Sunday, April 6, 2025

ရန်ကုန်-မန္တလေး ရထားခရီးစဥ်များ ပြန်လည်ပေးဆွဲ

ယနေ့ ဧပြီ (၅)ရက်မှစတင်၍ ရန်ကုန် - နေပြည်တော် - မန္တ လေး အစုန်အဆန် ရထားခရီးစဥ်များ ပြန်လည်ပြေးဆွဲပေးပြီဖြစ်ကြောင်း ရန်ကုန်ဘူတာကြီး...

နှစ်နိုင်ငံဆက်ဆံ‌ရေးမြှင်တင်ရန်သီရိလင်္ကာသို့ သုံးရက်ကြာခရီး မိုဒီသွားပြီ

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီသည် သုံးရက်ကြာ ခရီးစဥ်အတွက် သောကြာနေ့တွင် သီရိလင်္ကာနိုင်ငံသို့ ရောက်ရှိခဲ့ကြောင်း သိရပြီး အထူးအားဖြင့် စွမ်းအင်၊ ကုန်သွယ်ရေး၊ ချိတ်ဆက်မှု၊...

ငလျင်ဒဏ်သင့် မြန်မာပြည်အတွက် အမေရိကန်က ဒေါ်လာ...

အင်အားကြီး ငလျင်ဒဏ်ကြောင့် ပျက်စီးထိခိုက်မှုများခဲ့သ ည့် မြန်မာနိုင်ငံအတွက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးအတွက် အမေရိကန်နိုင်ငံက ကန်ဒေါ်လာ (၇) သန်း ထပ်တိုးကူညီပေးသွားမည်ဖြစ်ကြောင်းသိရသည်။ မတ်လ...

ဘူတန် နှင့် မြန်မာ ဆွေးနွေးပွဲတွင်နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုများပိုတိုးတက်အောင်ဆောင်ရွက်မည်ဟုဆွေးနွေး

မြန်မာနိုင်ငံ၌ အင်အားအလွန်ပြင်းထန်သည့်ငလျင် လှုပ်ခတ်ခဲ့သည်မှာ ၆ ရက်တိုင်ရှိပြီဖြစ်သော်လည်း ဧပြီ ၃ ရက်အထိ အသက်ရှင်လျက်ကယ်ထုတ်နိုင်သူများရှိနေသေးသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က...
HomeNewsLocal Newsမြန်မာနိုင်ငံ၌ ကူညီမှုများပြုလုပ်နိုင်ရန် မလေးရှားနိုင်ငံခြားရေးဝန်ကြီး...

မြန်မာနိုင်ငံ၌ ကူညီမှုများပြုလုပ်နိုင်ရန် မလေးရှားနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံလာရောက်မည်

အလွန်ပြင်းထန်သည့်ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများပြားခဲ့သည့် မြန်မာနိုင်ငံအတွက် အကူအညီများပေးအပ်နိုင်ရေး မြေပြင်အခြေအနေများကိုကြည့်ရှုရန် မလေးရှားနိုင်ငံခြားရေးဝန်ကြီးကို မြန်မာနိုင်ငံသို့စေလွှတ်သွားမည်ဟု အာဆီယံအလှည့်အကျ ဥက္ကဋ္ဌ၊ မလေးရှားနိုင်ငံဝန်ကြီးချုပ် Dato’ Seri Haji Anwar bin Ibrahim ကပြောသည်။

