Wednesday, April 16, 2025

မန္တလေးငလျင်ကြီးသည် ရှားပါး”စူပါရှီးယား” ငလျင်ဖြစ်

ငလျင်ကြီးကြောင့်မြေပြင်ပြောင်းလဲသွားမှုများကို ဂြိုလ်တုအချက်အလက်များဖြင့် နာဆာ ထုတ်ပြန် ကယ်လီဖိုးနီးယားတောင်ပိုင်းရှိ NASA ၏ Jet Propulsion Laboratory မှ သုတေသီများသည် ရေဒါနှင့် optical...

သင်္ကြန်ပိတ်ရက်အတွင်း ပုဂ္ဂလိကဘဏ်(၂၇)ဘဏ်က ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ပေး

မြန်မာ့ရိုးရာအတာသင်္ကြန်ပိတ်ရက်ဖြစ်သည့် ဧပြီ ၁၂ ရက်မှ ၂၁ ရက်အထိအား ငွေကြေးကိစ္စများအဆင်ပြေစေရန် ပုဂ္ဂလိကဘဏ်(၂၇)ဘဏ်မှ ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ကမ္ဘောဇဘဏ်၊ CB Bank...

ရှီ၏ခရီးစဉ်၌တရုတ်နှင့်ဗီယက်နမ်တို့စာချုပ်များစွာကိုလက်မှတ်ရေးထိုးခဲ့

ဟနွိုင်း၊ဧပြီ ၁၄ အမေရိက,က မြင့်မားလှသည့်အခွန်များကို စည်းကြပ်နေစဉ် ကုန်သွယ်ရေးကဏ္ဍတွင် တစ်ဖက်နှင့်တစ်ဖက်ပိုမိုပူးပေါင်းဆောင်ရွက်ရန်လိုအပ်သဖြင့် တရုတ်နှင့်ဗီယက်နမ်တို့သည် သဘောတူညီစာချုပ်များစွာကို လက်မှတ်ရေးထိုးခဲ့ကြသည်ဟုသိရသည်။ ကမ္ဘာတစ်ဝန်း၌ အခွန်းတိုးမြှင့် ချမှတ်မှုကို ဆိုင်းငံ့ထားသည့် သက်တမ်းကုန်ဆုံးမည့်ဇူလိုင်လတွင်...

ဧပြီလလယ်မှစ၍ အနောက်တောင်မုတ်သုံလေမဝင်ရောက်မီအတွင်း အထူးဂရုပြုနေထိုင်ကြရန် မိုးဇလသတိပေး

မြန်မာနိုင်ငံအတွင်း၌ ဧပြီလလယ်မှစ၍ အနောက်တောင်မုတ်သုံလေမဝင်ရောက်မီအတွင်း အထူးဂရုပြုနေထိုင်ကြရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ ဧပြီ ၁၅ ရက်က မိုးကြိုကာလအတွင်းဖြစ်ပေါ်တတ်သည့် မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ ကြိုတင်သတိပေးနှိုးဆော်ချက် အမှတ်စဉ်(ဝ၄/၂ဝ၂၅)အဖြစ်...
HomeInternational“ထာဝရ မိတ်ဆွေများဖြစ်၊ မည်သည့်အခါကမှ...

“ထာဝရ မိတ်ဆွေများဖြစ်၊ မည်သည့်အခါကမှ ရန်သူမဟုတ်”–ဝမ်ယိ

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ဧပြီ (၁) ရက်နေ့က မော်စကိုသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း တရုတ်နှင့် ရုရှားတို့သည် “ထာဝရ မိတ်ဆွေများဖြစ်ပြီး မည်သည့်အခါကမှ ရန်သူများ မဟုတ်” ဟု ပြောကြားခဲ့ကာ ဝါရှင်တန်နှင့် မော်စကိုအကြား ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်မည့် လက္ခဏာတွေ့ရခြင်းကို ကြိုဆိုသည်ဟုလည်း ဆိုခဲ့သည်။

