Wednesday, April 9, 2025

မဟာမုနိဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌ ငလျင်ဒဏ်ကြောင့် ပျက်စီးမှုများအားရှင်းလင်းစဥ်တွေ့ရှိခဲ့ရသည့် ရတနာပစ္စည်းမျိုးစုံ...

မန္တလေးငလျင်ကြီးလှုပ်ခတ်စဥ် မန္တလေးမြို့ကျက်သရေဆောင်ရှေးဟောင်းသမိုင်းဝင် မဟာမုနိဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂန္ဓကုဋိတိုက်ကျောင်းတော်ကြီး ၏ ထီးတော်ရှိ စိန်ဖူးတော်မြေခခဲ့ပြီး ပျက်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့် လုံခြုံရေးအဖွဲ့ဝင်များက ဂေါပကအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စက်ယန္တရားများဖြင့်အပျက်အစီးများအား ဖယ်ရှားရှင်းလင်းခဲ့ကြသည်။ ထိုသို့ ဖယ်ရှားရှင်းလင်းစဥ်...

ဘန်ကောက် စာရင်းစစ်ရုံးမှ ရုပ်အလေ-ာင်း လေးလေ-ာင်း...

မတ်လ ၂၈ ရက်‌ေန့က လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ဘန်ကောက်မြို့တော်ရှိ နိုင်ငံတော်စာရင်းစစ်ချုပ်ရုံး အဆောက်အအုံ ပြိုကျခဲ့သည်။ ကယ်ဆယ်ရှာဖွေနေသူများသည် အလုပ်သမားများစွာ ပိတ်မိသွားခဲ့သည့် ဧရိယာတစ်ခုအနီးရောက်ရှိလာသည့်အခါအပြိုအပျက်များအောက်မှ...

ဂျပန်သို့သွားရောက်မည့် မြန်မာလုပ်သားများ၏ ကာလရှည်နေထိုင်ခွင့်လက်မှတ်(COE) ကိုသက်တမ်းတိုးပေးမည်

ဂျပန်နိုင်ငံသို့ သွားရောက်ကြမည့် မြန်မာနိုင်ငံသားများ၏ အလုပ်လုပ်ကိုင်ခြင်းနှင့် သက်ဆိုင်သည့် ကာလရှည်နေထိုင်ခွင့်လက်မှတ်- Certificate of Eligibility (COE)ကို လတ် တလောကာလတွင် (၃)...

မန္တလေးမြို့တွင် နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့များနှင့်ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးများဆက်လက်ပြုလုပ် ရုပ်အလော-င်း(၄)လေ-ာင်းတွေ့ရှိ

မန္တလေးငလျင်ကြီးကြောင့် အဆောက်အဦးပြိုကျပျက်စီးမှုများပြားသည့် မန္တလေးမြို့တွင် မြန်မာနိုင်ငံမှကယ်ဆယ်ရေးအဖွဲ့ဝင်များက နိုင်ငံတကာမှကယ်ဆယ်ရေးအဖွဲ့များနှင့်ပူးပေါင်း၍ ယနေ့ ဧပြီ ၈ ရက်တွင်လည်း ရှာဖွေကယ်ဆယ်မှုများဆက်လက်ပြုလုပ်လျက်ရှိကြောင်း သိရသည်။ မန္တလေးမြို့၊ ၃၆ လမ်း၊...
HomeNewsLocal Newsမြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာပစ္စည်း ၃၅...

မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာပစ္စည်း ၃၅ တန်အား (၂၄)နာရီအတွင်းပေးပို့သွားမည်ဟု ပါကစ္စတန်ဝန်ကြီးချုပ်ပြော

ငလျင်ဒဏ်ကြုံတွေ့နေရသည့် မြန်မာနိုင်ငံအတွက် ပါကစ္စတန်အစိုးရနှင့် ပါကစ္စတန်ပြည်သူများက လူ သားချင်းစာနာထောက်ထားမှုဆိုင်ရာပစ္စည်း ၃၅ တန်အား လေယာဉ်ခရီးစဉ် ၂ ခုဖြင့် ၂၄ နာရီအ တွင်းပေးပို့သွားမည်ဟု ပါကစ္စတန်နိုင်ငံဝန်ကြီးချုပ် H.E. Mr. Mian Muhammad Shahbaz Sharif ကပြောသည်။

