Sunday, March 30, 2025

စစ်ကိုင်းတံတား (အင်းဝ)ရထားလမ်းကူးတံတားပြိုကျပျက်စီးနေမှုအား အမြန်ဆုံးပြန်လည်ဆယ်တင်၍ ရေလမ်းကြောင်းအမြန်ပြန်ပွင့်အောင်...

ပြီးခဲ့သည့် မတ် ၂၈ ရက်မွန်းတည့်ပိုင်းကလှုပ်ခတ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သောငလျင်ဒဏ်ကြောင့် ‌ေ-သဆုံး/ထိခိုက်ဒဏ်ရာရရှိမှုများ၊ ပျက်စီးမှုများအား ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူ ထောင်ရေးတို့အတွက် ကဏ္ဍအလိုက်ဆောင်ရွက်ရမည့်အချက်များကို နစက ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က...

ငလျင်ဘေးအတွက် အိန္ဒိယက ဆေးဘက်ဆိုင်ရာ အထူးအဖွဲ့...

အိန္ဒိယနိုင်ငံသည် ငလျင်ဒဏ်သင့် မြန်မာနိုင်ငံသို့ ဆေးဘက်ဆိုင်ရာ အထူးအဖွဲ့တစ်ဖွဲ့ စေလွှတ်သွားမည်ဖြစ်ကြောင်း စနေနေ့က သတင်းထုတ်ပြန်ချက်တွင် ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။         လက်ရွေးစင် ဆေးတပ်မဟာ တစ်ခုဖြစ်သော Shatrujeet...

ငလျင်ကြောင့် ပျက်စီးမှု အမြင့်ဆုံးဖြစ်ခဲ့သည့် မန္တလေးမြို့မှ...

မတ်လ (၂၈) ရက် နေ့လယ်ပိုင်းက လှုပ်ခတ်ခဲ့သည့် အင်းအားပြင်းငလျင်ကြောင့် ထိခိုက်ပျက်စီးမှုမြင့်မားခဲ့သည့် ကယ်ဆယ်ရေးအင်အားနည်းနေပြီး အပျက်အစီးများအောက် ပိတ်မိနေသူအားလုံးကို ကယ်ဆယ်ထုတ်နိုင်ခြင်းမရှိသေးဘဲ အချို့ကိုသာ ကယ်ထုတ်နိုင်သေးကြောင်း...

လမ်းများနှင့် အခြေခံအဆောက်အအုံများ ပျက်စီးခဲ့သဖြင့် မြန်မာငလျင်ဘေး...

လမ်းများနှင့် အခြေခံအဆောက်အအုံများ ပျက်စီးခဲ့သောကြောင့် မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများကို အဟန့်အတားဖြစ်စေလျက်ရှိကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(OCHA) က စနေနေ့တွင် ပြောကြားခဲ့သည်။           သောကြာနေ့က...
HomeNewsLocal News(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက်...

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် မြန်မာဘောက်ဆင်ကစားသမားများ စတင်လေ့ကျင့်ပြင်နေ

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၃) ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲ(ဆီးဂိမ်း) အတွက် မြန်မာဘောက်ဆင်သမားများ စတင်လေ့ကျင့်ပြင်နေပြီဖြစ်ကြောင်း မြန်မာဘောက်ဆင်အဖွဲ့ချုပ်ထံက သိရသည်။

လက်ရှိ လက်ရွေးစင်ကစားသမားများအနေဖြင့် အပတ်စဉ် စနေ့နေ့တိုင်း နေပြည်တော် Gold Camp ၌ လေ့ကျင့်ပြင်နေခြင်းဖြစ်သည်ဟုဆိုသည်။

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ (၉) ရက်မှ (၂၀)ရက်အထိ ထိုင်းနိုင်ငံရှိ မြို့(၃)မြို့၌ ကျင်းပသွားမည်ဖြစ်သည်။

ပြိုင်ပွဲနီးလာသည့်အတွက် အားကစားနည်းများ အလိုက် အားကစားကွင်း/ အားကစားရုံများ ပြုပြင်ထိန်းသိမ်းရေး၊ စခန်းဝင်လေ့ကျင့်နေသည့် အားကစားသမားများ၏ လေ့ကျင့်ရေးနှင့် နေထိုင်စားသောက်ရေး၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲအောင်နိုင်ရေးအတွက် ဆောင်ရွက်ရမည် အားကစားနှင့်ဆက်နွယ်သည့် သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရန်နှင့် သင်္ကြန်မတိုင်မီ လုပ်ငန်းများ ပြီးပြတ်အောင်ဆောင်ရွက်ထားကြရန် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က မှာကြားထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စစ်ကိုင်းတံတား (အင်းဝ)ရထားလမ်းကူးတံတားပြိုကျပျက်စီးနေမှုအား အမြန်ဆုံးပြန်လည်ဆယ်တင်၍ ရေလမ်းကြောင်းအမြန်ပြန်ပွင့်အောင် ဆောင်ရွက်ရန် နစက ဥက္ကဌ မှာကြား

