Wednesday, April 2, 2025

ဘင်္ဂလားဒေ့ရှ်ကမြန်မာနိုင်ငံကိုဒုတိယအကြိမ်ကယ်ဆယ်‌ရေးစေလွှတ်

ဒါကာ၊ ဧပြီ ၁ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မြန်မာနိုင်ငံတွင် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ခံစားရသူများအတွက် အရေးပေါ် ဆေးဝါးများနှင့် ကယ်ဆယ်ရေးပစ္စည်းများကို ဒုတိယအကြိမ်အဖြစ် အင်္ဂါနေ့တွင် ထပ်မံပေးပို့ခဲ့သည်။ အဆိုပါ ထောက်ပံ့ရေးပစ္စည်းများနှင့်ဆေးဝါးများကို...

မြန်မာငလျင်ဘေးအတွက် နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌမှ အမေရိကန်ဒေါ်လာ(၃)...

နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌမှ အမေရိကန်ဒေါ်လာ(၃) သန်းနှင့်ညီမျှသည့် စားနပ်ရိက္ခာများနှင့် အခြားထောက်ပံ့ပစ္စည်းများလှူဒါန်းရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏...

မင်းကွန်း ဗုဒ္ဓဘာသာဘိုးဘွားရိပ်သာတွင် အဘိုးအဘွားများနှင့် ဝန်ထမ်းများအပါအဝင်...

စစ်ကိုင်းတိုင်းဒေသကြီး ၊ မင်းကွန်းဒေသရှိ မင်းကွန်း ဗုဒ္ဓဘာသာဘိုးဘွားရိပ်သာတွင် အဘိုးအဘွားများနှင့် ဝန်ထမ်းများအပါအဝင် လူဦးရေ (၁၅၀) ဝန်းကျင် အကူအညီများ လိုအပ်နေကြောင်း အဆိုပါ...

မုတ်သုန် မဝင်ခင် မြန်မာကို ကူညီကြဖို့...

       သေဆုံးသူ ၃,၀၀၀ ကျော်လာမည်ဟု ခန့်မှန်းရသော ဆိုးရွားသည့် အခြေအနေများသည် မိုးရာသီဝင်ရောက်ချိန်တွင် ပိုမိုဆိုးရွားလာနိုင်သောကြောင့် ယင်းမတိုင်ခင် အကူအညီများ မြန်မြန်ဆန်ဆန်လုပ်ကြရန် မြန်မာငလျင်နှင့် ပတ်သက်၍...
HomeNewsLocal Newsနှစ်(၈ဝ)ပြည့် တပ်မတော်နေ့အထိမ်းအမှတ် အကြိုဂုဏ်ပြုညစာစားပွဲကို...

နှစ်(၈ဝ)ပြည့် တပ်မတော်နေ့အထိမ်းအမှတ် အကြိုဂုဏ်ပြုညစာစားပွဲကို တပ်ချုပ်နှင့် ဇနီးတို့က တည်ခင်းဧည့်ခံမတ် ၂၇ ရက်တွင်ကျရောက်မည့် နှစ် (၈၀)ပြည့် တပ်မတော်နေ့အထိမ်းအမှတ် အကြိုဂုဏ်ပြုညစာစားပွဲကို မတ် ၂၆ ရက်ညပိုင်းက နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးတို့မှ ဇေယျာသီရိဗိမာန် ဥပစာရင်ပြင်၌ ဧည့်ခံခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးတို့ ဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ ရုရှားနိုင်ငံ ဒု-ကာကွယ်ရေးဝန်ကြီး Colonel General Alexander Vasilyevich Fominနှင့် အဖွဲ့ဝင်များ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ဇနီး၊ တပ်မတော်သား အငြိမ်းစား သံအမတ်ကြီးများ၊ နိုင်ငံခြားစစ်သံရုံးများမှ စစ်သံမှူးများနှင့် တာဝန်ရှိသူများ၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး၊ တက်ရောက်လာကြသူများက အကြိုဂုဏ်ပြုညစာစားပွဲအပြီးတွင် အခမ်းအနားအောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် မီးရှူးမီးပန်းများပစ်ဖောက်မှုကို ကြည့်ရှုအားပေးပြီး ဇေယျာသီရိဗိမာန်သဘင်ဆောင်အတွင်း၌ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့ဝင် စစ်သည်၊ စစ်သမီးများ၏ “ပန်းသုံးပွင့် ၏ အဘိဓမ္မာ”ပြဇာတ်တင်ဆက်ဖျော်ဖြေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

နှစ်(၈၀)ပြည့် တပ်မတော်နေ့အထိမ်းအမှတ်အား ဂုဏ်ပြုသည့်အနေဖြင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝန်းအဝင် လမ်းမကြီးတစ်လျှောက်တွင် တပ်မတော် ရေယာဉ်၊ ရဟတ်ယာဉ်များ၊ သံချပ်ကာယာဉ်များ၏ ပုံသဏ္ဍန်များ၊ ပထမ၊ ဒုတိယနှင့် တတိယ မြန်မာနိုင်ငံတော်တို့ကိုတည်ထောင်ခဲ့ကြသော မင်းသုံးပါးရုပ်တုများကို မီးအလှအပများဖြင့် လှပစွာဂုဏ်ပြုပုံဖော်ထွန်းညှိထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဘင်္ဂလားဒေ့ရှ်ကမြန်မာနိုင်ငံကိုဒုတိယအကြိမ်ကယ်ဆယ်‌ရေးစေလွှတ်

