Sunday, April 6, 2025

ရန်ကုန်-မန္တလေး ရထားခရီးစဥ်များ ပြန်လည်ပေးဆွဲ

ယနေ့ ဧပြီ (၅)ရက်မှစတင်၍ ရန်ကုန် - နေပြည်တော် - မန္တ လေး အစုန်အဆန် ရထားခရီးစဥ်များ ပြန်လည်ပြေးဆွဲပေးပြီဖြစ်ကြောင်း ရန်ကုန်ဘူတာကြီး...

နှစ်နိုင်ငံဆက်ဆံ‌ရေးမြှင်တင်ရန်သီရိလင်္ကာသို့ သုံးရက်ကြာခရီး မိုဒီသွားပြီ

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီသည် သုံးရက်ကြာ ခရီးစဥ်အတွက် သောကြာနေ့တွင် သီရိလင်္ကာနိုင်ငံသို့ ရောက်ရှိခဲ့ကြောင်း သိရပြီး အထူးအားဖြင့် စွမ်းအင်၊ ကုန်သွယ်ရေး၊ ချိတ်ဆက်မှု၊...

ငလျင်ဒဏ်သင့် မြန်မာပြည်အတွက် အမေရိကန်က ဒေါ်လာ...

အင်အားကြီး ငလျင်ဒဏ်ကြောင့် ပျက်စီးထိခိုက်မှုများခဲ့သ ည့် မြန်မာနိုင်ငံအတွက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးအတွက် အမေရိကန်နိုင်ငံက ကန်ဒေါ်လာ (၇) သန်း ထပ်တိုးကူညီပေးသွားမည်ဖြစ်ကြောင်းသိရသည်။ မတ်လ...

ဘူတန် နှင့် မြန်မာ ဆွေးနွေးပွဲတွင်နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုများပိုတိုးတက်အောင်ဆောင်ရွက်မည်ဟုဆွေးနွေး

မြန်မာနိုင်ငံ၌ အင်အားအလွန်ပြင်းထန်သည့်ငလျင် လှုပ်ခတ်ခဲ့သည်မှာ ၆ ရက်တိုင်ရှိပြီဖြစ်သော်လည်း ဧပြီ ၃ ရက်အထိ အသက်ရှင်လျက်ကယ်ထုတ်နိုင်သူများရှိနေသေးသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က...
HomeNewsLocal Newsပြည်တွင်း ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသည့်...

ပြည်တွင်း ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသည့် ဓာတ်အားလိုင်းများနှင့် တာဝါတိုင်များ နေ့/ည မနားတမ်းပြုပြင်နေ

ထို လုပ်ငန်းများပြီးစီးပါက ရဲရွာစက်ရုံ၊ ပေါင်းလောင်းစက်ရုံအပါအဝင် ရေအားလျှပ်စစ်စက်ရုံများ ဓာတ်အားပေးရန်အသင့် ဖြစ်နေဟု ဆို

ပြည်တွင်း ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသည့် ဓာတ်အားလိုင်းများနှင့် တာဝါတိုင်များကို လျပ်စစ်ဝန်ကြီးဌာနလက်အောက်ရှိ ဝန်ထမ်းများမှ နေ့/ညမနားတမ်း ပြုပြင်နေကြရကြောင်းနှင့် ထို လုပ်ငန်းစဉ်များပြီးစီးပါက ရဲရွာစက်ရုံ၊ ပေါင်းလောင်းစက်ရုံအပါအဝင် ရေအားလျှပ်စစ်စက်ရုံများ ဓာတ်အားပေးရန်အသင့်ရှိနေပြီဖြစ်သည်ဟု ယနေ့ မတ်လ (၃၀)ရက်၌ ဟိုပင် လျှပ်စစ်ဓာတ်အားပေးဌာနက အသိပေးထားသည်။

