Sunday, April 6, 2025

ရန်ကုန်-မန္တလေး ရထားခရီးစဥ်များ ပြန်လည်ပေးဆွဲ

ယနေ့ ဧပြီ (၅)ရက်မှစတင်၍ ရန်ကုန် - နေပြည်တော် - မန္တ လေး အစုန်အဆန် ရထားခရီးစဥ်များ ပြန်လည်ပြေးဆွဲပေးပြီဖြစ်ကြောင်း ရန်ကုန်ဘူတာကြီး...

နှစ်နိုင်ငံဆက်ဆံ‌ရေးမြှင်တင်ရန်သီရိလင်္ကာသို့ သုံးရက်ကြာခရီး မိုဒီသွားပြီ

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီသည် သုံးရက်ကြာ ခရီးစဥ်အတွက် သောကြာနေ့တွင် သီရိလင်္ကာနိုင်ငံသို့ ရောက်ရှိခဲ့ကြောင်း သိရပြီး အထူးအားဖြင့် စွမ်းအင်၊ ကုန်သွယ်ရေး၊ ချိတ်ဆက်မှု၊...

ငလျင်ဒဏ်သင့် မြန်မာပြည်အတွက် အမေရိကန်က ဒေါ်လာ...

အင်အားကြီး ငလျင်ဒဏ်ကြောင့် ပျက်စီးထိခိုက်မှုများခဲ့သ ည့် မြန်မာနိုင်ငံအတွက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးအတွက် အမေရိကန်နိုင်ငံက ကန်ဒေါ်လာ (၇) သန်း ထပ်တိုးကူညီပေးသွားမည်ဖြစ်ကြောင်းသိရသည်။ မတ်လ...

ဘူတန် နှင့် မြန်မာ ဆွေးနွေးပွဲတွင်နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုများပိုတိုးတက်အောင်ဆောင်ရွက်မည်ဟုဆွေးနွေး

မြန်မာနိုင်ငံ၌ အင်အားအလွန်ပြင်းထန်သည့်ငလျင် လှုပ်ခတ်ခဲ့သည်မှာ ၆ ရက်တိုင်ရှိပြီဖြစ်သော်လည်း ဧပြီ ၃ ရက်အထိ အသက်ရှင်လျက်ကယ်ထုတ်နိုင်သူများရှိနေသေးသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က...
HomeNewsLocal Newsနိုင်ငံတကာနှင့်ပူးပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေ

နိုင်ငံတကာနှင့်ပူးပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေ

ငလျင်ကြောင့်ပြိုကျနေသည့်အဆောက်အဦးများအတွင်း ပိတ်မိနေသူများကို နိုင်ငံတကာမှကယ်ဆယ်ရေးအဖွဲ့ဝင်များနှင့်အတူ လုံခြုံရေးအဖွဲ့ဝင်များ၊ မီးသတ်၊ လူမှုကူညီရေးအသင်းဝင်များနှင့် သက်ဆိုင်ရာဒေသခံများပူးပေါင်း၍ ကယ်ဆယ်မှုများကို ဆက်လက်ပြုလုပ်နေသည်။

ထိုသို့ ကယ်ထုတ်ရာ၌ နေပြည်တော်၊ သပြေကုန်းရပ်ကွက်၊ သစ္စာ(၂)လမ်းအပျက်စီးအောက်တွင် (၄၄)နာ ရီကြာပိတ်မိနေသည့် အမျိုးသားတစ်ဦး ယနေ့ မတ် ၃၀ ရက်နံနက် ၉ နာရီခွဲခန့်က အသက်ရှင်လျက်ကယ်ထုတ်နိုင်ခြင်း၊ ဥတ္တရသီရိမြို့နယ်၊ ပင်လုံဆေးရုံကြီးအဆောက်အဦပြိုကျ၍ ပိတ်မိနေသော အသက်(၇၀)ကျော်အဘွား(၁)ဦးကိုလည်း ယနေ့ နံနက် ၅ နာရီကအသက်ရှင်လျက်ကယ်ထုတ်နိုင်ခြင်းတို့အား စင်ကာပူနိုင်ငံမှတပ်ဖွဲ့ဝင်များနှင့်အတူပူးပေါင်း၍လုပ်ဆောင်ခဲ့သည်။

