Thursday, April 3, 2025

ဘင်္ဂလားဒေ့ရှ်ကမြန်မာနိုင်ငံကိုဒုတိယအကြိမ်ကယ်ဆယ်‌ရေးစေလွှတ်

ဒါကာ၊ ဧပြီ ၁ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မြန်မာနိုင်ငံတွင် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ခံစားရသူများအတွက် အရေးပေါ် ဆေးဝါးများနှင့် ကယ်ဆယ်ရေးပစ္စည်းများကို ဒုတိယအကြိမ်အဖြစ် အင်္ဂါနေ့တွင် ထပ်မံပေးပို့ခဲ့သည်။ အဆိုပါ ထောက်ပံ့ရေးပစ္စည်းများနှင့်ဆေးဝါးများကို...

မြန်မာငလျင်ဘေးအတွက် နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌမှ အမေရိကန်ဒေါ်လာ(၃)...

နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌမှ အမေရိကန်ဒေါ်လာ(၃) သန်းနှင့်ညီမျှသည့် စားနပ်ရိက္ခာများနှင့် အခြားထောက်ပံ့ပစ္စည်းများလှူဒါန်းရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏...

မင်းကွန်း ဗုဒ္ဓဘာသာဘိုးဘွားရိပ်သာတွင် အဘိုးအဘွားများနှင့် ဝန်ထမ်းများအပါအဝင်...

စစ်ကိုင်းတိုင်းဒေသကြီး ၊ မင်းကွန်းဒေသရှိ မင်းကွန်း ဗုဒ္ဓဘာသာဘိုးဘွားရိပ်သာတွင် အဘိုးအဘွားများနှင့် ဝန်ထမ်းများအပါအဝင် လူဦးရေ (၁၅၀) ဝန်းကျင် အကူအညီများ လိုအပ်နေကြောင်း အဆိုပါ...

မုတ်သုန် မဝင်ခင် မြန်မာကို ကူညီကြဖို့...

       သေဆုံးသူ ၃,၀၀၀ ကျော်လာမည်ဟု ခန့်မှန်းရသော ဆိုးရွားသည့် အခြေအနေများသည် မိုးရာသီဝင်ရောက်ချိန်တွင် ပိုမိုဆိုးရွားလာနိုင်သောကြောင့် ယင်းမတိုင်ခင် အကူအညီများ မြန်မြန်ဆန်ဆန်လုပ်ကြရန် မြန်မာငလျင်နှင့် ပတ်သက်၍...
HomeInternationalတရုတ်သွားအဲရ်အေးရှားလေယာဥ်အင်ဂျင်မီးလောင်၍နောက်ပြန်လှည့်ရ

တရုတ်သွားအဲရ်အေးရှားလေယာဥ်အင်ဂျင်မီးလောင်၍နောက်ပြန်လှည့်ရ

တရုတ်နိုင်ငံသို့ ပျံသန်းနေသော အဲရ်အေးရှား လေယာဉ်တစ်စင်းသည် ပျံတက်ပြီး သိပ်မကြာမီတွင် အင်ဂျင်မီးလောင်ခဲ့သောကြောင့် မူလပျံတက်ခဲ့ရာ ကွာလာလမ်ပူလေဆိပ်သို့ ပြန်လှည့်ခဲ့ရသည်။ ထိခိုက်ဒဏ်ရာရမှုမရှိဘဲ လုံခြုံဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့သည်ဟု မလေးရှားအာဏာပိုင်များက ကြာသပတေးနေ့(မတ်လ၂၇ရက်နေ့) တွင် ပြောကြားခဲ့သည်။

ရှန်ကျန်းမြို့သို့ ပျံသန်းမည့် အဲရ်ဘတ်စ် အေ-၃၂၀ အမျိုးအစား ခရီးစဉ်အမှတ် အေကေ-၁၂၈ လေယာဉ်သည် ဗုဒ္ဓဟူးနေ့ ဒေသစံတော်ချိန် ည ၁၀ နာရီအချိန်ခန့်က ပျံတက်သွားခဲ့ပြီး မကြာမီပင် ညာဘက် အင်ဂျင်မီးလောင်မှုဖြစ်ပွားခဲ့သောကြောင့် ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လှည့် ဆင်းသက်ခဲ့ရသည်ဟု ဆီလန်ဂါပြည်နယ် မီးသတ်ဌာနကသတင်း ထုတ်ပြန် ခဲ့သည်။

မီးလောင်မှုကို လေယာဉ်တွင်ပါဝင်သည့် မီးသတ်စနစ်ဖြင့် လုံး၀ ငြိမ်းသတ်နိုင်ခဲ့ပြီး ညသန်းခေါင်ကျော်လောက်တွင် ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့ကြောင်းနှင့် လေယာဉ်ပေါ်ပါ ခရီးသည်နှင့် အမှုထမ်း ၁၇၁ ဦးစလုံး ဒဏ်ရာအနာတရမဖြစ်ခဲ့ကြောင်း မီးသတ်ဌာနက ပြောဆိုသည်။

မီးသတ်ဝန်ထမ်းများသည် လေယာဉ်ပေါ်ပါ ခရီးသည်နှင့် အမှုထမ်း တစ်ဦးမကျန် ထွက်ခွာသွားနိုင်စေရန် ဆောင်ရွက်ခဲ့ကာ နောက်ထပ်မီးလောင်မှုများ ထပ်မဖြစ်စေရေးအတွက် စစ်ဆေးမှုများပြုလုပ်ခဲ့သည်ဟု မီးသတ်ဌာနက ပြောကြားခဲ့သည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ အဲရ်အေးရှား၏ မိခင်ကုမ္ပဏီ Capital A ကို မေးမြန်းခဲ့သော်လည်း လတ်တလောတွင် တုန့်ပြန်ဖြေကြားခြင်း မရှိသေးပေ။

