Thursday, April 24, 2025

ငလျင်ဒဏ်ကြောင့် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးရှိ ပျက်စီးခဲ့မှုများကို နစက...

အလွန်အင်အားပြင်းထန်သော မန္တလေးငလျင်ကြီးဒဏ်ကြောင့် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်ကြီး၏ ရင်ပြင်တော်နှင့် သာသနိကအဆောက်အဦများထိခိုက်ပျက်စီးခဲ့မှုကို နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဧပြီ ၂၄...

Sky Villa အားရှင်းလင်းရာအမျိုးသား(၄)ဦး၏ရုပ်အလောင်းတွေ့ရှိ

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် မန္တလေးမြို့ရှိ Sky Villa အဆောက်အဦး၏ အဆောက်အဦး C အဆောင်နှင့် D အဆောင်တို့အား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ယနေ့...

ကျိုက်ထီးဆောင်းဆရာတော်ကြီးမှ စစ်ကိုင်းမြို့နယ်အတွင်း ထောက်ပံ့လှူဒါန်းမှုများပြုလုပ်

ကျိုက်ထီးဆောင်းဆရာတော်ကြီးမှ မန္တလေးငလျင်ကြီးဒဏ်သင့် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ငလျင်ဒဏ်သင့် အိမ်ထောင်စုများကို ယနေ့ ဧပြီ ၂၄ ရက်က ထောက်ပံ့လှူဒါန်းမှုများပြုလုပ်ခဲ့ကြောင်း...

သောက်သုံးရေကန်ကိုမြေဖို့ခဲ့သူအား ဒဏ်ကြေး(၃) သိန်းချမှတ်ပြီး ဂရန်ပယ်ဖျက်ခဲ့

ရန်ကုန်တိုင်း၊ ဒလမြို့၊ ဗိုလ်ရန်ပြေရပ်ကွက်ရှိ သောက်သုံးရေကန်အားမြေဖို့ခဲ့သူအား ဒဏ်ကြေး(၃)သိန်းချမှတ်ပြီးဖြစ်ကာ ၎င်း ရရှိထားသော ဂရန်ကိုလည်းပယ်ဖျက်ပြီးဖြစ်ကြောင်း သိရသည်။ အဆိုပါ ပုဂ္ဂိုလ်သည် ယင်းသောက်သုံးရေကန်အား နှစ်(၆၀)ဂရန်ရရှိထားသည်ဟုဆိုကာ သက်ဆိုင်ရာ...
HomeNewsLocal Newsမြန်မာငလျင်ဘေးဒဏ်သင့်ပြည်သူများအား ထိုင်းဘုရင်မင်းမြတ်လှူဒါန်းသည့် ကူညီထောက်ပံ့ရေးပစ္စည်းများ...

မြန်မာငလျင်ဘေးဒဏ်သင့်ပြည်သူများအား ထိုင်းဘုရင်မင်းမြတ်လှူဒါန်းသည့် ကူညီထောက်ပံ့ရေးပစ္စည်းများ လွှဲပြောင်းပေးအပ်

ယနေ့ ဧပြီလ ၁ ရက်နေ့တွင် ထိုင်းဘုရင်မင်းမြတ်နှင့် မိဖုရားကြီးမှ မြန်မာငလျင်ဘေးသင့်ပြည်သူများအတွက် ပေးအပ်သောလူသားချင်းစာနာထောက်ထားမှုအကူအညီများဖြစ်သည့် ဆေးဝါးအိတ်များ၊ ယာယီတဲများ၊ အသင့်စားခေါက်ဆွဲခြောက်၊ ဆန်ပြုတ်ဘူး၊ ငါးသေတ္တာ၊ ဓါတ်မီး၊ မီးစက်နှင့် အခြားလိုအပ်သောကယ်ဆယ်ရေးပစ္စည်းများတင်ဆောင်လာသော ထိုင်းဘုရင့်လေတပ်မှ အထူးလေယာဉ်နှစ်စင်းသည် နေပြည်တော်လေဆိပ်သို့ ရောက်ရှိခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး ဉီးဆောင်ကာ ဘုရင်မင်းမြတ်၏ကူညီထောက်ပံ့မှုပစ္စည်းများကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးကြည် ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကာ အဆိုပါပစ္စည်းများကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန (Disaster Management Center : DMC) ထံ ပေးအပ်သွားမည်ဖြစ်ပြီး ငလျင်ဘေးသင့်ပြည်သူများအားပေးအပ်ရန် နေရာအသီးသီးသို့ ဆက်လက်ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငလျင်ဒဏ်ကြောင့် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးရှိ ပျက်စီးခဲ့မှုများကို နစက ဥက္ကဋ္ဌကြည့်ရှု