ဇမ္ဗူသီရိမြို့နယ်ရှိ တိုက်အမှတ် (၂၃၃၆)ပြိုကျ၍ပိတ်မိနေသူများအား ရန်ကုန်တိုင်းနှင့် နေပြည်တော်မှ ရှာ‌ဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များပူးပေါင်း၍ ကယ်ဆယ်ရာ အမျိုးသား(၁)ဦးအလေ-ာင်း၊ တိုက်အမှတ် (၁၃၀၇)အောက် ပိတ်မိနေသူများကိုလည်း ဇမ္ဗူသီရိမြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပုလဲအရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ကယ်ဆယ်မှုများပြုလုပ်ခဲ့ကြသဖြင့် ယနေ့တွင် အမျိုးသား(၂)ဦး၊ အမျိုးသမီး(၃)ဦးနှင့် ကလေ-းငယ်(၁)ဦးတို့၏ ရုပ်အလေ-ာင်းများသယ်ထုတ်နိုင်ခဲ့သည်။

မန္တလေးမြို့ရှိ Sky Villaနေရာတွင် မီးသတ်တပ်ဖွဲ့ဝင်(၅၀)ဦးက တရုတ်နိုင်ငံနှင့်ပေါင်း၍၎င်း၊ Great Wall Hotelပြိုကျပျက်စီးသည့်နေ ရာတွင် မီးသတ်တပ်ဖွဲ့ဝင် (၃၅)ဦးတို့က အိန္ဒိယနိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့်အတူ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ယနေ့ မတ် ၃၀ ရက်နံနက်ပိုင်းမှစတင်ကာဆောင်ရွက်လျက်ရှိနေသည်။

ထို့ပြင် မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ မြို့မအုပ်စု၊ ကြည်တော်ကုန်းရပ်ကွက်၊ မင်းနန်သူဘုရားတွင် စေတီပြိုကျပျက်စီး၍ပိတ်မိနေသူများအား ရမည်းသင်းမြို့နယ်မီးသတ်စခန်းမှရှာဖွေကယ်ဆယ်မှုများပြုလုပ်ခဲ့ကြရာ ‌ေ-သဆုံးနေသူ(၁)ဦး၏ရုပ်အလော-င်းအားသယ်ထုတ်နိုင်ခဲ့ပြီး ပျော်ဘွယ်မြို့ရှိ ကမ္ဘောဇဘဏ်အဆောက်အဦနှင့် မြင်းဘက်ရပ်ကွက်ရှိနေအိမ်များပြိုကျပျက်စီး၍ ပိတ်မိနေသူများအနက် ယနေ့ နံနက်ပိုင်းတွင် (၃၃)ဦးကို အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့ပြီး ‌ေ-သဆုံးနေသူ(၁)ဦး၏ရုပ်အလေ-ာင်းကိုလည်း သယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းရှိ ဦးလှသိန်းသာသနာ့ဗိမာန်အဆောက်အဦပြိုကျပျက်စီးရာတွင် ပိတ်မိနေသူများအား မီးသတ်တပ်ဖွဲ့ဝင်(၅၅)ဦးက ဟောင်ကောင်မှရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့်အတူ ဆောင်ရွက်လျက်ရှိပြီး ရမည်းသင်းမြို့၊ မြို့မရပ်ကွက်၊ ပန်းတိမ်ရပ်ရှိ စံကျူရီစား သောက်ဆိုင်နှင့် နှစ်ထပ်အဆောက်အဦပြိုကျပျက်စီး၍ ပိတ်မိနေသူများအနက် (၄)ဦးကို မီးသတ်တပ်ဖွဲ့ဝင်များက အသက်ရှင်လျက်ကယ်တင်နိုင်ခဲ့ပြီး ‌ေ-သဆုံးသူ(၅)ဦး၏ရုပ်အလေ-ာင်းများကိုလည်း သယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းမြို့ရှိ ဆွမ်းဦးပုညရှင်ကျောင်းတိုက်၊ မြို့မဗလီ၊ ခရိုင်ပြန်/ဆက်ရုံး၊ လေးကျွန်းမြေအုတ်ကျောင်း၊ သကျမိတာသီလရှင်စာသင်တိုက်၊ မြတ်ကိုယ်ပိုင်ကျောင်း၊ ရတနာသိင်္ဂီသီလရှင်စာသင်တိုက်၊ ကမ်းနားလမ်းရှိလူနေအိမ် (၂)လုံးနှင့် တိုက်ဝါကြီးဘုန်းတော်ကြီးကျောင်းတို့တွင် ပိတ်မိနေသူများအား ယနေ့ မတ် ၃၀ ရက်တွင်လည်း စစ်ကိုင်းတိုင်းဒေသကြီးမီးသတ်က သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ရှာဖွေကယ်ဆယ်မှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်-မန္တလေး ရထားခရီးစဥ်များ ပြန်လည်ပေးဆွဲ

