Sunday, April 6, 2025

ရန်ကုန်-မန္တလေး ရထားခရီးစဥ်များ ပြန်လည်ပေးဆွဲ

ယနေ့ ဧပြီ (၅)ရက်မှစတင်၍ ရန်ကုန် - နေပြည်တော် - မန္တ လေး အစုန်အဆန် ရထားခရီးစဥ်များ ပြန်လည်ပြေးဆွဲပေးပြီဖြစ်ကြောင်း ရန်ကုန်ဘူတာကြီး...

နှစ်နိုင်ငံဆက်ဆံ‌ရေးမြှင်တင်ရန်သီရိလင်္ကာသို့ သုံးရက်ကြာခရီး မိုဒီသွားပြီ

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီသည် သုံးရက်ကြာ ခရီးစဥ်အတွက် သောကြာနေ့တွင် သီရိလင်္ကာနိုင်ငံသို့ ရောက်ရှိခဲ့ကြောင်း သိရပြီး အထူးအားဖြင့် စွမ်းအင်၊ ကုန်သွယ်ရေး၊ ချိတ်ဆက်မှု၊...

ငလျင်ဒဏ်သင့် မြန်မာပြည်အတွက် အမေရိကန်က ဒေါ်လာ...

အင်အားကြီး ငလျင်ဒဏ်ကြောင့် ပျက်စီးထိခိုက်မှုများခဲ့သ ည့် မြန်မာနိုင်ငံအတွက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးအတွက် အမေရိကန်နိုင်ငံက ကန်ဒေါ်လာ (၇) သန်း ထပ်တိုးကူညီပေးသွားမည်ဖြစ်ကြောင်းသိရသည်။ မတ်လ...

ဘူတန် နှင့် မြန်မာ ဆွေးနွေးပွဲတွင်နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုများပိုတိုးတက်အောင်ဆောင်ရွက်မည်ဟုဆွေးနွေး

မြန်မာနိုင်ငံ၌ အင်အားအလွန်ပြင်းထန်သည့်ငလျင် လှုပ်ခတ်ခဲ့သည်မှာ ၆ ရက်တိုင်ရှိပြီဖြစ်သော်လည်း ဧပြီ ၃ ရက်အထိ အသက်ရှင်လျက်ကယ်ထုတ်နိုင်သူများရှိနေသေးသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က...
HomeNewsLocal Newsနေပြည်တော်ငလျင်ဒဏ်သင့်နေရာများသို့ နစကဥက္ကဋ္ဌကိုယ်တိုင် သွားရောက်ကာ...

နေပြည်တော်ငလျင်ဒဏ်သင့်နေရာများသို့ နစကဥက္ကဋ္ဌကိုယ်တိုင် သွားရောက်ကာ ကယ်ဆယ်ရေးလုပ်ငန်းများတွင် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့

ငလျင်ဘေးဒဏ်သင့်ခဲ့သည့် နေပြည်တော်အတွင်း နိုင်ငံတကာမှကယ်ဆယ်ရေးအဖွဲ့ဝင်များနှင့်အတူ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေမှုအား နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မတ် ၃၀ ရက်နံနက်ပိုင်းက ကြည့်ရှုအားပေးခဲ့သည်။

နစက ဥက္ကဋ္ဌသည် ငလျင်ဘေးဒဏ်ကြောင့် လမ်း တံတားပျက်စီးမှုများအား ယာယီသွားလာနိုင်ရန်လမ်းပြင်ဆင်နေမှုများ၊ ဥတ္တရသီရိအထွေထွေရောဂါကုဆေးရုံကြီးပျက်စီးခဲ့ရမှုတို့ကိုကြည့်ရှုစစ်ဆေးပြီး ဆေးရုံအတွင်း၌ ပိတ်မိနေသူများအား အမြန်ဆုံးပြန်လည်ဆွဲထုတ်နိုင်ရေးနှင့် အဆောက်အဦထိခိုက်ပျက်စီးမှုအားအမြန်ဆုံးရှင်းလင်းဖယ်ရှားနိုင်ရေးဆောင်ရွက်ရန်မှာကြားကာ မြန်မာနိုင်ငံမှကူညီကယ်ဆယ်ရေးဝန်ထမ်းများနှင့်အတူ ကူညီကယ်ဆယ်ရေးလုပ်ငန်းများအတူတကွပူးပေါင်းဆောင်ရွက်ပေးနေသည့် ငလျင်လှုပ်ပြီး ၁၈ နာရီအတွင်း မြန်မာနိုင်ငံသို့ ပထမဆုံးရောက်ရှိလာသော တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ကယ်ဆယ်ရေးဆေးကုသမှုအဖွဲ့မှအဖွဲ့ဝင်များအား နှုတ်ဆက်၍ ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ယူနန်ပြည်နယ်ကယ်ဆယ်ရေးဆေးကုသမှုအဖွဲ့စတင်ရောက်ရှိချိန်မှစ၍ မြန်မာနိုင်ငံမှကယ်ဆယ်ရေးအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ဥတ္တရသီရိအထွေထွေရောဂါကုဆေးရုံကြီးအတွင်း ပိတ်မိနေသူများအား ကယ်ဆယ်မှုများပြုလုပ်ခဲ့ကုသဖြင့် ယနေ့ မတ် ၃၀ ရက်နံနက် ၄ နာရီခန့်တွင် သက်ကြီးအမျိုးသမီးတစ်ဦးအား အသက်ရှင်လျက်ကယ်ထုတ်ပေးနိုင်ခဲ့ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။

