Wednesday, April 2, 2025

ဘင်္ဂလားဒေ့ရှ်ကမြန်မာနိုင်ငံကိုဒုတိယအကြိမ်ကယ်ဆယ်‌ရေးစေလွှတ်

ဒါကာ၊ ဧပြီ ၁ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မြန်မာနိုင်ငံတွင် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ခံစားရသူများအတွက် အရေးပေါ် ဆေးဝါးများနှင့် ကယ်ဆယ်ရေးပစ္စည်းများကို ဒုတိယအကြိမ်အဖြစ် အင်္ဂါနေ့တွင် ထပ်မံပေးပို့ခဲ့သည်။ အဆိုပါ ထောက်ပံ့ရေးပစ္စည်းများနှင့်ဆေးဝါးများကို...

မြန်မာငလျင်ဘေးအတွက် နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌမှ အမေရိကန်ဒေါ်လာ(၃)...

နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌမှ အမေရိကန်ဒေါ်လာ(၃) သန်းနှင့်ညီမျှသည့် စားနပ်ရိက္ခာများနှင့် အခြားထောက်ပံ့ပစ္စည်းများလှူဒါန်းရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏...

မင်းကွန်း ဗုဒ္ဓဘာသာဘိုးဘွားရိပ်သာတွင် အဘိုးအဘွားများနှင့် ဝန်ထမ်းများအပါအဝင်...

စစ်ကိုင်းတိုင်းဒေသကြီး ၊ မင်းကွန်းဒေသရှိ မင်းကွန်း ဗုဒ္ဓဘာသာဘိုးဘွားရိပ်သာတွင် အဘိုးအဘွားများနှင့် ဝန်ထမ်းများအပါအဝင် လူဦးရေ (၁၅၀) ဝန်းကျင် အကူအညီများ လိုအပ်နေကြောင်း အဆိုပါ...

မုတ်သုန် မဝင်ခင် မြန်မာကို ကူညီကြဖို့...

       သေဆုံးသူ ၃,၀၀၀ ကျော်လာမည်ဟု ခန့်မှန်းရသော ဆိုးရွားသည့် အခြေအနေများသည် မိုးရာသီဝင်ရောက်ချိန်တွင် ပိုမိုဆိုးရွားလာနိုင်သောကြောင့် ယင်းမတိုင်ခင် အကူအညီများ မြန်မြန်ဆန်ဆန်လုပ်ကြရန် မြန်မာငလျင်နှင့် ပတ်သက်၍...
HomeInternationalဂါဇာမှရာနှင့်ချီသော ပါလက်စတိုင်းများက ဟားမတ်စ်အဖွဲ့ကို...

ဂါဇာမှရာနှင့်ချီသော ပါလက်စတိုင်းများက ဟားမတ်စ်အဖွဲ့ကို ဆန္ဒပြ

ရာနှင့်ချီသော ပါလက်စတိုင်းများသည် ဂါဇာမြောက်ပိုင်းတွင် ဆန္ဒပြခဲ့ကြပြီး စစ်ပွဲ အဆုံးသတ်ရေး တောင်းဆိုကာ ဟားမတ်စ် ထွက်သွားဟု ကြွေးကြော်ခဲ့ကြသည်ကို ဆိုရှယ်မီဒီယာပို့စ်များတွင် တွေ့ရသည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်‌နေ့တွင် အစ္စရေးနယ်မြေအတွင်း ဟားမတ်စ်တို့ ဝင်ရောက်တိုက်ခိုက်ရာမှ အစပြုခဲ့သည့် လက်ရှိဖြစ်နေသော စစ်ပွဲအတွက် စစ်သွေးကြွအုပ်စုကို ရှားရှားပါးပါး လူသိရှင်ကြား ဆန့်ကျင်ပွဲလုပ်ခဲ့ကြခြင်းဖြစ်သည်။

ဂါဇာမြောက်ပိုင်းသည် ဂါဇာကမ်းမြောင်တွင် အပျက်အစီးအများဆုံးဒေသများထဲတွင် ပါဝင်သည်။ လူနေထူထပ်သော ဧရိယာရှိ အဆောက်အအုံအများစုသည် အပျက်အစီးပုံများအဖြစ် သို့ ရောက်ရှိသွားခဲ့ပြီး ဒေသခံများစွာသည် တိုက်ပွဲများမှ လွတ်မြောက်ရေးအတွက် အကြိမ်ကြိမ် ရွှေ့ပြောင်းခဲ့ကြရသည်။