ယနေ့ ဧပြီ (၅)ရက်မှစတင်၍ ရန်ကုန် - နေပြည်တော် - မန္တ လေး အစုန်အဆန် ရထားခရီးစဥ်များ ပြန်လည်ပြေးဆွဲပေးပြီဖြစ်ကြောင်း ရန်ကုန်ဘူတာကြီး ရုံပိုင်ချုပ် ဦးသောင်းထို က်က ပေါ်ပြူလာနယူးစ်ကို ပြောသည်။ ပြီးခဲ့သည့် မတ်လ(၂၈)ရက်က မန္တလေးနှင့် စစ်ကိုင်းမြို့တို့၌ လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် ရန်ကုန်- နေပြ ည်တော် - မန္တလေး ရထားခရီးစဥ်များကို ယာယီရပ်နားထားရာမှ ယနေ့ ပြန်လည်ပြေးဆွဲပေးခဲ့ခြင်းဖြစ် သည်။ ယနေ့ နံနက်ပိုင်းတွင် အမှတ်(၁၁)အဆန် အမြန်ရထားနှင့် အမှတ်(၇)အဆန် DEMU ရထားတို့...

နှစ်နိုင်ငံဆက်ဆံ‌ရေးမြှင်တင်ရန်သီရိလင်္ကာသို့ သုံးရက်ကြာခရီး မိုဒီသွားပြီ

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီသည် သုံးရက်ကြာ ခရီးစဥ်အတွက် သောကြာနေ့တွင် သီရိလင်္ကာနိုင်ငံသို့ ရောက်ရှိခဲ့ကြောင်း သိရပြီး အထူးအားဖြင့် စွမ်းအင်၊ ကုန်သွယ်ရေး၊ ချိတ်ဆက်မှု၊ ဒစ်ဂျစ်တယ်အသွင်ကူး‌ ပြောင်းရေးနှင့် ကာကွယ်ရေး ကဏ္ဍများတွင် နှစ်နိုင်ငံဆက်ဆံရေးကို မြှင့်တင်နိုင်မည့် နည်းလမ်းများ ကို ရှာဖွေသွားမည်ဖြစ်သည်။           ဝန်ကြီးချုပ်သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပြုလုပ်သည့် ဘင်းမ်စတက် ထိပ်သီးအစည်းအဝေးကို တက်ရောက်ခဲ့အပြီးတွင် ကိုလံဘိုမြို့တော်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။            ဝန်ကြီးချုပ် မိုဒီသည် စနေနေ့တွင် သီရိလင်္ကာသမ္မတ Anura Kumara Dissanayake နှင့် အကြောင်းအရာများစွာကို ဆွေးနွေးသွားမည်ဖြစ်သည်။          ဆွေးနွေးပွဲအပြီးတွင်...

ငလျင်ဒဏ်သင့် မြန်မာပြည်အတွက် အမေရိကန်က ဒေါ်လာ ၇ သန်း ထပ်တိုးကူညီ

အင်အားကြီး ငလျင်ဒဏ်ကြောင့် ပျက်စီးထိခိုက်မှုများခဲ့သ ည့် မြန်မာနိုင်ငံအတွက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးအတွက် အမေရိကန်နိုင်ငံက ကန်ဒေါ်လာ (၇) သန်း ထပ်တိုးကူညီပေးသွားမည်ဖြစ်ကြောင်းသိရသည်။ မတ်လ (၂၈) ရက်က ဖြစ်ပွားခဲ့သည့် အင်အားပြင်းငလျင်ဒဏ်ကြောင့် စစ်ကိုင်းနှင့် မန္တလေးအပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် အပျက်စီးများနှင့် လူ‌ေ-သဆုံးမှု ၊ ထိခိုက်ဒဏ်ရာရမှုမြင့်မားခဲ့ပြီး ပြန်လည်ထူထောင်ရေးကို အချိန်ယူ လုပ်ဆောင်ကြရမည့်အခြေအနေဖြစ်သည်။ ငလျင်လှုပ်ခတ်ပြီးစက စတင်ကာ နိုင်ငံတကာ အကူအညီများ ဝင်ရောက်ခဲ့သလို လက်ရှိအချိန်ထိလည်း ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် အကူအညီများ ဆက်လက်ဝင်ရောက်နေဆဲဖြစ်သည်။ အမေရိကန်နိုင်ငံသည် မန္တလေးတိုင်းအပါအဝင် ငလျင်ဒဏ်သင့်ဒေသများမှ ငလျင်ဒဏ်ခံပြည်သူများအတွက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071