Wednesday, April 16, 2025

မန္တလေးငလျင်ကြီးသည် ရှားပါး”စူပါရှီးယား” ငလျင်ဖြစ်

ငလျင်ကြီးကြောင့်မြေပြင်ပြောင်းလဲသွားမှုများကို ဂြိုလ်တုအချက်အလက်များဖြင့် နာဆာ ထုတ်ပြန် ကယ်လီဖိုးနီးယားတောင်ပိုင်းရှိ NASA ၏ Jet Propulsion Laboratory မှ သုတေသီများသည် ရေဒါနှင့် optical...

သင်္ကြန်ပိတ်ရက်အတွင်း ပုဂ္ဂလိကဘဏ်(၂၇)ဘဏ်က ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ပေး

မြန်မာ့ရိုးရာအတာသင်္ကြန်ပိတ်ရက်ဖြစ်သည့် ဧပြီ ၁၂ ရက်မှ ၂၁ ရက်အထိအား ငွေကြေးကိစ္စများအဆင်ပြေစေရန် ပုဂ္ဂလိကဘဏ်(၂၇)ဘဏ်မှ ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ကမ္ဘောဇဘဏ်၊ CB Bank...

ရှီ၏ခရီးစဉ်၌တရုတ်နှင့်ဗီယက်နမ်တို့စာချုပ်များစွာကိုလက်မှတ်ရေးထိုးခဲ့

ဟနွိုင်း၊ဧပြီ ၁၄ အမေရိက,က မြင့်မားလှသည့်အခွန်များကို စည်းကြပ်နေစဉ် ကုန်သွယ်ရေးကဏ္ဍတွင် တစ်ဖက်နှင့်တစ်ဖက်ပိုမိုပူးပေါင်းဆောင်ရွက်ရန်လိုအပ်သဖြင့် တရုတ်နှင့်ဗီယက်နမ်တို့သည် သဘောတူညီစာချုပ်များစွာကို လက်မှတ်ရေးထိုးခဲ့ကြသည်ဟုသိရသည်။ ကမ္ဘာတစ်ဝန်း၌ အခွန်းတိုးမြှင့် ချမှတ်မှုကို ဆိုင်းငံ့ထားသည့် သက်တမ်းကုန်ဆုံးမည့်ဇူလိုင်လတွင်...

ဧပြီလလယ်မှစ၍ အနောက်တောင်မုတ်သုံလေမဝင်ရောက်မီအတွင်း အထူးဂရုပြုနေထိုင်ကြရန် မိုးဇလသတိပေး

မြန်မာနိုင်ငံအတွင်း၌ ဧပြီလလယ်မှစ၍ အနောက်တောင်မုတ်သုံလေမဝင်ရောက်မီအတွင်း အထူးဂရုပြုနေထိုင်ကြရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ ဧပြီ ၁၅ ရက်က မိုးကြိုကာလအတွင်းဖြစ်ပေါ်တတ်သည့် မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ ကြိုတင်သတိပေးနှိုးဆော်ချက် အမှတ်စဉ်(ဝ၄/၂ဝ၂၅)အဖြစ်...
HomeNewsLocal Newsအင်းလေးဒေသ ကျေးရွာ(၃)ရွာ ပြန်လည်ထူထောင်ရေးအတွက်...

အင်းလေးဒေသ ကျေးရွာ(၃)ရွာ ပြန်လည်ထူထောင်ရေးအတွက် ကမ္ဘော‌ဇဘဏ် အလှူငွေများပေးအပ်

အင်းလေးဒေသ ကျေးရွာ(၃)ရွာဖြစ်သည့်
ရှေ့၀ကြီး၊ အိုင်ထောင့်ကြီး၊ မြွေပွေး (အထက်ရွာ)များရှိ စာသင်ကျောင်းအပါအဝင် ဆရာများ‌နေအိမ်၊ဘုန်းကြီးကျောင်းများ ပြန်လည်ထူထောင်ရေးအတွက် ကမ္ဘော‌ဇဘဏ်က အလှူငွေများပေးအပ်ခဲ့ကြောင်းသိရသည်။