ယင်း ဆန္ဒပြပွဲ သည် ဂါဇာတွင် ၎င်းတို့၏ ထိုးစစ် ပြန်စရန် အစ္စရေး၏ ဆုံးဖြတ်ချက် ‌က အဆင်ပြေကြောင်းကို ပြသခဲ့သည်ဟု အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက တမုဟုတ်ချင်းပင် ပြောဆိုခဲ့သည်။ ဆန္ဒပြခဲ့သည့်နေရာသည် အပစ်အခတ်ရပ်စဲရေး ကာလတွင် ပေါ်ထွက်လာခဲ့သော ဟားမတ်စ်ရဲများ တဖန်ပြန်ပျောက်ကွယ်သွားသည့် နေရာဖြစ်သည်။

အင်္ဂါနေ့က ဂါဇာ၏ Beit Lahiya ဒေသဖြစ်ဖွယ်ရှိသောနေရာတွင် ဆန္ဒပြသူများက “ထွက်သွား၊ ထွက်သွား၊ ဟားမတ်စ် ထွက်သွား” ဟု ကြွေးကြော်နေကြသည်ကို X ပေါ်တင်ခဲ့သော ပို့စ်များ၌ တွေ့ရသည်။ စစ်ပွဲကြောင့် ပျက်စီသွားသော အဆောက်အအုံများကြားရှိ လမ်းတစ်ခုပေါ်တွင် ချီတက်ဆန္ဒပြနေသော လူများကို တွေ့ရသည်။

“လူတွေက ပင်ပန်းနွမ်းနယ်နေပြီး သွားစရာနေရာ မရှိတော့လို့ စစ်ပွဲဆန့်ကျင်ဖို့ ဆန္ဒအလျောက်ချီတက်ကြတဲ့ ပွဲပဲ” ဟု အမည်မဖော်ရဲသော မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောဆိုသည်။

“လူအာလုံး မဟုတ်ပေမယ့် လူများစွာက “ဟားမတ်စ် ထွက်သွား” လို့ ပြောပြီး ဟားမတ်စ်ကို ဆန့်ကျင် ကြွေးကြော်ခဲ့ကြတယ်၊ လူတွေ ပင်ပန်းနေကြပါပြီ၊ သူတို့ကို ဘယ်သူမှ အပြစ်မတင်သင့်ပါဘူး” ဟု သူက ပြောဆိုခဲ့သည်။

ဆန္ဒပြပို့စ်များသည် အင်္ဂါနေ့အနှောင်းပိုင်းတွင် စတင် ပျံ့နှံ့ခဲ့သည်။ ဗီဒီယိုတွင် ပါဝင်သော အဆောက်အအုံများ၊ မီးတိုင်များနှင့် လမ်းအနေအထားများသည် ယင်းဧရိယာ၏ ဂြိုဟ်တုဓါတ်ပုံများနှင့် ကိုက်ညီနေသည်ကို ရိုက်တာက အတည်ပြုနိုင်ခဲ့သည်။ ဆန္ဒပြဗီဒီယို၏ ရက်စွဲကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသော်လည်း ဆိုရှယ် မီဒီယာတွင် မျှဝေထားသော ဗီဒီယိုနှင့်ဓါတ်ပုံများတွင် မတ်လ ၂၅ ရက်‌နေ့၌ ပြုလုပ်ခဲ့သော ဆန္ဒပြပွဲများဟု ဖော်ပြထားသည်။
Ref: အေအိုအယ်လ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဘင်္ဂလားဒေ့ရှ်ကမြန်မာနိုင်ငံကိုဒုတိယအကြိမ်ကယ်ဆယ်‌ရေးစေလွှတ်