၎င်းမှ ငလျင်ဒဏ်ကြုံတွေ့ခဲ့ရမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့်အခြေအနေများနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ယနေ့ မတ် ၃၀ ရက်နေ့လည်ပိုင်းက ဖုန်းဖြင့်ဆက်သွယ်ပြောကြားချိန် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မလေးရှားနိုင်ငံအနေဖြင့်လည်းကောင်း၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံအနေဖြင့်လည်းကောင်း မြန်မာနိုင်ငံတွင်ထိခိုက်ပျက်ဆီးဆုံးရှုံးမှုများအပေါ် မိမိတို့အနေဖြင့်ဝမ်းနည်းကြေကွဲရကာ ယနေ့နံနက်ပိုင်းတွင်လည်း မလေးရှားနိုင်ငံမှ ကူညီကယ်ဆယ်ရေးအဖွဲ့ကို လေယာဉ်ဖြင့်စေလွှတ်ခဲ့ပြီး မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးမှလည်း အခြား အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် ရုပ်သံအစည်းအဝေးပြုလုပ်၍ အာဆီယံအဖွဲ့ဝင်မိသားစုများကြား ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများ မည်သို့ကူညီဆောင်ရွက်ရမည်ကို ဆွေးနွေးခဲ့သည်ဟု ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံသည် မလေးရှားနိုင်ငံနှင့်ချစ်ကြည်ရင်နှီးမှုများရှိပြီးဖြစ်သည့်နိုင်ငံဖြစ်၍ မိမိတို့အနေဖြင့် ကူညီမှုများကိုအကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး မလေးရှားနိုင်ငံခြားရေးဝန်ကြီးကို မြန်မာနိုင်ငံအတွက်ပေးအပ်နိုင်မည့် အကူအညီများပေးအပ်နိုင်ရေး မြေပြင်အခြေအနေများကိုကြည်ရှုရန် မြန်မာနိုင်ငံသို့ စေလွှတ်သွားမည်ဟု ပြောကြားခဲ့သည်။

ထို့အတူ နစက ဥက္ကဋ္ဌမှလည်း မလေးရှားနိုင်ငံ၏ အကူအညီပေးမှုများကိုကျေးဇူးတင်ကာ AHA စင်တာ၏ အကူအညီပေးမှုဖြင့် ယမန်နေ့ကလည်း စက်ကာပူနိုင်ငံမှ ကယ်ဆယ်ရေးအဖွဲ့များရောက်ရှိတာ ဝန်ထမ်းဆောင်နေပြီး မိမိတို့အနေဖြင့်လည်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင် ရွက်လျက်ရှိကာ လက်ရှိအချိန်အထိ ‌ေ-သဆုံးသူ(၁၇၀၀)ဦးခန့်နှင့် ဒဏ်ရာရရှိသူ(၃၄၀၀)ဦးခန့်၊ ပျောက်ဆုံးသူ(၃၀၀)ဦးနီးပါးခန့်ရှိပြီး ‌ေ-သဆုံးသူအရေအတွက်ထပ်မံတိုးလာနိုင်သည်ဟု ပြောကြားခဲ့သည်။

” အခြေအနေပေါ်မူတည်ပြီး အပြောင်းအလဲတွေရှိနိုင်ပါတယ်။ အဓိကအားဖြင့် အခုလိုအခက်အခဲဖြစ်ပေါ်နေချိန်မှာ မလေးရှားနိုင်ငံအပါအဝင် အာဆီယံနိုင်ငံတွေက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးမှုအတွက်ကျေးဇူးတင်သလို အာဆီယံအသိုင်းအဝိုင်းကိုလည်း ကျေးဇူးတင်ပါတယ်။ မလေးရှားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကိုလာရောက်မှုအတွက်လည်း ကြိုဆိုပါတယ်”ဟု နစက ဥက္ကဋ္ဌက ပြောသည်။

ထို့အတူ မိမိတို့အနေဖြင့် အာဆီယံအသိုင်းအဝိုင်း အတွင်း မှန်ကန်သည့်စိတ်သဘောထားဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကာ ယခုကဲ့သို့ မလေးရှားနိုင်ငံအနေဖြင့်၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌအနေဖြင့် ယခုကဲ့သို့ဆက်သွယ်မေးမြန်းကူညီဆောင်ရွက်ပေးမှုသည် မြန်မာနိုင်ငံအတွက်ခွန်အားများစွာရရှိစေပြီး မိမိနှင့် မြန်မာနိုင်ငံ ပြည်သူများအနေဖြင့် များစွာကျေးဇူးတင်သည်ဟုလည်း နစက ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်-မန္တလေး ရထားခရီးစဥ်များ ပြန်လည်ပေးဆွဲ