Ref: စီအင်န်ဘီစီ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဘင်္ဂလားဒေ့ရှ်ကမြန်မာနိုင်ငံကိုဒုတိယအကြိမ်ကယ်ဆယ်‌ရေးစေလွှတ်

ဒါကာ၊ ဧပြီ ၁ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မြန်မာနိုင်ငံတွင် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ခံစားရသူများအတွက် အရေးပေါ် ဆေးဝါးများနှင့် ကယ်ဆယ်ရေးပစ္စည်းများကို ဒုတိယအကြိမ်အဖြစ် အင်္ဂါနေ့တွင် ထပ်မံပေးပို့ခဲ့သည်။ အဆိုပါ ထောက်ပံ့ရေးပစ္စည်းများနှင့်ဆေးဝါးများကို ဘင်္ဂလားဒေ့ရှ် တပ်မတော်နှင့် ဘင်္ဂလားဒေ့ရှ် လေတပ်၏ သယ်ယူပို့ဆောင်ရေး လေယာဉ်သုံးစင်းဖြင့် ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရ၏ အကြံပေးအရာရှိချုပ် (CA) မူဟာမတ် ယူနွတ်စ် ၏ ညွှန်ကြားချက်အတိုင်း ပေးပို့ခဲ့ကြောင်း CA ၏ ဒုတိယပြန်ကြားရေးအတွင်းဝန်အဘူလ် ခလမ် အဇက်ဒ် မာဂျူမဒါ က ပြောကြားခဲ့သည်။ အဆိုပါမစ်ရှင်တွင် ကယ်ဆယ်ရေးနှင့် ဆေးအဖွဲ့ ၃...

မြန်မာငလျင်ဘေးအတွက် နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌမှ အမေရိကန်ဒေါ်လာ(၃) သန်းနှင့်ညီမျှသည့် စားနပ်ရိက္ခာများနှင့် အခြားထောက်ပံ့ပစ္စည်းများလှူဒါန်းရန်ဆွေးနွေး

နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌမှ အမေရိကန်ဒေါ်လာ(၃) သန်းနှင့်ညီမျှသည့် စားနပ်ရိက္ခာများနှင့် အခြားထောက်ပံ့ပစ္စည်းများလှူဒါန်းရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်နှင့် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါက တို့ဆွေးနွေးခဲ့ကြသည်။ နစက ဥက္ကဋ္ဌမှ နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌအား ယနေ့ ဧပြီ ၂ ရက်မွန်းလွဲပိုင်းက နေပြည်တော်၌လက်ခံတွေ့ဆုံခဲ့သည်။ တွေ့ဆုံစဥ် နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌမှ မြန်မာနိုင်ငံတွင်ဖြစ်ပေါ်ခဲ့သည့် ငလျင်သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၌အသုံးပြုရန် ကူညီကယ်ဆယ်ရေးပစ္စည်းများဖြစ်သည့် ကယ်ဆယ်ရေးပစ္စည်(၁၄)မျိုးပါ ကျောပိုးအိတ်အလုံး(၅၀)၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းသုံးဦးထုပ်အလုံး(၆၀) နှင့် လက်အိတ်တစ်ဖာတို့ကို နစက ဥက္ကဋ္ဌထံပေးအပ်လှူဒါန်းခဲ့သည်။ ထို့နောက် ၎င်းတို့နှစ်ဦးသည်...

မင်းကွန်း ဗုဒ္ဓဘာသာဘိုးဘွားရိပ်သာတွင် အဘိုးအဘွားများနှင့် ဝန်ထမ်းများအပါအဝင် လူဦးရေ (၁၅၀) ဝန်းကျင် အကူအညီများ လိုအပ်နေ

စစ်ကိုင်းတိုင်းဒေသကြီး ၊ မင်းကွန်းဒေသရှိ မင်းကွန်း ဗုဒ္ဓဘာသာဘိုးဘွားရိပ်သာတွင် အဘိုးအဘွားများနှင့် ဝန်ထမ်းများအပါအဝင် လူဦးရေ (၁၅၀) ဝန်းကျင် အကူအညီများ လိုအပ်နေကြောင်း အဆိုပါ ဘိုးဘွားရိပ်သာမှ တာဝန်ရှိသူများနှင့် ဘိုးဘွားများ၏ ပြောကြားချက်အရ သိရသည်။ အဆိုပါ ဘိုးဘွားရိပ်သာရှိသည့် နေရာသည် တိုက်ပွဲများဖြစ်ပွားရာ နေရာဖြစ်သည့်အတွက် အနီးပတ်ဝန်ကျင် ကျေးရွာများ၌ ရွာသူရွာသားများ တစ်ဦးတစ်ယောက်မျှ နေထိုင်တော့ခြင်း မရှိတော့ကြောင်း ပေါ် ပြူလာနယူးစ်၏ သတင်းထောက်မှ မျက်မြင်အတည်ပြုထားနိုင်သည့် အခြေအနေဖြစ်သည်။ " အလိုအပ်ဆုံးကတော့ စက်သုံးဆီပေါ့နော်။ ပြီးတော့ အဘိုးအဘွားတွေအတွက် ဆေးဝါးနဲ့ မုန့်ပဲသရေစာလည်းလိုအပ်တယ်။...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071