Friday, April 25, 2025

နိုင်ငံတော်၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု သမိုင်းဖြစ်ရပ်မှန်များကိုရေးသားထားသည့် စာကောင်းပေမွန်များကို...

စာကြည့်တိုက်များ၌ နိုင်ငံတော်၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု သမိုင်းဖြစ်ရပ်မှန်များကိုရေးသားထားသည့် စာကောင်းပေမွန်များကို ထိန်းသိမ်းထားရန်လိုအပ်သည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဧပြီ ၂၄...

ငလျင်ဒဏ်ကြောင့် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးရှိ ပျက်စီးခဲ့မှုများကို နစက...

အလွန်အင်အားပြင်းထန်သော မန္တလေးငလျင်ကြီးဒဏ်ကြောင့် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်ကြီး၏ ရင်ပြင်တော်နှင့် သာသနိကအဆောက်အဦများထိခိုက်ပျက်စီးခဲ့မှုကို နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဧပြီ ၂၄...

Sky Villa အားရှင်းလင်းရာအမျိုးသား(၄)ဦး၏ရုပ်အလောင်းတွေ့ရှိ

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် မန္တလေးမြို့ရှိ Sky Villa အဆောက်အဦး၏ အဆောက်အဦး C အဆောင်နှင့် D အဆောင်တို့အား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ယနေ့...

ကျိုက်ထီးဆောင်းဆရာတော်ကြီးမှ စစ်ကိုင်းမြို့နယ်အတွင်း ထောက်ပံ့လှူဒါန်းမှုများပြုလုပ်

ကျိုက်ထီးဆောင်းဆရာတော်ကြီးမှ မန္တလေးငလျင်ကြီးဒဏ်သင့် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ငလျင်ဒဏ်သင့် အိမ်ထောင်စုများကို ယနေ့ ဧပြီ ၂၄ ရက်က ထောက်ပံ့လှူဒါန်းမှုများပြုလုပ်ခဲ့ကြောင်း...
HomeNewsLocal Newsတရုတ်နိုင်ငံ မှ Xiamen...

တရုတ်နိုင်ငံ မှ Xiamen Blue Sky အဖွဲ့နှင့် မြန်မာဖူကျန့်စက်မှုကုန်သည်များ အသင်းတို့အား ၎င်းတို့ ကယ်ဆယ်ရေးလုပ်ဆောင်ရန် လိုအပ်သော ဒေသများသို့ Mann Yadanarpon Airlines မှ ကူညီပို့ဆောင်ပေး

မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် တရုတ်နိုင်ငံ မှ Xiamen Blue Sky အဖွဲ့နှင့် မြန်မာဖူကျန့်စက်မှုကုန်သည်များ အသင်းတို့မှ ပူးပေါင်းကယ်ဆယ်ရေးအဖွဲ့ဝင်များအား လိုအပ်သော ဒေသများတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ပြုလုပ်နိုင်ရန် Mann Yadanarpon Airlines မှ တစ်ထောင့်တစ်နေရာမှ ပံ့ပိုးကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Mann Yadanarpon Airlines မှ မြန်မာနိုင်ငံတွင် မကြာသေးမီက လှုပ်ခတ်ခဲ့သော ငလျင်ဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် ငလျင်ဘေးဒဏ်သင့်ဒေသများသို့ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် တစ်ထောင့်တစ်နေရာမှ ပံပို့ကူညီပို့ဆောင်ပေးကြောင်း သိရသည်။

ထို့ကြောင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် တရုတ်နိုင်ငံ မှ Xiamen Blue Sky အဖွဲ့နှင့် မြန်မာဖူကျန့်စက်မှု ကုန်သည်များအသင်းတို့မှ ပူးပေါင်းကယ်ဆယ်ရေးအဖွဲ့ဝင်များအား ကယ်ဆယ်ရေးပစ္စည်းကိရိယာများနှင့်တကွ ငလျင်ဘေးသင့်ပြည်သူများ လိုအပ်သည့် စားနပ်ရိက္ခာ၊ဆေးဝါးတို့ကို လိုအပ်သော ဒေသများသို့ အမြန်ဆုံးရောက်၍ ကယ်ဆယ်ရေးလုပ်ငန်းများ ပြုလုပ်နိုင်ရန် ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

မန်းရတနာပုံလေကြောင်းလိုင်းသည် ငလျင်ဘေးဒဏ်သင့် ဒေသများသို့ Relief flight များအလှည့်ကြ ကူညီပျံသန်းပြေးဆွဲပေးခြင်းအစရှိသော ကယ်ဆယ်ရေးအတွက် အထောက်အကူပြုနိုင်မည့် ကိစ္စရပ်များအား အသင့်ကူညီပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု သမိုင်းဖြစ်ရပ်မှန်များကိုရေးသားထားသည့် စာကောင်းပေမွန်များကို ထိန်းသိမ်းထားရန်လို

