Tuesday, April 1, 2025

ငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့သည့် လွှတ်တော်အဆောက်အဦးများအားပြန်လည်ပြုပြင်ရာ၌ ရေရှည်တည်တံ့စေရေးနှင့် ခိုင်ခိုင်မာမာဖြစ်စေရေးဆောင်...

ပြီးခဲ့သည့် မတ် ၂၈ ရက်ကလှုပ်ခတ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သောငလျင်ဒဏ်ကြောင့် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦးများလည်း ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရကြောင်း သိရသည်။ ထိုသို့ ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် လွှတ်တော်အဆောက်အဦးများအား နစက ဥက္ကဋ္ဌ၊...

မန္တလေးတွင် ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်နေချိန် တံတားဦးမြို့ကို...

မန္တလေးတွင် မြေငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည်များကို ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်နေချိန် ယနေ့ ဧပြီ (၁) ရက်၊ ညနေ (၅)နာရီ၊ (၃၁)မိနစ်၊ (၅၀)စက္ကန့်အချိန်တွင်...

Sky Villa Condo တွင်...

ယနေ့ ဧပြီလ (၁) ရက် ညနေပိုင်းက Sky Villa Condo တွင် ရုပ်အလောင်းရှာဖွေမှုများကို တရုတ်ကယ်ဆယ်ရေးနှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှာ ကယ်ဆယ်ရေးအဖွဲ့များ...

ရန်ကုန်မြို့တွင် (၂)ရက်အတွင်း ကားမီးလောင်မှု (၂)ကြိမ်ဖြစ်ပွား

ရန်ကုန်မြို့တွင် (၂)ရက်အတွင်း ကားမီးလောင်မှု (၂)ကြိမ်ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။  ယနေ့ ဧပြီ (၁)ရက်၊ နေ့လယ် (၁)နာရီ မိနစ် (၂၀)အချိန်ခန့်၊...
HomeNewsLocal Newsအထူးစီးပွားရေးဇုန်များတွင် ရင်းနှီးမြှုပ်နှံမှုများကို ဦးစားပေးဖိတ်ခေါ်ရန်...

အထူးစီးပွားရေးဇုန်များတွင် ရင်းနှီးမြှုပ်နှံမှုများကို ဦးစားပေးဖိတ်ခေါ်ရန် ဒေါက်တာကံဇော်ပြော

အထူးစီးပွားရေးဇုန်များတွင် ရင်းနှီးမြှုပ်နှံမှုများကို ဦးစားပေးဖိတ်ခေါ်ရန်လိုကြောင်း မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်ကပြောသည်။

မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့၏ ၂၀၂၄ – ၂၀၂၅ ဘဏ္ဍာနှစ် စတုတ္ထအကြိမ်အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

အထူးစီးပွားရေးဇုန်များတွင် ရင်းနှီးမြှုပ်နှံမှုများကို ဦးစားပေးဖိတ်ခေါ်ရန်လိုကြောင်း၊ ထို့ပြင် ပြည်တွင်းအသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) များနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်းဖြင့် ပို့ကုန်ကဏ္ဍတိုးမြှင့်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်ပသွင်းကုန်အစားထိုးလုပ်ငန်းများပါ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးကဆိုသည်။

ထို့ပြင် သီလဝါအထူးစီးပွားရေးဇုန်ရှိ ကုမ္ပဏီများမှ Solar စနစ်ဖြင့် လျှပ်စစ်ဓာတ်အား ကိုယ်တိုင်ထုတ်လုပ်သုံးစွဲနေပြီဖြစ်၍ ပိုမိုတိုးတက်ထုတ်လုပ်ရန် ဆက်လက်ကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အလားတူကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းအောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရေး မြန်မာအစိုးရအသိအမှတ်ပြုစုပေါင်းကုမ္ပဏီ (Myanmar Government Designated Entity-GDE) အဖြစ် ဖွဲ့စည်းထားသည့် Kyauk Phyu SEZ Consortium Company Limited နှင့် တရုတ်နိုင်ငံဘက်မှ CITIC Consortium တို့အကြား နီးနီးကပ်ကပ်ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်ရမည့်ကိစ္စရပ်များကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်ရန် ၎င်းကဆက်လက်‌ ပြောကြား့သည်။