အလွန်အင်အားပြင်းထန်သော မန္တလေးငလျင်ကြီးဒဏ်ကြောင့် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်ကြီး၏ ရင်ပြင်တော်နှင့် သာသနိကအဆောက်အဦများထိခိုက်ပျက်စီးခဲ့မှုကို နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဧပြီ ၂၄ ရက်ညနေပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။ ထိုသို့ ကြည့်ရှုစစ်ဆေးပြီးနောက် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ရင်ပြင်တော်နေရာများ၊ မြေထိန်းနံရံနေရာများနှင့် သာသနိကအဆောက်အဦအချို့အား ပြန်လည်ပြုပြင်ခြင်းများကို စနစ်တကျအမြန်ဆုံးဆောင်ရွက်ရန်၊ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို မိုးရာသီမရောက်မီ ရနိုင်သမျှဆောင်ရွက်ရန်မှာကြားသည်။ ထို့အတူ နိုင်ငံတော်မှလည်း လိုအပ်သည်များကို ဖြည့်ဆည်းပေးသွားမည်ဖြစ်ကာ စေတီတော်ကြီးရှိ သာသနိကအဆောက်အဦများ ပြန်လည်ပြုပြင်ခြင်း၊ ဘက်စုံပြုပြင်မွမ်းမံခြင်းများဆောင်ရွက်ရာတွင် စေတနာရှင်အလှူရှင်များ ပါဝင်ကုသိုလ်ယူလှူဒါန်းနိုင်ရေးအတွက်လည်း နှိုးဆော်သွားရမည်ဟု မှာကြားခဲ့သည်။ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ပန္နက်တော်တင် မင်္ဂလာအခမ်းအနားအား ၂၀၀၆...

Sky Villa အားရှင်းလင်းရာအမျိုးသား(၄)ဦး၏ရုပ်အလောင်းတွေ့ရှိ

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် မန္တလေးမြို့ရှိ Sky Villa အဆောက်အဦး၏ အဆောက်အဦး C အဆောင်နှင့် D အဆောင်တို့အား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ယနေ့ ဧပြီ ၂၄ ရက်တွင် ယန္တရားများနှင့်အတူ ဖယ်ရှားရှင်းလင်းမှုများဆက်လက်ပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ထိုသို့ ဖယ်ရှားရှင်းလင်းစဥ် နံနက် ၁၀ နာရီခွဲကျော်ခန့်တွင် အမျိုးသား(၂)ဦး၏ရုပ်အလော-င်းများ၊ နံနက် ၁၁ နာရီခန့်တွင် ကလေ-းငယ်(၁)ဦးနှင့် အမျိုးသား(၁)ဦးတို့၏ရုပ်အလော-င်းများကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။ ထို့ပြင် မန္တလေးတိုင်း၊ မြစ်သားမြို့ရှိ ရွှေမုဌောဘုရား ငလျင်ဒဏ်ပြိုကျသည့်နေရာ၊ ကျောက်ဆည်မြို့နယ်၊ ကြက်မင်းတွန်ရပ်ကွက်ရှိ အ.ထ.က (၃)...

ကျိုက်ထီးဆောင်းဆရာတော်ကြီးမှ စစ်ကိုင်းမြို့နယ်အတွင်း ထောက်ပံ့လှူဒါန်းမှုများပြုလုပ်

ကျိုက်ထီးဆောင်းဆရာတော်ကြီးမှ မန္တလေးငလျင်ကြီးဒဏ်သင့် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ငလျင်ဒဏ်သင့် အိမ်ထောင်စုများကို ယနေ့ ဧပြီ ၂၄ ရက်က ထောက်ပံ့လှူဒါန်းမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများ(၁၀၄)ကျောင်းကို တစ်ကျောင်းလျင် အလှူငွေကျပ်(၁၀)သိန်းစီ၊ အိမ်ထောင်စု(၃၃၀)အား အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေ(၁)သိန်းကျပ်စီအပါအဝင် ဆေး၊ ဖျာ၊ ခြင်ထောင်၊ မိုးကာ၊ ကြာဇံတို့ကိုလည်းထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ ထို့အတူ ကျိုက်ထီးဆောင်းဆရာတော်ကြီးသည် မဟာစည်းခုံကြီးဘုရား ဘက်စုံပြုပြင်မွန်းမံမှုများပြုလုပ်နိုင်ရန် အလှူငွေကျပ်သိန်း(၂၀)ကိုလည်း ဘုရားဂေါပကအဖွဲ့ထံ လှူဒါန်းခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071