Tuesday, April 1, 2025

ငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့သည့် လွှတ်တော်အဆောက်အဦးများအားပြန်လည်ပြုပြင်ရာ၌ ရေရှည်တည်တံ့စေရေးနှင့် ခိုင်ခိုင်မာမာဖြစ်စေရေးဆောင်...

ပြီးခဲ့သည့် မတ် ၂၈ ရက်ကလှုပ်ခတ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သောငလျင်ဒဏ်ကြောင့် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦးများလည်း ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရကြောင်း သိရသည်။ ထိုသို့ ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် လွှတ်တော်အဆောက်အဦးများအား နစက ဥက္ကဋ္ဌ၊...

မန္တလေးတွင် ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်နေချိန် တံတားဦးမြို့ကို...

မန္တလေးတွင် မြေငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည်များကို ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်နေချိန် ယနေ့ ဧပြီ (၁) ရက်၊ ညနေ (၅)နာရီ၊ (၃၁)မိနစ်၊ (၅၀)စက္ကန့်အချိန်တွင်...

Sky Villa Condo တွင်...

ယနေ့ ဧပြီလ (၁) ရက် ညနေပိုင်းက Sky Villa Condo တွင် ရုပ်အလောင်းရှာဖွေမှုများကို တရုတ်ကယ်ဆယ်ရေးနှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှာ ကယ်ဆယ်ရေးအဖွဲ့များ...

ရန်ကုန်မြို့တွင် (၂)ရက်အတွင်း ကားမီးလောင်မှု (၂)ကြိမ်ဖြစ်ပွား

ရန်ကုန်မြို့တွင် (၂)ရက်အတွင်း ကားမီးလောင်မှု (၂)ကြိမ်ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။  ယနေ့ ဧပြီ (၁)ရက်၊ နေ့လယ် (၁)နာရီ မိနစ် (၂၀)အချိန်ခန့်၊...
HomeNewsLocal Newsနေပြည်တော် လမ်းလျှောက်သင်္ကြန်တွင် ကိုရီးယားနိုင်ငံမှ...

နေပြည်တော် လမ်းလျှောက်သင်္ကြန်တွင် ကိုရီးယားနိုင်ငံမှ K-POP အဆိုတော်များ ပါဝင်ဆင်နွှဲမည်

၂၀၂၅ ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကာလအတွင်း နေပြည်တော်၌ လမ်းလျှောက်သင်္ကြန်၌ ကိုရီးယားနိုင်ငံမှ K-POP အဆိုတော်များ ပါဝင်ဆင်နွှဲမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၅ ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကာလအတွင်း နေပြည်တော်၌ လမ်းလျှောက်သင်္ကြန် အောင်မြင်စွာ ကျင်းပနိုင်ရေး နေပြည်တော်လမ်းလျှောက်သင်္ကြန် ကျင်းပရေးကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးမှ သိရသည်။

ယခုနှစ်သည် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို UNSECO က ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် အသိအမှတ်ပြုပြီးနောက် ပထမဆုံးအကြိမ် ဂုဏ်ပြုကျင်းပမည့် ပွဲတော်ဖြစ်သည့်အတွက် အနှစ်သာရအားဖြင့် လေးနက်သည့် ပွဲတော်တစ်ခုဖြစ်သည်ဟု ဆိုချင်ကြောင်း၊ ဝန်ကြီးဌာနအလိုက်‌မဏ္ဍပ်များ အချိန်မီပြီးစီးရေး၊ ရေကစားခြင်း၊ စတုဒိသာကျွေးမွေးခြင်းတို့ လုပ်ဆောင်နိုင်ရေး၊ ဖျော်ဖြေရေးအစီအစဉ်များတွင် အလှည့်ကျပါဝင်နိုင်ရေးတို့အတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြစေလိုကြောင်း၊ နိုင်ငံတကာမှ ဧည့်သည်များ၊ သံတမန်များ၊ အနုပညာရှင်များ၊ ကိုရီးယားနိုင်ငံမှ K-POP အဆိုတော်များ ပါဝင်ဆင်နွှဲကြမည်ဖြစ်သည့်အတွက် မြန်မာ့ရိုးရာယဉ်ကျေးမှုကို ဖော်ညွှန်းသည့် ရည်မှန်းချက်နှင့် အနှစ်သာရကို မိမိတို့ဝန်ထမ်းများ၊ ပြည်သူများ သိရှိပြီး စည်းကမ်းတကျ ပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွှဲနိုင်ရေး ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောကြားခဲ့သည်။

