Sunday, March 30, 2025

စက်သုံးဆီများ အရေးပေါ်လိုအပ်ပါကချက်ခြင်းဖြန့်ဖြူးပေးနိုင်ရန် စီမံဆောင်ရွက်ထားနေပြည်တော်နှင့် မန္တလေးတိုင်း၌...

အလွန်ပြင်းထန်သည့် ငလျင်ဒဏ်ကြောင့် စက်သုံးဆီများ အရေးပေါ်လိုအပ်ပါကချက်ခြင်းဖြန့်ဖြူးပေးနိုင်ရန် စီမံဆောင်ရွက်ထားကာ ပျက်စီးမှုများပြားသည့် နေပြည်တော်နှင့် မန္တလေးတိုင်းတို့၌ စက်သုံးဆီအရောင်းဆိုင်(၂၅၄)ဆိုင်ဖွင့်လှစ်ရောင်းချပေးလျက်ရှိသည်ဟု စွမ်းအင်ဝန်ကြီးဌာနက အသိပေးခဲ့သည်။ နေပြည်တော်နှင့် မန္တလေးတိုင်းတို့အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့ရှိ...

ဖိလစ်ပိုင်က မြန်မာသို့ လူသားချင်းစာနာမှု အကူအညီပေးရေးအဖွဲ့...

မြန်မာနှင့် ထိုင်းနိုင်ငံတို့တွင် လှုပ်ခတ်ခဲ့သော ပြင်းအား ရစ်ချ်တာစကေး ၇ ဒဿမ ၇ အဆင့်ရှိ ငလျင်ကြောင့် ‌ေ-သဆုံး ၁၀၀၀ ကျော်(...

ငလျင်ဒဏ်ကြောင့် စစ်ကိုင်းမြို့တွင်ပျက်စီးဆုံးရှုံးမှုများပြား လက်ရှိအချိန်အထိ (၃၆)ဦးကိုကယ်တင်ထားနိုင်ပြီး...

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့တွင် မတ် ၂၈ ရက်မွန်းတည့်ပိုင်းကလှုပ်ခတ်ခဲ့သည့် အင်အားအလွန်ပြင်း ထန်သောငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုအလွန်များပြားလျက်ရှိကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ မျက်မမြင်ကျောင်း၊ သီလရှင်ကျောင်း၊...

ပြည်တွင်း ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသည့် ဓာတ်အားလိုင်းများနှင့်...

ထို လုပ်ငန်းများပြီးစီးပါက ရဲရွာစက်ရုံ၊ ပေါင်းလောင်းစက်ရုံအပါအဝင် ရေအားလျှပ်စစ်စက်ရုံများ ဓာတ်အားပေးရန်အသင့် ဖြစ်နေဟု ဆို ပြည်တွင်း ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသည့် ဓာတ်အားလိုင်းများနှင့် တာဝါတိုင်များကို လျပ်စစ်ဝန်ကြီးဌာနလက်အောက်ရှိ...
HomeNewsLocal Newsမြန်မာနိုင်ငံမှ မတ်ပဲအား လွတ်လပ်စွာတင်သွင်း...

မြန်မာနိုင်ငံမှ မတ်ပဲအား လွတ်လပ်စွာတင်သွင်း ခွင့်ပြုသည့်ကာလ တစ်နှစ်ထပ်မံတိုးမြင့်

အိန္ဒိယသို့ မတ်ပဲလွတ်လပ်စွာ တင်သွင်းခွင့်ကို တစ်နှစ်ထပ်မံမြန်မာနိုင်ငံမှ မတ်ပဲအား လွတ်လပ်စွာတင်သွင်း ခွင့်ပြုသည့်ကာလကို အိန္ဒိယနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီးဌာန၊ အိန္ဒိယကူးသန်းရောင်း ဝယ်ရေးဌာနမှ တစ်နှစ်ထပ်မံတိုးမြင့်လိုက်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ မတ်ပဲအား လွတ်လပ်စွာတင်သွင်း ခွင့်ပြုသည့်ကာလကို ၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ အထိ တိုးမြှင့်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံသည် မတ်ပဲနှင့် ပဲစင်းငုံလွတ်လပ်စွာတင်သွင်း ခွင့်ကြေညာချက်ကို တစ်ပြိုင်တည်း ကြေညာလေ့ရှိသော်လည်း ယခုနှစ်တွင် ပဲစင်းငုံ လွတ်လပ်စွာ တင်သွင်းခွင့်ကို အမိန့် ကြော်ငြာစာအမှတ် (၅၁/၂၀၂၄-၂၅) ကိုသာ ကြေညာခဲ့ပြီး မတ်ပဲအား လွတ်လပ်စွာ တင်သွင်းခွင့်အား ထုတ်ပြန်ခဲ့ခြင်းမရှိကြောင်း သိရသည်။

