Wednesday, April 2, 2025

ဘင်္ဂလားဒေ့ရှ်ကမြန်မာနိုင်ငံကိုဒုတိယအကြိမ်ကယ်ဆယ်‌ရေးစေလွှတ်

ဒါကာ၊ ဧပြီ ၁ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မြန်မာနိုင်ငံတွင် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ခံစားရသူများအတွက် အရေးပေါ် ဆေးဝါးများနှင့် ကယ်ဆယ်ရေးပစ္စည်းများကို ဒုတိယအကြိမ်အဖြစ် အင်္ဂါနေ့တွင် ထပ်မံပေးပို့ခဲ့သည်။ အဆိုပါ ထောက်ပံ့ရေးပစ္စည်းများနှင့်ဆေးဝါးများကို...

မြန်မာငလျင်ဘေးအတွက် နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌမှ အမေရိကန်ဒေါ်လာ(၃)...

နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌမှ အမေရိကန်ဒေါ်လာ(၃) သန်းနှင့်ညီမျှသည့် စားနပ်ရိက္ခာများနှင့် အခြားထောက်ပံ့ပစ္စည်းများလှူဒါန်းရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏...

မင်းကွန်း ဗုဒ္ဓဘာသာဘိုးဘွားရိပ်သာတွင် အဘိုးအဘွားများနှင့် ဝန်ထမ်းများအပါအဝင်...

စစ်ကိုင်းတိုင်းဒေသကြီး ၊ မင်းကွန်းဒေသရှိ မင်းကွန်း ဗုဒ္ဓဘာသာဘိုးဘွားရိပ်သာတွင် အဘိုးအဘွားများနှင့် ဝန်ထမ်းများအပါအဝင် လူဦးရေ (၁၅၀) ဝန်းကျင် အကူအညီများ လိုအပ်နေကြောင်း အဆိုပါ...

မုတ်သုန် မဝင်ခင် မြန်မာကို ကူညီကြဖို့...

       သေဆုံးသူ ၃,၀၀၀ ကျော်လာမည်ဟု ခန့်မှန်းရသော ဆိုးရွားသည့် အခြေအနေများသည် မိုးရာသီဝင်ရောက်ချိန်တွင် ပိုမိုဆိုးရွားလာနိုင်သောကြောင့် ယင်းမတိုင်ခင် အကူအညီများ မြန်မြန်ဆန်ဆန်လုပ်ကြရန် မြန်မာငလျင်နှင့် ပတ်သက်၍...
HomeInternationalပင်လယ်နက် အပစ်ရပ်ရေးတောင်းဆိုချက်ကိုအမေရိကန်က အကဲဖြတ်မည်-ရူဘီယို

ပင်လယ်နက် အပစ်ရပ်ရေးတောင်းဆိုချက်ကိုအမေရိကန်က အကဲဖြတ်မည်-ရူဘီယို

ဘေးကင်းစွာ ရေကြောင်းသွားလာခွင့်ပြုမည့် အမေရိက,က ကြားဝင်စေ့စပ်သော ယူကရိန်းနှင့် ပင်လယ်နက်ဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို မော်စကိုက မူအားဖြင့် သဘောတူခဲ့ပြီးနောက် ရုရှားဘက်က တောင်းဆိုချက်များကို အမေရိကန်ပြည်ထောင်စုက အကဲဖြတ်သုံးသပ်သွားမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက မတ်လ၂၆ ရက် နေ့ တွင် ပြောကြားခဲ့သည်။

ရေကြောင်းသွားလာမှု ဘေးကင်းစေရေး၊ တိုက်ခိုက်မှုများ ရပ်တန့်ရေးနှင့် ကုန်သွယ်သင်္ဘောများကို စစ်ရေးရည်ရွယ်ချက်အတွက် အသုံးမပြုရေးတို့နှင့် ပတ်သက်၍ ဆော်ဒီအာရေဗျတွင် ဆွေးနွေးခဲ့ကြပြီးနောက် ယူကရိန်း၊ ရုရှားတို့နှင့် ပင်လယ်နက်ဆိုင်ရာ သဘောတူညီချက်များကို သီးခြားစီ ရရှိခဲ့သည်ဟု အမေရိက,က မတ် ၂၅ ရက်တွင် ကြေညာခဲ့သည်။
“ဆွေးနွေးမှုတွေ အပြီးမှာ ရုရှားတွေက သူတို့ ဖြစ်စေလိုတဲ့ အခြေအနေ အသေးစိတ် တွေကို ဖော်ပြခဲ့ပြီး ဒါကို အကဲဖြတ်ဖို့ လုပ်ဆောင်သွားပါမယ်” ဟု မစ္စတာ ရူဘီယိုက မတ်လ ၂၆ ရက်နေ့က ဂျမေကာသို့ သွားရောက်သည့် ခရီးစဉ်အတွင်း၌ သတင်းထောက်များကို ပြောကြားခဲ့သည်။

မတ်လ ၂၅ ရက်‌နေ့တွင် ခရမ္မလင်က ထုတ်ပြန်ခဲ့သော သဘောတူညီချက်ဆိုင်ရာ လိုအပ်သော စည်းကမ်းသတ်မှတ်ချက်များတွင် အဓိက စိုက်ပျိုးရေးဆိုင်ရာ ဘဏ်၊ အစားအစာနှင့် ဓါတ်မြေသြဇာ ပို့ကုန်သမားများနှင့် ရုရှားသင်္ဘောများကို ကန့်သတ်ထားမှုများနှင့် ပိတ်ဆို့အရေးယူထားမှုများကို ရုပ်သိမ်းရေးတို့ ပါဝင်ပြီး ၂၀၂၂ ခုနှစ် ပင်လယ်နက်ဆိုင်ရာ ပထမဆုံး သဘောတူညီချက်ကို ၂၀၂၃ ခုနှစ်တွင် သက်တမ်းတိုးစဉ်ကမော်စကိုက တောင်းဆိုခဲ့သည်များအပေါ် အဓိကအားဖြင့် ထင်ဟပ်ကြောင်း သိရသည်။