ဒါကာ၊ ဧပြီ ၁ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မြန်မာနိုင်ငံတွင် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ခံစားရသူများအတွက် အရေးပေါ် ဆေးဝါးများနှင့် ကယ်ဆယ်ရေးပစ္စည်းများကို ဒုတိယအကြိမ်အဖြစ် အင်္ဂါနေ့တွင် ထပ်မံပေးပို့ခဲ့သည်။ အဆိုပါ ထောက်ပံ့ရေးပစ္စည်းများနှင့်ဆေးဝါးများကို ဘင်္ဂလားဒေ့ရှ် တပ်မတော်နှင့် ဘင်္ဂလားဒေ့ရှ် လေတပ်၏ သယ်ယူပို့ဆောင်ရေး လေယာဉ်သုံးစင်းဖြင့် ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရ၏ အကြံပေးအရာရှိချုပ် (CA) မူဟာမတ် ယူနွတ်စ် ၏ ညွှန်ကြားချက်အတိုင်း ပေးပို့ခဲ့ကြောင်း CA ၏ ဒုတိယပြန်ကြားရေးအတွင်းဝန်အဘူလ် ခလမ် အဇက်ဒ် မာဂျူမဒါ က ပြောကြားခဲ့သည်။ အဆိုပါမစ်ရှင်တွင် ကယ်ဆယ်ရေးနှင့် ဆေးအဖွဲ့ ၃...

မြန်မာငလျင်ဘေးအတွက် နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌမှ အမေရိကန်ဒေါ်လာ(၃) သန်းနှင့်ညီမျှသည့် စားနပ်ရိက္ခာများနှင့် အခြားထောက်ပံ့ပစ္စည်းများလှူဒါန်းရန်ဆွေးနွေး

နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌမှ အမေရိကန်ဒေါ်လာ(၃) သန်းနှင့်ညီမျှသည့် စားနပ်ရိက္ခာများနှင့် အခြားထောက်ပံ့ပစ္စည်းများလှူဒါန်းရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်နှင့် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါက တို့ဆွေးနွေးခဲ့ကြသည်။ နစက ဥက္ကဋ္ဌမှ နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌအား ယနေ့ ဧပြီ ၂ ရက်မွန်းလွဲပိုင်းက နေပြည်တော်၌လက်ခံတွေ့ဆုံခဲ့သည်။ တွေ့ဆုံစဥ် နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌမှ မြန်မာနိုင်ငံတွင်ဖြစ်ပေါ်ခဲ့သည့် ငလျင်သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၌အသုံးပြုရန် ကူညီကယ်ဆယ်ရေးပစ္စည်းများဖြစ်သည့် ကယ်ဆယ်ရေးပစ္စည်(၁၄)မျိုးပါ ကျောပိုးအိတ်အလုံး(၅၀)၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းသုံးဦးထုပ်အလုံး(၆၀) နှင့် လက်အိတ်တစ်ဖာတို့ကို နစက ဥက္ကဋ္ဌထံပေးအပ်လှူဒါန်းခဲ့သည်။ ထို့နောက် ၎င်းတို့နှစ်ဦးသည်...

မင်းကွန်း ဗုဒ္ဓဘာသာဘိုးဘွားရိပ်သာတွင် အဘိုးအဘွားများနှင့် ဝန်ထမ်းများအပါအဝင် လူဦးရေ (၁၅၀) ဝန်းကျင် အကူအညီများ လိုအပ်နေ

စစ်ကိုင်းတိုင်းဒေသကြီး ၊ မင်းကွန်းဒေသရှိ မင်းကွန်း ဗုဒ္ဓဘာသာဘိုးဘွားရိပ်သာတွင် အဘိုးအဘွားများနှင့် ဝန်ထမ်းများအပါအဝင် လူဦးရေ (၁၅၀) ဝန်းကျင် အကူအညီများ လိုအပ်နေကြောင်း အဆိုပါ ဘိုးဘွားရိပ်သာမှ တာဝန်ရှိသူများနှင့် ဘိုးဘွားများ၏ ပြောကြားချက်အရ သိရသည်။ အဆိုပါ ဘိုးဘွားရိပ်သာရှိသည့် နေရာသည် တိုက်ပွဲများဖြစ်ပွားရာ နေရာဖြစ်သည့်အတွက် အနီးပတ်ဝန်ကျင် ကျေးရွာများ၌ ရွာသူရွာသားများ တစ်ဦးတစ်ယောက်မျှ နေထိုင်တော့ခြင်း မရှိတော့ကြောင်း ပေါ် ပြူလာနယူးစ်၏ သတင်းထောက်မှ မျက်မြင်အတည်ပြုထားနိုင်သည့် အခြေအနေဖြစ်သည်။ " အလိုအပ်ဆုံးကတော့ စက်သုံးဆီပေါ့နော်။ ပြီးတော့ အဘိုးအဘွားတွေအတွက် ဆေးဝါးနဲ့ မုန့်ပဲသရေစာလည်းလိုအပ်တယ်။...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071