Sunday, April 6, 2025

ရန်ကုန်-မန္တလေး ရထားခရီးစဥ်များ ပြန်လည်ပေးဆွဲ

ယနေ့ ဧပြီ (၅)ရက်မှစတင်၍ ရန်ကုန် - နေပြည်တော် - မန္တ လေး အစုန်အဆန် ရထားခရီးစဥ်များ ပြန်လည်ပြေးဆွဲပေးပြီဖြစ်ကြောင်း ရန်ကုန်ဘူတာကြီး...

နှစ်နိုင်ငံဆက်ဆံ‌ရေးမြှင်တင်ရန်သီရိလင်္ကာသို့ သုံးရက်ကြာခရီး မိုဒီသွားပြီ

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီသည် သုံးရက်ကြာ ခရီးစဥ်အတွက် သောကြာနေ့တွင် သီရိလင်္ကာနိုင်ငံသို့ ရောက်ရှိခဲ့ကြောင်း သိရပြီး အထူးအားဖြင့် စွမ်းအင်၊ ကုန်သွယ်ရေး၊ ချိတ်ဆက်မှု၊...

ငလျင်ဒဏ်သင့် မြန်မာပြည်အတွက် အမေရိကန်က ဒေါ်လာ...

အင်အားကြီး ငလျင်ဒဏ်ကြောင့် ပျက်စီးထိခိုက်မှုများခဲ့သ ည့် မြန်မာနိုင်ငံအတွက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးအတွက် အမေရိကန်နိုင်ငံက ကန်ဒေါ်လာ (၇) သန်း ထပ်တိုးကူညီပေးသွားမည်ဖြစ်ကြောင်းသိရသည်။ မတ်လ...

ဘူတန် နှင့် မြန်မာ ဆွေးနွေးပွဲတွင်နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုများပိုတိုးတက်အောင်ဆောင်ရွက်မည်ဟုဆွေးနွေး

မြန်မာနိုင်ငံ၌ အင်အားအလွန်ပြင်းထန်သည့်ငလျင် လှုပ်ခတ်ခဲ့သည်မှာ ၆ ရက်တိုင်ရှိပြီဖြစ်သော်လည်း ဧပြီ ၃ ရက်အထိ အသက်ရှင်လျက်ကယ်ထုတ်နိုင်သူများရှိနေသေးသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က...
HomeNewsLocal NewsMRF မှ အရေးပေါ်လှုပ်ရှားမှုအဖွဲ့(Task...

MRF မှ အရေးပေါ်လှုပ်ရှားမှုအဖွဲ့(Task Force) အသစ်တစ်ခုကိုစတင်ဖွဲ့စည်း

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)မှ အင်အား အလွန် ပြင်းထန်သော မြေငလျင် ဘေးဒဏ် သက်ရောက်မှုခံရသူများနှင့် ဒေသများအား ကူညီရန် ရည်ရွယ်ပြီး “MRF Operation AID – Action in Disaster” အရေးပေါ်လှုပ်ရှားမှုအဖွဲ့(Task Force) အသစ်တစ်ခုကိုစတင်ဖွဲ့စည်း တာဝန်ပေး ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထိုသို့ လုပ်ဆောင်သွားမည့် အစီအစဉ်တွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ ညီနောင်အသင်းများနှင့် ဆန်စပါးလုပ်ငန်းကဏ္ဍ မှ မိသားစုများ၏ လူအင်အား၊ အရင်းအမြစ်များနှင့် ပူးပေါင်းမှုစွမ်းအားများ၊ လူသားချင်း စာနာထောက်ထားမှုများကို အပြည့်အဝ အသုံးချပြီး အရေးပေါ် အခြေအနေတွင် စားရေရိက္ခာ အထောက်အပံ့ အကူအညီပေးရေးနှင့် ရေရှည်ပြန်လည်ထူထောင်ရေးလှုပ်ရှားမှုများပါဝင်ကြောင်း သိရသည်။

ယင်းအဖွဲ့အနေဖြင့် နိုင်ငံတော်အစိုးရ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရများ၊ UMFCCI နှင့် စီးပွားရေး အသင်းအဖွဲ့များ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်။

ထို့အပြင် ကယ်ဆယ်ရေးစခန်းများ၊ စုရပ်များသို့ ပြောင်းရွှေ့နေထိုင်ရသူများအတွက် အရေးပေါ် အစားအစာနှင့် လိုအပ်မှုများအတွက် ချက်ချင်းကူညီမှုများ စီစဉ်ပေးခြင်း၊ထိခိုက်ပျက်စီး ပြိုပျက်နေသော အဆောက်အဦများ၊ အပျက်အစီးများအား Volunteer လုပ်အားပေး လုပ်သားများ၏ အကူအညီဖြင့် ကူညီရှင်းလင်းပေးခြင်းနှင့် မြို့ရွာများ၊ ရပ်ကွက်များတွင် လိုအပ်သည့် အကူအညီများအား ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

