Saturday, March 29, 2025

ငလျင်မူးခြင်းနှင့်ပူပန်သောကအတွက် စိတ်ကျန်းမာရေး အကူအညီယူသင့်

မကြာခင်က လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ပူပန်သောကများခြင်း လက္ခဏာများနှင့် ငလျင်မူးခြင်းဟု သိကြသော ဝေဒနာတို့ကို ဒေသခံများအနေဖြင့် သတိပြုကြရန် ကျန်းမာရေး တာဝန်ရှိသူများက တိုက်တွန်းခဲ့သည်။ ငလျင်လှုပ်ခတ်မှုဖြစ်စဉ်များနှင့်အကျွမ်းတဝင်မရှိသော...

စင်ကာပူကြက်ခြေနီကမြန်မာနှင့်ထိုင်းကို ဒေါ်လာ ၁၅၀,၀၀၀ ထောက်ပံ့မည်

မတ်လ ၂၈ ရက်က ဒေသတွင်း နိုင်ငံများတွင် လှုပ်ခတ်ခဲ့သော ပြင်းအား ရစ်ချ်တာစကေး ၇ ဒဿမ ၇ ရှိ ငလျင်ကြောင့်...

မန္တလေး၊ Sky Villa (၄၃)ဦးအား...

မန္တလေး၊ အောင်မြေသာစံမြို့နယ်ရှိ Sky Villa အဆောက်အဦး ပြိုကျ၍ ပိတ်မိနေသူများထဲမှ (၄၃)ဦးအား အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ပြီး ေ-သဆုံးသူ (၉)ဦး ရုပ်အလေ-ာင်းများကိုလည်း ရှာဖွေတွေ့ရှိခဲ့ကြောင်း...

ငလျင်ကြောင့်သေဆုံးသူ ၁,၀၀၀ကျော်ပြီ၊ နိုင်ငံတကာအကူအညီများဝင်လာ

အင်အားပြင်း ငလျင်လှုပ်ခတ်ပြီးနောက်တွင် အသက်ရှင်လွတ်မြောက်ဖွယ်ရှိသူများကို ကယ်ဆယ်ရေးသမားများက အပူတပြင်းရှာဖွေမှုများ ဆက်လက်လုပ်ဆောင်နေပြီး စနေနေ့တွင် နိုင်ငံတကာ အကူအညီများ မြန်မာနိုင်ငံသို့ စတင်ဝင်ရောက်နေပြီဖြစ်ကာ ငလျင်ဘေးကြောင့် သေဆုံးသူ...
HomeNewsLocal Newsမြန်မာ-အိန္ဒိယ IT ကဏ္ဍပူးပေါင်းမြှင့်တင်ရေးဆိုင်ရာ...

မြန်မာ-အိန္ဒိယ IT ကဏ္ဍပူးပေါင်းမြှင့်တင်ရေးဆိုင်ရာ MoU သက်တမ်းတိုးမြှင့်စာလဲလှယ်

၂၀၀၇ ခုနှစ်ကစတင်ရေးထိုးခဲ့သည့် မြန်မာ-အိန္ဒိယ IT ကဏ္ဍပူးပေါင်းမြှင့်တင်ရေးဆိုင်ရာ MoU သက်တမ်းတိုးမြှင့်စာလဲလှယ်ခြင်းကို မတ် ၂၁ ရက်မွန်းလွဲပိုင်းက နေပြည်တော်၌ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒု-ဝန်ကြီးဦးအောင်ဇေယျတက်ရောက်ခဲ့သည်။

ထိုသို့ တက်ရောက်ပြီးနောက် ယနေ့ခေတ် Digital Transformation ဆိုင်ရာ IT ဖွံ့ဖြိုးမှုတိုးတက်မှုအရွေ့များမြန်ဆန်လျက်ရှိ၍ အမီလိုက်ပါနိုင်အောင် ဆောင်ရွက်ရာတွင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုသည် အရေးပါသောအခန်းကဏ္ဍမှပါဝင်သည်ဟု ပြောသည်။

ထို့ပြင် ယနေ့လဲလှယ်မှုမှ AI ၊ Cybersecurity၊ Big Data၊ Cloud Computing စသည့် ထွန်းသစ်စ IT နည်းပညာများဆိုင်ရာ လူ့စွမ်းအားရင်းမြစ်များမွေးထုတ်ခြင်း၊ သုတေသနအတွေ့အကြုံများဖလှယ်ခြင်း၊ စွမ်းရည်များမြှင့်တင်ခြင်းတို့တွင် ပူးပေါင်းဆောင်ရွက်မှုများအား ပိုမိုမြှင့်တင်နိုင်ပြီး ဒေသတွင်း ဒစ်ဂျစ်တယ်ရပ်ဝန်းတည်ထောင်မှုနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုမည်ကို ယုံကြည်မျှော်လင့်သည်ဟုလည်း ပြောကြားခဲ့သည်။

ထို့နောက် ဒု-ဝန်ကြီးဒေါက်တာအောင်ဇေယျနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur တို့က MoU သက်တမ်းတိုးမြှင့်စာများကို အပြန်အလှန်လဲလှယ်ခဲ့ကြသည်။

အဆိုပါ MoU ကို ၂၀၀၇ ခုနှစ်တွင် စတင်ရေးထိုးခဲ့ပြီး ယခုသက်တမ်းတိုးမှုသည် ပဉ္စမအကြိမ်ဖြစ်ကာ India- Myanmar Center for Enhancement of IT Skills (IMCEITS) သင်တန်းစင်တာကို သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနရှိ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာသုတေသနဌာနနှင့် အိန္ဒိယနိုင်ငံရှိ Center for Development of Advanced Computing (C-DAC) တို့ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။

