Sunday, March 30, 2025

ဝမ်းတွင်းမြို့ရှိ ပြိုကျသွားသည့် အမှတ်(၇)ချည် မျှင်အထည်စက်ရုံအတွင်းပိတ်မိနေသည့်...

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့တွင် မတ် ၂၈ ရက်မွန်းတည့်ပိုင်းက အင်အားအလွန်ပြင်းထန်သည့်ငလျင် လှုပ်ခတ်ခဲ့ပြီးနောက် အမှတ်(၁)ရပ်ကွက်ရှိ အမှတ် (၇)ချည်မျှင်အထည်စက်ရုံအဆောက်အဦးမှာ ပြိုကျသွားခဲ့ပြီး အမျိုးသမီး(၂)ဦးပိတ်မိနေခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ...

ယခုဖြစ်စဉ်ကိုသင်ခန်းစာယူ၍ တည်ဆောက်ရေးကို စနစ်တကျ စစ်ဆေးရန်...

အလွန်ပြင်းထန်သည့် ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ‌ေ-သဆုံးမှုများ၊ ထိခိုက်ဒဏ်ရာရရှိသူများနှင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရမှု့အပေါ် နစက ဥက္ကဋ္ဌက ယခုဖြစ်စဉ်ကိုသင်ခန်းစာယူ၍ အဆောက်အဦသစ်များဆောက်လုပ်ရာတွင် သတ်မှတ်ခံနိုင်ရည်စံနှုန်းများနှင့်အညီ တည်ဆောက်စေရေးကို စနစ်တကျ စစ်ဆေးရန်...

ရန်ကုန်တွင် ပုံမှန်အတိုင်း စက်သုံးဆီဖြန့်ဖြူးရောင်းချပေးနေ

ငလျင်ကြောင့် ရန်ကုန်တိုင်းဒေသကြီးရှိ စက်သုံးဆီအရောင်းဆိုင်များ အနေဖြင့် မည်သည့်ပျက်စီးချို့ယွင်းမှုမျှမရှိဘဲ ပုံမှန်အခြေအနေအတိုင်း ဆက်လက် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။ သို့သော် ငလျင်ဒဏ်သင့် နေပြည်တော်နှင့် မန္တလေးတိုင်းဒေသကြီးတို့ရှိစက်သုံးဆီအရောင်းဆိုင်အချို့မှာ...

အထူးဒေသ(၁)မှ ကယ်ဆယ်ရေးအဖွဲ့က ဘေးအန္တရာယ်ကျရောက်နယ်မြေသို့ သွားရောက်ကယ်ဆယ်ရန်အဆင်သင့်ပြင်ဆင်

အထူးဒေသ(၁)မှ ကယ်ဆယ်ရေးအဖွဲ့က ဘေးအန္တ ရာယ်ကျရောက်နယ်မြေသို့ သွားရောက်ကယ်ဆယ်ရန်အဆင်သင့်ပြင်ဆင်ထားသည်ဟု မြန်မာနိုင်ငံအထူးဒေသ(၁)အုပ်ချုပ်ရေးကော်မတီ၏ မတ် ၂၉ ရက်ထုတ်ပြန်ချက်အရ သိရသည်။ လက်ရှိအချိန်၌ အထူးဒေသ(၁)အတွင်းရှိ မြို့နယ်၊ ခရိုင်အသီးသီးတို့၏အုပ်ချုပ်ရေးမှူးများကဦးဆောင်၍...
HomeNewsLocal Newsရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးကို ပုံဖော်ရန်ကျင်းပသည့်ပွဲ

ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးကို ပုံဖော်ရန်ကျင်းပသည့်ပွဲ

အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ(NSPNC) က ဦးဆောင်ကာ ကျင်းပသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို နေပြည်တော်ရှိ အဆိုပါ ရုံးတည်ရှိရာ MICC(2) တွင် ယနေ့ မတ်လ (၂၄) ရက် နံနက်ပိုင်းမှစတင်ပြီး (၃) ရက်တာ ကျင်းပလျက်ရှိသည်။

အဆိုပါ ဆွေးနွေးပွဲကို အဓိကကျသည့် ရည်ရွယ်ချက် (၃) ရပ်ဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း NSPNC ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးရာပြည့်က အဖွင့်မိန့်ခွန်းတွင် ပြောကြားသွားသည်။

