Wednesday, April 9, 2025

မဟာမုနိဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌ ငလျင်ဒဏ်ကြောင့် ပျက်စီးမှုများအားရှင်းလင်းစဥ်တွေ့ရှိခဲ့ရသည့် ရတနာပစ္စည်းမျိုးစုံ...

မန္တလေးငလျင်ကြီးလှုပ်ခတ်စဥ် မန္တလေးမြို့ကျက်သရေဆောင်ရှေးဟောင်းသမိုင်းဝင် မဟာမုနိဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂန္ဓကုဋိတိုက်ကျောင်းတော်ကြီး ၏ ထီးတော်ရှိ စိန်ဖူးတော်မြေခခဲ့ပြီး ပျက်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့် လုံခြုံရေးအဖွဲ့ဝင်များက ဂေါပကအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စက်ယန္တရားများဖြင့်အပျက်အစီးများအား ဖယ်ရှားရှင်းလင်းခဲ့ကြသည်။ ထိုသို့ ဖယ်ရှားရှင်းလင်းစဥ်...

ဘန်ကောက် စာရင်းစစ်ရုံးမှ ရုပ်အလေ-ာင်း လေးလေ-ာင်း...

မတ်လ ၂၈ ရက်‌ေန့က လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ဘန်ကောက်မြို့တော်ရှိ နိုင်ငံတော်စာရင်းစစ်ချုပ်ရုံး အဆောက်အအုံ ပြိုကျခဲ့သည်။ ကယ်ဆယ်ရှာဖွေနေသူများသည် အလုပ်သမားများစွာ ပိတ်မိသွားခဲ့သည့် ဧရိယာတစ်ခုအနီးရောက်ရှိလာသည့်အခါအပြိုအပျက်များအောက်မှ...

ဂျပန်သို့သွားရောက်မည့် မြန်မာလုပ်သားများ၏ ကာလရှည်နေထိုင်ခွင့်လက်မှတ်(COE) ကိုသက်တမ်းတိုးပေးမည်

ဂျပန်နိုင်ငံသို့ သွားရောက်ကြမည့် မြန်မာနိုင်ငံသားများ၏ အလုပ်လုပ်ကိုင်ခြင်းနှင့် သက်ဆိုင်သည့် ကာလရှည်နေထိုင်ခွင့်လက်မှတ်- Certificate of Eligibility (COE)ကို လတ် တလောကာလတွင် (၃)...

မန္တလေးမြို့တွင် နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့များနှင့်ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးများဆက်လက်ပြုလုပ် ရုပ်အလော-င်း(၄)လေ-ာင်းတွေ့ရှိ

မန္တလေးငလျင်ကြီးကြောင့် အဆောက်အဦးပြိုကျပျက်စီးမှုများပြားသည့် မန္တလေးမြို့တွင် မြန်မာနိုင်ငံမှကယ်ဆယ်ရေးအဖွဲ့ဝင်များက နိုင်ငံတကာမှကယ်ဆယ်ရေးအဖွဲ့များနှင့်ပူးပေါင်း၍ ယနေ့ ဧပြီ ၈ ရက်တွင်လည်း ရှာဖွေကယ်ဆယ်မှုများဆက်လက်ပြုလုပ်လျက်ရှိကြောင်း သိရသည်။ မန္တလေးမြို့၊ ၃၆ လမ်း၊...
HomeNewsLocal Newsမန္တလေးတွင် ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်နေချိန်...

မန္တလေးတွင် ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်နေချိန် တံတားဦးမြို့ကို ဗဟိုပြု၍ (၄.၇) အဆင့်ရှိ မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ်

မန္တလေးတွင် မြေငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည်များကို ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်နေချိန် ယနေ့ ဧပြီ (၁) ရက်၊ ညနေ (၅)နာရီ၊ (၃၁)မိနစ်၊ (၅၀)စက္ကန့်အချိန်တွင် တံတားဦးမြို့ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၇) အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု ထပ်မံလှုပ်ရှားခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

မန္တလေးမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၁၈) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (တံတားဦးမြို့၏ အရှေ့တောင်ဘက် (၃) မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၁.၇၈) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၉၉) ဒီဂရီ၊ အနက် (၁၆) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၇) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုး/ဇလမှ တိုင်းထွာရရှိသည်။

ထို့ပြင် ယနေ့ ဧပြီ (၁)ရက်၊ နေ့လယ် (၁)နာရီ၊ (၁၂)မိနစ်၊ (၀၄)စက္ကန့် အချိန်ကလည်း နေပြည်တော် မြေငလျင်စခန်းမှ မြောက်-အရှေ့မြောက်ဘက် (၁၃) မိုင်ခန့် ကွာဝေး သော မြန်မာနိုင်ငံပြည်တွင်း (ပုဗ္ဗသီရီမြို့နယ်၏ မြောက်-အရှေ့မြောက်ဘက် (၅) မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၁၉.၉၆) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၂၁) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၉) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင် တစ်ခု လှုပ်ခတ်သွားကြောင်း မိုး/ဇလမှ ထုတ်ပြန်သည်။