Ref: သည်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဘင်္ဂလားဒေ့ရှ်ကမြန်မာနိုင်ငံကိုဒုတိယအကြိမ်ကယ်ဆယ်‌ရေးစေလွှတ်

ဒါကာ၊ ဧပြီ ၁ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မြန်မာနိုင်ငံတွင် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ခံစားရသူများအတွက် အရေးပေါ် ဆေးဝါးများနှင့် ကယ်ဆယ်ရေးပစ္စည်းများကို ဒုတိယအကြိမ်အဖြစ် အင်္ဂါနေ့တွင် ထပ်မံပေးပို့ခဲ့သည်။ အဆိုပါ ထောက်ပံ့ရေးပစ္စည်းများနှင့်ဆေးဝါးများကို ဘင်္ဂလားဒေ့ရှ် တပ်မတော်နှင့် ဘင်္ဂလားဒေ့ရှ် လေတပ်၏ သယ်ယူပို့ဆောင်ရေး လေယာဉ်သုံးစင်းဖြင့် ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရ၏ အကြံပေးအရာရှိချုပ် (CA) မူဟာမတ် ယူနွတ်စ် ၏ ညွှန်ကြားချက်အတိုင်း ပေးပို့ခဲ့ကြောင်း CA ၏ ဒုတိယပြန်ကြားရေးအတွင်းဝန်အဘူလ် ခလမ် အဇက်ဒ် မာဂျူမဒါ က ပြောကြားခဲ့သည်။ အဆိုပါမစ်ရှင်တွင် ကယ်ဆယ်ရေးနှင့် ဆေးအဖွဲ့ ၃...

မြန်မာငလျင်ဘေးအတွက် နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌမှ အမေရိကန်ဒေါ်လာ(၃) သန်းနှင့်ညီမျှသည့် စားနပ်ရိက္ခာများနှင့် အခြားထောက်ပံ့ပစ္စည်းများလှူဒါန်းရန်ဆွေးနွေး

နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌမှ အမေရိကန်ဒေါ်လာ(၃) သန်းနှင့်ညီမျှသည့် စားနပ်ရိက္ခာများနှင့် အခြားထောက်ပံ့ပစ္စည်းများလှူဒါန်းရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်နှင့် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါက တို့ဆွေးနွေးခဲ့ကြသည်။ နစက ဥက္ကဋ္ဌမှ နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌအား ယနေ့ ဧပြီ ၂ ရက်မွန်းလွဲပိုင်းက နေပြည်တော်၌လက်ခံတွေ့ဆုံခဲ့သည်။ တွေ့ဆုံစဥ် နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌမှ မြန်မာနိုင်ငံတွင်ဖြစ်ပေါ်ခဲ့သည့် ငလျင်သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၌အသုံးပြုရန် ကူညီကယ်ဆယ်ရေးပစ္စည်းများဖြစ်သည့် ကယ်ဆယ်ရေးပစ္စည်(၁၄)မျိုးပါ ကျောပိုးအိတ်အလုံး(၅၀)၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းသုံးဦးထုပ်အလုံး(၆၀) နှင့် လက်အိတ်တစ်ဖာတို့ကို နစက ဥက္ကဋ္ဌထံပေးအပ်လှူဒါန်းခဲ့သည်။ ထို့နောက် ၎င်းတို့နှစ်ဦးသည်...

မင်းကွန်း ဗုဒ္ဓဘာသာဘိုးဘွားရိပ်သာတွင် အဘိုးအဘွားများနှင့် ဝန်ထမ်းများအပါအဝင် လူဦးရေ (၁၅၀) ဝန်းကျင် အကူအညီများ လိုအပ်နေ

စစ်ကိုင်းတိုင်းဒေသကြီး ၊ မင်းကွန်းဒေသရှိ မင်းကွန်း ဗုဒ္ဓဘာသာဘိုးဘွားရိပ်သာတွင် အဘိုးအဘွားများနှင့် ဝန်ထမ်းများအပါအဝင် လူဦးရေ (၁၅၀) ဝန်းကျင် အကူအညီများ လိုအပ်နေကြောင်း အဆိုပါ ဘိုးဘွားရိပ်သာမှ တာဝန်ရှိသူများနှင့် ဘိုးဘွားများ၏ ပြောကြားချက်အရ သိရသည်။ အဆိုပါ ဘိုးဘွားရိပ်သာရှိသည့် နေရာသည် တိုက်ပွဲများဖြစ်ပွားရာ နေရာဖြစ်သည့်အတွက် အနီးပတ်ဝန်ကျင် ကျေးရွာများ၌ ရွာသူရွာသားများ တစ်ဦးတစ်ယောက်မျှ နေထိုင်တော့ခြင်း မရှိတော့ကြောင်း ပေါ် ပြူလာနယူးစ်၏ သတင်းထောက်မှ မျက်မြင်အတည်ပြုထားနိုင်သည့် အခြေအနေဖြစ်သည်။ " အလိုအပ်ဆုံးကတော့ စက်သုံးဆီပေါ့နော်။ ပြီးတော့ အဘိုးအဘွားတွေအတွက် ဆေးဝါးနဲ့ မုန့်ပဲသရေစာလည်းလိုအပ်တယ်။...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071