စာကြည့်တိုက်များ၌ နိုင်ငံတော်၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု သမိုင်းဖြစ်ရပ်မှန်များကိုရေးသားထားသည့် စာကောင်းပေမွန်များကို ထိန်းသိမ်းထားရန်လိုအပ်သည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဧပြီ ၂၄ ရက်နေ့လည်ပိုင်းက ငလျင်ဒဏ်ကြောင့်ပျက်စီးမှုအချို့ဖြစ်ပေါ်ခဲ့သော အမျိုးသားစာကြည့်တိုက်(နေပြည်တော်)အားကြည့်ရှုစစ် ဆေးစဥ် မှာကြားခဲ့သည်။ နစက ဥက္ကဋ္ဌမှ ငလျင်ဒဏ်သင့် အမျိုးသားစာကြည့်တိုက်(နေပြည်တော်)အဆောက်အအုံနှင့် အဆောက်အအုံအတွင်းရှိ အလင်္ကာကျော်စွာ စည်သူ တက္ကသိုလ်မြတ်သူ စာစုများထားရှိသည့်အခန်း၊ အီလက်ထရွန်နစ်စာကြည့်တိုက်နှင့် စာဖတ်ခန်း၊ ဝန်ဇင်းမင်းရာဇာခန်းမ၊ စာအုပ်စင်ခန်းများ၊ ပေ၊ ပုရ ပိုက်ဌာနစိတ်နှင့် စာကြည့်တိုက်အတွင်း ထိခိုက်ပျက်စီးခဲ့မှုများ၊ စာအုပ်များကို အမျိုးအစားအလိုက် ထိန်းသိမ်းထားရှိမှုများကိုကြည့်ရှုစစ်ဆေးခဲ့သည်။ စာကြည့်တိုက်အတွင်းရှိစာအုပ်များအား စာပေအမျိုးအစားအလိုက်ခွဲခြား၍...

ငလျင်ဒဏ်ကြောင့် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးရှိ ပျက်စီးခဲ့မှုများကို နစက ဥက္ကဋ္ဌကြည့်ရှု

အလွန်အင်အားပြင်းထန်သော မန္တလေးငလျင်ကြီးဒဏ်ကြောင့် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်ကြီး၏ ရင်ပြင်တော်နှင့် သာသနိကအဆောက်အဦများထိခိုက်ပျက်စီးခဲ့မှုကို နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဧပြီ ၂၄ ရက်ညနေပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။ ထိုသို့ ကြည့်ရှုစစ်ဆေးပြီးနောက် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ရင်ပြင်တော်နေရာများ၊ မြေထိန်းနံရံနေရာများနှင့် သာသနိကအဆောက်အဦအချို့အား ပြန်လည်ပြုပြင်ခြင်းများကို စနစ်တကျအမြန်ဆုံးဆောင်ရွက်ရန်၊ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို မိုးရာသီမရောက်မီ ရနိုင်သမျှဆောင်ရွက်ရန်မှာကြားသည်။ ထို့အတူ နိုင်ငံတော်မှလည်း လိုအပ်သည်များကို ဖြည့်ဆည်းပေးသွားမည်ဖြစ်ကာ စေတီတော်ကြီးရှိ သာသနိကအဆောက်အဦများ ပြန်လည်ပြုပြင်ခြင်း၊ ဘက်စုံပြုပြင်မွမ်းမံခြင်းများဆောင်ရွက်ရာတွင် စေတနာရှင်အလှူရှင်များ ပါဝင်ကုသိုလ်ယူလှူဒါန်းနိုင်ရေးအတွက်လည်း နှိုးဆော်သွားရမည်ဟု မှာကြားခဲ့သည်။ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ပန္နက်တော်တင် မင်္ဂလာအခမ်းအနားအား ၂၀၀၆...

Sky Villa အားရှင်းလင်းရာအမျိုးသား(၄)ဦး၏ရုပ်အလောင်းတွေ့ရှိ

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် မန္တလေးမြို့ရှိ Sky Villa အဆောက်အဦး၏ အဆောက်အဦး C အဆောင်နှင့် D အဆောင်တို့အား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ယနေ့ ဧပြီ ၂၄ ရက်တွင် ယန္တရားများနှင့်အတူ ဖယ်ရှားရှင်းလင်းမှုများဆက်လက်ပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ထိုသို့ ဖယ်ရှားရှင်းလင်းစဥ် နံနက် ၁၀ နာရီခွဲကျော်ခန့်တွင် အမျိုးသား(၂)ဦး၏ရုပ်အလော-င်းများ၊ နံနက် ၁၁ နာရီခန့်တွင် ကလေ-းငယ်(၁)ဦးနှင့် အမျိုးသား(၁)ဦးတို့၏ရုပ်အလော-င်းများကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။ ထို့ပြင် မန္တလေးတိုင်း၊ မြစ်သားမြို့ရှိ ရွှေမုဌောဘုရား ငလျင်ဒဏ်ပြိုကျသည့်နေရာ၊ ကျောက်ဆည်မြို့နယ်၊ ကြက်မင်းတွန်ရပ်ကွက်ရှိ အ.ထ.က (၃)...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071