ပြီးခဲ့သည့် မတ် ၂၈ ရက်မွန်းတည့်ပိုင်းကလှုပ်ခတ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သောငလျင်ဒဏ်ကြောင့် ‌ေ-သဆုံး/ထိခိုက်ဒဏ်ရာရရှိမှုများ၊ ပျက်စီးမှုများအား ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူ ထောင်ရေးတို့အတွက် ကဏ္ဍအလိုက်ဆောင်ရွက်ရမည့်အချက်များကို နစက ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လမ်းညွှန်မှာကြားခဲ့သည်။ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများကို ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာ၌ ပြိုကျပျက်စီးသွားသောအဆောက်အဦများနှင့် အပျက်အစီးများအားရှင်းလင်းဖယ်ထုတ်ခြင်းအပိုင်း၊ ပြိုကျပျက်စီးနေဆဲအဆောက်အဦများအား ဘေးအန္တရာယ်မဖြစ်စေရေးစနစ်တကျရှင်းလင်းဖယ်ရှားခြင်းအပိုင်း၊ ပြန်လည်တည်ဆောက်ခြင်းအပိုင်းဟူ၍ အပိုင်း(၃)ပိုင်းဖြင့်ဆောင်ရွက်သွားရမည်ဟု မှာကြားသည်။ ထို့ပြင် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည့် လမ်းတံတားများ၊ နိုင်ငံပိုင်အဆောက်အဦများ ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက်ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကာ ငွေကြေးအင်အား၊ လူအင်အား၊ ယာဉ်ယန္တရားအင်အားများစွာကို သုံးစွဲရမည်ဖြစ်ပြီး ပုဂ္ဂလိတည်ဆောက်ရေးလုပ်ငန်းများကိုလည်း ထောက်ပံ့ပေးရန်လိုအပ်မည်ဟု မှာကြားသည်။ " နိုင်ငံတကာကအကူအညီတွေတောင်းခံရာမှာ ပြန်လည်တည်ဆောက်ရေးအတွက်လိုအပ်တဲ့...

ငလျင်ဘေးအတွက် အိန္ဒိယက ဆေးဘက်ဆိုင်ရာ အထူးအဖွဲ့ စေလွှတ်မည်             

အိန္ဒိယနိုင်ငံသည် ငလျင်ဒဏ်သင့် မြန်မာနိုင်ငံသို့ ဆေးဘက်ဆိုင်ရာ အထူးအဖွဲ့တစ်ဖွဲ့ စေလွှတ်သွားမည်ဖြစ်ကြောင်း စနေနေ့က သတင်းထုတ်ပြန်ချက်တွင် ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။         လက်ရွေးစင် ဆေးတပ်မဟာ တစ်ခုဖြစ်သော Shatrujeet Brigade Medical Responders မှ အဖွဲ့ဝင် ၁၁၈ ဦးပါ အဖွဲ့သည် မရှိမဖြစ်လိုအပ်သော ဆေးပစ္စည်းကိရိယာများ၊ ထောက်ပံ့ရေးပစ္စည်းများနှင့်အတူ မြန်မာနိုင်ငံသို့ မကြာမီ ထွက်ခွာမည်ဟု ဆိုသည်။ Airborne Angels Task Force သည် သဘာဝဘေးဒဏ်သင့်ဒေသများတွင် ခေတ်မီ ဆေးဝါးကုသမှုနှင့် ခွဲစိတ်ကုသမှုများ ပြုလုပ်ပေးရန် ပစ္စည်းကိရိယာများ...

ငလျင်ကြောင့် ပျက်စီးမှု အမြင့်ဆုံးဖြစ်ခဲ့သည့် မန္တလေးမြို့မှ Sky Village တွင် ကယ်ဆယ်ရေး အင်အားနည်းနေပြီး ပိတ်မိနေသူ (၄၀) ကျော်သာ ကယ်ထုတ်နိုင်သေး

မတ်လ (၂၈) ရက် နေ့လယ်ပိုင်းက လှုပ်ခတ်ခဲ့သည့် အင်းအားပြင်းငလျင်ကြောင့် ထိခိုက်ပျက်စီးမှုမြင့်မားခဲ့သည့် ကယ်ဆယ်ရေးအင်အားနည်းနေပြီး အပျက်အစီးများအောက် ပိတ်မိနေသူအားလုံးကို ကယ်ဆယ်ထုတ်နိုင်ခြင်းမရှိသေးဘဲ အချို့ကိုသာ ကယ်ထုတ်နိုင်သေးကြောင်း သိရသည်။ လက်ရှိတွင် တိုင်းမီးသတ်တပ်ဖွဲ့မှတာဝန်ရှိသူများ ဦးစီးသည့် ကယ်ဆယ်ရေးအဖွဲ့များနှင့် အရပ်ဘက် လူမှုကူညီရေး အဖွဲ့အစည်းအချို့ အဆိုပါနေရာတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသော်လည်း အပျက်အစီးအင်အားနှင့် လူအင်အား မမျှတသည့်အခြေအနေကို တွေ့ရသည်။ " အသက်ရှင်လျက်နဲ့ (၄၈) ဦးကယ်ထုတ်နိုင်ခဲ့ပြီး ‌ေ-သဆုံး (၁၀) ဦး ထုတ်ပြီးပါပြီ။ အောက်မှာ ဆက်ပြီးတော့ ကယ်ထုတ်စရာတွေ ရှိနေပါသေးတယ်။ တရုတ်က...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071