မြန်မာနိုင်ငံတွင်ကြုံတွေ့နေရသည့် ငလျင်ဒဏ်နှင့်ပတ်သက်၍အကူအညီများပေးအပ်နိုင်ရန် ယနေ့ မတ် ၃၁ ရက်ညနေပိုင်းက နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ဖုန်းဖြင့်ဆက်သွယ်ပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ယခုပေးပို့မည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာပစ္စည်း ၃၅ တန်အပြင် ကယ်ဆယ်ရေးပစ္စည်း(၁၇)တန်ကိုလည်း ဆက်လက်ပေးပို့သွားမည်ဖြစ်ကာ ပါကစ္စတန်အစိုးရအနေဖြင့် မြန်မာနိုင်ငံအ တွက် ထပ်မံလိုအပ်သည့်အကူအညီများရှိပါကလည်းဆက်လက်ပေးအပ်သွားမည်ဖြစ်ကာ အချိန်မရွေးဆက်သွယ်ပြောကြားနိုင်ပြီး မိမိတို့နိုင်ငံမှပေးပို့ထားသည့် ကူညီကယ်ဆယ်ရေးပစ္စည်းများ၊ ဆေး ဝါးများနှင့် အသင့်စားအစာအစာများကို ၂၄ နာရီအတွင်းရောက်ရှိအောင် စီစဉ်ဆောင်ရွက်ထားသည်ဟု ပြောသည်။

ထို့ပြင် သေဆုံးဒဏ်ရာရရှိမှုများနှင့်ပတ်သက်၍ ရှာ ဖွေကယ်ဆယ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်နေသည့်အတွက် မိမိတို့၏ရင်ထဲအ သည်းထဲမှ လှိုက်လှဲစွာအသိအမှတ်ပြုပြီး ထိခိုက်ခံ စားရသည့် ပြည်သူများအနေဖြင့်လည်း အမြန်ဆုံးပြန်လည်ကောင်းမွန်စေရန် မိမိတို့ဘုရားရှင်ထံ၌ ဆုတောင်းပေးသည်ဟု ပြောသည်။

ထို့အတူ မိမိတို့နှစ်နိုင်ငံသည် အတူတကွပူးပေါင်း၍ ချစ် ကြည်ရင်းနှီးသည့် ဆက်ဆံရေးကိုထူထောင်ထားသောနိုင်ငံများဖြစ်ပြီး နောင်အနာဂတ်တွင်လည်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများကို ထပ်မံမြှင့်တင်လိုသည်ဟု ပြောကြားခဲ့သည်။

ထို့နောက် နစက ဥက္ကဋ္ဌမှလည်း နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုများကို အခွင့်အလမ်းများအပေါ်မူ တည်ပြီး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကာ ပါကစ္စတန်နိုင်ငံမှ ကူညီကယ်ဆယ်ရေးပစ္စည်းများ ပေးပို့မှုအတွက်လည်းကျေးဇူးတင်ပြီး မြန်မာနိုင်ငံတွင်ငလျင်ဒဏ်ကြောင့် ယနေ့ မတ် ၃၁ ရက်နေ့လည်အထိသေဆုံးသူ(၂၀၆၅)ဦးရှိပြီး ဒဏ်ရာရရှိသူ(၃၉၀၀)ကျော်ခန့်ရှိကာ ပျောက်ဆုံးသူ(၂၇၀)ခန့်ရှိသည်ဟု ပြောကြားသည်။

ထို့ပြင် မိမိတို့အနေဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိကာ လူမှုကွန်ရက်များတွင်ဖော်ပြလျက်ရှိသည့် ပလီများတွင်ဝတ်ပြုဆု တောင်းနေသော အစ္စလာမ်ဘာသာဝင်(၇၀၀)ခန့် သေဆုံးသည်ဆိုခြင်းမှာ မှန်ကန်မှုမရှိဘဲ (၅၀၀)ဦးဝန်းကျင်ခန့်သာရှိပြီး ကယ်ဆယ်ရေးလုပ်ငန်းများတွင် သေဆုံးသူများ၏ရုပ်အလောင်းများကိုလည်း ဖော်ထုတ်ရရှိပြီးဖြစ်ကာ ဆက်လက်၍လည်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်ဟု ပြောကြားသည်။

ထို့အတူ မိမိတို့နှစ်နိုင်ငံသည် မိတ်ဆွေနိုင်ငံများဖြစ် ၍ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်မြှင့်တင်သွားမည်ဖြစ်ကာ ငလျင်ဒဏ်သင့် ပြည်သူများအ တွက် အထောက်အကူပြုပစ္စည်းများပေးပို့သည့် အတွက် ကျေးဇူးတင်ရှိသည်ကိုထပ်လောင်းပြောကြားလိုသည်ဟုလည်း နစက ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မဟာမုနိဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌ ငလျင်ဒဏ်ကြောင့် ပျက်စီးမှုများအားရှင်းလင်းစဥ်တွေ့ရှိခဲ့ရသည့် ရတနာပစ္စည်းမျိုးစုံ ၁၂၅၀ မျိုးကိုလွှဲပြောင်းအပ်နှံပြီးဖြစ်