“ထာဝရ မိတ်ဆွေ” ဟူသော မူသည် ပိုမိုမြင့်မားသောအဆင့်တစ်ခုတွင် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်အတွက် ခိုင်မာသော တရားဝင်မှုအခြေခံတစ်ခုအဖြစ် ထမ်းဆောင်သည်ဟု မစ္စတာ ဝမ်က ရုရှား၏ အာအိုင်အေ သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

မစ္စတာဝမ်သည် အရေးကြီးသော ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးမှုများအတွက် မော်စကိုသို့ သုံးရက်ကြာ အလည်အပတ်ရောက်ရှိနေခြင်းဖြစ်သည်။ ယူကရိန်းစစ်ပွဲ အပစ်အခတ်ရပ်စဲမှု ရရှိရေး ဆွေးနွေးပွဲများ သည် မရေရာ မသေချာဖြစ်နေကာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ရုရှားနှင့် ယူကရိန်းခေါင်းဆောင်များကို ဝေဖန်မှုများလုပ်နေသည့် အခြေအနေတွင် သူ၏ခရီးစဉ်က ပေါ်ပေါက်လာခြင်းဖြစ်သည်။

မစ္စတာ ပူတင်သည် ဝမ်ကို လက်ခံတွေ့ဆုံသွားမည်ဖြစ်သည်ဟု ခရမ္မလင်က မတ်လ ၃၁ ရက်‌နေ့တွင် ပြောကြားခဲ့ပြီး ဝမ်သည် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီလက်ဗ်ရော့ဗ်နှင့် လည်းဆွေးနွေးသွားမည်ဖြစ်သည်။

လက်ရှိ ကမ္ဘာ့အခြေအနေများအရ အင်အားကြီးနိုင်ငံများသည် အခြေအနေများကို တည်ငြိမ်အောင် ဆောင်ရွက်ရန် တာဝန်ရှိပါကြောင်း၊ ယင်းအတွက်ကြောင့် ရုရှားနှင့် အမေရိကန်ပြည်ထောင်စုတို့က ဆက်ဆံရေးမြှင့်တင်မည့် အရွေ့ကို အားပေးပါကြောင်း မစ္စတာ ဝမ်က ပြောဆိုခဲ့သည်။

Ref: သည်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မန္တလေးငလျင်ကြီးသည် ရှားပါး”စူပါရှီးယား” ငလျင်ဖြစ်

ငလျင်ကြီးကြောင့်မြေပြင်ပြောင်းလဲသွားမှုများကို ဂြိုလ်တုအချက်အလက်များဖြင့် နာဆာ ထုတ်ပြန် ကယ်လီဖိုးနီးယားတောင်ပိုင်းရှိ NASA ၏ Jet Propulsion Laboratory မှ သုတေသီများသည် ရေဒါနှင့် optical ဂြိုလ်တုများမှ အချက်အလက်များကို အသုံးပြု၍ မြေပြင်ရွေ့မှုကိုလေ့လာခဲ့သည်။ အထက်ဖော်ပြပါမြေပုံတွင် အနီရောင်အစက်များများသည် မြောက်ဘက်ရွေ့လျားမှုကို ညွှန်ပြပြီး အပြာရောင်အစက်များသည် တောင်ဘက်သို့ ရွေ့လျားမှုကိုပြသသည်။ ဂြိုလ်တု သုံးခုမှအချက်အလက်ကို အသုံးပြု၍ ARIA အဖွဲ့သည် ငလျင်ကြောင့် မြေပြင် ရွေ့လျားမှု ခန့်မှန်းချက်များကို ခြေရာခံတွက်ချက်ခဲ့သည်။ မတ်လ ၂၈ ရက်နေ့ ငလျင်ကြီးကြောင့် မျက်နှာပြင် အက်ကြောင်းသည် အရှည် ၅၅၀...

