Wednesday, April 2, 2025

မင်းကွန်း ဗုဒ္ဓဘာသာဘိုးဘွားရိပ်သာတွင် အဘိုးအဘွားများနှင့် ဝန်ထမ်းများအပါအဝင်...

စစ်ကိုင်းတိုင်းဒေသကြီး ၊ မင်းကွန်းဒေသရှိ မင်းကွန်း ဗုဒ္ဓဘာသာဘိုးဘွားရိပ်သာတွင် အဘိုးအဘွားများနှင့် ဝန်ထမ်းများအပါအဝင် လူဦးရေ (၁၅၀) ဝန်းကျင် အကူအညီများ လိုအပ်နေကြောင်း အဆိုပါ...

မုတ်သုန် မဝင်ခင် မြန်မာကို ကူညီကြဖို့...

       သေဆုံးသူ ၃,၀၀၀ ကျော်လာမည်ဟု ခန့်မှန်းရသော ဆိုးရွားသည့် အခြေအနေများသည် မိုးရာသီဝင်ရောက်ချိန်တွင် ပိုမိုဆိုးရွားလာနိုင်သောကြောင့် ယင်းမတိုင်ခင် အကူအညီများ မြန်မြန်ဆန်ဆန်လုပ်ကြရန် မြန်မာငလျင်နှင့် ပတ်သက်၍...

လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်ချေ လျော့ကျလာပြီး ငလျင်လှုပ်ခတ်ခဲ့သည့် အထက်ဘက်...

ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်အတွင်း လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်ချေ ၄၀ ရာခိုင်နှုန်း အထိ လျော့ကျလာသောကြောင့် အထက်ဘက်ငလျင်လှုပ်ခတ်ခဲ့သည့် ဒေသများတွင် မိုးရွာနိုင်ချေ အလွန်နည်းပါးနိုင်မည်ဖြစ်ကြောင်း ပြင်ပ မိုးလေဝသပညာရှင်...

ယနေ့ ဧပြီလ (၂) ရက်...

ဓာတ်ပုံ - ပေါ်ပြူလာနယူးစ်
HomeInternationalTikTokအရောင်းအဝယ်ဖြစ်ဖို့တရုတ်အခွန်နှုန်းကိုလျှော့ပေးနိုင်--ထရမ့်ပ်

TikTokအရောင်းအဝယ်ဖြစ်ဖို့တရုတ်အခွန်နှုန်းကိုလျှော့ပေးနိုင်–ထရမ့်ပ်

            
အမေရိကန်ပြည်သူ သန်း ၁၇၀ ခန့် အသုံးပြုနေသည့် ဗီဒီယိုအက်ပ်ကို ရောင်းချရန် TikTok ၏ တရုတ်မိခင်ကုမ္ပဏီ ByteDance နှင့် သဘောတူညီချက်ရရေး အလို့ငှာ အခွန်းစည်းကြပ်မှုများကို လျှော့ချပေးရန် ဆန္ဒရှိသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က မတ်လ ၂၆ ရက် နေ့တွင် ပြောကြားခဲ့သည်။
        
ByteDance အနေဖြင့် TikTok ကို တရုတ်လူမျိုးမဟုတ်သော ဝယ်ယူသူကို ရှာဖွေရန်နှင့် သို့မဟုတ်ပါက ဇန်နဝါရီလတွင် အသက်ဝင်ခဲ့သော ၂၀၂၄ ခုနှစ် ဥပဒေ၏ နိုင်ငံတော် လုံခြုံရေးဆိုင်ရာ အခြေအနေများအရ ဧပြီ ၅ ရက်နောက်ဆုံးထား၍ အက်ပ် ပိတ်ပင်ခံရမည့်အရေးနှင့် ရင်ဆိုင်နေရသည်။
            
ဆိုရှယ်မီဒီယာ အက်ပ်နှင့် ပတ်သက်၍ သဘောတူညီချက် မရရှိခဲ့ပါက ဧပြီလ နောက်ဆုံးသတ်မှတ်ရက်ကို သတ်တမ်းတိုးရန် သူ ဆန္ဒရှိသည်ဟု ထရမ့်ပ်က ပြောဆိုခဲ့သည်။
          
တရုတ်နိုင်ငံအနေဖြင့် သဘောတူညီချက်ကို အတည်ပြုပေးခြင်း အပါအဝင် အရောင်းအဝယ် သဘောတူညီချက် ဖြစ်မြောက်စေရေးတွင် ပါဝင်ဆောင်ရွက်မည်ကို သူက အသိအမှတ်ပြုခဲ့ပြီး “ဒီကိစ္စ ပြီးမြောက်ရေးမှာ သူတို့ကို အခွန်အကောက် နည်းနည်းပါးပါး လျှော့ပေးတာမျိုး ဒါမှမဟုတ်လည်း တစ်ခုခု တော့ ငါ လုပ်ပေးနိုင်ပါတယ်” ဟု သတင်းထောက်များကို သူက ပြောကြားခဲ့သည်။
           
TikTok ကို ရောင်းချခြင်းသည် သူ့ အစိုးရအဖွဲ့၏ ဦးစားပေး အကြောင်းအရာဖြစ်ပြီး ယင်းကိစ္စသည် ပေကျင်းနှင့် အခွန်အကောက်ကိစ္စတွင် အလျှော့အတင်းလုပ်စရာအဖြစ် သုံးနိုင်လောက်သည်အထိ အရေးပါကြောင်း မစ္စတာ ထရမ့်ပ်က မှတ်ယူထားသည်။
         