ထိုသို့ ပေးအပ်လှူဒါန်းရာ၌ အိုင်ထောင့်ကြီးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲ ကျောင်းအသစ်ဆောက်ရန် ကျပ်ငွေ သိန်း(၈၀၀) နှင့် ဆရာများ နေအိမ်ပြုပြင်ရန် ငွေသိန်း(၁၀၀) ကိုလည်းကောင်း ၊ အိုင်ထောင့်ကြီး ကျေးရွာ ရွာသစ်ဘုန်းတော်ကြီးကျောင်းပြန်လည်ပြုပြင်ရန် ငွေကျပ် သိန်း(၃၀၀) ကိုလည်းကောင်း ၊ ရှေ့ဝကြီး(အင်းဦးပထမကျောင်း) ဘုန်းတော်ကြီးကျောင်း ပြုပြင်ရန် ကျပ်ငွေသိန်း(၃၀၀) ကိုလည်း ကောင်းပေးအပ်လှူဒါန်းခဲ့သည်။

ထို့အပြင် ငလျင်ဘေးဒဏ်သင့် ပြည်သူများအတွက် စားနပ်ရိက္ခာနှင့် အရေးပေါ်သုံးထောက်ပံ့ပစ္စည်းများ ၊ လိုအပ်သည်များ ထောက်ပံ့လှူဒါန်းခဲ့သည်။

ငလျင်ဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် ကမ္ဘောဇဖောင်ဒေးရှင်းနှင့် ကမ္ဘောဇဘဏ်တို့က ကျပ်ငွေ ၁၅ ဘီလီယံ ကနဦး မတည်လှူဒါန်းသွားမည်ဖြစ်ပြီး အဆိုပါထောက်ပံ့လှုဒါန်းမှုအား အရေးပေါ်ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ၌ ပထမ ဦးစားပေးဆောင်ရွက်သွားမည်ဟုလည်းယမန်နေ့ က အသိပေးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မန္တလေးငလျင်ကြီးသည် ရှားပါး”စူပါရှီးယား” ငလျင်ဖြစ်

ငလျင်ကြီးကြောင့်မြေပြင်ပြောင်းလဲသွားမှုများကို ဂြိုလ်တုအချက်အလက်များဖြင့် နာဆာ ထုတ်ပြန် ကယ်လီဖိုးနီးယားတောင်ပိုင်းရှိ NASA ၏ Jet Propulsion Laboratory မှ သုတေသီများသည် ရေဒါနှင့် optical ဂြိုလ်တုများမှ အချက်အလက်များကို အသုံးပြု၍ မြေပြင်ရွေ့မှုကိုလေ့လာခဲ့သည်။ အထက်ဖော်ပြပါမြေပုံတွင် အနီရောင်အစက်များများသည် မြောက်ဘက်ရွေ့လျားမှုကို ညွှန်ပြပြီး အပြာရောင်အစက်များသည် တောင်ဘက်သို့ ရွေ့လျားမှုကိုပြသသည်။ ဂြိုလ်တု သုံးခုမှအချက်အလက်ကို အသုံးပြု၍ ARIA အဖွဲ့သည် ငလျင်ကြောင့် မြေပြင် ရွေ့လျားမှု ခန့်မှန်းချက်များကို ခြေရာခံတွက်ချက်ခဲ့သည်။ မတ်လ ၂၈ ရက်နေ့ ငလျင်ကြီးကြောင့် မျက်နှာပြင် အက်ကြောင်းသည် အရှည် ၅၅၀...

