Sunday, April 6, 2025

ရန်ကုန်-မန္တလေး ရထားခရီးစဥ်များ ပြန်လည်ပေးဆွဲ

ယနေ့ ဧပြီ (၅)ရက်မှစတင်၍ ရန်ကုန် - နေပြည်တော် - မန္တ လေး အစုန်အဆန် ရထားခရီးစဥ်များ ပြန်လည်ပြေးဆွဲပေးပြီဖြစ်ကြောင်း ရန်ကုန်ဘူတာကြီး...

နှစ်နိုင်ငံဆက်ဆံ‌ရေးမြှင်တင်ရန်သီရိလင်္ကာသို့ သုံးရက်ကြာခရီး မိုဒီသွားပြီ

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီသည် သုံးရက်ကြာ ခရီးစဥ်အတွက် သောကြာနေ့တွင် သီရိလင်္ကာနိုင်ငံသို့ ရောက်ရှိခဲ့ကြောင်း သိရပြီး အထူးအားဖြင့် စွမ်းအင်၊ ကုန်သွယ်ရေး၊ ချိတ်ဆက်မှု၊...

ငလျင်ဒဏ်သင့် မြန်မာပြည်အတွက် အမေရိကန်က ဒေါ်လာ...

အင်အားကြီး ငလျင်ဒဏ်ကြောင့် ပျက်စီးထိခိုက်မှုများခဲ့သ ည့် မြန်မာနိုင်ငံအတွက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးအတွက် အမေရိကန်နိုင်ငံက ကန်ဒေါ်လာ (၇) သန်း ထပ်တိုးကူညီပေးသွားမည်ဖြစ်ကြောင်းသိရသည်။ မတ်လ...

ဘူတန် နှင့် မြန်မာ ဆွေးနွေးပွဲတွင်နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုများပိုတိုးတက်အောင်ဆောင်ရွက်မည်ဟုဆွေးနွေး

မြန်မာနိုင်ငံ၌ အင်အားအလွန်ပြင်းထန်သည့်ငလျင် လှုပ်ခတ်ခဲ့သည်မှာ ၆ ရက်တိုင်ရှိပြီဖြစ်သော်လည်း ဧပြီ ၃ ရက်အထိ အသက်ရှင်လျက်ကယ်ထုတ်နိုင်သူများရှိနေသေးသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က...
HomeNewsLocal Newsစက်သုံးဆီများ အရေးပေါ်လိုအပ်ပါကချက်ခြင်းဖြန့်ဖြူးပေးနိုင်ရန် စီမံဆောင်ရွက်ထားနေပြည်တော်နှင့်...

စက်သုံးဆီများ အရေးပေါ်လိုအပ်ပါကချက်ခြင်းဖြန့်ဖြူးပေးနိုင်ရန် စီမံဆောင်ရွက်ထားနေပြည်တော်နှင့် မန္တလေးတိုင်း၌ (၂၅၄)ဆိုင်ဖွင့်လှစ်ရောင်းချပေးနေ

အလွန်ပြင်းထန်သည့် ငလျင်ဒဏ်ကြောင့် စက်သုံးဆီများ အရေးပေါ်လိုအပ်ပါကချက်ခြင်းဖြန့်ဖြူးပေးနိုင်ရန် စီမံဆောင်ရွက်ထားကာ ပျက်စီးမှုများပြားသည့် နေပြည်တော်နှင့် မန္တလေးတိုင်းတို့၌ စက်သုံးဆီအရောင်းဆိုင်(၂၅၄)ဆိုင်ဖွင့်လှစ်ရောင်းချပေးလျက်ရှိသည်ဟု စွမ်းအင်ဝန်ကြီးဌာနက အသိပေးခဲ့သည်။

