Sunday, March 30, 2025

စစ်ကိုင်းမြို့၊ သကျမိတာသီလရှင်စာသင်တိုက် ပြိုကျ၍ ပိတ်မိနေသူများအနက်...

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ သကျမိတာသီလရှင်စာသင်တိုက် အဆောက်အဦပြိုကျပျက်စီး၍ ပိတ်မိနေသူများအနက် သီလရှင်(၁)ပါးအား အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့ပြီး ပျံလွန်တော်မူသည့် သီလရှင်(၃)ဦးတို့၏ ရုပ်အလေ-ာင်းများအား ရှာဖွေတွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ ယနေ့...

စစ်ကိုင်းတိုင်းအတွင်း ငလျင်ဒဏ်ကြောင့် (၃၆)ဦးအား အသက်ရှင်လျက်ကယ်ထုတ်ထားနိုင်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ငလျင်လှုပ်ခတ်မှုကြောင့် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ လက်ရှိအချိန်ထိ (၃၆)ဦးအား အသက်ရှင်လျက်ကယ်ထုတ်ထားကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံမှ...

တရုတ်လေကြောင်းလိုင်းက ကယ်ဆယ်ရေးပစ္စည်းများကို ထိုင်းနှင့် မြန်မာသို့...

မြန်မာနိုင်ငံတွင် သောကြာနေ့မွန်းလွဲပိုင်းက လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ထိုင်ဝမ်၏ တရုတ်လေကြောင်းလိုင်းသည် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကယ်ဆယ်ရေးပစ္စည်းများကို ထိုင်းနှင့် မြန်မာနိုင်ငံသို့ အခမဲ့ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း လေကြောင်းလိုင်းက...

နိုင်ငံတကာနှင့်ပူးပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေ

ငလျင်ကြောင့်ပြိုကျနေသည့်အဆောက်အဦးများအတွင်း ပိတ်မိနေသူများကို နိုင်ငံတကာမှကယ်ဆယ်ရေးအဖွဲ့ဝင်များနှင့်အတူ လုံခြုံရေးအဖွဲ့ဝင်များ၊ မီးသတ်၊ လူမှုကူညီရေးအသင်းဝင်များနှင့် သက်ဆိုင်ရာဒေသခံများပူးပေါင်း၍ ကယ်ဆယ်မှုများကို ဆက်လက်ပြုလုပ်နေသည်။ ထိုသို့ ကယ်ထုတ်ရာ၌ နေပြည်တော်၊ သပြေကုန်းရပ်ကွက်၊ သစ္စာ(၂)လမ်းအပျက်စီးအောက်တွင်...
HomeNewsLocal Newsပန်းဘဲတန်းမြို့နယ်ရှိ "တိတ်ရှိန်"ရွှေဆိုင်အား ကော်‌ေ-သနတ်ပြခြိမ်းခြောက်၍...

ပန်းဘဲတန်းမြို့နယ်ရှိ “တိတ်ရှိန်”ရွှေဆိုင်အား ကော်‌ေ-သနတ်ပြခြိမ်းခြောက်၍ ရွှေထည်(၂၀)ကျပ်သားခန့်အား လုယက်ယူဆောင်သွားသူ(၄)ဦးကို အခင်း ဖြစ်ပြီး ၆ နာရီအတွင်းဖမ်းမိခဲ့

ရန်ကုန်တိုင်း၊ ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ (၂၉)လမ်းနှင့် (၃၀)လမ်းကြား၊ မဟာဗန္ဓုလလမ်းပေါ်ရှိ“တိတ်ရှိန်”ရွှေဆိုင်တွင် ယနေ့ မတ် ၂၃ ရက်နံနက် ၈ နာရီ ၄၅ မိနစ်ခန့်က အမျိုးသား(၄)ဦးမှ ကော်‌ေ-သနတ်ပြခြိမ်းခြောက်၍ ရွှေထည်(၂၀) ကျပ်သားခန့်ကိုလုယက်ယူဆောင်သွားခဲ့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