ယင်းကြောင့် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး လမ်းညွှန်ချက်ဖြင့် နှစ်နိုင်ငံတာဝန်ရှိသူများအကြား တွေ့ဆုံဆွေးနွေးခြင်း၊ သံတမန်လမ်းကြောင်းမှ ညှိနှိုင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ယခုကဲ့သို့ မတ်ပဲအား လွတ်လပ်စွာတင်သွင်းခွင့်ပြုခြင်းကို ၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ အထိ တိုးမြှင့်သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံညှိနှိုင်းဆွေးနွေးမှုများ၏ အောင်မြင်မှုရလဒ်တစ်ခုဖြစ်ကြောင်း သိရသည်။

အိန္ဒိယအစိုးရက ပဲစင်းငုံနှင့် မတ်ပဲလွတ်လပ်စွာတင်သွင်းခွင့်ပြုသည့်ကာလအား ၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ တိုးမြှင့်သတ်မှတ်လိုက်ခြင်းဖြင့် မြန်မာ့ပဲစိုက်တောင်သူများ၊ ပဲကုန်သည် လုပ်ငန်းရှင်များ ဈေးကွက်ခိုင်မာမှုရှိခြင်း၊ ဈေးကွက်ဈေးနှုန်းမှန်ကန်စွာရရှိနိုင်ခြင်း၊ ပဲစိုက်တောင်သူများ ဝင်ငွေတိုးတက်စေမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စက်သုံးဆီများ အရေးပေါ်လိုအပ်ပါကချက်ခြင်းဖြန့်ဖြူးပေးနိုင်ရန် စီမံဆောင်ရွက်ထားနေပြည်တော်နှင့် မန္တလေးတိုင်း၌ (၂၅၄)ဆိုင်ဖွင့်လှစ်ရောင်းချပေးနေ

အလွန်ပြင်းထန်သည့် ငလျင်ဒဏ်ကြောင့် စက်သုံးဆီများ အရေးပေါ်လိုအပ်ပါကချက်ခြင်းဖြန့်ဖြူးပေးနိုင်ရန် စီမံဆောင်ရွက်ထားကာ ပျက်စီးမှုများပြားသည့် နေပြည်တော်နှင့် မန္တလေးတိုင်းတို့၌ စက်သုံးဆီအရောင်းဆိုင်(၂၅၄)ဆိုင်ဖွင့်လှစ်ရောင်းချပေးလျက်ရှိသည်ဟု စွမ်းအင်ဝန်ကြီးဌာနက အသိပေးခဲ့သည်။ နေပြည်တော်နှင့် မန္တလေးတိုင်းတို့အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့ရှိ စက်သုံးဆီအရောင်းဆိုင်အချို့တွင် အဆောက်အဦများပြိုကျပျက်စီးခြင်း၊ မြေအောက်သိုလှောင်ကန်များအပါအဝင် ဆီပန့်နှင့်ဆက်သွယ်ထားသော မြေအောက်ဆီပိုက်လိုင်းများ ပျက်စီးချို့ယွင်းခြင်း၊ စက်သုံးဆီဖြန့်ဖြူးရာတွင်အသုံးပြုသည့် မီးစက်အချို့ပျက်စီးချို့ယွင်းခဲ့ကာ လျှပ်စစ်မီးလိုင်းများပြတ်တောက်မှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် တာဝန်ရှိသူများက ပြန်လည်ပြင်ဆင်မှုများပြုလုပ်ခဲ့ကြသဖြင့် နေပြည်တော်၌ စက်သုံးဆီအရောင်းဆိုင်(၁၀၅)ဆိုင်အနက် အရောင်းဆိုင်(၉၀)ခန့်၊ မန္တလေးတိုင်းစည်ပင်နယ်နမိတ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်(၁၆၄)ဆိုင်တို့အား ပြန်လည်ဖွင့်လှစ်ရောင်းချပေးလျက်ရှိကာ ကျန်ရှိသည့် စက်သုံးဆီအရောင်းဆိုင်များကိုလည်း ပြင်ဆင်မှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် စွမ်းအင်ဝန်ကြီးဌာနမှ ပြည်တွင်းစက်သုံးဆီဖူလုံမှုရှိစေရန်ကြိုတင်စီမံထားမှုအရ သီလဝါသို လှောင်ကန်စခန်းများတွင်...