မတ်လ (၂၈)ရက်က အင်အားပြင်း မြေငလျင်လှုပ်ခတ်မှုကြောင့် နေပြည်တော်ကောင်စီနယ်မြေ နေပြည်တော်ကောင်စီနယ်မြေ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ ပဲခူးတိုင်းဒေသကြီးတို့တွင် အဆောက်အဦ ထိခိုက်ပျက်စီး လူထိခိုက် ေ-သဆုံးမှု အများဆုံးကြုံတွေ့ခဲ့ရသည်။

အဆိုပါ ဒေသ(၆)ခုကို အရေးပေါ် အခြေနေအဖြစ် ကြေညာထားကာ ေ-သဆုံးသူများနှင့် ပိတ်နေသူများရှိခဲ့ရာ သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့များ၊ လူမှုကူညီကယ်ဆယ်ရေးအသင်းများနှင့် နိုင်ငံတကာအဖွဲ့အစည်း အသီးသီးတို့ဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မဟာမုနိဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌ ငလျင်ဒဏ်ကြောင့် ပျက်စီးမှုများအားရှင်းလင်းစဥ်တွေ့ရှိခဲ့ရသည့် ရတနာပစ္စည်းမျိုးစုံ ၁၂၅၀ မျိုးကိုလွှဲပြောင်းအပ်နှံပြီးဖြစ်

မန္တလေးငလျင်ကြီးလှုပ်ခတ်စဥ် မန္တလေးမြို့ကျက်သရေဆောင်ရှေးဟောင်းသမိုင်းဝင် မဟာမုနိဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂန္ဓကုဋိတိုက်ကျောင်းတော်ကြီး ၏ ထီးတော်ရှိ စိန်ဖူးတော်မြေခခဲ့ပြီး ပျက်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့် လုံခြုံရေးအဖွဲ့ဝင်များက ဂေါပကအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စက်ယန္တရားများဖြင့်အပျက်အစီးများအား ဖယ်ရှားရှင်းလင်းခဲ့ကြသည်။ ထိုသို့ ဖယ်ရှားရှင်းလင်းစဥ် ဧပြီ ၁ ရက်က ကျောင်းတော်ကြီး၏ အနောက်ဘက်ရင်ပြင်တော်ရှိ အဆောက်အဦအပျက်အစီးများကြားမှ ရတနာပစ္စည်း ၁၅၂ မျိုး(၃၈ ကျပ်သား၊ ၄ ပဲ၊ ၄ ရွေး)နှင့် (အတွင်း)စိန်ဖူးတော်၊ ဧပြီ ၂ ရက်တွင် ရတနာပစ္စည်း ၁၅၂ မျိုး(၂၇ ကျပ်သား၊ ၄ ပဲ၊ ၇ ရွေး)နှင့်...

ဘန်ကောက် စာရင်းစစ်ရုံးမှ ရုပ်အလေ-ာင်း လေးလေ-ာင်း ထပ်တွေ့

မတ်လ ၂၈ ရက်‌ေန့က လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ဘန်ကောက်မြို့တော်ရှိ နိုင်ငံတော်စာရင်းစစ်ချုပ်ရုံး အဆောက်အအုံ ပြိုကျခဲ့သည်။ ကယ်ဆယ်ရှာဖွေနေသူများသည် အလုပ်သမားများစွာ ပိတ်မိသွားခဲ့သည့် ဧရိယာတစ်ခုအနီးရောက်ရှိလာသည့်အခါအပြိုအပျက်များအောက်မှ နောက်ထပ် ရုပ်အလေ-ာင်း လေးလော-င်းကို တွေ့ရှိခဲ့ကြသည်ဟု သိရသည်။          တနင်္လာနေ့ညပိုင်းက ရုပ်အလေ-ာင်း လေးလေ-ာင်း ထပ်မံတွေ့ရှိမှုကြောင့် ‌ေ-သဆုံးသူ ၂၁ ဦးရှိလာခဲ့သည်ဟု အတည်ပြုနိုင်ကာ ၇၃ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဘန်ကောက် ဒုတိယအုပ်ချုပ်ရေးမှူး Tavida Kamolvej က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ မန္တလေးမြို့အနီး ဗဟိုပြု လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့်...

ဂျပန်သို့သွားရောက်မည့် မြန်မာလုပ်သားများ၏ ကာလရှည်နေထိုင်ခွင့်လက်မှတ်(COE) ကိုသက်တမ်းတိုးပေးမည်

ဂျပန်နိုင်ငံသို့ သွားရောက်ကြမည့် မြန်မာနိုင်ငံသားများ၏ အလုပ်လုပ်ကိုင်ခြင်းနှင့် သက်ဆိုင်သည့် ကာလရှည်နေထိုင်ခွင့်လက်မှတ်- Certificate of Eligibility (COE)ကို လတ် တလောကာလတွင် (၃) လမှ (၆)လသို့ သက်တမ်းတိုးပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးမှ ထုတ်ပြန်ထားသည်။ လက်ရှိတွင် မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဌာန၏ အလုပ်သမားစေလွှတ်ရေး စနစ်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများနှင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွင် လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်သက်ရောက်မှုများကြောင့် အလုပ်သမားဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည့် ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ်ပြား (Oversea Worker Identification Card - OWIC) ထုတ်ပေးခြင်းလုပ်ငန်းစဉ်များ နှောင့်နှေးလျက်ရှိသည့်အတွက်ကြောင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071