Thursday, April 17, 2025

နှစ်သစ်တွင် နိုင်ငံတော်ကဆက်လက်လျှောက်လှမ်းမည့် ပါတီစုံဒီမိုကရေစီဖော်ဆောင်မှု၌ နိုင်ငံသူ၊နိုင်ငံသားအားလုံး...

နှစ်သစ်တွင် နိုင်ငံတော်ကဆက်လက်လျှောက်လှမ်းမည့် ပါတီစုံဒီမိုကရေစီဖော်ဆောင်မှု၌ နိုင်ငံသူ၊နိုင်ငံသားအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဧပြီ ၁၇ ရက်(မြန်မာနှစ်သစ်ကူး/နှစ်ဆန်းတစ်ရက်နေ့)တွင်...

ဘော့စ်နီးယားနှင့် ဟာဇီးဂိုးဗီးနားနိုင်ငံမှ ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့လာ

နေပြည်တော်၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့၌ မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်နေပါ်ခဲ့ရသဖြင့် ဘော့စ်နီးယားနှင့် ဟာဇီးဂိုးဗီးနားနိုင်ငံက နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ခဲ့သည်။ ဘော့စ်နီးယားနှင့် ဟာဇီးဂိုးဗီးနားနိုင်ငံ...

ဘူတန်နိုင်ငံဆေးအဖွဲ့က မပြန်ခင်ခေတ်မီရေသန့်စင်စက်များလှူဒါန်း

နေပြည်တော်၌ မန္တလေးငလျင်ကြီးဒဏ်သင့်သူများအား ကုသမှုများပြုလုပ်ပေးလျက်ရှိသည့် ဘူတန်နိုင်ငံမှ ဆေးဘက်ဆိုင်ရာအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့သည် ခေတ်မီရေသန့်စင်စက်များနှင့် လှူဖွယ်ပစ္စည်းများကို ယနေ့ ဧပြီ ၁၆ ရက်ကလှူဒါန်းခဲ့ကြသည်။ ဘူတန်အဖွဲ့သည် ပျဉ်းမနားမြို့နယ်၊ ညောင်ပင်သာကျေးရွာရှိ...

ထရမ့်ပ်က ရိုက်တာနှင့်ဘလွန်းဘက်ဂ်ကိုတွေ့ဆုံမေးမြန်းခွင့်ကန့်သတ်

ဝါရှင်တန်၊ဧပြီ ၁၆ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ပ်သည် နောက်ဆုံးပြုလုပ်ခဲ့သည့် မီဒီယာကန့်သတ်မှုတစ်ခုအနေဖြင့် ရိုက်တာနှင့်ဘလွန်းဘက်ဂ်သတင်းဌာနများကို အမေရိကန်သမ္မတ၏သတင်းများကို အချိန်နှင့်တစ်ပြေးညီထုတ်ပြန်ရန်အတွက် အိမ်ဖြူတော်၌ သတင်းရယူ‌ေရးအဖွဲ့ ၌ သတင်းယူခွင့်ပြုတော့မည်မဟုတ်ကြောင်း သတင်းထုတ်ပြန်ကြေငြာခဲ့သည်။ Small pool...
HomeNewsLocal Newsမန္တလေးမြို့၊ TULIP တည်းခိုခန်း...

မန္တလေးမြို့၊ TULIP တည်းခိုခန်း အဆောက်အဦး ပြိုကျပျက်စီးခဲ့ရာ အမျိုးသား (၂)ဦး၏ ရုပ်အလောင်းတို့ တွေ့

မန္တလေးမြို့ရှိ TULIP တည်းခိုခန်း အဆောက်အဦး ပြိုကျပျက်စီးသည့်နေရာတွင် ကယ်ဆယ်ရေး လုပ်ဆောင်နေရာမှ အမျိုးသား (၂)ဦး၏ ရုပ်အလောင်းတို့ တွေ့ရှိခဲ့ရပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ငလျင်လှုပ်ခတ်မှုကြောင့် ၃၆ လမ်း၊ ရ၉×၈၀လမ်းကြားရှိ TULIP တည်းခိုခန်း အဆောက်အဦ ပြိုကျပျက်စီးခဲ့ရခြင်းဖြစ်သည်။

အဆိုပါ နေရာတွင် ယနေ့ ဧပြီ (၁)ရက်တွင် မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ ရုရှားနိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာမှ ေ-သဆုံးသူ အမျိုးသား (၂)ဦး၏ ရုပ်အလောင်းများအား ရှာဖွေတွေ့ရှိခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နှစ်သစ်တွင် နိုင်ငံတော်ကဆက်လက်လျှောက်လှမ်းမည့် ပါတီစုံဒီမိုကရေစီဖော်ဆောင်မှု၌ နိုင်ငံသူ၊နိုင်ငံသားအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် နစက ဥက္ကဋ္ဌတိုက်တွန်း