သင်္ကြန်ပိတ်ရက်အတွင်း ပုဂ္ဂလိကဘဏ်(၂၇)ဘဏ်က ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ပေး

မြန်မာ့ရိုးရာအတာသင်္ကြန်ပိတ်ရက်ဖြစ်သည့် ဧပြီ ၁၂ ရက်မှ ၂၁ ရက်အထိအား ငွေကြေးကိစ္စများအဆင်ပြေစေရန် ပုဂ္ဂလိကဘဏ်(၂၇)ဘဏ်မှ ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ကမ္ဘောဇဘဏ်၊ CB Bank PCL ၊ မြန်မာနိုင်ငံသားများဘဏ်၊ AYA Bank PCL ၊ အင်းဝဘဏ်၊ ယူအေဘီဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ ကမ္ဘာ့ရတနာဘဏ်၊ ရိုးမဘဏ်၊ မြဝတီဘဏ်၊ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်၊ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်၊ ဂုဏ်ထူးဆောင်တောင်သူလယ်သမားဖွံ့ဖြိုးရေးဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ်၊ ဧရာဝတီတောင်သူလယ် သမားများဖွံ့ဖြိုးရေးဘဏ်၊ အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ်၊ မြန်မာ့ခရီးသွားဘဏ်၊ ပထမပုဂ္ဂလိကဘဏ်၊ ရတနာပုံဘဏ်၊ ထွန်းကော်မာရှယ်ဘဏ်၊ ဆောက်လုပ်ရေး၊ အိမ်ရာနှင့်...

ရှီ၏ခရီးစဉ်၌တရုတ်နှင့်ဗီယက်နမ်တို့စာချုပ်များစွာကိုလက်မှတ်ရေးထိုးခဲ့

ဟနွိုင်း၊ဧပြီ ၁၄ အမေရိက,က မြင့်မားလှသည့်အခွန်များကို စည်းကြပ်နေစဉ် ကုန်သွယ်ရေးကဏ္ဍတွင် တစ်ဖက်နှင့်တစ်ဖက်ပိုမိုပူးပေါင်းဆောင်ရွက်ရန်လိုအပ်သဖြင့် တရုတ်နှင့်ဗီယက်နမ်တို့သည် သဘောတူညီစာချုပ်များစွာကို လက်မှတ်ရေးထိုးခဲ့ကြသည်ဟုသိရသည်။ ကမ္ဘာတစ်ဝန်း၌ အခွန်းတိုးမြှင့် ချမှတ်မှုကို ဆိုင်းငံ့ထားသည့် သက်တမ်းကုန်ဆုံးမည့်ဇူလိုင်လတွင် ဗီယက်နမ်အနေဖြင့် အမေရိက၏ အခွန်စည်းကြပ်မှု ၄၆ ရာခိုင်နှုန်းကိုရင်ဆိုင်ရမည်ဖြစ်သကဲ့သို့ တရုတ်သည်လည်း ၁၄၅ ရာခိုင်နှုန်းအထိအခွန်စည်းကြပ်ခံရမည့်အရေးကြောင့် တရုတ်သမ္မတရှီသည် အာဆီယံဒေသတွင်းသို့ ညှိနှိုင်းရေးခရီးစဉ်ကို ပြုလုပ်ရခြင်းလည်းဖြစ်သည်။ သမ္မတရှီသည် ဗီယက်နမ်ထိပ်တန်းခေါင်းဆောင် တူလန်နှင့်တွေ့ဆုံပြီးနောက် နှစ်နိုင်ငံကြားထောက်ပံ့ရေးလမ်းကြောင်းများတိုးမြှ့င့်ရေးအပါအဝင် မီးရထားလမ်းများပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်ဒါဇင်ပေါင်းများစွာကို လက်မှတ်ရေးထိုးခဲ့ကြသည်ဟုလည်းရိုက်တာသတင်းဌာနကဖော်ပြခဲ့သည်။ တရုတ်နှင့်ဗီယက်နမ်မီဒီယာများက နောက်ပိုင်းတွင်ဖော်ပြကြသည်မှာ နှစ်ဖက်ခေါင်းဆောင်များသည် သဘောတူညီချက်ပေါင်း ၄၅ ခုကိုလက်မှတ်ရေးထိုးခဲ့ကြသည်ဟုလည်းဆိုကြသည်။သို့သော် မည်သည့်သဘောတူညီချက်များပါဝင်သည်ဟူသောအသေးစိတ်အချက်ကိုမူ ဖော်ပြခြင်းမရှိခဲ့ပေ။ တရုတ်သမ္မတရှီကမူ ကုန်သွယ်ရေးစစ်ပွဲသည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071