ယနေ့ ဧပြီ (၅)ရက်မှစတင်၍ ရန်ကုန် - နေပြည်တော် - မန္တ လေး အစုန်အဆန် ရထားခရီးစဥ်များ ပြန်လည်ပြေးဆွဲပေးပြီဖြစ်ကြောင်း ရန်ကုန်ဘူတာကြီး ရုံပိုင်ချုပ် ဦးသောင်းထို က်က ပေါ်ပြူလာနယူးစ်ကို ပြောသည်။ ပြီးခဲ့သည့် မတ်လ(၂၈)ရက်က မန္တလေးနှင့် စစ်ကိုင်းမြို့တို့၌ လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် ရန်ကုန်- နေပြ ည်တော် - မန္တလေး ရထားခရီးစဥ်များကို ယာယီရပ်နားထားရာမှ ယနေ့ ပြန်လည်ပြေးဆွဲပေးခဲ့ခြင်းဖြစ် သည်။ ယနေ့ နံနက်ပိုင်းတွင် အမှတ်(၁၁)အဆန် အမြန်ရထားနှင့် အမှတ်(၇)အဆန် DEMU ရထားတို့...

နှစ်နိုင်ငံဆက်ဆံ‌ရေးမြှင်တင်ရန်သီရိလင်္ကာသို့ သုံးရက်ကြာခရီး မိုဒီသွားပြီ

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီသည် သုံးရက်ကြာ ခရီးစဥ်အတွက် သောကြာနေ့တွင် သီရိလင်္ကာနိုင်ငံသို့ ရောက်ရှိခဲ့ကြောင်း သိရပြီး အထူးအားဖြင့် စွမ်းအင်၊ ကုန်သွယ်ရေး၊ ချိတ်ဆက်မှု၊ ဒစ်ဂျစ်တယ်အသွင်ကူး‌ ပြောင်းရေးနှင့် ကာကွယ်ရေး ကဏ္ဍများတွင် နှစ်နိုင်ငံဆက်ဆံရေးကို မြှင့်တင်နိုင်မည့် နည်းလမ်းများ ကို ရှာဖွေသွားမည်ဖြစ်သည်။           ဝန်ကြီးချုပ်သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပြုလုပ်သည့် ဘင်းမ်စတက် ထိပ်သီးအစည်းအဝေးကို တက်ရောက်ခဲ့အပြီးတွင် ကိုလံဘိုမြို့တော်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။            ဝန်ကြီးချုပ် မိုဒီသည် စနေနေ့တွင် သီရိလင်္ကာသမ္မတ Anura Kumara Dissanayake နှင့် အကြောင်းအရာများစွာကို ဆွေးနွေးသွားမည်ဖြစ်သည်။          ဆွေးနွေးပွဲအပြီးတွင်...

ငလျင်ဒဏ်သင့် မြန်မာပြည်အတွက် အမေရိကန်က ဒေါ်လာ ၇ သန်း ထပ်တိုးကူညီ

အင်အားကြီး ငလျင်ဒဏ်ကြောင့် ပျက်စီးထိခိုက်မှုများခဲ့သ ည့် မြန်မာနိုင်ငံအတွက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးအတွက် အမေရိကန်နိုင်ငံက ကန်ဒေါ်လာ (၇) သန်း ထပ်တိုးကူညီပေးသွားမည်ဖြစ်ကြောင်းသိရသည်။ မတ်လ (၂၈) ရက်က ဖြစ်ပွားခဲ့သည့် အင်အားပြင်းငလျင်ဒဏ်ကြောင့် စစ်ကိုင်းနှင့် မန္တလေးအပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် အပျက်စီးများနှင့် လူ‌ေ-သဆုံးမှု ၊ ထိခိုက်ဒဏ်ရာရမှုမြင့်မားခဲ့ပြီး ပြန်လည်ထူထောင်ရေးကို အချိန်ယူ လုပ်ဆောင်ကြရမည့်အခြေအနေဖြစ်သည်။ ငလျင်လှုပ်ခတ်ပြီးစက စတင်ကာ နိုင်ငံတကာ အကူအညီများ ဝင်ရောက်ခဲ့သလို လက်ရှိအချိန်ထိလည်း ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် အကူအညီများ ဆက်လက်ဝင်ရောက်နေဆဲဖြစ်သည်။ အမေရိကန်နိုင်ငံသည် မန္တလေးတိုင်းအပါအဝင် ငလျင်ဒဏ်သင့်ဒေသများမှ ငလျင်ဒဏ်ခံပြည်သူများအတွက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071