင်များထံမှ သိရသည်။

လောင်းလုံးမြို့နယ်၊ ပန်းတင်အင်းကျေးရွာတွင် နေအိမ်တစ်လုံးမှစတင်ကာ မီးလောင်ကျွမ်းမှုဖြစ်ပွား၍ သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံလူမှုကူညီရေးအသင်းဝင်များက ပူးပေါင်းငြိမ်းသတ်ခဲ့ကြသဖြင့် နေ့လည် ၁ နာရီတွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် အမျိုးသမီး(၃)ဦးနှင့် ဇဗ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့၏ အဖွဲ့ဝင်(၃)ဦးတို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် လူမှုကူညီရေးအသင်းဝင်များက မြေပြင်ကုသမှုများပြုလုပ်ပေးခဲ့ကြပြီးနောက် ဆေးခန်းသို့ပို့ဆောင်ပေးခဲ့ကြပြီး မီးလောင်မှုကြောင့် နေအိမ်(၁၈)လုံးပျက်စီးဆုံးရှုံးခဲ့၍ ယင်း နေအိမ်များရှိ လူဦးရေ(၁၀၀)ခန့်မှာ မီးဘေးသင့်ခဲ့ရကြောင်း သိရသည်။

ထို့ကြောင့် ဇဗ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့မှ မီးဘေးသင့်အိမ်ထောင်စုများအတွက်လိုအပ်သည့် အဝတ်အထည်များကို ထောက်ပံ့လှူဒါန်းပေးသွားမည်ဖြစ်ကာ ပါဝင်ထောက်ပံ့လှူဒါန်းလိုသူများအနေဖြင့် အသင့်စား စားစရာများ၊ စားသောက်ကုန်များ၊ အိုးခွက်ပန်းကန်များ၊ အဝတ်အထည်များနှင့် အမျိုးသမီးအသုံးအဆောင်များကိုလှူဒါန်းနိုင်သည်ဟု ယင်း အဖွဲ့ကအသိပေးခဲ့သည်။

Photo-ဇဗ္ဗူသီရိအဖွဲ့

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မနက်ဖြန် ​နေမကြပ်မှီ လူ​တွေ​သောကကြပ်သွားသည့် ငလျှင်

မနက်ဖန် မတ်လ၂၉ ရက်​နေ့တွင်နေကြပ်ခြင်း၊စနေ မိန်ရာသီပြောင်း ခြင်းစသည်တို့​ကြောင့် ​လောကီဆရာများက မနက်ဖြန်အတွက် စိုးရိမ်ပူပန်ခဲ့ကြချိန်တွင် ယ​နေ့ ငလျှင်ကြီး ဖြစ်သွားခဲ့ပြီ ဖြစ်သည်။ မန္တလေး၊ အမရပူရတွင် အပျက်အစီးများသလိုဘုရားဟောင်းများလည်းပြိုကျခဲ့သည်။တိုက်ပြိုကျရာတွင်ပိပြီး ထုတ်မရ​သေးသူများလည်း ဆုံးပါးသွား​လောက်ပြီဟုယုဆ​နေကြသည်။ အားပြင်းငလျင်ကြောင့် အင်းဝမြို့ရှိ မယ်နု အုဋ်ကျောင်း၊ လေးထပ်ကြီးကျောင်းနှင့် မဟာလောကသရဖူဘုရား စသည့် ရှေးဟောင်း သာသနိက အဆောက်အဦများ ပြိုကျပျက်စီးခဲ့ရသည်။ တောင်ပြုံးလည်း အပြိုအပျက်များသလို မန္တ​လေးလည်း မြို့ပျက်ကြီးလိုဖြစ်နေ​ကြောင်း ပူဆွေး​သောကသံများကြားနေရသည်။ ယခုဖြစ်စဉ်သည်သွေးရောင်လွှမ်းသောလကြတ်ခြင်း၏ နောက်ဆက်တွဲတွင်ဖြစ်လာခဲ့ခြင်းဖြစ်သည်။ကောဇာစနေဂြိုဟ်ကြီးကုံရာသီနှင့်မိန်ရာသီကြားနယ်နိမိတ်စည်း(သန္တိမျဉ်းတွင်ဖြတ်သန်းနေခိုက် မိန်ရာသီရှိကောဇာရာဟုဂြိုဟ်ကြီးနှင့်၆ဒီဂရီအတွင်းပူးယှဉ်နေသည့်အတွက်စနေဂြိုဟ်နှင်ရာဟုဂြိုဟ်တို့၏သဘောသဘဋဝအဓိပ္ပါယ်ဖြစ်သောမြေတွင်းဓာတ်များလှုပ်ရှားခြင်းဖြစ်ပေါ်​လေ့ရှိ​ကြောင်း ​ဝေဒပညာရှင်တစ်ဦးကဆိုသည်။ ပုံမှာ အမရပူရဖက်မှ ဘုရားများပြို​နေပုံ နှင့် မယ်နုအုဋ်​ကျောင်း ပြို​နေပုံတို့ဖြစ်သည်။