နှစ်သစ်တွင် နိုင်ငံတော်ကဆက်လက်လျှောက်လှမ်းမည့် ပါတီစုံဒီမိုကရေစီဖော်ဆောင်မှု၌ နိုင်ငံသူ၊နိုင်ငံသားအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဧပြီ ၁၇ ရက်(မြန်မာနှစ်သစ်ကူး/နှစ်ဆန်းတစ်ရက်နေ့)တွင် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။ " နှစ်ဟောင်းမှာ ကျွန်တော်တို့ကြုံတွေ့ခဲ့တဲ့ ဘေးဒုက္ခတွေ၊ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကနေ အားနည်းချက်တွေကို သင်ခန်းစာယူဖော်ထုတ်ပြီး နှစ်သစ်မှာ အတွေးသစ်၊ အမြင်သစ်နဲ့ နိုင်ငံတော်က ဆက်လက်လျှောက်လှမ်းမယ့် ပါတီစုံဒီမိုကရေစီဖော်ဆောင်မှုမှာ နိုင်ငံသူနိုင်ငံသားများအားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ကြပါလို့တိုက်တွန်းလိုပါတယ်"ဟု နစက ဥက္ကဋ္ဌက ပြောသည်။ ထို့ပြင် နိုင်ငံတော်တွင် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးကို...

ဘော့စ်နီးယားနှင့် ဟာဇီးဂိုးဗီးနားနိုင်ငံမှ ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့လာ

နေပြည်တော်၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့၌ မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်နေပါ်ခဲ့ရသဖြင့် ဘော့စ်နီးယားနှင့် ဟာဇီးဂိုးဗီးနားနိုင်ငံက နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ခဲ့သည်။ ဘော့စ်နီးယားနှင့် ဟာဇီးဂိုးဗီးနားနိုင်ငံ သမ္မတရုံးဥက္ကဋ္ဌ မစ္စဂျယ်လီကာ ဆီဂျန်နိုဗစ် ကသဝဏ်လွှာပေးပို့ရာတွင် မြန်မာနိုင်ငံ၌လှုပ်ခတ်ခဲ့သည့် ပြင်းထန်ငလျင်ကြောင့် လူ့အသက်ပေါင်းများစွာဆုံးရှုံးခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုများစွာဖြစ်ပေါ်ခဲ့သည်ကိုကြားသိရ၍ ဝမ်းနည်းကြေကွဲမိကာ မြန်မာနိုင်ငံအပေါ် ဆိုးရွားစွာသက်ရောက်ခဲ့သည့် အဖြစ်ဆိုးကြီးအတွက် မိမိမှအထူးပင်ဝမ်းနည်းကြေကွဲရသည်ဟု ရေးသားထားသည်။ ယခုအဖြစ်ဆိုးကြီးကြောင့် အသက်ဆုံးရှုံးခဲ့ရသူများ၏ ကျန်ရစ်သူမိသားစုနှင့်အတူ ထပ်တူဝမ်းနည်းကြေကွဲရကာ ဒဏ်ရာရရှိသူများအမြန်ပြန်လည်ကောင်းမွန်လာပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါသည်ဟုလည်း ရေးသားထားသည်။

ဘူတန်နိုင်ငံဆေးအဖွဲ့က မပြန်ခင်ခေတ်မီရေသန့်စင်စက်များလှူဒါန်း

နေပြည်တော်၌ မန္တလေးငလျင်ကြီးဒဏ်သင့်သူများအား ကုသမှုများပြုလုပ်ပေးလျက်ရှိသည့် ဘူတန်နိုင်ငံမှ ဆေးဘက်ဆိုင်ရာအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့သည် ခေတ်မီရေသန့်စင်စက်များနှင့် လှူဖွယ်ပစ္စည်းများကို ယနေ့ ဧပြီ ၁၆ ရက်ကလှူဒါန်းခဲ့ကြသည်။ ဘူတန်အဖွဲ့သည် ပျဉ်းမနားမြို့နယ်၊ ညောင်ပင်သာကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ခေတ်မီအလိုအလျောက်ရေသန့်စင်စက်နှင့် ရေလီတာ(၂၀၀၀)ဆံ့ရေတိုင်ကီ၊ ပျဉ်းမနားမြို့၊ မဟာဝိသုတာရာမဈေးကုန်း ပရိယတ္တိစာသင်တိုက်၏ ဦးစီးပဓာနနာယကဆရာတော်ထံ အမေရိကန်ဒေါ်လာ(၁၃၀၀၀)ကျော်တန်ဖိုးရှိ ဆွမ်းဆန်တော်(၁၀)အိတ်၊ စားသုံးဆီနှင့် စားသောက်ဖွယ်ရာများ၊ အရေးပေါ်ကယ်ဆယ်ရေး ပစ္စည်းများကိုလှူဒါန်းခဲ့သည်။ ပျဉ်းမနားမြို့နယ်အတွင်းထိခိုက်ပျက်စီးခဲ့သောအဆောက်အဦးများအား ဖယ်ရှားရှင်းလင်းနေသူများကိုလည်း စောင်၊ ခြင်ထောင်များ၊ အရေးပေါ်ကာကွယ်ရေးဆိုင်ရာတစ်ကိုယ်ရည်သုံးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများလှူဒါန်းပေးခဲ့သည်။ ပေါင်းလောင်းအားကစားကွင်း၌ဖွင့်လှစ်ထားသည့် ယာယီဆေးရုံ(ပေါင်းလောင်း) ၌ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ပါရဂူကြီးများ၊ ဆရာဝန်၊သူနာပြုများနှင့် ပူးပေါင်း၍ ငလျင်ဒဏ်သင့်ပြည်သူများအား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071