ယင်း ရည်ရွယ်ချက် (၃) ရပ်မှာ

(က) ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ်တွင် ကဏ္ဍအသီးသီးမှ ထင်ပေါ်ကျော်ကြားသူများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များမှ ပိုမိုအာရုံစိုက် ပါဝင်လုပ်ဆောင်လာနိုင်စေရန် (Influence of Peace in Multiple Sectors)।

( ခ ) ငြိမ်းချမ်းရေးအတွက် အကြမ်းမဖက်သော နည်းလမ်းဖြင့် ဆောင်ရွက်ခြင်းသည်သာလျှင် ရေရှည်တည်တံ့မည်ဖြစ်ကြောင်းကို ၊ လူထုအကြား အသိမြင်တိုးမြှင့်လာစေရန် (Promoting Non- Violence Solutions for Sustainable Peace)

( ဂ ) နိုင်ငံအတွင်းပဋိပက္ခများ အမြန်ဆုံး လျှော့ချပြီးနိုင်ငံရေး၊ စီးပွားရေးများ ပိုမိုကောင်းမွန် တိုးတက်လာနိုင်စေမည့် ရေတို-ရေရှည်လုပ်ငန်းစဉ်များ ဖော်ထုတ်နိုင်ရန် (Identifying Short-term and Long-term Measure for De-escalation of Armed-conflicts and Political Deadlock) တို့ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး ရာပြည့်က အဖွင့်မိန့်ခွင်းတွင် ထည့်သွင်း ပြောကြားသွားသည်။

ဆွေးနွေးပွဲသို့ NSPNC ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးရာပြည့် အပါအဝင် တပ်မတော်အရာရှိများ၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များ ၊ နိုင်ငံရေးပါတီများ ၊ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်ဆွေးနွေး နေကြခြင်း ဖြစ်သည်။

ယခုကျင်းပလျက်ရှိသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ (၂၀၂၅) ကို မတ်လ (၂၄) ရက်မှ (၂၆) ရက်အထိ (၃) ရက်တာ ကျင်းပသွားမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဝမ်းတွင်းမြို့ရှိ ပြိုကျသွားသည့် အမှတ်(၇)ချည် မျှင်အထည်စက်ရုံအတွင်းပိတ်မိနေသည့် အမျိုးသမီး(၂)ဦးအား ‌ေ-သဆုံးလျက်တွေ့ရှိခဲ့ရ

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့တွင် မတ် ၂၈ ရက်မွန်းတည့်ပိုင်းက အင်အားအလွန်ပြင်းထန်သည့်ငလျင် လှုပ်ခတ်ခဲ့ပြီးနောက် အမှတ်(၁)ရပ်ကွက်ရှိ အမှတ် (၇)ချည်မျှင်အထည်စက်ရုံအဆောက်အဦးမှာ ပြိုကျသွားခဲ့ပြီး အမျိုးသမီး(၂)ဦးပိတ်မိနေခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ ထို့ကြောင့် ပိတ်မိနေသည့်အမျိုးသမီး(၂)ဦးအား ဝမ်းတွင်းမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်မှုများပြုလုပ်ခဲ့ကြသဖြင့် နံနက် ၉ နာရီ ၄၅ မိနစ်တွင် အမျိုးသမီးတစ်ဦးအား ‌ေ-သဆုံးလျက်ပြန်လည်တွေ့ရှိခဲ့ရကြောင်း သိရသည်။ ထို့နောက် ရှာဖွေကယ်ဆယ်မှုများအားဆက်လက်ပြုလုပ်ခဲ့ကြရာ နံနက် ၁၁ နာရီခွဲ၌ ကျန်ရှိနေသည့် အမျိုးသမီးတစ်ဦးအား ‌ေ-သဆုံးလျက်ထပ်မံတွေ့ရှိခဲ့ရကြောင်း သိရသည်။ ထို့အတူ မန္တလေးတိုင်း၊ ရမည်းသင်းမြို့၊ ပန်းတိမ်ရပ်တွင် ငလျင်လှုပ်ခတ်မှုကြောင့်ပြိုကျသွားသည့် အဆောက်အဦးအတွင်း...