နေပြည်တော်အတွင်း ငလျင်ဒဏ်သင့်ခဲ့သည့်နေရာများနှင့် ငလျင်ဒဏ်ကြောင့် ဆေးရုံတက်ရောက်နေရသူများကို နစက ဥက္ကဋ္ဌကြည့်ရှုအားပေးခဲ့

နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့၌ ယနေ့ မတ် ၂၈ ရက်မွန်းတည့်ပိုင်းက အင်အားအလွန်ပြင်းထန်သောငလျင်လှုပ်ခတ်ခဲ့ပြီး ‌ေ-သဆုံးမှုများ၊ ထိခိုက်ဒဏ်ရာရရှိမှုများနှင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည်။ အဆိုပါ ဖြစ်ပေါ်ခဲ့ရမှုများအနက် နေပြည်တော်အတွင်း၌ ပျက်စီးခဲ့ရမှုများနှင့် ဆေးရုံတက်ရောက်နေရသူများကို နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ငလျင်လှုတ်ခတ်ပြီး နာရီပိုင်းအကြာတွင် ကြည့်ရှုစစ်ဆေးအားပေးမှုများပြုလုပ်ခဲ့သည်။ နစက ဥက္ကဋ္ဌမှ ပင်လောင်းလမ်းဆုံနေရာမှ နေပြည်တော်တိုင်းစစ်ဌာနချုပ် မီးပွိုင့်နေရာအထိ ငလျင်ဒဏ်ကြောင့် လမ်းတံတားပျက်စီးခဲ့မှုများ၊ ရာဇဌာနီ လမ်းမကြီးပေါ်ရှိ လမ်းတံတားပျက်စီးမှုများ၊ ပျဉ်းမနား-တောင်ညိုလမ်းမကြီးပေါ်ရှိ လမ်းတံတား ပျက်စီးမှုများအားကြည့်ရှုစစ်ဆေးခဲ့သည်။ ထိုသို့ စစ်ဆေးပြီးနောက် အများပြည်သူများသွားလာမှုအဆင်ပြေစေရေးနှင့် အမြန်ဆုံးသွားလာနိုင်ရေးဦးစားပေးဆောင်ရွက်သွားရန်၊ လူအင်အား၊ယာဉ်ယန္တရားအင်အားများကိုအသုံးပြု၍ လမ်းကြောင်းများအမြန်ဆုံးပြန်လည်ကောင်းမွန်စေရေး ဆောင်ရွက်ရန်တို့ကို...

နှစ်ပေါင်း (၁၀၀) ကျော်အတွင်း အပြင်းထန်ဆုံး လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် နေပြည်တော်အပါအဝင် ဒေသအချို့တွင် ဒဏ်ရာရသူနှင့် ‌ေ-သဆုံးသူ များပြားပြီး သွေးအလှူရှင်များ လိုအပ်နေ

နှစ်ပေါင်း (၁၀၀) အတွင်း အပြင်းထန်ဆုံး လှုပ်ခတ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သည့် ငလျင်ဒဏ်ကြောင့် မန္တလေး၊ နှင့် နေပြည်တော်အပါအဝင် ဒေသအချို့တွင် ထိခိုက်ပျက်စီးမှု မြင့်မားခဲ့ပြီး ‌ေ-သဆုံးသူနှင့် ထိခိုက်ဒဏ်ရာရသူများပြားခဲ့ကြောင်း သိရသည်။ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်အရ နေပြည်တော်၊ မန္တလေးနှင့် စစ်ကိုင်းမြို့ရှိ ဆေးရုံများတွင် လူနာများ အများအပြားရောက်ရှိနေပြီး သွေးအလှူရှင်များ လိုအပ်နေကြောင်း သိရသည်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နေပြည်တော် ခုတင် (၁၀၀၀) ဆေးရုံသို့ သွားရောက်ကာ ငလျင်ဒဏ်ကြောင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071