ဖေဖော်ဝါရီလနှင့် မတ်လ အစောပိုင်းတွင် တရုတ်နိုင်ငံမှ သွင်းကုန်အားလုံးအပေါ် လက်ရှိအခွန်းစည်းကြပ်ထားမှုနှုန်းတွင် စုစုပေါင်း ၂၀ ရာခိုင်းနှုန်းအထိ ထရမ့်ပ်က ထပ်တိုးသတ်မှတ်ခဲ့သည်။ Ref: သည်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မင်းကွန်း ဗုဒ္ဓဘာသာဘိုးဘွားရိပ်သာတွင် အဘိုးအဘွားများနှင့် ဝန်ထမ်းများအပါအဝင် လူဦးရေ (၁၅၀) ဝန်းကျင် အကူအညီများ လိုအပ်နေ

စစ်ကိုင်းတိုင်းဒေသကြီး ၊ မင်းကွန်းဒေသရှိ မင်းကွန်း ဗုဒ္ဓဘာသာဘိုးဘွားရိပ်သာတွင် အဘိုးအဘွားများနှင့် ဝန်ထမ်းများအပါအဝင် လူဦးရေ (၁၅၀) ဝန်းကျင် အကူအညီများ လိုအပ်နေကြောင်း အဆိုပါ ဘိုးဘွားရိပ်သာမှ တာဝန်ရှိသူများနှင့် ဘိုးဘွားများ၏ ပြောကြားချက်အရ သိရသည်။ အဆိုပါ ဘိုးဘွားရိပ်သာရှိသည့် နေရာသည် တိုက်ပွဲများဖြစ်ပွားရာ နေရာဖြစ်သည့်အတွက် အနီးပတ်ဝန်ကျင် ကျေးရွာများ၌ ရွာသူရွာသားများ တစ်ဦးတစ်ယောက်မျှ နေထိုင်တော့ခြင်း မရှိတော့ကြောင်း ပေါ် ပြူလာနယူးစ်၏ သတင်းထောက်မှ မျက်မြင်အတည်ပြုထားနိုင်သည့် အခြေအနေဖြစ်သည်။ " အလိုအပ်ဆုံးကတော့ စက်သုံးဆီပေါ့နော်။ ပြီးတော့ အဘိုးအဘွားတွေအတွက် ဆေးဝါးနဲ့ မုန့်ပဲသရေစာလည်းလိုအပ်တယ်။...

မုတ်သုန် မဝင်ခင် မြန်မာကို ကူညီကြဖို့ ကုလ တိုက်တွန်း

       သေဆုံးသူ ၃,၀၀၀ ကျော်လာမည်ဟု ခန့်မှန်းရသော ဆိုးရွားသည့် အခြေအနေများသည် မိုးရာသီဝင်ရောက်ချိန်တွင် ပိုမိုဆိုးရွားလာနိုင်သောကြောင့် ယင်းမတိုင်ခင် အကူအညီများ မြန်မြန်ဆန်ဆန်လုပ်ကြရန် မြန်မာငလျင်နှင့် ပတ်သက်၍ စစ်တမ်းကောက်ယူခဲ့သော ကုလသမဂ္ဂအရာရှိများက ကမ္ဘာ့အသိုက်အဝန်းကို အင်္ဂါနေ့တွင် တိုက်တွန်းလိုက်သည်။         အဆောက်အအုံများ၊ လမ်းများနှင့် တံတားများ ပျက်စီးခဲ့ပြီးနောက် သောက်ရေသန့်၊ တစ်ကိုယ်ရေသန့်ရှင်းမှု၊ အစားအစာ၊ အမိုးအကာနှင့် ဆေးဝါးများသည် အရေးကြီးဆုံး လိုအပ်ချက်များဖြစ်ကြောင်း လူသာချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် ဌာနေ ညှိနှိုင်းရေးမှူး Marcoluigi Corsi က နှစ်ရက်ကြာ လေ့လာမှုခရီးစဉ်အပြီးတွင် ပြောကြားခဲ့သည်။          “အကူအညီလိုအပ်နေတဲ့ မြန်မာပြည်သူတွေဆီ ရောက်ရှိနိုင်ဖို့...

လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်ချေ လျော့ကျလာပြီး ငလျင်လှုပ်ခတ်ခဲ့သည့် အထက်ဘက် ဒေသများတွင် မိုးရွာနိုင်ချေ အလွန်နည်းပါးနိုင်မည်ဟု ဦးဝင်းနိုင်သုံးသပ်

ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်အတွင်း လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်ချေ ၄၀ ရာခိုင်နှုန်း အထိ လျော့ကျလာသောကြောင့် အထက်ဘက်ငလျင်လှုပ်ခတ်ခဲ့သည့် ဒေသများတွင် မိုးရွာနိုင်ချေ အလွန်နည်းပါးနိုင်မည်ဖြစ်ကြောင်း ပြင်ပ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က လူမှုကွန်ရက်စာမျက်နှာတွင် ဧပြီ (၂) ရက် နံနက်အစောပိုင်းက ခန့်မှန်းရေးသားချက်အရ သိရသည်။ ၎င်းက WINDY တွင် ECMWF, GFS နှင့် ICON model များက ဧပြီ (၄) ရက်တွင် အားပျော့သော လေဖိအားနည်းရပ်ဝန်းအဆင့် ဖြစ်လာနိုင်သည်ဟု ဖော်ပြထားကြောင်းနှင့် အမှန်တကယ်ဖြစ်လာနိုင်မည့် ဧပြီ (၄)...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071