ယခုဖြစ်စဉ်ကိုသင်ခန်းစာယူ၍ တည်ဆောက်ရေးကို စနစ်တကျ စစ်ဆေးရန် နစက ဥက္ကဋ္ဌမှာကြား

အလွန်ပြင်းထန်သည့် ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ‌ေ-သဆုံးမှုများ၊ ထိခိုက်ဒဏ်ရာရရှိသူများနှင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရမှု့အပေါ် နစက ဥက္ကဋ္ဌက ယခုဖြစ်စဉ်ကိုသင်ခန်းစာယူ၍ အဆောက်အဦသစ်များဆောက်လုပ်ရာတွင် သတ်မှတ်ခံနိုင်ရည်စံနှုန်းများနှင့်အညီ တည်ဆောက်စေရေးကို စနစ်တကျ စစ်ဆေးရန် ယနေ့ မတ် ၂၉ ရက်နံနက်ပိုင်းက မန္တလေးတိုင်းတွင် တာဝန်ရှိသူများကို မှာကြားခဲ့သည်။ ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အမြန်ဆုံးဆောင်ရွက်ပေးရမည်ဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူများအား နီးစပ်ရာဆေးရုံ၊ ဆေးခန်းများသို့အမြန်ဆုံးပို့ဆောင်၍ လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုများကို စစ်ဘက်၊ အရပ်ဘက်မှ ဆေးမှူး၊ ပါရဂူများဖြင့် အမြန်ဆုံးဆောင်ရွက်ပေးရမည်ဖြစ်ကာ ‌ေ-သဆုံးခဲ့ရသူများကိုလည်း ကောင်းမွန်စွာသင်္ဂြိုဟ်ခြင်းများကို ဝိုင်းဝန်းဆောင်ရွက်ပေးရမည်ဟု မှာကြားသည်။ ထို့ပြင် ပျက်စီးဆုံးရှုံးမှုများကြောင့် နေထိုင်ရန်အ ခက်အခဲရှိသူများကိုလည်း ကိုဗစ် -၁၉...

ရန်ကုန်တွင် ပုံမှန်အတိုင်း စက်သုံးဆီဖြန့်ဖြူးရောင်းချပေးနေ

ငလျင်ကြောင့် ရန်ကုန်တိုင်းဒေသကြီးရှိ စက်သုံးဆီအရောင်းဆိုင်များ အနေဖြင့် မည်သည့်ပျက်စီးချို့ယွင်းမှုမျှမရှိဘဲ ပုံမှန်အခြေအနေအတိုင်း ဆက်လက် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။ သို့သော် ငလျင်ဒဏ်သင့် နေပြည်တော်နှင့် မန္တလေးတိုင်းဒေသကြီးတို့ရှိစက်သုံးဆီအရောင်းဆိုင်အချို့မှာ အဆောက်အဦများပြိုကျပျက်စီးခြင်း၊ မြေအောက်သိုလှောင် ကန်များအပါအဝင် ဆီပန့်နှင့်ဆက်သွယ်ထားသော မြေအောက်ဆီပိုက်လိုင်းများ ပျက်စီး ချို့ယွင်းခြင်း၊ စက်သုံးဆီဖြန့်ဖြူးရာတွင်အသုံးပြုသည့် မီးစက်အချို့ ပျက်စီးချို့ယွင်းခဲ့သည့် အပြင် လျှပ်စစ်မီးလိုင်းများပြတ်တောက်မှုဖြစ်ပေါ်ခဲ့သည်။ အဆိုပါပျက်စီးချို့ယွင်းမှုများအား အမြန်ဆုံးပြန်လည်ပြင်ဆင်ဆောင်ရွက်ရေး ကြီးကြပ် ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ပြည်ထောင်စုနယ်မြေ၊နေပြည်တော်အတွင်းရှိ အရောင်းဆိုင် စုစုပေါင်း(၁ဝ၅)ဆိုင်အနက် အရောင်းဆိုင်(၉ဝ)ခန့်နှင့် မန္တလေးတိုင်း ဒေသကြီးစည်ပင်သာယာ ရေးနယ်နိမိတ်အတွင်းရှိ အရောင်းဆိုင်(၁၆၄)ဆိုင်တို့အား ပြင်ဆင်ပြီးစီးခဲ့သဖြင့် ပြန်လည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071