ဒါကာ၊ ဧပြီ ၁ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မြန်မာနိုင်ငံတွင် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ခံစားရသူများအတွက် အရေးပေါ် ဆေးဝါးများနှင့် ကယ်ဆယ်ရေးပစ္စည်းများကို ဒုတိယအကြိမ်အဖြစ် အင်္ဂါနေ့တွင် ထပ်မံပေးပို့ခဲ့သည်။ အဆိုပါ ထောက်ပံ့ရေးပစ္စည်းများနှင့်ဆေးဝါးများကို ဘင်္ဂလားဒေ့ရှ် တပ်မတော်နှင့် ဘင်္ဂလားဒေ့ရှ် လေတပ်၏ သယ်ယူပို့ဆောင်ရေး လေယာဉ်သုံးစင်းဖြင့် ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရ၏ အကြံပေးအရာရှိချုပ် (CA) မူဟာမတ် ယူနွတ်စ် ၏ ညွှန်ကြားချက်အတိုင်း ပေးပို့ခဲ့ကြောင်း CA ၏ ဒုတိယပြန်ကြားရေးအတွင်းဝန်အဘူလ် ခလမ် အဇက်ဒ် မာဂျူမဒါ က ပြောကြားခဲ့သည်။ အဆိုပါမစ်ရှင်တွင် ကယ်ဆယ်ရေးနှင့် ဆေးအဖွဲ့ ၃...

မြန်မာငလျင်ဘေးအတွက် နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌမှ အမေရိကန်ဒေါ်လာ(၃) သန်းနှင့်ညီမျှသည့် စားနပ်ရိက္ခာများနှင့် အခြားထောက်ပံ့ပစ္စည်းများလှူဒါန်းရန်ဆွေးနွေး

နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌမှ အမေရိကန်ဒေါ်လာ(၃) သန်းနှင့်ညီမျှသည့် စားနပ်ရိက္ခာများနှင့် အခြားထောက်ပံ့ပစ္စည်းများလှူဒါန်းရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်နှင့် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါက တို့ဆွေးနွေးခဲ့ကြသည်။ နစက ဥက္ကဋ္ဌမှ နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌအား ယနေ့ ဧပြီ ၂ ရက်မွန်းလွဲပိုင်းက နေပြည်တော်၌လက်ခံတွေ့ဆုံခဲ့သည်။ တွေ့ဆုံစဥ် နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌမှ မြန်မာနိုင်ငံတွင်ဖြစ်ပေါ်ခဲ့သည့် ငလျင်သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၌အသုံးပြုရန် ကူညီကယ်ဆယ်ရေးပစ္စည်းများဖြစ်သည့် ကယ်ဆယ်ရေးပစ္စည်(၁၄)မျိုးပါ ကျောပိုးအိတ်အလုံး(၅၀)၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းသုံးဦးထုပ်အလုံး(၆၀) နှင့် လက်အိတ်တစ်ဖာတို့ကို နစက ဥက္ကဋ္ဌထံပေးအပ်လှူဒါန်းခဲ့သည်။ ထို့နောက် ၎င်းတို့နှစ်ဦးသည်...

မင်းကွန်း ဗုဒ္ဓဘာသာဘိုးဘွားရိပ်သာတွင် အဘိုးအဘွားများနှင့် ဝန်ထမ်းများအပါအဝင် လူဦးရေ (၁၅၀) ဝန်းကျင် အကူအညီများ လိုအပ်နေ

စစ်ကိုင်းတိုင်းဒေသကြီး ၊ မင်းကွန်းဒေသရှိ မင်းကွန်း ဗုဒ္ဓဘာသာဘိုးဘွားရိပ်သာတွင် အဘိုးအဘွားများနှင့် ဝန်ထမ်းများအပါအဝင် လူဦးရေ (၁၅၀) ဝန်းကျင် အကူအညီများ လိုအပ်နေကြောင်း အဆိုပါ ဘိုးဘွားရိပ်သာမှ တာဝန်ရှိသူများနှင့် ဘိုးဘွားများ၏ ပြောကြားချက်အရ သိရသည်။ အဆိုပါ ဘိုးဘွားရိပ်သာရှိသည့် နေရာသည် တိုက်ပွဲများဖြစ်ပွားရာ နေရာဖြစ်သည့်အတွက် အနီးပတ်ဝန်ကျင် ကျေးရွာများ၌ ရွာသူရွာသားများ တစ်ဦးတစ်ယောက်မျှ နေထိုင်တော့ခြင်း မရှိတော့ကြောင်း ပေါ် ပြူလာနယူးစ်၏ သတင်းထောက်မှ မျက်မြင်အတည်ပြုထားနိုင်သည့် အခြေအနေဖြစ်သည်။ " အလိုအပ်ဆုံးကတော့ စက်သုံးဆီပေါ့နော်။ ပြီးတော့ အဘိုးအဘွားတွေအတွက် ဆေးဝါးနဲ့ မုန့်ပဲသရေစာလည်းလိုအပ်တယ်။...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071