Sunday, April 6, 2025

ရန်ကုန်-မန္တလေး ရထားခရီးစဥ်များ ပြန်လည်ပေးဆွဲ

ယနေ့ ဧပြီ (၅)ရက်မှစတင်၍ ရန်ကုန် - နေပြည်တော် - မန္တ လေး အစုန်အဆန် ရထားခရီးစဥ်များ ပြန်လည်ပြေးဆွဲပေးပြီဖြစ်ကြောင်း ရန်ကုန်ဘူတာကြီး...

နှစ်နိုင်ငံဆက်ဆံ‌ရေးမြှင်တင်ရန်သီရိလင်္ကာသို့ သုံးရက်ကြာခရီး မိုဒီသွားပြီ

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီသည် သုံးရက်ကြာ ခရီးစဥ်အတွက် သောကြာနေ့တွင် သီရိလင်္ကာနိုင်ငံသို့ ရောက်ရှိခဲ့ကြောင်း သိရပြီး အထူးအားဖြင့် စွမ်းအင်၊ ကုန်သွယ်ရေး၊ ချိတ်ဆက်မှု၊...

ငလျင်ဒဏ်သင့် မြန်မာပြည်အတွက် အမေရိကန်က ဒေါ်လာ...

အင်အားကြီး ငလျင်ဒဏ်ကြောင့် ပျက်စီးထိခိုက်မှုများခဲ့သ ည့် မြန်မာနိုင်ငံအတွက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးအတွက် အမေရိကန်နိုင်ငံက ကန်ဒေါ်လာ (၇) သန်း ထပ်တိုးကူညီပေးသွားမည်ဖြစ်ကြောင်းသိရသည်။ မတ်လ...

ဘူတန် နှင့် မြန်မာ ဆွေးနွေးပွဲတွင်နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုများပိုတိုးတက်အောင်ဆောင်ရွက်မည်ဟုဆွေးနွေး

မြန်မာနိုင်ငံ၌ အင်အားအလွန်ပြင်းထန်သည့်ငလျင် လှုပ်ခတ်ခဲ့သည်မှာ ၆ ရက်တိုင်ရှိပြီဖြစ်သော်လည်း ဧပြီ ၃ ရက်အထိ အသက်ရှင်လျက်ကယ်ထုတ်နိုင်သူများရှိနေသေးသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က...
HomeNewsLocal Newsလျှပ်စစ်ဓာတ်အားအမြန်ဆုံးပြန်လည်ရရှိရန် လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်း(၁၀၀၀)ဦးကျော်ဖြင့်ဆောင်ရွက်လျက်ရှိ

လျှပ်စစ်ဓာတ်အားအမြန်ဆုံးပြန်လည်ရရှိရန် လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်း(၁၀၀၀)ဦးကျော်ဖြင့်ဆောင်ရွက်လျက်ရှိ

နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ်အများစု၌ မတ် ၂၈ ရက်မွန်းတည့်ပိုင်းကလှုပ်ခတ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သော ငလျင်ဒဏ်ကြောင့် ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများ၊ ထရန်စဖော်မာများနှင့် ဆက်စပ်ပစ္စည်းများပျက်စီးချို့ယွင်းမှုများဖြစ်ပေါ်ခဲ့ပြီး လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများဖြစ်ပေါ်လျက်ရှိသည်ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက အသိပေးခဲ့သည်။

ထိုသို့ ပျက်စီးချို့ယွင်းမှုဖြစ်ပေါ်ခဲ့မှုများအနက် နေပြည်တော်ရှိ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးလိုင်းများနှင့် ပင်မဓာတ်အားခွဲရုံပျက်စီးခဲ့မှုများကို လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်း(၁၃၄)ဦး၊ ဓာတ်အားဖြန့်ဖြူးရေးလိုင်းများနှင့် ဓာတ်အားခွဲရုံများ ပြန်လည်ပြုပြင်နိုင်ရန် နေပြည်တော်ရှိ လျှပ်စစ် ကျွမ်းကျင်ဝန်ထမ်းများအပြင် ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် မကွေးတိုင်းတို့မှ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်း (၄၂၆)ဦး(စုစုပေါင်းဝန်ထမ်းအင်အား ၅၆၀ ဦး)တို့ဖြင့် ဓာတ်အားအမြန်ပို့လွှတ်ဖြန့်ဖြူးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ဟု အသိပေးခဲ့သည်။

ထို့အတူ မန္တလေးတိုင်းအတွင်း ပျက်စီးမှုများအား အမြန်ဆုံးပြင်ဆင်နိုင်ရန် မန္တလေးတိုင်းအတွင်းရှိ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများအပြင် ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်း(၅၄၅)ဦးတို့ဖြင့် ဓာတ်အားအမြန်ပို့လွှတ်ဖြန့်ဖြူးနိုင်ရေးအတွက် ပြန်လည်ပြင် ဆင်တည်ဆောက်မှုများပြုလုပ်လျက်ရှိသည်ဟု အသိပေးခဲ့သည်။

