Saturday, April 19, 2025

ငလျင်ကူညီကယ်ဆယ်ရေး နစကဥက္ကဌနှင့် ဆွေးနွေးခဲ့–အန်ဝါ

တိုင်းပြည်သည် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိရန် အရေးကြီး‌ကြောင်း၊ မကြာသေးခင်က ငလျင်လှုပ်ခဲ့ခြင်းကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များနှင့် ပတ်သက်၍ ကြာသပတေးနေ့တွင် မြန်မာအစိုးရအဖွဲ့ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး...

လားရှိုးမြို့အဝင်အထွက် ပုံမှန်အတိုင်းသွားလာနိုင်ဟုဆို

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့အဝင်အထွက်အား ပုံမှန်သွားလာနိုင်ပြီဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးအား ပေါ်ပြူလာနယူးစ်က ဆက်သွယ်မေးမြန်းစဉ် ပြောကြားသည်။ "ဌာနဆိုင်ရာတွေလည်း မဝင်သေးပါဘူး။ (၂၁)ရက်မှလို့တော့ကြားတယ်။ ဒီမှာလည်း ကိုးကန့်တပ်က သွားသွားလာလာပဲ တွေ့နေရတယ်။...

လွတ်ငြိမ်းခွင့်ရရှိသော နိုင်ငံသားများငလျင်ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးနှင့်တည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်နိုင်

လွတ်ငြိမ်းခွင့်ရရှိသော နိုင်ငံသားများသည် ငလျင်ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများတွင် တစ်တပ်တစ်အား ပါဝင်နိုင်ကြောင်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကထုတ်ပြန်ထားသည်။ နိုင်ငံတော်၏ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်နှင့် လွတ်ငြိမ်းခွင့်ပြုခြင်းများသည် လူ့အခွင့်အရေးဆိုင်ရာ အပြုသဘောဆောင်သည့် ဆောင်ရွက်ချက်ဖြစ်ကြောင်း၊ လွတ်ငြိမ်းခွင့်ရရှိသော...

နေပြည်တော်၏ မြို့အကွက်ချမှုပုံစံကို ပြန်လည်တွက်ချက်ရေးဆွဲသွားမည်

အလွန်အင်အားပြင်းထန်သည့် မန္တလေးငလျင်ကြီးဒဏ်သင့်ခဲ့သော နေပြည်တော်၏ မြို့အကွက်ချမှုပုံစံကို ပြန်လည်တွက်ချက်ရေးဆွဲသွားမည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယမန်နေ့ ဧပြီ ၁၈ ရက်နေ့လည်ပိုင်းကပြုလုပ်သည့်...
HomeNewsLocal Newsငလျင်ဒဏ်သင့်ဒေသများသို့ လှူဒါန်းမှုများအတွက် ငွေလွှဲခ...

ငလျင်ဒဏ်သင့်ဒေသများသို့ လှူဒါန်းမှုများအတွက် ငွေလွှဲခ ကင်းလွတ်ခွင့်ပြု

အင်အားပြင်းလှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်သင့်ဒေသများသို့ လှူဒါန်းမှုများအတွက် ငွေလွှဲခ ကင်းလွတ်ခွင့်ပြုမည်ဖြစ်ကြောင်း ဗဟိုဘဏ်ကထုတ်ပြန်ထားသည်။

မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်တွင် ဖွင့်လှစ်ထားသည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေ(OA-011834)စာရင်း၊ ရန်ကုန်မြို့၊ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်တွင် ဖွင့်လှစ်ထားသည့် နိုင်ငံခြားငွေစာရင်းအမှတ်၊ (0111284000000063) နှင့် မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်ရှိ နိုင်ငံခြားငွေစာရင်းအမှတ် (EDN-600018) သို့ ငွေလွှဲခ ကင်းလွတ်ခွင့်ဖြင့် ငလျင်ဒဏ်သင့်ဒေသများအား လှူဒါန်းငွေများလှူဒါန်းနိုင်ကြောင်း အသိပေးထားသည်။

အလားတူဖော်ပြပါဘဏ်စာရင်းများသို့ အများပြည်သူမှ မြန်မာ ကျပ်ငွေဖြင့် လှူဒါန်းလိုပါက ဘဏ်ကောင်တာမှတစ်ဆင့် ငွေသားဖြင့်တိုက်ရိုက်ဖြစ်စေ၊ အခြားဘဏ် များမှတစ်ဆင့်စာရင်း ပြောင်းနည်း Account Transfer ဖြင့်ဖြစ်စေ၊ Mobile Application တစ်ဆင့် Mobile Payment ဖြင့် ဖြစ်စေ ၊ MPU အပါအဝင်အခြား Electronic Card များဖြင့်ဖြစ်စေ Account ထည့်ဝင် လှူဒါန်းနိုင်ကြောင်း သိရသည်။