ထို့နောက် နစက ဥက္ကဋ္ဌသည် ပျဉ်းမနားမြို့၊ ခေမာသီဝံကျောင်းတိုက်အတွင်းရှိ ဓမ္မာရုံတော် ငလျင် ဘေးဒဏ်ကြောင့်ပြိုကျပျက်စီးခဲ့မှုအား ကူညီကယ်ဆယ်ရေးနှင့် အပျက်အစီးများဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်းများဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး ကူညီကယ်ဆယ်ရေးအဖွဲ့များအား အားပေးစကားပြောကြားကာ သက်တော်(၉၂)နှစ်၊ ဝါတော် (၇၂)ဝါရှိ ခေမာသီဝံကျောင်းတိုက်၏ ဦးစီးပဓာန နာယကဆရာတော် အဘိဓဇ ဘဒ္ဒန္တ တေဇနိယ အားဖူးမြော်ကြည်ညိုပြီး ကျန်းမာရေးအခြေအနေများကိုမေးမြန်းလျှောက်ထားကာ လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့သည်။

ငလျင်ဘေးဒဏ်သင့်ခဲ့သည့် ဒေသများအားလုံး၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အစိုးရအဖွဲ့မှတာဝန်ရှိသူများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများ၊ ဒေသခံပြည်သူ များအားလုံး စုပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိ သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်-မန္တလေး ရထားခရီးစဥ်များ ပြန်လည်ပေးဆွဲ

ယနေ့ ဧပြီ (၅)ရက်မှစတင်၍ ရန်ကုန် - နေပြည်တော် - မန္တ လေး အစုန်အဆန် ရထားခရီးစဥ်များ ပြန်လည်ပြေးဆွဲပေးပြီဖြစ်ကြောင်း ရန်ကုန်ဘူတာကြီး ရုံပိုင်ချုပ် ဦးသောင်းထို က်က ပေါ်ပြူလာနယူးစ်ကို ပြောသည်။ ပြီးခဲ့သည့် မတ်လ(၂၈)ရက်က မန္တလေးနှင့် စစ်ကိုင်းမြို့တို့၌ လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် ရန်ကုန်- နေပြ ည်တော် - မန္တလေး ရထားခရီးစဥ်များကို ယာယီရပ်နားထားရာမှ ယနေ့ ပြန်လည်ပြေးဆွဲပေးခဲ့ခြင်းဖြစ် သည်။ ယနေ့ နံနက်ပိုင်းတွင် အမှတ်(၁၁)အဆန် အမြန်ရထားနှင့် အမှတ်(၇)အဆန် DEMU ရထားတို့...

နှစ်နိုင်ငံဆက်ဆံ‌ရေးမြှင်တင်ရန်သီရိလင်္ကာသို့ သုံးရက်ကြာခရီး မိုဒီသွားပြီ

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီသည် သုံးရက်ကြာ ခရီးစဥ်အတွက် သောကြာနေ့တွင် သီရိလင်္ကာနိုင်ငံသို့ ရောက်ရှိခဲ့ကြောင်း သိရပြီး အထူးအားဖြင့် စွမ်းအင်၊ ကုန်သွယ်ရေး၊ ချိတ်ဆက်မှု၊ ဒစ်ဂျစ်တယ်အသွင်ကူး‌ ပြောင်းရေးနှင့် ကာကွယ်ရေး ကဏ္ဍများတွင် နှစ်နိုင်ငံဆက်ဆံရေးကို မြှင့်တင်နိုင်မည့် နည်းလမ်းများ ကို ရှာဖွေသွားမည်ဖြစ်သည်။           ဝန်ကြီးချုပ်သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပြုလုပ်သည့် ဘင်းမ်စတက် ထိပ်သီးအစည်းအဝေးကို တက်ရောက်ခဲ့အပြီးတွင် ကိုလံဘိုမြို့တော်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။            ဝန်ကြီးချုပ် မိုဒီသည် စနေနေ့တွင် သီရိလင်္ကာသမ္မတ Anura Kumara Dissanayake နှင့် အကြောင်းအရာများစွာကို ဆွေးနွေးသွားမည်ဖြစ်သည်။          ဆွေးနွေးပွဲအပြီးတွင်...

ငလျင်ဒဏ်သင့် မြန်မာပြည်အတွက် အမေရိကန်က ဒေါ်လာ ၇ သန်း ထပ်တိုးကူညီ

အင်အားကြီး ငလျင်ဒဏ်ကြောင့် ပျက်စီးထိခိုက်မှုများခဲ့သ ည့် မြန်မာနိုင်ငံအတွက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးအတွက် အမေရိကန်နိုင်ငံက ကန်ဒေါ်လာ (၇) သန်း ထပ်တိုးကူညီပေးသွားမည်ဖြစ်ကြောင်းသိရသည်။ မတ်လ (၂၈) ရက်က ဖြစ်ပွားခဲ့သည့် အင်အားပြင်းငလျင်ဒဏ်ကြောင့် စစ်ကိုင်းနှင့် မန္တလေးအပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် အပျက်စီးများနှင့် လူ‌ေ-သဆုံးမှု ၊ ထိခိုက်ဒဏ်ရာရမှုမြင့်မားခဲ့ပြီး ပြန်လည်ထူထောင်ရေးကို အချိန်ယူ လုပ်ဆောင်ကြရမည့်အခြေအနေဖြစ်သည်။ ငလျင်လှုပ်ခတ်ပြီးစက စတင်ကာ နိုင်ငံတကာ အကူအညီများ ဝင်ရောက်ခဲ့သလို လက်ရှိအချိန်ထိလည်း ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် အကူအညီများ ဆက်လက်ဝင်ရောက်နေဆဲဖြစ်သည်။ အမေရိကန်နိုင်ငံသည် မန္တလေးတိုင်းအပါအဝင် ငလျင်ဒဏ်သင့်ဒေသများမှ ငလျင်ဒဏ်ခံပြည်သူများအတွက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071