ယခုဖြစ်ပွားခဲ့သည့် စစ်ကိုင်းငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းအပါအဝင်၊ မန္တလေးမြို့တို့တွင် ငလျင်ဒဏ်အပြင်းထန်ဆုံးခံစားကြရပြီး၊ အဆိုပါငလျင်ကြောင့် နိုင်ငံတော်က လျှပ်စစ်ဓာတ်အားပေးရန် ဖြန့်ကျက်တည်ဆောက်ထားသည့် နိုင်ငံတော်ဓာတ်အားစနစ် Nation Grid ကြီးပြိုလဲ (System breakdown) သွားရကြောင်း အသိပေးရှင်းလင်းချက်တွင်ဖော်ပြထားသည်။

ထို့ကြောင့် ဓာတ်အားသယ်ယူပို့ဆောင်ပေးနေသည့် ဗို့အားမြင့် ဓာတ်အားလိုင်းများ ပျက်စီးခြင်း၊ Transmission Tower များကျိုးကျခြင်း၊ ပင်မဓာတ်အားခွဲရုံကြီးများမှ Main Transformer ကြီးများ ၊ Switchbay accessories များပျက်စီးချို့ယွင်းနိုင်ပြီး၊ တချို့ Transmission Line များ ကြိုးပြတ်ကျခြင်းများရှိနိုင်သည်ဟု ဆိုသည်။

လက်ရှိတွင် ငလျင်ကြောင့် ပြိုကျပျက်စီးသွားသည့် မြို့ရွာများအတွင်း ဖြန့်ဖြူးရေးဓာတ်အားလိုင်းများ၊ ထရန်စဖော်မာများစစ်ဆေးရသည့်လုပ်ငန်းစဉ်များရှိနေကြောင်းနှင့် တချို့ တိုက်တာအဆောက်အဦများ ပြိုကျကာ မီးကြိုးများ ဓာတ်တိုင်များ၊ ထရန်စဖော်မာများကို ပိမိနေစဉ် ဓာတ်အားဖြန့်ဖြူးလိုက်မည်ဆိုပါက Short circuit တွေဖြစ်နိုင်ကြောင်း အသိ ပေးထားသည်။

ယခုအချိန်တွင် သေချာစိစစ်ခြင်းများမပြုလုပ်ဘဲ ဓာတ်အားဖြန့်ဖြူးလိုက်မည်ဆိုပါက ဓာတ်လိုက်မှုအန္တရာယ်များ ကြုံတွေ့နိုင်သလို ကယ်ဆယ်ရေးလုပ်ဆောင်နေသူများ၊ ကယ်ဆယ်ရေးလုပ်သည့် ယာဉ်ယန္တရားများအတွက် အန္တရာယ်ရှိနိုင်ကြောင်း ဆိုထားသည်။

ထို့အပြင် အပျက်အစီးများအကြား ပိတ်မိ /ပိမိနေကာ ကယ်ဆယ်ရေးအလာစောင့်မျှော်နေကြသည့် အသက်ရှင်ကျန်သူများအတွက် အန္တရာယ်ရှိနိုင်သည့်အတွက် ဖြန့်ဖြူးရေးလိုင်းများထရန်စဖော်မာများ စစ်ဆေးပြီးမှသာ လျှပ်စစ် ဓာတ်အား လွှတ်သင့်သည့်အပိုင်း မလွှတ်သင့်သည့်အပိုင်းများ ခွဲခြားစိစစ်၍ လွှတ်ပေးရခြင်းဖြစ်သည်ဟု အသိပေးထားသည်။

ယင်းသို့သော လုပ်ငန်းစဉ်များကြောင့်တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လျှပ်စစ် မီးများမရနေသေးခြင်းဖြစ်သည်ဟုလည်း အသိပေးချက်‌တွင်ဖော်ပြထား သည်။

ဓာတ်ပုံ- Hopin Ese

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်-မန္တလေး ရထားခရီးစဥ်များ ပြန်လည်ပေးဆွဲ

