Sunday, March 30, 2025

ငလျင်ဒဏ်ကြောင့် စစ်ကိုင်းမြို့တွင်ပျက်စီးဆုံးရှုံးမှုများပြား လက်ရှိအချိန်အထိ (၃၆)ဦးကိုကယ်တင်ထားနိုင်ပြီး...

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့တွင် မတ် ၂၈ ရက်မွန်းတည့်ပိုင်းကလှုပ်ခတ်ခဲ့သည့် အင်အားအလွန်ပြင်း ထန်သောငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုအလွန်များပြားလျက်ရှိကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ မျက်မမြင်ကျောင်း၊ သီလရှင်ကျောင်း၊...

ပြည်တွင်း ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသည့် ဓာတ်အားလိုင်းများနှင့်...

ထို လုပ်ငန်းများပြီးစီးပါက ရဲရွာစက်ရုံ၊ ပေါင်းလောင်းစက်ရုံအပါအဝင် ရေအားလျှပ်စစ်စက်ရုံများ ဓာတ်အားပေးရန်အသင့် ဖြစ်နေဟု ဆို ပြည်တွင်း ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသည့် ဓာတ်အားလိုင်းများနှင့် တာဝါတိုင်များကို လျပ်စစ်ဝန်ကြီးဌာနလက်အောက်ရှိ...

SKY Villa ပြိုကျမှုတွင် ကွယ်လွန်သွားပြီဟု...

မတ်လ (၂၈) ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် မန္တလေးမြို့ရှိ SKY Villa ကွန်ဒိုပြိုကျမှုတွင် ကွယ်လွန်သွားပြီဟု ယူဆထားသည့် သုခဒိုင်းမွန်း...

ငလျင်ဒဏ်ခံခဲ့ရသည့် မြန်မာနိုင်ငံအတွက် တရုတ်အစိုးရက ယွမ်သန်း(၁၀၀)ပံ့ပိုးကူညီမည်

ငလျင်ဘေးဒဏ်အားပြင်းထန်စွာခံစားနေရသည့် မြန်မာနိုင်ငံအတွက် တရုတ်အစိုးရမှ အရေးပေါ်လူသားချင်းစာနာမှုအကူအညီအဖြစ် ယွမ်သန်း (၁၀၀)ပံ့ပိုးကူညီရန်ဆုံးဖြတ်ခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ထုတ်ပြန်ချက်အရ သိရသည်။ ထို့ပြင် ငလျင်လှုပ်ပြီးချိန်၌ပျက်စီးဆုံးရှုံးမှုများအား ကူညီကယ်ဆယ်မှုနှင့် ပြန်လည်ထူထောင်မှုများပြု လုပ်နိုင်ရန်...
HomeNewsFootballကမ္ဘာ့အဆင့်သတ်မှတ်ချက်(၁၁)ဆင့်ကွာခြားနေသည့် အာဖဂန်နစ္စတန်အသင်းကို မြန်မာအသင်း...

ကမ္ဘာ့အဆင့်သတ်မှတ်ချက်(၁၁)ဆင့်ကွာခြားနေသည့် အာဖဂန်နစ္စတန်အသင်းကို မြန်မာအသင်း အနိုင်ရ

ကမ္ဘာ့အဆင့်သတ်မှတ်ချက်(၁၁)ဆင့်ကွာခြားနေသည့် အာဖဂန်နစ္စတန်အသင်းကို မြန်မာအသင်း (၂)ဂိုး (၁)ဂိုးဖြင့်အနိုင်ရလဒ်ထွက်ပေါ်ခဲ့ပြီးဖြစ်သည်။

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂၀၂၇ အာရှဖလားခြေစစ်ပွဲ တတိယအဆင့်အုပ်စု(င) ပွဲစဉ်ကို ယနေ့ မတ်လ (၂၅)ရက် ညနေ (၅)နာရီအချိန်၌ မြန်မာ- အာဖဂန်နစ္စတန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်သည်။