Mask တပ်ဆင်ထားသည့် အမျိုးသား(၄)ဦးမှ မဟာဗန္ဓုလလမ်းပေါ်ရှိ “တိတ်ရှိန်”ရွှေဆိုင်အတွင်းသို့ရောက်ရှိလာပြီးနောက် ဆိုင်ပိုင်ရှင်၏သမီးဖြစ်သူနှင့် ဆိုင်ဝန်ထမ်းများကို ကော်‌ေ-သနတ်ပြခြိမ်းခြောက်၍ မှန်ကောင်တာအတွင်းရှိ ငွေကျပ်သိန်း(၁၂၀၀)ခန့်တန်ဖိုးရှိ ရွှေထည်ပစ္စည်းမျိုးစုံ(၂၀)ကျပ်သားခန့်ကို လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များနှင့် ပန်းဘဲတန်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက စစ်ဆေးမှုများပြု လုပ်ပြီးနောက် ဖြစ်စဥ်အား (ပ)၃၉/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၉၂ ဖြင့်အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူများအားဖမ်းဆီးရမိနိုင်ရေးအတွက် စုံစမ်းမှုများပြုလုပ်ခဲ့ကြသဖြင့် ပြစ်မှုကျူးလွန်စဥ်ကအသုံး ပြုခဲ့သည့် YGN-42 AA-1938 နံပါတ်တပ်ဆင်ထားသော Toyota Corolla (အဖြူရောင်) Taxi အားနံနက် ၁၁ နာရီခန့်တွင် ကားမောင်းသူ စည်သူကျော်(၄၃)နှစ်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်များအရ ပြစ်မှုကျူးလွန်သူများဖြစ်သည့် လင်းသန့်အောင်(၁၈)နှစ်၊ သက်ထူးဇင်(၂၀)နှစ် ၊ ကောင်းခန့်သူရ(ခ)ဝသုန်(၁၉)နှစ်၊ မင်းခန့်ကို(ခ) ဖိုးကာ(၁၉)နှစ်တို့အား အနက်ရောင်ကော်‌ေ-သနတ် (၁)လက်၊ သံဖြတ်လွှ(၃)ချောင်း၊ လုယက်ယူဆောင်ရာမှရရှိသည့် ရွှေလက်ကောက်မျိုးစုံ(၅၁)ကွင်း၊ ရွှေလက်စွပ်မျိုးစုံ(၃၇)ကွင်းတို့နှင့်အတူ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်၌ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှ “တိတ်ရှိန်”ရွှေဆိုင်အား ‌ေ-သနတ်ပြခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများအားလုယက်မှုကျူးလွန်သူ(၄)ဦးအား သက်သေခံရွှေထည်ပစ္စည်းများနှင့်အတူ အခင်းဖြစ်ပြီး (၆)နာရီအတွင်းဖမ်းဆီးရမိခဲ့သဖြင့် ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရန် တာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စစ်ကိုင်းမြို့၊ သကျမိတာသီလရှင်စာသင်တိုက် ပြိုကျ၍ ပိတ်မိနေသူများအနက် သီလရှင်(၁)ပါးအား အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ သကျမိတာသီလရှင်စာသင်တိုက် အဆောက်အဦပြိုကျပျက်စီး၍ ပိတ်မိနေသူများအနက် သီလရှင်(၁)ပါးအား အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့ပြီး ပျံလွန်တော်မူသည့် သီလရှင်(၃)ဦးတို့၏ ရုပ်အလေ-ာင်းများအား ရှာဖွေတွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ ယနေ့ မတ်လ (၃၀)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ မတ်လ(၂၈) ရက်၊ အင်အားရစ်(ချ်)တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော မြေငလျင်လှုပ်ရှားမှုကြောင့် စစ်ကိုင်း၊ ပဲခူး၊ မန္တလေး၊ မကွေး၊ ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ နေပြည်တော်ကောင်စီနယ်မြေတို့ရှိ နေရာများကို အရေးပေါ်...

စစ်ကိုင်းတိုင်းအတွင်း ငလျင်ဒဏ်ကြောင့် (၃၆)ဦးအား အသက်ရှင်လျက်ကယ်ထုတ်ထားနိုင်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ငလျင်လှုပ်ခတ်မှုကြောင့် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ လက်ရှိအချိန်ထိ (၃၆)ဦးအား အသက်ရှင်လျက်ကယ်ထုတ်ထားကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ မျက်မမြင်ကျောင်း၊ သီလရှင်ကျောင်း၊ လူနေအိမ်များ၊ ရင်ခွင်သစ် KTV၊ ပိုးတန်းရပ်ကွက်ရှိ ပညာရေးကောလိပ်၊ (အ.ထ.က) (၁)စာသင်ကျောင်း၊ စွယ်တော်နန်းတည်းခိုခန်း၊ တိုးတက်ဝေကွန်ပျူတာဆိုင်၊ ချင်းစုရပ်ကွက်ရှိ မြတ်ကိုယ်ပိုင်ကျောင်း၊ မင်းလမ်းရပ်ကွက်ရှိ မြို့မဗလီ၊ မိုးကျဗလီ၊ မွှေးကြူအအေးဆိုင်၊ စက်ချုပ်ဆိုင်၊ စိန်ကုန်းရပ်ကွက်ရှိ လေးကျွန်းမြေအုတ်ကျောင်း၊ ကုန်မာဆိုင်၊ မိုးဇာရပ်ကွက်ရှိ ခရိုင်ပြန်ဆက်ရုံးတို့ ငလျင်ဒဏ်သင့်ခဲ့ကြောင်း...

တရုတ်လေကြောင်းလိုင်းက ကယ်ဆယ်ရေးပစ္စည်းများကို ထိုင်းနှင့် မြန်မာသို့ အခမဲ့ ပို့ဆောင်ပေး

မြန်မာနိုင်ငံတွင် သောကြာနေ့မွန်းလွဲပိုင်းက လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ထိုင်ဝမ်၏ တရုတ်လေကြောင်းလိုင်းသည် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကယ်ဆယ်ရေးပစ္စည်းများကို ထိုင်းနှင့် မြန်မာနိုင်ငံသို့ အခမဲ့ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း လေကြောင်းလိုင်းက စနေနေ့တွင် ထုတ်ပြန်ခဲ့သည်။ ငလျင်ဒဏ်ခံခဲ့ရသော ထိုင်ဝမ်နိုင်ငံသားများနှင့် အခြားခရီးသွားများကို ကူညီရန်နှင့် ငလျင်ဒဏ်သင့်ဒေသများကို ကူညီထောက်ပံ့ရန်အတွက် အစိုးရ သို့မဟုတ် ပရဟိတအဖွဲ့အစည်းများနှင့် လက်တွဲလုပ်ဆောင်သွားမည်ဟု လေကြောင်းလိုင်းက ပြောကြားခဲ့သည်။ အဆိုပါ လေကြောင်းလိုင်း၏ အဆိုအရ မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်နှင့် ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ ချင်းမိုင်သို့ အသွားအပြန် ပျံသန်းမှုများသည် ငလျင်ကြောင့် ထိခိုက်မှု မရှိကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071