Tuesday, April 8, 2025

မဟာမုနိဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌ ငလျင်ဒဏ်ကြောင့် ပျက်စီးမှုများအားရှင်းလင်းစဥ်တွေ့ရှိခဲ့ရသည့် ရတနာပစ္စည်းမျိုးစုံ...

မန္တလေးငလျင်ကြီးလှုပ်ခတ်စဥ် မန္တလေးမြို့ကျက်သရေဆောင်ရှေးဟောင်းသမိုင်းဝင် မဟာမုနိဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂန္ဓကုဋိတိုက်ကျောင်းတော်ကြီး ၏ ထီးတော်ရှိ စိန်ဖူးတော်မြေခခဲ့ပြီး ပျက်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့် လုံခြုံရေးအဖွဲ့ဝင်များက ဂေါပကအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စက်ယန္တရားများဖြင့်အပျက်အစီးများအား ဖယ်ရှားရှင်းလင်းခဲ့ကြသည်။ ထိုသို့ ဖယ်ရှားရှင်းလင်းစဥ်...

ဘန်ကောက် စာရင်းစစ်ရုံးမှ ရုပ်အလေ-ာင်း လေးလေ-ာင်း...

မတ်လ ၂၈ ရက်‌ေန့က လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ဘန်ကောက်မြို့တော်ရှိ နိုင်ငံတော်စာရင်းစစ်ချုပ်ရုံး အဆောက်အအုံ ပြိုကျခဲ့သည်။ ကယ်ဆယ်ရှာဖွေနေသူများသည် အလုပ်သမားများစွာ ပိတ်မိသွားခဲ့သည့် ဧရိယာတစ်ခုအနီးရောက်ရှိလာသည့်အခါအပြိုအပျက်များအောက်မှ...

ဂျပန်သို့သွားရောက်မည့် မြန်မာလုပ်သားများ၏ ကာလရှည်နေထိုင်ခွင့်လက်မှတ်(COE) ကိုသက်တမ်းတိုးပေးမည်

ဂျပန်နိုင်ငံသို့ သွားရောက်ကြမည့် မြန်မာနိုင်ငံသားများ၏ အလုပ်လုပ်ကိုင်ခြင်းနှင့် သက်ဆိုင်သည့် ကာလရှည်နေထိုင်ခွင့်လက်မှတ်- Certificate of Eligibility (COE)ကို လတ် တလောကာလတွင် (၃)...

မန္တလေးမြို့တွင် နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့များနှင့်ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးများဆက်လက်ပြုလုပ် ရုပ်အလော-င်း(၄)လေ-ာင်းတွေ့ရှိ

မန္တလေးငလျင်ကြီးကြောင့် အဆောက်အဦးပြိုကျပျက်စီးမှုများပြားသည့် မန္တလေးမြို့တွင် မြန်မာနိုင်ငံမှကယ်ဆယ်ရေးအဖွဲ့ဝင်များက နိုင်ငံတကာမှကယ်ဆယ်ရေးအဖွဲ့များနှင့်ပူးပေါင်း၍ ယနေ့ ဧပြီ ၈ ရက်တွင်လည်း ရှာဖွေကယ်ဆယ်မှုများဆက်လက်ပြုလုပ်လျက်ရှိကြောင်း သိရသည်။ မန္တလေးမြို့၊ ၃၆ လမ်း၊...
HomeNewsLocal Newsမြန်မာနိုင်ငံ၌ ငလျင်ဘေးကြုံတွေ့နေခြင်းအတွက် နစက...

မြန်မာနိုင်ငံ၌ ငလျင်ဘေးကြုံတွေ့နေခြင်းအတွက် နစက ဥက္ကဋ္ဌထံ နိုင်ငံတကာခေါင်းဆောင်များက ဝမ်းနည်းကြောင်းသဝဏ်လွှာများပေးပို့

ပြီးခဲ့သည့် မတ် ၂၈ ရက်မွန်းတည့်ပိုင်းက နေပြည် တော်၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့အပါအ ဝင် တိုင်းနှင့်ပြည်နယ်အချို့၌ အင်အားအလွန်ပြင်း ထန်သော ငလျင်လှုပ်ခတ်ကာ သေဆုံး/ထိခိုက်ဒဏ် ရာရမှုများနှင့် အဆောက်အဦးပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့၍ နစက ဥက္ကဋ္ဌထံသို့ နိုင်ငံတကာမှခေါင်းဆောင်များက ဝမ်းနည်းကြောင်းသဝဏ်လွှာများပေးပို့ခဲ့ကြသည်။

တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၊ တရုတ်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လီချမ်း၊ ကမ္ဘောဒီးယားဘုရင်မင်းမြတ် ပရယ်ဘတ်ဆမ်ဒတ် ပရယ်ဘိုရိုနိုနစ်နိုရိုဒွန်သီဟာမိုနီ၊ ကမ္ဘောဒီးယား အထက်လွှတ်တော် ဥက္ကဋ္ဌ ဆမ်ဒတ်အာခါမိုဟာဆီနာပါဒိုင်းတဲ့ချိုဟိုဆန်၊ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်မာနိုက်၊ ဘရူနိုင်းနိုင်ငံ ဘုရင်မင်းမြတ် ဆူလ်တန် ဟာဂျီဟာဆာနာလ်ဘိုလ်ကီးယားမူအစ်ဇာဒင်ဝါဒူလာ၊ နီကာရာဂွာနိုင်ငံသမ္မတ ဒယ်နီရယ်အော်တီဂါဆာဗေဒရာ နှင့် ဒု-သမ္မတ ရိုဆာရီမူရီလိုတို့က ဝမ်းနည်းကြောင်းသဝဏ်လွှာများကို အသီးသီးပေးပို့ခဲ့ကြသည်။

သဝဏ်လွှာများတွင် မြန်မာနိုင်ငံအနေဖြင့် ပြင်းထန်သည့် ငလျင်ဒဏ်ခံစားခဲ့ရပြီး အသက်အိုးအိမ်စည်း စိမ် အများအပြားထိခိုက်ဆုံးရှုံးရသည်ကို သိရှိရသည့်အတွက် များစွာဝမ်းနည်းမိကြောင်း၊ ငလျင်ဒဏ်ခံစားရသည့် ပြည်သူများအတွက် ဝမ်းနည်းစိတ်မကောင်းဖြစ်မိကြောင်း၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများနှင့် ၎င်းတို့၏ မိသားစုဝင်များအတွက် စာနာထောက်ထားကြောင်း၊ မြန်မာနိုင် ငံအတွက် လိုအပ်သည့်အကူအညီများပေးရန် အ ဆင်သင့်ရှိကြပြီး ထိခိုက်ခံစားရသည့် မြန်မာပြည်သူများဘေးအန္တရာယ်ကျော်လွှားနိုင်ရေးနှင့် မြန်မာ နိုင်ငံကို အစောဆုံးပြန်လည်တည်ဆောက်နိုင်ရေးအကူအညီများပေးအပ်သွားမည်ဖြစ်ကြောင်းတို့ကို ရေးသားထားကြသည်။

မြန်မာနိုင်ငံအစိုးရ၏ ခိုင်မာအားကောင်းသည့် ဦး ဆောင်မှုအောက်တွင် ငလျင်ဒဏ်သင့်ဒေသများရှိ မြန်မာပြည်သူများအနေဖြင့် ဘေးအန္တရာယ်များကို အောင်မြင်စွာကျော်လွှားနိုင်ပြီး ကောင်းမွန်သည့်လူ မှုဘဝကို အမြန်ဆုံးပြန်လည်တည်ဆောက်နိုင်မည်ဟုယုံကြည်ကြောင်း၊ ငလျင်ဖြစ်ပွားခဲ့သည့် ဒေသများ၌ ကယ်ဆယ်ရေးလုပ်ငန်းများကို ရွပ်ရွပ်ချွံချွံ ဆောင်ရွက်နေမှုများအား ချီးကျူးဂုဏ်ပြုကြောင်း၊ ငလျင်ကြောင့်အသက်ဆုံးရှုံးရသူများအနေဖြင့် အေးချမ်းကောင်းမွန်သော ဘဝသို့ရောက်ရှိပါစေကြောင်းနှင့် ထိခိုက်ဒဏ်ရာရရှိသူများအနေဖြင့် အမြန်ဆုံးပြန်လည်ကျန်းမာလာစေရန် ဆုမွန်ကောင်း တောင်းပါကြောင်း၊ ယခုကဲ့သို့ခက်ခဲသည့် အချိန်ကာလတွင် မြန်မာပြည်သူများနှင့်အတူတကွရပ် တည်လျက်ရှိကြောင်းတို့ကိုလည်း ရေးသားထားကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မဟာမုနိဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌ ငလျင်ဒဏ်ကြောင့် ပျက်စီးမှုများအားရှင်းလင်းစဥ်တွေ့ရှိခဲ့ရသည့် ရတနာပစ္စည်းမျိုးစုံ ၁၂၅၀ မျိုးကိုလွှဲပြောင်းအပ်နှံပြီးဖြစ်

