Sunday, April 6, 2025

ရန်ကုန်-မန္တလေး ရထားခရီးစဥ်များ ပြန်လည်ပေးဆွဲ

ယနေ့ ဧပြီ (၅)ရက်မှစတင်၍ ရန်ကုန် - နေပြည်တော် - မန္တ လေး အစုန်အဆန် ရထားခရီးစဥ်များ ပြန်လည်ပြေးဆွဲပေးပြီဖြစ်ကြောင်း ရန်ကုန်ဘူတာကြီး...

နှစ်နိုင်ငံဆက်ဆံ‌ရေးမြှင်တင်ရန်သီရိလင်္ကာသို့ သုံးရက်ကြာခရီး မိုဒီသွားပြီ

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီသည် သုံးရက်ကြာ ခရီးစဥ်အတွက် သောကြာနေ့တွင် သီရိလင်္ကာနိုင်ငံသို့ ရောက်ရှိခဲ့ကြောင်း သိရပြီး အထူးအားဖြင့် စွမ်းအင်၊ ကုန်သွယ်ရေး၊ ချိတ်ဆက်မှု၊...

ငလျင်ဒဏ်သင့် မြန်မာပြည်အတွက် အမေရိကန်က ဒေါ်လာ...

အင်အားကြီး ငလျင်ဒဏ်ကြောင့် ပျက်စီးထိခိုက်မှုများခဲ့သ ည့် မြန်မာနိုင်ငံအတွက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးအတွက် အမေရိကန်နိုင်ငံက ကန်ဒေါ်လာ (၇) သန်း ထပ်တိုးကူညီပေးသွားမည်ဖြစ်ကြောင်းသိရသည်။ မတ်လ...

ဘူတန် နှင့် မြန်မာ ဆွေးနွေးပွဲတွင်နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုများပိုတိုးတက်အောင်ဆောင်ရွက်မည်ဟုဆွေးနွေး

မြန်မာနိုင်ငံ၌ အင်အားအလွန်ပြင်းထန်သည့်ငလျင် လှုပ်ခတ်ခဲ့သည်မှာ ၆ ရက်တိုင်ရှိပြီဖြစ်သော်လည်း ဧပြီ ၃ ရက်အထိ အသက်ရှင်လျက်ကယ်ထုတ်နိုင်သူများရှိနေသေးသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က...
HomeNewsLocal Newsနိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက်ကို တစ်နိုင်ငံလုံးအတိုင်းအတာလှုပ်ရှားမှုအဖြစ်...

နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက်ကို တစ်နိုင်ငံလုံးအတိုင်းအတာလှုပ်ရှားမှုအဖြစ် မနက်ဖြန် ဧပြီ ၁ ရက်တွင်ပြုလုပ်မည်

နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက်ကို တစ်နိုင်ငံလုံးအတိုင်းအတာလှုပ်ရှားမှုအဖြစ် မနက်ဖြန် ဧပြီ ၁ ရက်မွန်းတည့် ၁၂ နာရီ ၅၁ မိနစ် ၂ စက္ကန့်တွင်ပြုလုပ်သွားမည်ဟု နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သိရသည်။

ထိုသို့ ပြုလုပ်ရာ၌ နိုင်ငံတော်အလံအား တိုင်ဝက်လျှော့ချ၍ လွှင့်ထူထားသောအလံတိုင်ရှေ့(သို့) သင့်လျော်ရာနေရာ()ပြုလုပ်နေသည့်အခမ်းအနားများ၌ ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တစ်မိနစ်ငြိမ်သက်၍ ဦးညွတ်ဂါရဝပြုခြင်း၊ လှုပ်ရှားသွားလာနေသူများအနေဖြင့် ၎င်းအချိန်တွင် တစ်မိနစ်ငြိမ်သက်စွာရပ်တန့်၍ ဦးညွတ်ဂါရဝပြုခြင်း၊ ၎င်းအချိန်တွင် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေဖြင့် ဥဩဆွဲဂါရဝပြုခြင်းတို့ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အတူ ၎င်းအချိန်တွင် မီဒီယာများအနေဖြင့် ထုတ်လွှင့်လျက်ရှိသည့် အစီအစဉ်များအား ခေတ္တရပ်ဆိုင်း၍ ဝမ်းနည်းခြင်းအထိမ်းအမှတ် Logo များအားထုတ်လွှင့်ခြင်း၊ သက်ဆိုင်ရာ ကိုးကွယ်ရာဘာသာအလိုက် ဘုရားစေတီများ၊ ဘုရားကျောင်းများ၊ ဝတ်ပြုနေရာများတွင် ဆုတောင်းမေတ္တာပို့သခြင်း၊ အန္တရာယ်ကင်းပရိတ်များ၊ ဆုတောင်းစာများ ရွတ်ဆိုခြင်းနှင့် အမျှအတန်းပေးဝေခြင်းတို့ကိုလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ပြုလုပ်သွားမည့် နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက် တစ်နိုင်ငံလုံးအတိုင်းအတာလှုပ်ရှားမှုကို တစ်နိုင်ငံလုံးမှ ပါဝင်ဆောင်ရွက်ပေးကြရန်လည်း နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့ကတိုက်တွန်းနှိုးဆော်ခဲ့သည်။