သင်္ကြန်ပိတ်ရက်အတွင်း ပုဂ္ဂလိကဘဏ်(၂၇)ဘဏ်က ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ပေး

မြန်မာ့ရိုးရာအတာသင်္ကြန်ပိတ်ရက်ဖြစ်သည့် ဧပြီ ၁၂ ရက်မှ ၂၁ ရက်အထိအား ငွေကြေးကိစ္စများအဆင်ပြေစေရန် ပုဂ္ဂလိကဘဏ်(၂၇)ဘဏ်မှ ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ကမ္ဘောဇဘဏ်၊ CB Bank PCL ၊ မြန်မာနိုင်ငံသားများဘဏ်၊ AYA Bank PCL ၊ အင်းဝဘဏ်၊ ယူအေဘီဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ ကမ္ဘာ့ရတနာဘဏ်၊ ရိုးမဘဏ်၊ မြဝတီဘဏ်၊ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်၊ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်၊ ဂုဏ်ထူးဆောင်တောင်သူလယ်သမားဖွံ့ဖြိုးရေးဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ်၊ ဧရာဝတီတောင်သူလယ် သမားများဖွံ့ဖြိုးရေးဘဏ်၊ အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ်၊ မြန်မာ့ခရီးသွားဘဏ်၊ ပထမပုဂ္ဂလိကဘဏ်၊ ရတနာပုံဘဏ်၊ ထွန်းကော်မာရှယ်ဘဏ်၊ ဆောက်လုပ်ရေး၊ အိမ်ရာနှင့်...

ရှီ၏ခရီးစဉ်၌တရုတ်နှင့်ဗီယက်နမ်တို့စာချုပ်များစွာကိုလက်မှတ်ရေးထိုးခဲ့

ဟနွိုင်း၊ဧပြီ ၁၄ အမေရိက,က မြင့်မားလှသည့်အခွန်များကို စည်းကြပ်နေစဉ် ကုန်သွယ်ရေးကဏ္ဍတွင် တစ်ဖက်နှင့်တစ်ဖက်ပိုမိုပူးပေါင်းဆောင်ရွက်ရန်လိုအပ်သဖြင့် တရုတ်နှင့်ဗီယက်နမ်တို့သည် သဘောတူညီစာချုပ်များစွာကို လက်မှတ်ရေးထိုးခဲ့ကြသည်ဟုသိရသည်။ ကမ္ဘာတစ်ဝန်း၌ အခွန်းတိုးမြှင့် ချမှတ်မှုကို ဆိုင်းငံ့ထားသည့် သက်တမ်းကုန်ဆုံးမည့်ဇူလိုင်လတွင် ဗီယက်နမ်အနေဖြင့် အမေရိက၏ အခွန်စည်းကြပ်မှု ၄၆ ရာခိုင်နှုန်းကိုရင်ဆိုင်ရမည်ဖြစ်သကဲ့သို့ တရုတ်သည်လည်း ၁၄၅ ရာခိုင်နှုန်းအထိအခွန်စည်းကြပ်ခံရမည့်အရေးကြောင့် တရုတ်သမ္မတရှီသည် အာဆီယံဒေသတွင်းသို့ ညှိနှိုင်းရေးခရီးစဉ်ကို ပြုလုပ်ရခြင်းလည်းဖြစ်သည်။ သမ္မတရှီသည် ဗီယက်နမ်ထိပ်တန်းခေါင်းဆောင် တူလန်နှင့်တွေ့ဆုံပြီးနောက် နှစ်နိုင်ငံကြားထောက်ပံ့ရေးလမ်းကြောင်းများတိုးမြှ့င့်ရေးအပါအဝင် မီးရထားလမ်းများပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်ဒါဇင်ပေါင်းများစွာကို လက်မှတ်ရေးထိုးခဲ့ကြသည်ဟုလည်းရိုက်တာသတင်းဌာနကဖော်ပြခဲ့သည်။ တရုတ်နှင့်ဗီယက်နမ်မီဒီယာများက နောက်ပိုင်းတွင်ဖော်ပြကြသည်မှာ နှစ်ဖက်ခေါင်းဆောင်များသည် သဘောတူညီချက်ပေါင်း ၄၅ ခုကိုလက်မှတ်ရေးထိုးခဲ့ကြသည်ဟုလည်းဆိုကြသည်။သို့သော် မည်သည့်သဘောတူညီချက်များပါဝင်သည်ဟူသောအသေးစိတ်အချက်ကိုမူ ဖော်ပြခြင်းမရှိခဲ့ပေ။ တရုတ်သမ္မတရှီကမူ ကုန်သွယ်ရေးစစ်ပွဲသည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071