ယနေ့ ဧပြီ (၅)ရက်မှစတင်၍ ရန်ကုန် - နေပြည်တော် - မန္တ လေး အစုန်အဆန် ရထားခရီးစဥ်များ ပြန်လည်ပြေးဆွဲပေးပြီဖြစ်ကြောင်း ရန်ကုန်ဘူတာကြီး ရုံပိုင်ချုပ် ဦးသောင်းထို က်က ပေါ်ပြူလာနယူးစ်ကို ပြောသည်။ ပြီးခဲ့သည့် မတ်လ(၂၈)ရက်က မန္တလေးနှင့် စစ်ကိုင်းမြို့တို့၌ လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် ရန်ကုန်- နေပြ ည်တော် - မန္တလေး ရထားခရီးစဥ်များကို ယာယီရပ်နားထားရာမှ ယနေ့ ပြန်လည်ပြေးဆွဲပေးခဲ့ခြင်းဖြစ် သည်။ ယနေ့ နံနက်ပိုင်းတွင် အမှတ်(၁၁)အဆန် အမြန်ရထားနှင့် အမှတ်(၇)အဆန် DEMU ရထားတို့...

နှစ်နိုင်ငံဆက်ဆံ‌ရေးမြှင်တင်ရန်သီရိလင်္ကာသို့ သုံးရက်ကြာခရီး မိုဒီသွားပြီ

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီသည် သုံးရက်ကြာ ခရီးစဥ်အတွက် သောကြာနေ့တွင် သီရိလင်္ကာနိုင်ငံသို့ ရောက်ရှိခဲ့ကြောင်း သိရပြီး အထူးအားဖြင့် စွမ်းအင်၊ ကုန်သွယ်ရေး၊ ချိတ်ဆက်မှု၊ ဒစ်ဂျစ်တယ်အသွင်ကူး‌ ပြောင်းရေးနှင့် ကာကွယ်ရေး ကဏ္ဍများတွင် နှစ်နိုင်ငံဆက်ဆံရေးကို မြှင့်တင်နိုင်မည့် နည်းလမ်းများ ကို ရှာဖွေသွားမည်ဖြစ်သည်။           ဝန်ကြီးချုပ်သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပြုလုပ်သည့် ဘင်းမ်စတက် ထိပ်သီးအစည်းအဝေးကို တက်ရောက်ခဲ့အပြီးတွင် ကိုလံဘိုမြို့တော်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။            ဝန်ကြီးချုပ် မိုဒီသည် စနေနေ့တွင် သီရိလင်္ကာသမ္မတ Anura Kumara Dissanayake နှင့် အကြောင်းအရာများစွာကို ဆွေးနွေးသွားမည်ဖြစ်သည်။          ဆွေးနွေးပွဲအပြီးတွင်...

ငလျင်ဒဏ်သင့် မြန်မာပြည်အတွက် အမေရိကန်က ဒေါ်လာ ၇ သန်း ထပ်တိုးကူညီ

အင်အားကြီး ငလျင်ဒဏ်ကြောင့် ပျက်စီးထိခိုက်မှုများခဲ့သ ည့် မြန်မာနိုင်ငံအတွက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးအတွက် အမေရိကန်နိုင်ငံက ကန်ဒေါ်လာ (၇) သန်း ထပ်တိုးကူညီပေးသွားမည်ဖြစ်ကြောင်းသိရသည်။ မတ်လ (၂၈) ရက်က ဖြစ်ပွားခဲ့သည့် အင်အားပြင်းငလျင်ဒဏ်ကြောင့် စစ်ကိုင်းနှင့် မန္တလေးအပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် အပျက်စီးများနှင့် လူ‌ေ-သဆုံးမှု ၊ ထိခိုက်ဒဏ်ရာရမှုမြင့်မားခဲ့ပြီး ပြန်လည်ထူထောင်ရေးကို အချိန်ယူ လုပ်ဆောင်ကြရမည့်အခြေအနေဖြစ်သည်။ ငလျင်လှုပ်ခတ်ပြီးစက စတင်ကာ နိုင်ငံတကာ အကူအညီများ ဝင်ရောက်ခဲ့သလို လက်ရှိအချိန်ထိလည်း ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် အကူအညီများ ဆက်လက်ဝင်ရောက်နေဆဲဖြစ်သည်။ အမေရိကန်နိုင်ငံသည် မန္တလေးတိုင်းအပါအဝင် ငလျင်ဒဏ်သင့်ဒေသများမှ ငလျင်ဒဏ်ခံပြည်သူများအတွက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071