ထို့ပြင် နိုင်ငံခြားငွေဖြင့် လှူဒါန်းလိုပါက AD လိုင်စင်ရဘဏ်များမှ တစ်ဆင့် မည်သည့်နိုင်ငံခြားငွေအမျိုးအစားကိုမဆို လှူဒါန်းနိုင်ပြီး အများပြည်သူတို့၏ အလှူငွေများကို ဘဏ်များ၊ AD လိုင်စင်ရဘဏ်များ၊ မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုပေးသည့်အဖွဲ့အစည်းများအနေဖြင့် ငွေလွှဲခကောက်ခံခြင်းမပြုဘဲ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငလျင်ကူညီကယ်ဆယ်ရေး နစကဥက္ကဌနှင့် ဆွေးနွေးခဲ့–အန်ဝါ

တိုင်းပြည်သည် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိရန် အရေးကြီး‌ကြောင်း၊ မကြာသေးခင်က ငလျင်လှုပ်ခဲ့ခြင်းကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များနှင့် ပတ်သက်၍ ကြာသပတေးနေ့တွင် မြန်မာအစိုးရအဖွဲ့ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ပြောကြားခဲ့သည်။         အင်အားပြင်း ငလျင်ကြီးလှုပ်ခတ်ပြီး သုံးပတ်အကြာတွင် တွေ့ဆုံမှုသည် ၂၀၂၁ ခုနှစ် နောက်ပိုင်း မြန်မာအစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အာဆီယံခေါင်းဆောင်တစ်ဦးက ရှားရှားပါးပါး ဆွေးနွေးပြောဆိုမှုဖြစ်သည်။        “ယာယီဆေးရုံ ဖြန့်ကျက်ချထားရေး အပါအဝင် ပွင့်လင်းပြီး အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်” ဟု အန်ဝါ...

လားရှိုးမြို့အဝင်အထွက် ပုံမှန်အတိုင်းသွားလာနိုင်ဟုဆို

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့အဝင်အထွက်အား ပုံမှန်သွားလာနိုင်ပြီဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးအား ပေါ်ပြူလာနယူးစ်က ဆက်သွယ်မေးမြန်းစဉ် ပြောကြားသည်။ "ဌာနဆိုင်ရာတွေလည်း မဝင်သေးပါဘူး။ (၂၁)ရက်မှလို့တော့ကြားတယ်။ ဒီမှာလည်း ကိုးကန့်တပ်က သွားသွားလာလာပဲ တွေ့နေရတယ်။ စစ်သားလည်းရှိတယ်။ ရဲလည်းရှိတယ်။ MNDAA ဘက်ကပေါ့။ လမ်းပိတ်ထားတာက မနက် (၇)နာရီကနေပြီးတော့ နေ့လယ် (၁၂)နာရီအထိပေါ့။ သိပ်တော့မကြာဘူး။ ထူးခြားမှုမရှိသေးပါဘူး"ဟု ၎င်းက ရှင်းပြသည်။ ယမန်နေ့ ဧပြီ (၁၈)ရက် နံနက်အစောပိုင်းတွင် လားရှိုး-သီပေါကြား ပြည်ထောင်စုလမ်းမကြီး နေရာအချို့၌ ယာယီလမ်းပိတ်မှုရှိခဲ့ရာမှ နေ့လယ်(၁၂)နာရီ နောက်ပိုင်းတွင် လမ်းပြန်ပွင့်သွား၍ အတက်အဆင်းကားကြီးကားငယ်များ ပုံမှန်သွားလာနိုင်ပြီဖြစ်ကြောင်း နောက်ထပ်ဒေသခံ...

လွတ်ငြိမ်းခွင့်ရရှိသော နိုင်ငံသားများငလျင်ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးနှင့်တည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်နိုင်

လွတ်ငြိမ်းခွင့်ရရှိသော နိုင်ငံသားများသည် ငလျင်ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများတွင် တစ်တပ်တစ်အား ပါဝင်နိုင်ကြောင်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကထုတ်ပြန်ထားသည်။ နိုင်ငံတော်၏ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်နှင့် လွတ်ငြိမ်းခွင့်ပြုခြင်းများသည် လူ့အခွင့်အရေးဆိုင်ရာ အပြုသဘောဆောင်သည့် ဆောင်ရွက်ချက်ဖြစ်ကြောင်း၊ လွတ်ငြိမ်းခွင့်ရရှိသော နိုင်ငံသားများသည် ငလျင်ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများတွင် တစ်တပ်တစ်အား ပါဝင်နိုင်မည်ဖြစ်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးတွင်လည်း ပါဝင်နိုင်ကြမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထုတ်ပြန်ချက်အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌသည် မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက် (၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၇...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071