မန္တလေးငလျင်ကြီးလှုပ်ခတ်စဥ် မန္တလေးမြို့ကျက်သရေဆောင်ရှေးဟောင်းသမိုင်းဝင် မဟာမုနိဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂန္ဓကုဋိတိုက်ကျောင်းတော်ကြီး ၏ ထီးတော်ရှိ စိန်ဖူးတော်မြေခခဲ့ပြီး ပျက်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့် လုံခြုံရေးအဖွဲ့ဝင်များက ဂေါပကအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စက်ယန္တရားများဖြင့်အပျက်အစီးများအား ဖယ်ရှားရှင်းလင်းခဲ့ကြသည်။ ထိုသို့ ဖယ်ရှားရှင်းလင်းစဥ် ဧပြီ ၁ ရက်က ကျောင်းတော်ကြီး၏ အနောက်ဘက်ရင်ပြင်တော်ရှိ အဆောက်အဦအပျက်အစီးများကြားမှ ရတနာပစ္စည်း ၁၅၂ မျိုး(၃၈ ကျပ်သား၊ ၄ ပဲ၊ ၄ ရွေး)နှင့် (အတွင်း)စိန်ဖူးတော်၊ ဧပြီ ၂ ရက်တွင် ရတနာပစ္စည်း ၁၅၂ မျိုး(၂၇ ကျပ်သား၊ ၄ ပဲ၊ ၇ ရွေး)နှင့်...

ဘန်ကောက် စာရင်းစစ်ရုံးမှ ရုပ်အလေ-ာင်း လေးလေ-ာင်း ထပ်တွေ့

မတ်လ ၂၈ ရက်‌ေန့က လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ဘန်ကောက်မြို့တော်ရှိ နိုင်ငံတော်စာရင်းစစ်ချုပ်ရုံး အဆောက်အအုံ ပြိုကျခဲ့သည်။ ကယ်ဆယ်ရှာဖွေနေသူများသည် အလုပ်သမားများစွာ ပိတ်မိသွားခဲ့သည့် ဧရိယာတစ်ခုအနီးရောက်ရှိလာသည့်အခါအပြိုအပျက်များအောက်မှ နောက်ထပ် ရုပ်အလေ-ာင်း လေးလော-င်းကို တွေ့ရှိခဲ့ကြသည်ဟု သိရသည်။          တနင်္လာနေ့ညပိုင်းက ရုပ်အလေ-ာင်း လေးလေ-ာင်း ထပ်မံတွေ့ရှိမှုကြောင့် ‌ေ-သဆုံးသူ ၂၁ ဦးရှိလာခဲ့သည်ဟု အတည်ပြုနိုင်ကာ ၇၃ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဘန်ကောက် ဒုတိယအုပ်ချုပ်ရေးမှူး Tavida Kamolvej က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ မန္တလေးမြို့အနီး ဗဟိုပြု လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့်...

ဂျပန်သို့သွားရောက်မည့် မြန်မာလုပ်သားများ၏ ကာလရှည်နေထိုင်ခွင့်လက်မှတ်(COE) ကိုသက်တမ်းတိုးပေးမည်

ဂျပန်နိုင်ငံသို့ သွားရောက်ကြမည့် မြန်မာနိုင်ငံသားများ၏ အလုပ်လုပ်ကိုင်ခြင်းနှင့် သက်ဆိုင်သည့် ကာလရှည်နေထိုင်ခွင့်လက်မှတ်- Certificate of Eligibility (COE)ကို လတ် တလောကာလတွင် (၃) လမှ (၆)လသို့ သက်တမ်းတိုးပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးမှ ထုတ်ပြန်ထားသည်။ လက်ရှိတွင် မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဌာန၏ အလုပ်သမားစေလွှတ်ရေး စနစ်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများနှင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွင် လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်သက်ရောက်မှုများကြောင့် အလုပ်သမားဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည့် ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ်ပြား (Oversea Worker Identification Card - OWIC) ထုတ်ပေးခြင်းလုပ်ငန်းစဉ်များ နှောင့်နှေးလျက်ရှိသည့်အတွက်ကြောင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071