Wednesday, April 2, 2025

မင်းကွန်း ဗုဒ္ဓဘာသာဘိုးဘွားရိပ်သာတွင် အဘိုးအဘွားများနှင့် ဝန်ထမ်းများအပါအဝင်...

စစ်ကိုင်းတိုင်းဒေသကြီး ၊ မင်းကွန်းဒေသရှိ မင်းကွန်း ဗုဒ္ဓဘာသာဘိုးဘွားရိပ်သာတွင် အဘိုးအဘွားများနှင့် ဝန်ထမ်းများအပါအဝင် လူဦးရေ (၁၅၀) ဝန်းကျင် အကူအညီများ လိုအပ်နေကြောင်း အဆိုပါ...

မုတ်သုန် မဝင်ခင် မြန်မာကို ကူညီကြဖို့...

       သေဆုံးသူ ၃,၀၀၀ ကျော်လာမည်ဟု ခန့်မှန်းရသော ဆိုးရွားသည့် အခြေအနေများသည် မိုးရာသီဝင်ရောက်ချိန်တွင် ပိုမိုဆိုးရွားလာနိုင်သောကြောင့် ယင်းမတိုင်ခင် အကူအညီများ မြန်မြန်ဆန်ဆန်လုပ်ကြရန် မြန်မာငလျင်နှင့် ပတ်သက်၍...

လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်ချေ လျော့ကျလာပြီး ငလျင်လှုပ်ခတ်ခဲ့သည့် အထက်ဘက်...

ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်အတွင်း လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်ချေ ၄၀ ရာခိုင်နှုန်း အထိ လျော့ကျလာသောကြောင့် အထက်ဘက်ငလျင်လှုပ်ခတ်ခဲ့သည့် ဒေသများတွင် မိုးရွာနိုင်ချေ အလွန်နည်းပါးနိုင်မည်ဖြစ်ကြောင်း ပြင်ပ မိုးလေဝသပညာရှင်...

ယနေ့ ဧပြီလ (၂) ရက်...

ဓာတ်ပုံ - ပေါ်ပြူလာနယူးစ်
HomeNewsLocal Newsတပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များဖြစ်သည့် သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ရရှိသူ(၂၂)ဦးကို...

တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များဖြစ်သည့် သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ရရှိသူ(၂၂)ဦးကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဂုဏ်ထူးဆောင်တံဆိပ်များချီးမြှင့်

တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်ဖြစ်သည့် သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ချီးမြှင့်ပေးအပ်ပွဲအား ယနေ့ မတ် ၂၇ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ကျင်းပရာ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ခဲ့သည်။

ထိုသို့ တက်ရောက်ပြီးနောက် မိမိတို့နိုင်ငံသည် သူရဲကောင်းများစွာပေါ်ထွက်ခဲ့သည့် အစဉ်အလာကောင်းသမိုင်းကြောင်းများရှိသည့် နိုင်ငံတစ်ခုဖြစ်သည်ကို အထောက်အထားခိုင်ခိုင်လုံလုံဖြင့်ရှိနေကာ အမျိုး၊ ဘာသာ၊ သာသနာကို ထိပါးလာချိန်တိုင်း မြန်မာပီပီခေါင်းငုံ့မခံဘူးဟူသည့် ဇာတိနှင့်အစဉ်အလာကို မြန်မာ့သူရဲကောင်းအဆက်ဆက်က ကမ္ဗည်းမော်ကွန်းထိုးခဲ့ကြသည်ကို စံပြုအတုယူဖွယ် တွေ့မြင်နိုင်သည်ဟု ပြောကြားခဲ့သည်။

ထို့ပြင် မိမိတို့တပ်မတော်သားများသည် တိုင်းပြည်နှင့်လူမျိုးကိုထိပါးလာသည့် အဖျက်ရန်စွယ်မှန်သမျှကို သူရသတ္တိအပြည့်ဖြင့်ယှဉ်ပြိုင်အနိုင်ယူခဲ့ကြသကဲ့သို့ ပြောင်းလဲတိုးတက်လာသည့် နည်းပညာများကိုလည်း ဆင့်ပွားတီထွင်နိုင်စွမ်းရှိအောင်ကြိုးစားပုံဖော်နိုင်ခဲ့ကြသည်ဟု ပြောသည်။

ထို့ကြောင့်ရဲစွမ်းသတ္တိအရာတွင်သာမက သိပ္ပံနှင့် နည်းပညာနယ်ပယ်များ၌ ထူးချွန်သူများကိုလည်း ဘွဲ့တံဆိပ်များပေးအပ်ချီးမြှင့်လျက်ရှိရာ ယနေ့အခမ်းအနားတွင် တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များဖြစ်သည့် သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ရရှိသူ(၂၂)ဦးကို ချီးမြှင့်ပေးအပ်သွားမည်ဟု ပြောသည်။

ထို့အတူ နိုင်ငံတော်အနေဖြင့် လူမှုရေး၊ စီးပွားရေး၊ သိပ္ပံနှင့်နည်းပညာ၊ အားကစားကဏ္ဍများအပြင် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးတို့အတွက်ကိုလည်း နယ်ပယ်အစုံမှ တိုင်းပြည်အကျိုး အားသွန်ခွန်စိုက်သယ်ပိုးနေသူများကို ထိုက်သင့်သည့်ဂုဏ်ပြုမှုများပြုလုပ်ပေးလျက်ရှိသည်ဟုလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။

