Sunday, March 30, 2025

ဧရာဝတီဖောင်ဒေးရှင်းမှ ငလျင်ဒဏ်သင့်ဒေသများ ၌ ကူညီကယ်ဆယ်...

ငလျင်ဒဏ်သင့်ဒေသများတွင် ကူညီကယ်ဆယ်ရေးပြုလုပ်ရန် ဧရာဝတီဖောင်ဒေးရှင်းမှ စက်ယန္တရားအစီး(၃၀)ဖြင့် ကူညီကယ်ဆယ်မှုများပြုလုပ်ပေးလျက်ရှိကြောင်း ဧရာဝတီဖောင်ဒေးရှင်းထံမှ သိရသည်။ ငလျင်ဒဏ်ကြုံတွေ့ခဲ့ရသည့် မန္တလေး၊ နေပြည် တော်၊ အောင်ပန်းနှင့် အခြားဒေသများ၏ ကယ်...

အာဆီယံအနေဖြင့် မြန်မာနှင့် ထိုင်းနိုင်ငံတို့မှ ငလျင်ဘေးသင့်...

အာဆီယံအနေဖြင့် မြန်မာနှင့် ထိုင်းနိုင်ငံတို့မှ ငလျင်ဘေးသင့် ပြည်သူများအပေါ် ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန် အသင့်ရှိကြောင်း အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အထူးအ‌ရေးပေါ်အစည်းအဝေးတွင်...

မြန်မာ့ငလျင်ဘေးအတွက် အမေရိကန်နိုင်ငံက ဒေါ်လာ ၂...

မြန်မာ့ငလျင်ဘေးအတွက် အမေရိကန်နိုင်ငံက ဒေါ်လာ ၂ သန်း ကူညီမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက အတည်ပြုထုတ်ပြန်ထားသည်။ မတ်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် အင်အားပြင်းငလျင်အတွက်...

စက်သုံးဆီများ အရေးပေါ်လိုအပ်ပါကချက်ခြင်းဖြန့်ဖြူးပေးနိုင်ရန် စီမံဆောင်ရွက်ထားနေပြည်တော်နှင့် မန္တလေးတိုင်း၌...

အလွန်ပြင်းထန်သည့် ငလျင်ဒဏ်ကြောင့် စက်သုံးဆီများ အရေးပေါ်လိုအပ်ပါကချက်ခြင်းဖြန့်ဖြူးပေးနိုင်ရန် စီမံဆောင်ရွက်ထားကာ ပျက်စီးမှုများပြားသည့် နေပြည်တော်နှင့် မန္တလေးတိုင်းတို့၌ စက်သုံးဆီအရောင်းဆိုင်(၂၅၄)ဆိုင်ဖွင့်လှစ်ရောင်းချပေးလျက်ရှိသည်ဟု စွမ်းအင်ဝန်ကြီးဌာနက အသိပေးခဲ့သည်။ နေပြည်တော်နှင့် မန္တလေးတိုင်းတို့အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့ရှိ...
HomeNewsLocal Newsနိုင်ငံ၏ လျှပ်စစ်လိုအပ်ချက်များအတွက် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများဖိတ်ခေါ်၍...

နိုင်ငံ၏ လျှပ်စစ်လိုအပ်ချက်များအတွက် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများဖိတ်ခေါ်၍ ဆိုလာများ ဆက်လက်ထုတ်လုပ်ရန် ဝန်ကြီးဒေါက်တာချာလီသန်းမှာကြား

နိုင်ငံ၏ လျှပ်စစ်လိုအပ်ချက်များအတွက် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများဖိတ်ခေါ်၍ ဆိုလာများ ဆက်လက်ထုတ်လုပ်ရန် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းမှ မတ် ၂၃ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ အမှတ်(၂၄)အကြီးစားစက်ရုံ(ဒဂုံ) အားကြည့်ရှုစစ်ဆေးစဉ် မှာကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံ၏ လျှပ်စစ်လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှဖြည့်ဆည်းပေးနိုင်ရန် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများကိုဖိတ်ခေါ်၍ ဆိုလာများ ဆက်လက်ထုတ်လုပ်နိုင်ရန် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပြီး ဝန်ထမ်းများအနေဖြင့် ပြောင်းလဲတိုးတက်နေသည့် နည်းပညာများရရှိရေးအတွက် စဉ်ဆက်မပြတ်လေ့လာသင်ယူနေရမည်ဟုမှာကြားကာ စက်ရုံအတွင်း ဆိုလာများထုတ်လုပ်သည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် လှိုင်မြို့နယ်ရှိ ရွှေကသာကုမ္ပဏီလီမိတက်သို့ ငှားရမ်းထားသည့် အီလက်ထရွန်နစ်ပစ္စည်းနှင့် လျှပ်စစ်မော်တာစက်ရုံတွင် ဆိုလာပြားများတပ်ဆင်ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေး၍ ဆိုလာများအားနေအိမ်သုံးအပြင် စက်မှုလုပ်ငန်းများပါ တပ်ဆင်အသုံးပြုလျက်ရှိရာ ထုတ်ကုန်ပစ္စည်းများကို ပြည်သူများယုံကြည်စိတ်ချစွာအသုံးပြုနိုင်ရန်နှင့် စွမ်းဆောင်ရည်ပြည့် အသုံးပြုနိုင်ရန်စက်ရုံ၌ အရည်အသွေးအာမခံသည့်စနစ်များထူထောင်ထားရမည်ဟု မှာကြားသည်။