နေပြည်တော်နှင့် မန္တလေးတိုင်းတို့အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့ရှိ စက်သုံးဆီအရောင်းဆိုင်အချို့တွင် အဆောက်အဦများပြိုကျပျက်စီးခြင်း၊ မြေအောက်သိုလှောင်ကန်များအပါအဝင် ဆီပန့်နှင့်ဆက်သွယ်ထားသော မြေအောက်ဆီပိုက်လိုင်းများ ပျက်စီးချို့ယွင်းခြင်း၊ စက်သုံးဆီဖြန့်ဖြူးရာတွင်အသုံးပြုသည့် မီးစက်အချို့ပျက်စီးချို့ယွင်းခဲ့ကာ လျှပ်စစ်မီးလိုင်းများပြတ်တောက်မှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် တာဝန်ရှိသူများက ပြန်လည်ပြင်ဆင်မှုများပြုလုပ်ခဲ့ကြသဖြင့် နေပြည်တော်၌ စက်သုံးဆီအရောင်းဆိုင်(၁၀၅)ဆိုင်အနက် အရောင်းဆိုင်(၉၀)ခန့်၊ မန္တလေးတိုင်းစည်ပင်နယ်နမိတ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်(၁၆၄)ဆိုင်တို့အား ပြန်လည်ဖွင့်လှစ်ရောင်းချပေးလျက်ရှိကာ ကျန်ရှိသည့် စက်သုံးဆီအရောင်းဆိုင်များကိုလည်း ပြင်ဆင်မှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် စွမ်းအင်ဝန်ကြီးဌာနမှ ပြည်တွင်းစက်သုံးဆီဖူလုံမှုရှိစေရန်ကြိုတင်စီမံထားမှုအရ သီလဝါသို လှောင်ကန်စခန်းများတွင် ရက်သတ္တပတ်(၁)ပတ်စာခန့်သိုလှောင်ထားပြီး ဆီတင်သင်္ဘောများသည် Jetty များတွင်(၄)စီး၊ ပင်လယ်ဝတွင်(၃)စီး၊ လမ်း ခရီးတွင်(၃)စီးနှင့် ပြည်ပနိုင်ငံများတွင် စက်သုံးဆီ တင်ဆောင်နေသည့်သင်္ဘော(၁၁)စီးရှိနေ၍ စက်သုံးဆီပြတ်လပ်မှုဖြစ်ပေါ်နိုင်မည်မဟုတ်ဘဲ ပုံမှန်ဖြန့် ဖြူးမှုများအပြင် အရေးပေါ်လိုအပ်ပါကချက်ခြင်းဖြန့်ဖြူးပေးနိုင်ရန် စီမံဆောင်ရွက်ထားကြောင်း သိရသည်။

ထို့အတူ ရန်ကုန်တိုင်းရှိ စက်သုံးဆီအရောင်းဆိုင်များမှာ ငလျင်ဒဏ်ကြောင့်ပျက်စီးချို့ယွင်းမှုမျှမရှိသဖြင့် ပုံမှန်အတိုင်းဖြန့်ဖြူးရောင်းချလျက်ရှိ၍ ပြည်သူများအနေဖြင့် လတ်တလောအခြေအနေကြောင့် စက်သုံးဆီပြတ်လပ်မှုဖြစ်ပေါ်မည်ဟု စိုးရိမ်စိတ်ဖြင့် မလိုအပ်ဘဲတန်းစီဝယ်ယူခြင်း၊ အပိုသိုလှောင်ထားခြင်း မပြုလုပ်ကြပါရန်နှင့် လိုအပ်သလောက်သာဝယ်ယူသုံးစွဲကြရန် စွမ်းအင်ဝန်ကြီးဌာနက အသိပေးနှိုးဆော်ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်-မန္တလေး ရထားခရီးစဥ်များ ပြန်လည်ပေးဆွဲ