ထို့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ သူရဲ ကောင်းမှတ်တမ်းဝင်တံဆိပ်ရရှိသူ ဗိုလ်ချုပ်(၁)ဦး၊ ဗိုလ်မှူးကြီး(၃)ဦး၊ ရဲမှူးချုပ်(၁)ဦး၊ ဒု-ဗိုလ်မှူးကြီး (၂)ဦး၊ ဗိုလ်မှူး(၃)ဦး၊ ဗိုလ်မှူး/ဗိုလ်ကြီး(၂)ဦး၊ ဗိုလ် ကြီး(၃)ဦး၊ တပ်ခွဲတပ်ကြပ်ကြီး(၁)ဦး၊ တပ်ကြပ် ကြီး(၂)ဦး၊ တပ်ကြပ်(၂)ဦး၊ ဒု-တပ်ကြပ်(၂)ဦးတို့အား ဆုတံဆိပ်များပေးအပ်ချီးမြှင့်ကာ လဖက်ရည်ဝိုင်းဖြင့်တည်ခင်းဧည့်ခံခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မင်းကွန်း ဗုဒ္ဓဘာသာဘိုးဘွားရိပ်သာတွင် အဘိုးအဘွားများနှင့် ဝန်ထမ်းများအပါအဝင် လူဦးရေ (၁၅၀) ဝန်းကျင် အကူအညီများ လိုအပ်နေ

စစ်ကိုင်းတိုင်းဒေသကြီး ၊ မင်းကွန်းဒေသရှိ မင်းကွန်း ဗုဒ္ဓဘာသာဘိုးဘွားရိပ်သာတွင် အဘိုးအဘွားများနှင့် ဝန်ထမ်းများအပါအဝင် လူဦးရေ (၁၅၀) ဝန်းကျင် အကူအညီများ လိုအပ်နေကြောင်း အဆိုပါ ဘိုးဘွားရိပ်သာမှ တာဝန်ရှိသူများနှင့် ဘိုးဘွားများ၏ ပြောကြားချက်အရ သိရသည်။ အဆိုပါ ဘိုးဘွားရိပ်သာရှိသည့် နေရာသည် တိုက်ပွဲများဖြစ်ပွားရာ နေရာဖြစ်သည့်အတွက် အနီးပတ်ဝန်ကျင် ကျေးရွာများ၌ ရွာသူရွာသားများ တစ်ဦးတစ်ယောက်မျှ နေထိုင်တော့ခြင်း မရှိတော့ကြောင်း ပေါ် ပြူလာနယူးစ်၏ သတင်းထောက်မှ မျက်မြင်အတည်ပြုထားနိုင်သည့် အခြေအနေဖြစ်သည်။ " အလိုအပ်ဆုံးကတော့ စက်သုံးဆီပေါ့နော်။ ပြီးတော့ အဘိုးအဘွားတွေအတွက် ဆေးဝါးနဲ့ မုန့်ပဲသရေစာလည်းလိုအပ်တယ်။...

မုတ်သုန် မဝင်ခင် မြန်မာကို ကူညီကြဖို့ ကုလ တိုက်တွန်း

       သေဆုံးသူ ၃,၀၀၀ ကျော်လာမည်ဟု ခန့်မှန်းရသော ဆိုးရွားသည့် အခြေအနေများသည် မိုးရာသီဝင်ရောက်ချိန်တွင် ပိုမိုဆိုးရွားလာနိုင်သောကြောင့် ယင်းမတိုင်ခင် အကူအညီများ မြန်မြန်ဆန်ဆန်လုပ်ကြရန် မြန်မာငလျင်နှင့် ပတ်သက်၍ စစ်တမ်းကောက်ယူခဲ့သော ကုလသမဂ္ဂအရာရှိများက ကမ္ဘာ့အသိုက်အဝန်းကို အင်္ဂါနေ့တွင် တိုက်တွန်းလိုက်သည်။         အဆောက်အအုံများ၊ လမ်းများနှင့် တံတားများ ပျက်စီးခဲ့ပြီးနောက် သောက်ရေသန့်၊ တစ်ကိုယ်ရေသန့်ရှင်းမှု၊ အစားအစာ၊ အမိုးအကာနှင့် ဆေးဝါးများသည် အရေးကြီးဆုံး လိုအပ်ချက်များဖြစ်ကြောင်း လူသာချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် ဌာနေ ညှိနှိုင်းရေးမှူး Marcoluigi Corsi က နှစ်ရက်ကြာ လေ့လာမှုခရီးစဉ်အပြီးတွင် ပြောကြားခဲ့သည်။          “အကူအညီလိုအပ်နေတဲ့ မြန်မာပြည်သူတွေဆီ ရောက်ရှိနိုင်ဖို့...

လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်ချေ လျော့ကျလာပြီး ငလျင်လှုပ်ခတ်ခဲ့သည့် အထက်ဘက် ဒေသများတွင် မိုးရွာနိုင်ချေ အလွန်နည်းပါးနိုင်မည်ဟု ဦးဝင်းနိုင်သုံးသပ်

ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်အတွင်း လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်ချေ ၄၀ ရာခိုင်နှုန်း အထိ လျော့ကျလာသောကြောင့် အထက်ဘက်ငလျင်လှုပ်ခတ်ခဲ့သည့် ဒေသများတွင် မိုးရွာနိုင်ချေ အလွန်နည်းပါးနိုင်မည်ဖြစ်ကြောင်း ပြင်ပ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က လူမှုကွန်ရက်စာမျက်နှာတွင် ဧပြီ (၂) ရက် နံနက်အစောပိုင်းက ခန့်မှန်းရေးသားချက်အရ သိရသည်။ ၎င်းက WINDY တွင် ECMWF, GFS နှင့် ICON model များက ဧပြီ (၄) ရက်တွင် အားပျော့သော လေဖိအားနည်းရပ်ဝန်းအဆင့် ဖြစ်လာနိုင်သည်ဟု ဖော်ပြထားကြောင်းနှင့် အမှန်တကယ်ဖြစ်လာနိုင်မည့် ဧပြီ (၄)...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071