ထိုသို့ ဆောင်ရွက်လျက်ရှိခြင်းအား နေပြည်တော်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မန္တလေးတိုင်းတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒု-ဝန်ကြီးတို့ဦးစီး၍ စီမံဆောင်ရွက်လျက်ရှိသည်ဟုလည်း အသိပေးခဲ့သည်။

ထို့ကြောင့် လက်ရှိအချိန်၌ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများဖြစ်ပေါ်လျက်ရှိနေခြင်းကို ပြည်သူ များအနေဖြင့် နားလည်ပေးပါရန်လည်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက အသိပေးခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်-မန္တလေး ရထားခရီးစဥ်များ ပြန်လည်ပေးဆွဲ

ယနေ့ ဧပြီ (၅)ရက်မှစတင်၍ ရန်ကုန် - နေပြည်တော် - မန္တ လေး အစုန်အဆန် ရထားခရီးစဥ်များ ပြန်လည်ပြေးဆွဲပေးပြီဖြစ်ကြောင်း ရန်ကုန်ဘူတာကြီး ရုံပိုင်ချုပ် ဦးသောင်းထို က်က ပေါ်ပြူလာနယူးစ်ကို ပြောသည်။ ပြီးခဲ့သည့် မတ်လ(၂၈)ရက်က မန္တလေးနှင့် စစ်ကိုင်းမြို့တို့၌ လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် ရန်ကုန်- နေပြ ည်တော် - မန္တလေး ရထားခရီးစဥ်များကို ယာယီရပ်နားထားရာမှ ယနေ့ ပြန်လည်ပြေးဆွဲပေးခဲ့ခြင်းဖြစ် သည်။ ယနေ့ နံနက်ပိုင်းတွင် အမှတ်(၁၁)အဆန် အမြန်ရထားနှင့် အမှတ်(၇)အဆန် DEMU ရထားတို့...

နှစ်နိုင်ငံဆက်ဆံ‌ရေးမြှင်တင်ရန်သီရိလင်္ကာသို့ သုံးရက်ကြာခရီး မိုဒီသွားပြီ

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီသည် သုံးရက်ကြာ ခရီးစဥ်အတွက် သောကြာနေ့တွင် သီရိလင်္ကာနိုင်ငံသို့ ရောက်ရှိခဲ့ကြောင်း သိရပြီး အထူးအားဖြင့် စွမ်းအင်၊ ကုန်သွယ်ရေး၊ ချိတ်ဆက်မှု၊ ဒစ်ဂျစ်တယ်အသွင်ကူး‌ ပြောင်းရေးနှင့် ကာကွယ်ရေး ကဏ္ဍများတွင် နှစ်နိုင်ငံဆက်ဆံရေးကို မြှင့်တင်နိုင်မည့် နည်းလမ်းများ ကို ရှာဖွေသွားမည်ဖြစ်သည်။           ဝန်ကြီးချုပ်သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပြုလုပ်သည့် ဘင်းမ်စတက် ထိပ်သီးအစည်းအဝေးကို တက်ရောက်ခဲ့အပြီးတွင် ကိုလံဘိုမြို့တော်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။            ဝန်ကြီးချုပ် မိုဒီသည် စနေနေ့တွင် သီရိလင်္ကာသမ္မတ Anura Kumara Dissanayake နှင့် အကြောင်းအရာများစွာကို ဆွေးနွေးသွားမည်ဖြစ်သည်။          ဆွေးနွေးပွဲအပြီးတွင်...

ငလျင်ဒဏ်သင့် မြန်မာပြည်အတွက် အမေရိကန်က ဒေါ်လာ ၇ သန်း ထပ်တိုးကူညီ

အင်အားကြီး ငလျင်ဒဏ်ကြောင့် ပျက်စီးထိခိုက်မှုများခဲ့သ ည့် မြန်မာနိုင်ငံအတွက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးအတွက် အမေရိကန်နိုင်ငံက ကန်ဒေါ်လာ (၇) သန်း ထပ်တိုးကူညီပေးသွားမည်ဖြစ်ကြောင်းသိရသည်။ မတ်လ (၂၈) ရက်က ဖြစ်ပွားခဲ့သည့် အင်အားပြင်းငလျင်ဒဏ်ကြောင့် စစ်ကိုင်းနှင့် မန္တလေးအပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် အပျက်စီးများနှင့် လူ‌ေ-သဆုံးမှု ၊ ထိခိုက်ဒဏ်ရာရမှုမြင့်မားခဲ့ပြီး ပြန်လည်ထူထောင်ရေးကို အချိန်ယူ လုပ်ဆောင်ကြရမည့်အခြေအနေဖြစ်သည်။ ငလျင်လှုပ်ခတ်ပြီးစက စတင်ကာ နိုင်ငံတကာ အကူအညီများ ဝင်ရောက်ခဲ့သလို လက်ရှိအချိန်ထိလည်း ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် အကူအညီများ ဆက်လက်ဝင်ရောက်နေဆဲဖြစ်သည်။ အမေရိကန်နိုင်ငံသည် မန္တလေးတိုင်းအပါအဝင် ငလျင်ဒဏ်သင့်ဒေသများမှ ငလျင်ဒဏ်ခံပြည်သူများအတွက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071