ယင်း သင်တန်းစင်တာမှ ၂၀၂၁ ခုနှစ်တွင် AI နှင့် Big Data သင်တန်းများ စတင်ဖွင့်လှစ်ခဲ့ပြီး ထွန်းသစ်စ IT နည်းပညာသင်တန်းများကို ဆက်လက်မြှင့်တင်ဖွင့်လှစ်သွားမည်ဖြစ်ကာ သင်တန်းစင်တာမှ ၂၀၂၄ ခုနှစ်တွင် သင်တန်းအမှတ်စဉ် ၂၇ အထိ ဖွင့်လှစ်နိုင်ခဲ့ပြီး သင်တန်းဆင်း IT ပညာရှင် (၂၈၇၃)ဦးအထိမွေးထုတ်နိုင်ခဲ့ကာ အလုပ်အကိုင်ရရှိမှုတွင်လည်း (၉၈)ရာခိုင်နှုန်းရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငလျင်မူးခြင်းနှင့်ပူပန်သောကအတွက် စိတ်ကျန်းမာရေး အကူအညီယူသင့်

မကြာခင်က လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ပူပန်သောကများခြင်း လက္ခဏာများနှင့် ငလျင်မူးခြင်းဟု သိကြသော ဝေဒနာတို့ကို ဒေသခံများအနေဖြင့် သတိပြုကြရန် ကျန်းမာရေး တာဝန်ရှိသူများက တိုက်တွန်းခဲ့သည်။ ငလျင်လှုပ်ခတ်မှုဖြစ်စဉ်များနှင့်အကျွမ်းတဝင်မရှိသော သဘောသဘာဝသည်အွန်လိုင်းသတင်းအချက်အလက်များကို တွေ့သိရချိန်တွင် ပိုမိုဆိုးဝါးလာကာလူများစွာတွင် ပြင်းထန်သော တုန့်ပြန်မှုများ ဖြစ်ပေါ်စေသည်ဟု စိတ်ကျန်းမာရေးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ Varoth Chotpitayasunondh က ရှင်းပြသည်။ ပူပန်သောက များရခြင်းသည် ယင်းကဲ့သို့ သဘာဝဘေးမျိုးတွင် ပုံမှန်တုန့်ပြန်မှု တစ်ခုဖြစ်သော်လည်း အစဉ်တစိုက်ဆက်ဖြစ်နေသော စိတ်ဖိစီးမှုနှင့် စိတ်ခံစားချက်ဆိုင်ရာ အပြောင်းအလဲများကို စောင့်ကြည့်ရန် အရေးကြီးသည်ဟု သူက အလေးပေး...

စင်ကာပူကြက်ခြေနီကမြန်မာနှင့်ထိုင်းကို ဒေါ်လာ ၁၅၀,၀၀၀ ထောက်ပံ့မည်

မတ်လ ၂၈ ရက်က ဒေသတွင်း နိုင်ငံများတွင် လှုပ်ခတ်ခဲ့သော ပြင်းအား ရစ်ချ်တာစကေး ၇ ဒဿမ ၇ ရှိ ငလျင်ကြောင့် မြန်မာနှင့် ထိုင်းနိုင်ငံတို့တွင် အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများအတွက် အသုံးပြုနိုင်ရန် စင်ကာပူကြက်ခြေနီအဖွဲ့(SRC) က ဒေါ်လာ ၁၅၀,၀၀၀ ပေးအပ်သွားမည်ဟု ကတိပြုလိုက်သည်။ ကြီးမားသော သဘာဝဘေးဒဏ်ကြောင့် မြန်မာနိုင်ငံတွင် ‌ေ-သဆုံးသူ ၁,၀၀၀ ကျော်ရှိပြီဖြစ်ကာ ၂,၃၀၀ ကျော် ဒဏ်ရာရရှိခဲ့ပြီး ‌ေ-သဆုံးဦးရေ တိုးလာဖွယ်ရှိနေသည်ဟုလည်း နောက်ဆုံးသတင်းများအရ သိရသည်။ အာဏာပိုင်များက အရေးပေါ် အခြေအနေကြေညာထားသည့် ထိုင်းနိုင်ငံမြို့တော်...

မန္တလေး၊ Sky Villa (၄၃)ဦးအား အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့

မန္တလေး၊ အောင်မြေသာစံမြို့နယ်ရှိ Sky Villa အဆောက်အဦး ပြိုကျ၍ ပိတ်မိနေသူများထဲမှ (၄၃)ဦးအား အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ပြီး ေ-သဆုံးသူ (၉)ဦး ရုပ်အလေ-ာင်းများကိုလည်း ရှာဖွေတွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။ ယမန်နေ့ မတ်(၂၈) ရက်၊ အင်အားရစ်(ချ်)တာစကေး ၇ ဒဿမ ၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော မြေငလျင်လှုပ်ရှားမှုကြောင့် Sky Villa အဆောက်အဦမှာ ပြိုကျခဲ့ရခြင်းဖြစ်သည်။ ထိုသို့ ပြိုကျခဲ့မှုကြောင့် ပိတ်မိနေသူများအား ဗဟိုမီးသတ်သင်တန်းကျောင်းနှင့် ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းတို့မှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရကြောင်း သိရသည်။ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကြောင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071