မတ် ၂၈ ရက်မွန်းတည့် ၁၂ နာရီ ၅၁ မိနစ် ၂ စက္ကန့်က ပြင်းအား ၇ ဒသမ ၇ ရစ်(ခ်)တာစကေးရှိ အလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အသက်ဆုံးရှုံးမှုများနှင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများအတွက် စာနာနားလည်မှုများနှင့်အတူ ထပ်တူခံစားလျက် နိုင်ငံတော်အဆင့်ဝမ်းနည်းခြင်းအထိမ်းအ မှတ်နေ့ရက်အဖြစ် ယနေ့ မတ် ၃၁ ရက်မှ ဧပြီ ၆ ရက်အထိ (၇)ရက်တာအား နစက ကသတ်မှတ်ကြေညာထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်-မန္တလေး ရထားခရီးစဥ်များ ပြန်လည်ပေးဆွဲ

ယနေ့ ဧပြီ (၅)ရက်မှစတင်၍ ရန်ကုန် - နေပြည်တော် - မန္တ လေး အစုန်အဆန် ရထားခရီးစဥ်များ ပြန်လည်ပြေးဆွဲပေးပြီဖြစ်ကြောင်း ရန်ကုန်ဘူတာကြီး ရုံပိုင်ချုပ် ဦးသောင်းထို က်က ပေါ်ပြူလာနယူးစ်ကို ပြောသည်။ ပြီးခဲ့သည့် မတ်လ(၂၈)ရက်က မန္တလေးနှင့် စစ်ကိုင်းမြို့တို့၌ လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် ရန်ကုန်- နေပြ ည်တော် - မန္တလေး ရထားခရီးစဥ်များကို ယာယီရပ်နားထားရာမှ ယနေ့ ပြန်လည်ပြေးဆွဲပေးခဲ့ခြင်းဖြစ် သည်။ ယနေ့ နံနက်ပိုင်းတွင် အမှတ်(၁၁)အဆန် အမြန်ရထားနှင့် အမှတ်(၇)အဆန် DEMU ရထားတို့...

နှစ်နိုင်ငံဆက်ဆံ‌ရေးမြှင်တင်ရန်သီရိလင်္ကာသို့ သုံးရက်ကြာခရီး မိုဒီသွားပြီ

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီသည် သုံးရက်ကြာ ခရီးစဥ်အတွက် သောကြာနေ့တွင် သီရိလင်္ကာနိုင်ငံသို့ ရောက်ရှိခဲ့ကြောင်း သိရပြီး အထူးအားဖြင့် စွမ်းအင်၊ ကုန်သွယ်ရေး၊ ချိတ်ဆက်မှု၊ ဒစ်ဂျစ်တယ်အသွင်ကူး‌ ပြောင်းရေးနှင့် ကာကွယ်ရေး ကဏ္ဍများတွင် နှစ်နိုင်ငံဆက်ဆံရေးကို မြှင့်တင်နိုင်မည့် နည်းလမ်းများ ကို ရှာဖွေသွားမည်ဖြစ်သည်။           ဝန်ကြီးချုပ်သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပြုလုပ်သည့် ဘင်းမ်စတက် ထိပ်သီးအစည်းအဝေးကို တက်ရောက်ခဲ့အပြီးတွင် ကိုလံဘိုမြို့တော်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။            ဝန်ကြီးချုပ် မိုဒီသည် စနေနေ့တွင် သီရိလင်္ကာသမ္မတ Anura Kumara Dissanayake နှင့် အကြောင်းအရာများစွာကို ဆွေးနွေးသွားမည်ဖြစ်သည်။          ဆွေးနွေးပွဲအပြီးတွင်...

ငလျင်ဒဏ်သင့် မြန်မာပြည်အတွက် အမေရိကန်က ဒေါ်လာ ၇ သန်း ထပ်တိုးကူညီ

အင်အားကြီး ငလျင်ဒဏ်ကြောင့် ပျက်စီးထိခိုက်မှုများခဲ့သ ည့် မြန်မာနိုင်ငံအတွက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးအတွက် အမေရိကန်နိုင်ငံက ကန်ဒေါ်လာ (၇) သန်း ထပ်တိုးကူညီပေးသွားမည်ဖြစ်ကြောင်းသိရသည်။ မတ်လ (၂၈) ရက်က ဖြစ်ပွားခဲ့သည့် အင်အားပြင်းငလျင်ဒဏ်ကြောင့် စစ်ကိုင်းနှင့် မန္တလေးအပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် အပျက်စီးများနှင့် လူ‌ေ-သဆုံးမှု ၊ ထိခိုက်ဒဏ်ရာရမှုမြင့်မားခဲ့ပြီး ပြန်လည်ထူထောင်ရေးကို အချိန်ယူ လုပ်ဆောင်ကြရမည့်အခြေအနေဖြစ်သည်။ ငလျင်လှုပ်ခတ်ပြီးစက စတင်ကာ နိုင်ငံတကာ အကူအညီများ ဝင်ရောက်ခဲ့သလို လက်ရှိအချိန်ထိလည်း ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် အကူအညီများ ဆက်လက်ဝင်ရောက်နေဆဲဖြစ်သည်။ အမေရိကန်နိုင်ငံသည် မန္တလေးတိုင်းအပါအဝင် ငလျင်ဒဏ်သင့်ဒေသများမှ ငလျင်ဒဏ်ခံပြည်သူများအတွက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071