ထို့နောက် သီလဝါအထူးစီးပွားရေးဇုန်သို့ ရင်းနှီးမြှုပ်နှံမှုအသစ်ဝင်ရောက်လာအောင် ကြိုးပမ်းဆောင်ရွက်ရန်၊ ပြည်ပတင်ပို့မှုတိုးမြှင့်ဆောင်ရွက်ရန်၊ ပြည်တွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများနှင့် ဇုန်အတွင်းရှိလုပ်ငန်းများ ချိတ်ဆက်ဆောင်ရွက်ရန်မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌက ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့သည့် လွှတ်တော်အဆောက်အဦးများအားပြန်လည်ပြုပြင်ရာ၌ ရေရှည်တည်တံ့စေရေးနှင့် ခိုင်ခိုင်မာမာဖြစ်စေရေးဆောင် ရွက်ရန် နစက ဥက္ကဋ္ဌမှာကြား

ပြီးခဲ့သည့် မတ် ၂၈ ရက်ကလှုပ်ခတ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သောငလျင်ဒဏ်ကြောင့် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦးများလည်း ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရကြောင်း သိရသည်။ ထိုသို့ ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် လွှတ်တော်အဆောက်အဦးများအား နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဧပြီ ၁ ရက်နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။ ပျက်စီးမှုများအားကြည့်ရှုစစ်ဆေးပြီးနောက် နစက ဥက္ကဋ္ဌမှ ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် လွှတ်တော်အဆောက်အဦးများအား စနစ်တကျပြန်လည်ပြုပြင်တည်ဆောက်ရမည်ဖြစ်ကာ ပြုပြင်မှုများဆောင်ရွက်ရာတွင် အဆင့်အလိုက်စနစ်တကျဆောင်ရွက်ရမည်ဟု မှာကြားသည်။ ထို့ပြင် ရေရှည်တည်တံ့စေရေးနှင့် ခိုင်ခိုင်မာမာဖြစ်စေရေးတို့အတွက်လည်း ဆောင်ရွက်ရမည်ဖြစ်ကာ ထိခိုက်ပျက်စီးခဲ့မှုများနှင့် ပြန်လည်ပြုပြင်တည် ဆောက်မှုအခြေအနေများကို စနစ်တကျဖြင့် မှတ်တမ်းထားရှိရမည်ဟုလည်း မှာကြားခဲ့သည်။ နစက ဥက္ကဋ္ဌမှ ငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့သည့်...

မန္တလေးတွင် ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်နေချိန် တံတားဦးမြို့ကို ဗဟိုပြု၍ (၄.၇) အဆင့်ရှိ မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ်

မန္တလေးတွင် မြေငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည်များကို ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်နေချိန် ယနေ့ ဧပြီ (၁) ရက်၊ ညနေ (၅)နာရီ၊ (၃၁)မိနစ်၊ (၅၀)စက္ကန့်အချိန်တွင် တံတားဦးမြို့ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၇) အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု ထပ်မံလှုပ်ရှားခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။ မန္တလေးမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၁၈) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (တံတားဦးမြို့၏ အရှေ့တောင်ဘက် (၃) မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၁.၇၈) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၉၉) ဒီဂရီ၊ အနက် (၁၆)...

Sky Villa Condo တွင် ယနေ့ ဧပြီ (၁) ရက် ညနေပိုင်း ရှာဖွေရေးလုပ်နေစဉ် ငလျင်ထပ်လှုပ်

ယနေ့ ဧပြီလ (၁) ရက် ညနေပိုင်းက Sky Villa Condo တွင် ရုပ်အလောင်းရှာဖွေမှုများကို တရုတ်ကယ်ဆယ်ရေးနှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှာ ကယ်ဆယ်ရေးအဖွဲ့များ ပူးပေါင်း ဆောင်ရွက်နေစဉ် ငလျင်ထပ်မံလှုပ်ခတ်ခဲ့သဖြင့် ရှာဖွေရေးလုပ်ငန်းစဉ်များ ယာယီရပ်နားလိုက်ရပြန်သည်။ ယနေ့ ညနေ (၅) နာရီခွဲဝန်းကျင် အချိန်တွင် အင်အား ၄.၉ အဆင့်ရှိ ငလျင်လှုပ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တုန်ခါမှု အားပြင်းသည့်အတွက် တရုတ်ကယ်ဆယ်ရေး အဖွဲ့များမှာ ရှာဖွေနေမှုကို ရပ်နားခဲ့ခြင်းဖြစ်သည်။ Sky Villa Condo အနောက်ဘက်ခြမ်းတွင် ကလေးငယ်(၂) ဦး၏ ရုပ်အလောင်းများတွေ့ရှိထားသည့်အတွက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071