ထို့ပြင် ထုတ်လုပ်သည့်လုပ်ငန်းစဉ် အဆင့်ဆင့်တွင်လည်း အရည်အသွေးကို စနစ်တကျစစ်ဆေးရမည်ဖြစ်ကာ ဈေးကွက်ဝယ်လိုအားများနေသည့် ဆိုလာများအား တိုးမြှင့်ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ရမည်ဖြစ်ပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းများသည် ဈေးကွက်ရှိမှသာ ရေရှည်ရပ်တည်လည်ပတ်နိုင်မည်ဖြစ် ၍ ဈေးကွက်ကိုမျက်ခြည်မပြတ်လေ့လာစောင့်ကြည့်ပြီး ဈေးကွက်သုတေသနလုပ်ငန်းများကိုကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရမည်ဟု မှာကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဧရာဝတီဖောင်ဒေးရှင်းမှ ငလျင်ဒဏ်သင့်ဒေသများ ၌ ကူညီကယ်ဆယ် ရေး လုပ်ငန်းများကို စက်ယန္တရားအစီး(၃၀)ဖြင့်ကူညီပေးနေ

ငလျင်ဒဏ်သင့်ဒေသများတွင် ကူညီကယ်ဆယ်ရေးပြုလုပ်ရန် ဧရာဝတီဖောင်ဒေးရှင်းမှ စက်ယန္တရားအစီး(၃၀)ဖြင့် ကူညီကယ်ဆယ်မှုများပြုလုပ်ပေးလျက်ရှိကြောင်း ဧရာဝတီဖောင်ဒေးရှင်းထံမှ သိရသည်။ ငလျင်ဒဏ်ကြုံတွေ့ခဲ့ရသည့် မန္တလေး၊ နေပြည် တော်၊ အောင်ပန်းနှင့် အခြားဒေသများ၏ ကယ် ဆယ်ရေးလုပ်ငန်းများအတွက် 100 Tons and 35 Tons Mobile Crane, Excavator, Wheel Loader, Dump Truck, Mini Excavator, Water Bowser စက်ယန္တရား အစီး (၃၀)ပို့ဆောင်၍ ကယ် ဆယ်ရေးလုပ်ငန်းများကို အားဖြည့်ကူညီဆောင် ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ထို့ပြင် ငလျင်ဒဏ်သင့်ဒေသများ၌...

အာဆီယံအနေဖြင့် မြန်မာနှင့် ထိုင်းနိုင်ငံတို့မှ ငလျင်ဘေးသင့် ပြည်သူများအား ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန် အသင့်ရှိ

အာဆီယံအနေဖြင့် မြန်မာနှင့် ထိုင်းနိုင်ငံတို့မှ ငလျင်ဘေးသင့် ပြည်သူများအပေါ် ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန် အသင့်ရှိကြောင်း အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အထူးအ‌ရေးပေါ်အစည်းအဝေးတွင် တစ်ညီ တစ်ညွတ်တည်း ဆုံးဖြတ်ခဲ့ကြကြောင်း ၎င်းအစည်းအဝေးမှ သိရသည်။ မတ်လ (၂၈) ရက်က မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သည့် အင်အားပြင်းငလျင်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်ပွားခဲ့မှုနှင့် ပတ်သက်၍ မတ်လ (၃၀)ရက်က အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အထူး အရေးပေါ် အစည်းအဝေးကို ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံမှ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ...

မြန်မာ့ငလျင်ဘေးအတွက် အမေရိကန်နိုင်ငံက ဒေါ်လာ ၂ သန်း ကူညီမည်

မြန်မာ့ငလျင်ဘေးအတွက် အမေရိကန်နိုင်ငံက ဒေါ်လာ ၂ သန်း ကူညီမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက အတည်ပြုထုတ်ပြန်ထားသည်။ မတ်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် အင်အားပြင်းငလျင်အတွက် အရေးပေါ် တုံ့ပြန်မှုအနေဖြင့် အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံအခြေစိုက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးသည့်အဖွဲ့အစည်းများမှတစ်ဆင့် ဒေါ်လာအမေရိကန် ဒေါ်လာ၂ သန်းအထိ ပံ့ပိုးကူညီပေးအပ်သွားမည်ဖြစ်သည်။ ထို့အပြင် အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ၏ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့သည် အရေးပေါ် နားခိုစရာ၊ အစားအသောက်၊ ဆေးဝါးလိုအပ်ချက်နှင့် ရေရရှိနိုင်မှုအပါအဝင် ငလျင်ဘေးသင့်ဒေသများရှိ ပြည်သူများ၏ အပူတပြင်း လိုအပ်ချက်များကို သုံးသပ်ဖော်ထုတ်ရန် မြန်မာနိုင်ငံသို့ ရောက်ရှိလာမည်ဖြစ်ကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071