ယနေ့ ဧပြီ (၅)ရက်မှစတင်၍ ရန်ကုန် - နေပြည်တော် - မန္တ လေး အစုန်အဆန် ရထားခရီးစဥ်များ ပြန်လည်ပြေးဆွဲပေးပြီဖြစ်ကြောင်း ရန်ကုန်ဘူတာကြီး ရုံပိုင်ချုပ် ဦးသောင်းထို က်က ပေါ်ပြူလာနယူးစ်ကို ပြောသည်။ ပြီးခဲ့သည့် မတ်လ(၂၈)ရက်က မန္တလေးနှင့် စစ်ကိုင်းမြို့တို့၌ လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် ရန်ကုန်- နေပြ ည်တော် - မန္တလေး ရထားခရီးစဥ်များကို ယာယီရပ်နားထားရာမှ ယနေ့ ပြန်လည်ပြေးဆွဲပေးခဲ့ခြင်းဖြစ် သည်။ ယနေ့ နံနက်ပိုင်းတွင် အမှတ်(၁၁)အဆန် အမြန်ရထားနှင့် အမှတ်(၇)အဆန် DEMU ရထားတို့...

နှစ်နိုင်ငံဆက်ဆံ‌ရေးမြှင်တင်ရန်သီရိလင်္ကာသို့ သုံးရက်ကြာခရီး မိုဒီသွားပြီ

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီသည် သုံးရက်ကြာ ခရီးစဥ်အတွက် သောကြာနေ့တွင် သီရိလင်္ကာနိုင်ငံသို့ ရောက်ရှိခဲ့ကြောင်း သိရပြီး အထူးအားဖြင့် စွမ်းအင်၊ ကုန်သွယ်ရေး၊ ချိတ်ဆက်မှု၊ ဒစ်ဂျစ်တယ်အသွင်ကူး‌ ပြောင်းရေးနှင့် ကာကွယ်ရေး ကဏ္ဍများတွင် နှစ်နိုင်ငံဆက်ဆံရေးကို မြှင့်တင်နိုင်မည့် နည်းလမ်းများ ကို ရှာဖွေသွားမည်ဖြစ်သည်။           ဝန်ကြီးချုပ်သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပြုလုပ်သည့် ဘင်းမ်စတက် ထိပ်သီးအစည်းအဝေးကို တက်ရောက်ခဲ့အပြီးတွင် ကိုလံဘိုမြို့တော်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။            ဝန်ကြီးချုပ် မိုဒီသည် စနေနေ့တွင် သီရိလင်္ကာသမ္မတ Anura Kumara Dissanayake နှင့် အကြောင်းအရာများစွာကို ဆွေးနွေးသွားမည်ဖြစ်သည်။          ဆွေးနွေးပွဲအပြီးတွင်...

ငလျင်ဒဏ်သင့် မြန်မာပြည်အတွက် အမေရိကန်က ဒေါ်လာ ၇ သန်း ထပ်တိုးကူညီ

အင်အားကြီး ငလျင်ဒဏ်ကြောင့် ပျက်စီးထိခိုက်မှုများခဲ့သ ည့် မြန်မာနိုင်ငံအတွက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးအတွက် အမေရိကန်နိုင်ငံက ကန်ဒေါ်လာ (၇) သန်း ထပ်တိုးကူညီပေးသွားမည်ဖြစ်ကြောင်းသိရသည်။ မတ်လ (၂၈) ရက်က ဖြစ်ပွားခဲ့သည့် အင်အားပြင်းငလျင်ဒဏ်ကြောင့် စစ်ကိုင်းနှင့် မန္တလေးအပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် အပျက်စီးများနှင့် လူ‌ေ-သဆုံးမှု ၊ ထိခိုက်ဒဏ်ရာရမှုမြင့်မားခဲ့ပြီး ပြန်လည်ထူထောင်ရေးကို အချိန်ယူ လုပ်ဆောင်ကြရမည့်အခြေအနေဖြစ်သည်။ ငလျင်လှုပ်ခတ်ပြီးစက စတင်ကာ နိုင်ငံတကာ အကူအညီများ ဝင်ရောက်ခဲ့သလို လက်ရှိအချိန်ထိလည်း ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် အကူအညီများ ဆက်လက်ဝင်ရောက်နေဆဲဖြစ်သည်။ အမေရိကန်နိုင်ငံသည် မန္တလေးတိုင်းအပါအဝင် ငလျင်ဒဏ်သင့်ဒေသများမှ ငလျင်ဒဏ်ခံပြည်သူများအတွက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071