ယနေ့ ပွဲစဉ်အတွင်း ပထမပွဲပြီးချိန်၌ တစ်ဖက်(၁)ဂိုးစီ သွင်းယူထားနိုင်ကြပြီး၊ ဒုတိယပိုင်း ပွဲချိန်အပြီးတွင် မြန်မာအသင်းက နောက်ထပ်သွင်းဂိုး (၁)ဂိုးသွင်းယူကာ အနိုင်ရရှိခဲ့သည်။

အာဖဂန်နစ္စတန်အသင်းသည် ကမ္ဘာ့အဆင့်သတ်မှတ်ချက် (၁၅၆)အဆင့်တွင်ရပ်တည်နေပြီး၊ မြန်မာအသင်းအနေဖြင့် (၁၆၇)အဆင်တွင် ရပ်တည်နေခြင်းဖြစ်သည်။

မြန်မာ့လက်‌ရွေးစင်အသင်း ပွဲထွက် ကစားသမားစာရင်းတွင် ဟိန်းဖြိုးဝေ၊ စိုးမိုးကျော် ၊ နန္ဒကျော်၊ ကျော်မင်းဦး၊ လွင်မိုးအောင်၊ သန်းပိုင်၊ သီဟဇော်၊ မောင်မောင်လွင်၊ သီဟထက်အောင်၊ ဟိန်းထက်အောင်၊ ဇင်ညီညီအောင်(ဂိုး) တို့ ပါဝင်ခဲ့သည်။

မြန်မာအသင်းအနေဖြင့် ယနေ့ ပြိုင်ပွဲမတိုင်မီခြေစမ်းပွဲအဖြစ် မြန်မာနေရှင်နယ်လိဂ်ကလပ်များ၌ လာရောက်ကစားနေသည့် နိုင်ငံခြားသားကစားသမားများကို MNL ALL STAR အသင်းအဖြစ် တစ်သင်းဖွဲ့၍ ခြေစမ်းပွဲကစားခဲ့ကြရာ မြန်မာလက် ရွေးစင်အသင်းက (၆)ဂိုး(၁)ဂိုးဖြင့် အနိုင် ရရှိခဲ့သည်။

ထို့အတူ မြန်မာ ယူ-၂၂ လက်ရွေးစင်အသင်းဖြင့် ခြေစမ်းကစားခဲ့ရာတွင်လည်း (၁)ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သေးသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငလျင်ဒဏ်ကြောင့် စစ်ကိုင်းမြို့တွင်ပျက်စီးဆုံးရှုံးမှုများပြား လက်ရှိအချိန်အထိ (၃၆)ဦးကိုကယ်တင်ထားနိုင်ပြီး (၈၈)ဦး‌ေ-သဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့တွင် မတ် ၂၈ ရက်မွန်းတည့်ပိုင်းကလှုပ်ခတ်ခဲ့သည့် အင်အားအလွန်ပြင်း ထန်သောငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုအလွန်များပြားလျက်ရှိကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ မျက်မမြင်ကျောင်း၊ သီလရှင်ကျောင်း၊ လူနေအိမ်များ၊ ရင်ခွင်သစ် KTV၊ ပိုးတန်းရပ်ကွက်ရှိ ပညာရေးကောလိပ်၊ (အ. ထ.က)(၁)စာသင်ကျောင်း၊ စွယ်တော်နန်းတည်းခို ခန်း၊ တိုးတက်ဝေကွန်ပျူတာဆိုင်၊ ချင်းစုရပ်ကွက်ရှိ မြတ်ကိုယ်ပိုင်ကျောင်း၊ မင်းလမ်းရပ်ကွက်ရှိ မြို့မဗလီ၊ မိုးကျဗလီ၊ မွှေးကြူအအေးဆိုင်၊ စက်ချုပ်ဆိုင်၊ စိန်ကုန်းရပ်ကွက်ရှိ လေးကျွန်းမြေအုတ်ကျောင်း၊ ကုန်မာဆိုင်၊ မိုးဇာရပ်ကွက်ရှိ ခရိုင်ပြန်ဆက်ရုံး၊ ဇေယျာကွက်သစ်ရပ်ကွက်ရှိ အင်ကြင်းပင်ကျောင်း၊ တကောင်းရပ်ကွက်ရှိ နေလဂျုံစက်၊...