အလားတူ နိုင်ငံတကာ အဖွဲ့အစည်းများ၊ မိတ်ဖက်များနှင့် ပူးပေါင်း၍ Humanitarian Assistance များ၊ ရေတို/ရေရှည် အကူအညီများ၊ လုပ်ငန်းစဉ်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးခြင်းနှင့် ကူညီဆောင်ရွက်ပေးရန်တို့ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်-မန္တလေး ရထားခရီးစဥ်များ ပြန်လည်ပေးဆွဲ

ယနေ့ ဧပြီ (၅)ရက်မှစတင်၍ ရန်ကုန် - နေပြည်တော် - မန္တ လေး အစုန်အဆန် ရထားခရီးစဥ်များ ပြန်လည်ပြေးဆွဲပေးပြီဖြစ်ကြောင်း ရန်ကုန်ဘူတာကြီး ရုံပိုင်ချုပ် ဦးသောင်းထို က်က ပေါ်ပြူလာနယူးစ်ကို ပြောသည်။ ပြီးခဲ့သည့် မတ်လ(၂၈)ရက်က မန္တလေးနှင့် စစ်ကိုင်းမြို့တို့၌ လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် ရန်ကုန်- နေပြ ည်တော် - မန္တလေး ရထားခရီးစဥ်များကို ယာယီရပ်နားထားရာမှ ယနေ့ ပြန်လည်ပြေးဆွဲပေးခဲ့ခြင်းဖြစ် သည်။ ယနေ့ နံနက်ပိုင်းတွင် အမှတ်(၁၁)အဆန် အမြန်ရထားနှင့် အမှတ်(၇)အဆန် DEMU ရထားတို့...

နှစ်နိုင်ငံဆက်ဆံ‌ရေးမြှင်တင်ရန်သီရိလင်္ကာသို့ သုံးရက်ကြာခရီး မိုဒီသွားပြီ

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီသည် သုံးရက်ကြာ ခရီးစဥ်အတွက် သောကြာနေ့တွင် သီရိလင်္ကာနိုင်ငံသို့ ရောက်ရှိခဲ့ကြောင်း သိရပြီး အထူးအားဖြင့် စွမ်းအင်၊ ကုန်သွယ်ရေး၊ ချိတ်ဆက်မှု၊ ဒစ်ဂျစ်တယ်အသွင်ကူး‌ ပြောင်းရေးနှင့် ကာကွယ်ရေး ကဏ္ဍများတွင် နှစ်နိုင်ငံဆက်ဆံရေးကို မြှင့်တင်နိုင်မည့် နည်းလမ်းများ ကို ရှာဖွေသွားမည်ဖြစ်သည်။           ဝန်ကြီးချုပ်သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပြုလုပ်သည့် ဘင်းမ်စတက် ထိပ်သီးအစည်းအဝေးကို တက်ရောက်ခဲ့အပြီးတွင် ကိုလံဘိုမြို့တော်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။            ဝန်ကြီးချုပ် မိုဒီသည် စနေနေ့တွင် သီရိလင်္ကာသမ္မတ Anura Kumara Dissanayake နှင့် အကြောင်းအရာများစွာကို ဆွေးနွေးသွားမည်ဖြစ်သည်။          ဆွေးနွေးပွဲအပြီးတွင်...

ငလျင်ဒဏ်သင့် မြန်မာပြည်အတွက် အမေရိကန်က ဒေါ်လာ ၇ သန်း ထပ်တိုးကူညီ

အင်အားကြီး ငလျင်ဒဏ်ကြောင့် ပျက်စီးထိခိုက်မှုများခဲ့သ ည့် မြန်မာနိုင်ငံအတွက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးအတွက် အမေရိကန်နိုင်ငံက ကန်ဒေါ်လာ (၇) သန်း ထပ်တိုးကူညီပေးသွားမည်ဖြစ်ကြောင်းသိရသည်။ မတ်လ (၂၈) ရက်က ဖြစ်ပွားခဲ့သည့် အင်အားပြင်းငလျင်ဒဏ်ကြောင့် စစ်ကိုင်းနှင့် မန္တလေးအပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် အပျက်စီးများနှင့် လူ‌ေ-သဆုံးမှု ၊ ထိခိုက်ဒဏ်ရာရမှုမြင့်မားခဲ့ပြီး ပြန်လည်ထူထောင်ရေးကို အချိန်ယူ လုပ်ဆောင်ကြရမည့်အခြေအနေဖြစ်သည်။ ငလျင်လှုပ်ခတ်ပြီးစက စတင်ကာ နိုင်ငံတကာ အကူအညီများ ဝင်ရောက်ခဲ့သလို လက်ရှိအချိန်ထိလည်း ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် အကူအညီများ ဆက်လက်ဝင်ရောက်နေဆဲဖြစ်သည်။ အမေရိကန်နိုင်ငံသည် မန္တလေးတိုင်းအပါအဝင် ငလျင်ဒဏ်သင့်ဒေသများမှ ငလျင်ဒဏ်ခံပြည်သူများအတွက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071