ထို့နောက် ဇုန် ၁ တွင် ဆောင်ရွက်မည့် မြန်မာ့ရိုးရာအတာသင်္ကြန်နှင့် သနပ်ခါးသင်္ကြန်တို့တွင် ပူးပေါင်းပါဝင်သွားမည်ဖြစ်ကြောင်း၊ အနုပညာဦးစီးဌာနအနေဖြင့် နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲ၊ ပိတ်ပွဲနှင့် ဖျော်ဖြေရေးအစီအစဉ်များတွင် ပူးပေါင်းပါဝင်မည်ဖြစ်သလို နေပြည်တော်လမ်းလျှောက်သင်္ကြန်တွင်လည်း အားဖြည့်ပါဝင်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းနောက် တက်ရောက်လာကြသူများက နေပြည်တော်လမ်းလျှောက်သင်္ကြန်မဏ္ဍပ်ဆောက်လုပ်ရန် လျာထားမှု၊ လုံခြုံရေး၊ ရေရရှိရေး၊ ဖျော်ဖြေရေး၊ သန့်ရှင်းရေး၊ ကျန်းမာရေးပိုင်းဆိုင်ရာ၊ စည်းကမ်းထိန်းသိမ်း‌ရေးပိုင်းဆိုင်ရာ ကိစ္စရပ်များ၊ ပို့ဆောင်ရေး၊ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု မရှိစေရေးအပါအဝင် နေပြည်တော်လမ်းလျှောက် သင်္ကြန်တွင် ဝန်ထမ်းများနှင့်ပြည်သူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရေး ပူးပေါင်းဆောင်ရွက်သွားမည့် အစီအမံများနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။

ပုံစာ – ၂၀၂၄ ခုနှစ် နေပြည်တော် လမ်းလျှောက်သင်္ကြန်တွင် ပါဝင်ဆင်နွှဲခဲ့သည့် ကိုရီးယားအနုပညာရှင်များ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့သည့် လွှတ်တော်အဆောက်အဦးများအားပြန်လည်ပြုပြင်ရာ၌ ရေရှည်တည်တံ့စေရေးနှင့် ခိုင်ခိုင်မာမာဖြစ်စေရေးဆောင် ရွက်ရန် နစက ဥက္ကဋ္ဌမှာကြား

ပြီးခဲ့သည့် မတ် ၂၈ ရက်ကလှုပ်ခတ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သောငလျင်ဒဏ်ကြောင့် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦးများလည်း ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရကြောင်း သိရသည်။ ထိုသို့ ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် လွှတ်တော်အဆောက်အဦးများအား နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဧပြီ ၁ ရက်နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။ ပျက်စီးမှုများအားကြည့်ရှုစစ်ဆေးပြီးနောက် နစက ဥက္ကဋ္ဌမှ ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် လွှတ်တော်အဆောက်အဦးများအား စနစ်တကျပြန်လည်ပြုပြင်တည်ဆောက်ရမည်ဖြစ်ကာ ပြုပြင်မှုများဆောင်ရွက်ရာတွင် အဆင့်အလိုက်စနစ်တကျဆောင်ရွက်ရမည်ဟု မှာကြားသည်။ ထို့ပြင် ရေရှည်တည်တံ့စေရေးနှင့် ခိုင်ခိုင်မာမာဖြစ်စေရေးတို့အတွက်လည်း ဆောင်ရွက်ရမည်ဖြစ်ကာ ထိခိုက်ပျက်စီးခဲ့မှုများနှင့် ပြန်လည်ပြုပြင်တည် ဆောက်မှုအခြေအနေများကို စနစ်တကျဖြင့် မှတ်တမ်းထားရှိရမည်ဟုလည်း မှာကြားခဲ့သည်။ နစက ဥက္ကဋ္ဌမှ ငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့သည့်...

မန္တလေးတွင် ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်နေချိန် တံတားဦးမြို့ကို ဗဟိုပြု၍ (၄.၇) အဆင့်ရှိ မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ်

မန္တလေးတွင် မြေငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည်များကို ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်နေချိန် ယနေ့ ဧပြီ (၁) ရက်၊ ညနေ (၅)နာရီ၊ (၃၁)မိနစ်၊ (၅၀)စက္ကန့်အချိန်တွင် တံတားဦးမြို့ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၇) အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု ထပ်မံလှုပ်ရှားခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။ မန္တလေးမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၁၈) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (တံတားဦးမြို့၏ အရှေ့တောင်ဘက် (၃) မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၁.၇၈) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၉၉) ဒီဂရီ၊ အနက် (၁၆)...

Sky Villa Condo တွင် ယနေ့ ဧပြီ (၁) ရက် ညနေပိုင်း ရှာဖွေရေးလုပ်နေစဉ် ငလျင်ထပ်လှုပ်

ယနေ့ ဧပြီလ (၁) ရက် ညနေပိုင်းက Sky Villa Condo တွင် ရုပ်အလောင်းရှာဖွေမှုများကို တရုတ်ကယ်ဆယ်ရေးနှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှာ ကယ်ဆယ်ရေးအဖွဲ့များ ပူးပေါင်း ဆောင်ရွက်နေစဉ် ငလျင်ထပ်မံလှုပ်ခတ်ခဲ့သဖြင့် ရှာဖွေရေးလုပ်ငန်းစဉ်များ ယာယီရပ်နားလိုက်ရပြန်သည်။ ယနေ့ ညနေ (၅) နာရီခွဲဝန်းကျင် အချိန်တွင် အင်အား ၄.၉ အဆင့်ရှိ ငလျင်လှုပ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တုန်ခါမှု အားပြင်းသည့်အတွက် တရုတ်ကယ်ဆယ်ရေး အဖွဲ့များမှာ ရှာဖွေနေမှုကို ရပ်နားခဲ့ခြင်းဖြစ်သည်။ Sky Villa Condo အနောက်ဘက်ခြမ်းတွင် ကလေးငယ်(၂) ဦး၏ ရုပ်အလောင်းများတွေ့ရှိထားသည့်အတွက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071