ပြည်တွင်း ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသည့် ဓာတ်အားလိုင်းများနှင့် တာဝါတိုင်များ နေ့/ည မနားတမ်းပြုပြင်နေ

ထို လုပ်ငန်းများပြီးစီးပါက ရဲရွာစက်ရုံ၊ ပေါင်းလောင်းစက်ရုံအပါအဝင် ရေအားလျှပ်စစ်စက်ရုံများ ဓာတ်အားပေးရန်အသင့် ဖြစ်နေဟု ဆို ပြည်တွင်း ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသည့် ဓာတ်အားလိုင်းများနှင့် တာဝါတိုင်များကို လျပ်စစ်ဝန်ကြီးဌာနလက်အောက်ရှိ ဝန်ထမ်းများမှ နေ့/ညမနားတမ်း ပြုပြင်နေကြရကြောင်းနှင့် ထို လုပ်ငန်းစဉ်များပြီးစီးပါက ရဲရွာစက်ရုံ၊ ပေါင်းလောင်းစက်ရုံအပါအဝင် ရေအားလျှပ်စစ်စက်ရုံများ ဓာတ်အားပေးရန်အသင့်ရှိနေပြီဖြစ်သည်ဟု ယနေ့ မတ်လ (၃၀)ရက်၌ ဟိုပင် လျှပ်စစ်ဓာတ်အားပေးဌာနက အသိပေးထားသည်။ ယခုဖြစ်ပွားခဲ့သည့် စစ်ကိုင်းငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းအပါအဝင်၊ မန္တလေးမြို့တို့တွင် ငလျင်ဒဏ်အပြင်းထန်ဆုံးခံစားကြရပြီး၊ အဆိုပါငလျင်ကြောင့် နိုင်ငံတော်က လျှပ်စစ်ဓာတ်အားပေးရန် ဖြန့်ကျက်တည်ဆောက်ထားသည့် နိုင်ငံတော်ဓာတ်အားစနစ် Nation Grid...

SKY Villa ပြိုကျမှုတွင် ကွယ်လွန်သွားပြီဟု ယူဆခဲ့သည့် သုခဒိုင်းမွန်း စိန်တိုက်ပိုင်ရှင် အသက်ရှင်လျက် ရှိနေနိုင် ၊ ကယ်ဆယ်နိုင်ရေး လုပ်ဆောင်နေ

မတ်လ (၂၈) ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် မန္တလေးမြို့ရှိ SKY Villa ကွန်ဒိုပြိုကျမှုတွင် ကွယ်လွန်သွားပြီဟု ယူဆထားသည့် သုခဒိုင်းမွန်း စိန်တိုက်ပိုင်ရှင်၏ အသံကို အပျက်အစီးများအောက်မှ ကြားနေရသည့်အတွက် အသက်ရှင်လျက် ကယ်ဆယ်နိုင်ရေး လုပ်ဆောင်နေကြောင်း သုခဒိုင်းမွန်း စိန်တိုက်က သတင်းထုတ်ပြန်သည်။ " သတင်းကောင်းလေး ပြောပါရစေရှင့်။ မေမိုး အသံကိုကြားရပါပြီနော်။ ထုတ်တန်းတွေကြောင့် အခုချိန်ထိတော့ ပြန်လည်ထွက်ရှိနိုင်ဖို့ ကြိုးစားနေပါတယ်ရှင့်" ဟု သုခဒိုင်းမွန်းစိန်တိုက်က သတင်းထုတ်ပြန်ထားသည်။ သုခဒိုင်းမွန်း စိန်တိုက်ပိုင်ရှင် သီရိသုဓမ္မသိင်္ဂီ ဒေါ်မိုးသီတာရွှေ အပါအဝင် Sky...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071