ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဝန်းအတွင်း ထီလိုက်ရောင်းသည့် ကားနှင့် အိမ်စီးကားတို့ တိုက်မိမှုဖြစ်ပွားရာ ထီရောင်းသည့် ကားပေါ်ပါ (၁၁)ဦး ထိခိုက်ဒဏ်ရာများရခဲ့ကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ယမန်နေ့ မတ်လ (၂၅)ရက်၊ ည (၇)နာရီ၊ (၁၀)မိနစ်အချိန်ခန့်က ဇေကမ္ဘာဝန်းအတွင်း ယာဉ်တိုက်မှုဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရသူများရှိကြောင်း သတင်းအရ ပုလဲအရန်မီးသတ်တပ်ဖွဲ့နှင့် နယ်မြေခံ လူမှုကူညီရေးအသင်းတို့မှ သွားရောက်ကူညီခဲ့ကြကြောင်း သိရသည်။
အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ထီရောင်းသည့် ကားမှာ တိမ်းမှေ-ာက်ခဲ့ရပြီး ကားပေါ် လိုက်ပါလာသည့် အမျိုးသား (၅)ဦး အမျိုးသမီး (၆)ဦး စုစုပေါင်း (၁၁)ဦး ထိခိုက်ဒဏ်ရာများရခဲ့ရာ ၎င်းတို့ထဲမှ အမျိုးသမီး (၁)ဦးမှာ စိုးရိမ်ရ ဒဏ်ရာများရခဲ့ကြောင်း သိရသည်။
ထိုသို့ ထိခိုက်ဒဏ်ရာရသူများအား ပုလဲအရန်မီးသတ် တပ်ဖွဲ့မှ လူနာတင်ယာဉ် (၆)စီး ကယ်ဆယ်ရေးယာဉ် (၁)စီး၊ ကမ်းလက်ပရဟိတအသင်းမှ လူနာတင်ယာဉ်တို့ဖြင့် ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။