ယနေ့ မတ်လ (၂၆)ရက် နံနက်ပိုင်း၌
ရှမ်းပြည်နယ် တာချီလိတ်မြို့အထိမ်း အမှတ်နာရီစင်ကို အခမ်းအနားဖြင့် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
နာရီစင် ဖွင့်ပွဲအခမ်းအနားကို ထိုင်း-မြန်မာ အမှတ်(၁)ချစ်ကြည်ရေးတံတားထိပ် အဝိုင်းပတ်၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ နှစ်(၈၀)ပြည့်တပ်မတော် နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ နာရီစင်ကို အဝိုင်းအချင်း ၅၀ ပေ ပတ်လည်၊ နာရီစင်အတိုင်းအတာ ၁၅ ပေ ပတ်လည်၊ အမြင့် ၅၀ ပေရှိ နာရီစင်အား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့တွင် စတင်အကောင်အထည်ဖော်တည်ဆောက်ခဲ့ကြခြင်းဖြစ်သည်။
ယနေ့ဖွင့်ပွဲအခမ်းအနားသို့ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင် တက်ရောက်၍ဖွင့်လှစ်ပေးခဲ့ပြီး၊ နာရီစင် ဖြစ်မြောက်ရေးပါဝင်ဆောင်ရွက်ခဲ့သူများကို အထိမ်းအမှတ် တံဆိပ်များနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
တဆက်တည်းတွင် တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်ရှိ လွယ်တော်ခမ်းတံတားကိုလည်း အခမ်းအနားဖြင့် ဖွင့်လှစ်ပေးခဲ့သည်။