ဟူဖေး၊မတ် ၂၅
တရုတ်နိုင်ငံအရှေ့ပိုင်း အန်းဝှေးပြည်နယ်ရှိသစ်တောတစ်ခု၌ တောမီးလောင်ကျွမ်းနေပြီးမီးသတ်သမား ၇၀၀ ကျော်ဖြင့် ကြိုးစားငြှိမ်းသတ် နေရကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။သို့သော် လက်ရှိအချိန်အထိ မီးလောင်မှုကြောင့် လူေ-သဆုံးမှုနှင့်ဒဏ်ရာရရှိမှုမျိုးမရှိခဲ့ကြောင်းလည်းသိရသည်။
မီးလောင်မှုသည် မွန်းလွဲ ၂ နာရီ ၂၆ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့ကာ မီးသတ်သမား ၇၀၀ ကျော် ရောက်ရှိလာပြီး မီးငြှိမ်းသတ်ရန် မြေတူးစက်များ၊ရေဖြန်းဒရုန်းများနှင့် မီးသတ်ကားများအကူအညီဖြင့်မီးငြှိမ်းသတ်နိုင်ရန် လုပ်ဆောင်နေကြဆဲဖြစ်သည်ဟုသိရသည်။
အနီးနား၌ နေထိုင်သူများသည် ၎င်းတို့၏ဘိုးဘေးများအား ဂါရဝပြုရန်အတွက် စက္ကူများမီးရှို့ခြင်းကြောင့် မီးစတင်လောင်ကျွမ်းခဲ့ကြောင်း ကနဦးစုံစမ်းစစ်ဆေးမှုအရ သိရှိရပြီး တောမီးလောင်ကျွမ်းသည့်ဧရိယာကိုမူမသတ်မှတ်ရသေးကြောင်းလည်းသိရသည်။
Source : ရှင်းဟွာ