ဖိလစ်ပိုင်က မြန်မာသို့ လူသားချင်းစာနာမှု အကူအညီပေးရေးအဖွဲ့ စေလွှတ်မည်

မြန်မာနှင့် ထိုင်းနိုင်ငံတို့တွင် လှုပ်ခတ်ခဲ့သော ပြင်းအား ရစ်ချ်တာစကေး ၇ ဒဿမ ၇ အဆင့်ရှိ ငလျင်ကြောင့် ‌ေ-သဆုံး ၁၀၀၀ ကျော်( မတ် ၃၀ ရက် လက်ရှိအထိ ၁၆၀၀ ကျော်) ရှိနေကာ အပျက်အဆီးများပြားခဲ့သည့် ဖြစ်စဉ်ကို တုန့်ပြန်ဆောင်ရွက်မှုအဖြစ် ဖိလစ်ပိုင် အစိုးရက လူသားချင်းစာနာထောက်ထားမှု အဖွဲ့တစ်ခုကို စုစည်းထားကြောင်း သိရသည်။ အဆိုပါ အကြပ်အတည်းဖြေရှင်းရေးတွင် ဖိလစ်ပိုင်ဘက်က တုန့်ပြန်ဆောင်ရွက်မည့် အစီအစဉ်ကို ညှိနှိုင်းရန်နှင့် ထိခိုက်ခံစားခဲ့ရသည့် လူမှုအသိုက်အဝန်းများကို ချက်ချင်း ပံ့ပိုးကူညီရန် အရေးကြီးသည့်...

ငလျင်ဒဏ်ကြောင့် စစ်ကိုင်းမြို့တွင်ပျက်စီးဆုံးရှုံးမှုများပြား လက်ရှိအချိန်အထိ (၃၆)ဦးကိုကယ်တင်ထားနိုင်ပြီး (၈၈)ဦး‌ေ-သဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့တွင် မတ် ၂၈ ရက်မွန်းတည့်ပိုင်းကလှုပ်ခတ်ခဲ့သည့် အင်အားအလွန်ပြင်း ထန်သောငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုအလွန်များပြားလျက်ရှိကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ မျက်မမြင်ကျောင်း၊ သီလရှင်ကျောင်း၊ လူနေအိမ်များ၊ ရင်ခွင်သစ် KTV၊ ပိုးတန်းရပ်ကွက်ရှိ ပညာရေးကောလိပ်၊ (အ. ထ.က)(၁)စာသင်ကျောင်း၊ စွယ်တော်နန်းတည်းခို ခန်း၊ တိုးတက်ဝေကွန်ပျူတာဆိုင်၊ ချင်းစုရပ်ကွက်ရှိ မြတ်ကိုယ်ပိုင်ကျောင်း၊ မင်းလမ်းရပ်ကွက်ရှိ မြို့မဗလီ၊ မိုးကျဗလီ၊ မွှေးကြူအအေးဆိုင်၊ စက်ချုပ်ဆိုင်၊ စိန်ကုန်းရပ်ကွက်ရှိ လေးကျွန်းမြေအုတ်ကျောင်း၊ ကုန်မာဆိုင်၊ မိုးဇာရပ်ကွက်ရှိ ခရိုင်ပြန်ဆက်ရုံး၊ ဇေယျာကွက်သစ်ရပ်ကွက်ရှိ အင်ကြင်းပင်ကျောင်း၊ တကောင်းရပ်ကွက်ရှိ နေလဂျုံစက်၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071