မန္တလေးငလျင်ကြီးလှုပ်ခတ်စဥ် မန္တလေးမြို့ကျက်သရေဆောင်ရှေးဟောင်းသမိုင်းဝင် မဟာမုနိဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂန္ဓကုဋိတိုက်ကျောင်းတော်ကြီး ၏ ထီးတော်ရှိ စိန်ဖူးတော်မြေခခဲ့ပြီး ပျက်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့် လုံခြုံရေးအဖွဲ့ဝင်များက ဂေါပကအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စက်ယန္တရားများဖြင့်အပျက်အစီးများအား ဖယ်ရှားရှင်းလင်းခဲ့ကြသည်။ ထိုသို့ ဖယ်ရှားရှင်းလင်းစဥ် ဧပြီ ၁ ရက်က ကျောင်းတော်ကြီး၏ အနောက်ဘက်ရင်ပြင်တော်ရှိ အဆောက်အဦအပျက်အစီးများကြားမှ ရတနာပစ္စည်း ၁၅၂ မျိုး(၃၈ ကျပ်သား၊ ၄ ပဲ၊ ၄ ရွေး)နှင့် (အတွင်း)စိန်ဖူးတော်၊ ဧပြီ ၂ ရက်တွင် ရတနာပစ္စည်း ၁၅၂ မျိုး(၂၇ ကျပ်သား၊ ၄ ပဲ၊ ၇ ရွေး)နှင့်...

ဘန်ကောက် စာရင်းစစ်ရုံးမှ ရုပ်အလေ-ာင်း လေးလေ-ာင်း ထပ်တွေ့

မတ်လ ၂၈ ရက်‌ေန့က လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ဘန်ကောက်မြို့တော်ရှိ နိုင်ငံတော်စာရင်းစစ်ချုပ်ရုံး အဆောက်အအုံ ပြိုကျခဲ့သည်။ ကယ်ဆယ်ရှာဖွေနေသူများသည် အလုပ်သမားများစွာ ပိတ်မိသွားခဲ့သည့် ဧရိယာတစ်ခုအနီးရောက်ရှိလာသည့်အခါအပြိုအပျက်များအောက်မှ နောက်ထပ် ရုပ်အလေ-ာင်း လေးလော-င်းကို တွေ့ရှိခဲ့ကြသည်ဟု သိရသည်။          တနင်္လာနေ့ညပိုင်းက ရုပ်အလေ-ာင်း လေးလေ-ာင်း ထပ်မံတွေ့ရှိမှုကြောင့် ‌ေ-သဆုံးသူ ၂၁ ဦးရှိလာခဲ့သည်ဟု အတည်ပြုနိုင်ကာ ၇၃ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဘန်ကောက် ဒုတိယအုပ်ချုပ်ရေးမှူး Tavida Kamolvej က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ မန္တလေးမြို့အနီး ဗဟိုပြု လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့်...

ဂျပန်သို့သွားရောက်မည့် မြန်မာလုပ်သားများ၏ ကာလရှည်နေထိုင်ခွင့်လက်မှတ်(COE) ကိုသက်တမ်းတိုးပေးမည်

ဂျပန်နိုင်ငံသို့ သွားရောက်ကြမည့် မြန်မာနိုင်ငံသားများ၏ အလုပ်လုပ်ကိုင်ခြင်းနှင့် သက်ဆိုင်သည့် ကာလရှည်နေထိုင်ခွင့်လက်မှတ်- Certificate of Eligibility (COE)ကို လတ် တလောကာလတွင် (၃) လမှ (၆)လသို့ သက်တမ်းတိုးပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးမှ ထုတ်ပြန်ထားသည်။ လက်ရှိတွင် မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဌာန၏ အလုပ်သမားစေလွှတ်ရေး စနစ်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများနှင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွင် လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်သက်ရောက်မှုများကြောင့် အလုပ်သမားဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည့် ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ်ပြား (Oversea Worker Identification Card - OWIC) ထုတ်ပေးခြင်းလုပ်ငန်းစဉ်များ နှောင့်နှေးလျက်ရှိသည့်အတွက်ကြောင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071