Wednesday, April 9, 2025

မဟာမုနိဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌ ငလျင်ဒဏ်ကြောင့် ပျက်စီးမှုများအားရှင်းလင်းစဥ်တွေ့ရှိခဲ့ရသည့် ရတနာပစ္စည်းမျိုးစုံ...

မန္တလေးငလျင်ကြီးလှုပ်ခတ်စဥ် မန္တလေးမြို့ကျက်သရေဆောင်ရှေးဟောင်းသမိုင်းဝင် မဟာမုနိဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂန္ဓကုဋိတိုက်ကျောင်းတော်ကြီး ၏ ထီးတော်ရှိ စိန်ဖူးတော်မြေခခဲ့ပြီး ပျက်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့် လုံခြုံရေးအဖွဲ့ဝင်များက ဂေါပကအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စက်ယန္တရားများဖြင့်အပျက်အစီးများအား ဖယ်ရှားရှင်းလင်းခဲ့ကြသည်။ ထိုသို့ ဖယ်ရှားရှင်းလင်းစဥ်...

ဘန်ကောက် စာရင်းစစ်ရုံးမှ ရုပ်အလေ-ာင်း လေးလေ-ာင်း...

မတ်လ ၂၈ ရက်‌ေန့က လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ဘန်ကောက်မြို့တော်ရှိ နိုင်ငံတော်စာရင်းစစ်ချုပ်ရုံး အဆောက်အအုံ ပြိုကျခဲ့သည်။ ကယ်ဆယ်ရှာဖွေနေသူများသည် အလုပ်သမားများစွာ ပိတ်မိသွားခဲ့သည့် ဧရိယာတစ်ခုအနီးရောက်ရှိလာသည့်အခါအပြိုအပျက်များအောက်မှ...

ဂျပန်သို့သွားရောက်မည့် မြန်မာလုပ်သားများ၏ ကာလရှည်နေထိုင်ခွင့်လက်မှတ်(COE) ကိုသက်တမ်းတိုးပေးမည်

ဂျပန်နိုင်ငံသို့ သွားရောက်ကြမည့် မြန်မာနိုင်ငံသားများ၏ အလုပ်လုပ်ကိုင်ခြင်းနှင့် သက်ဆိုင်သည့် ကာလရှည်နေထိုင်ခွင့်လက်မှတ်- Certificate of Eligibility (COE)ကို လတ် တလောကာလတွင် (၃)...

မန္တလေးမြို့တွင် နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့များနှင့်ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးများဆက်လက်ပြုလုပ် ရုပ်အလော-င်း(၄)လေ-ာင်းတွေ့ရှိ

မန္တလေးငလျင်ကြီးကြောင့် အဆောက်အဦးပြိုကျပျက်စီးမှုများပြားသည့် မန္တလေးမြို့တွင် မြန်မာနိုင်ငံမှကယ်ဆယ်ရေးအဖွဲ့ဝင်များက နိုင်ငံတကာမှကယ်ဆယ်ရေးအဖွဲ့များနှင့်ပူးပေါင်း၍ ယနေ့ ဧပြီ ၈ ရက်တွင်လည်း ရှာဖွေကယ်ဆယ်မှုများဆက်လက်ပြုလုပ်လျက်ရှိကြောင်း သိရသည်။ မန္တလေးမြို့၊ ၃၆ လမ်း၊...
HomeNewsLocal Newsငလျင်ဘေးအတွက် အလှူရှင်များမှ လှူဒါန်းမှု...

ငလျင်ဘေးအတွက် အလှူရှင်များမှ လှူဒါန်းမှု ကျပ်ဘီလီယံ(၁၂၀)နီးပါးရရှိ၊ နိုင်ငံတော်မှ ကျပ်ဘီလီယံ(၅၀၀)မတည်ကာ ကူညီကယ်ဆယ်ရေးဆောင်ရွက်နေ

ငလျင်ဒဏ်သင့်ဒေသများအတွက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်ရန် နေပြည်တော်၊ တပေါင်းကွင်း၌ ယနေ့ ဧပြီ ၁ ရက်မွန်းတည့် ၁၂ နာရီခွဲက အလှူငွေပေး အပ်ပွဲအခမ်းအနားကျင်းပရာ နစက ဥက္ကဋ္ဌ၊ နိုင်ငံ တော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်၍ အလှူငွေများကိုလက်ခံရယူခဲ့သည်။

အဆိုပါအခမ်းအနားတွင် စေတနာရှင်၊ အလှူရှင်များ၏ လှူဒါန်းမှု ငွေသား(၁၀၄ ဒသမ ၄၄)ဘီလီယံ၊ အလှူပစ္စည်း(၁၂ ဒသမ ၄)ဘီလီယံ(စုစုပေါင်း ၁၁၆ ဒသ မ ၈၄ ဘီလီယံ)လက်ခံရရှိခဲ့ခြင်းဖြစ်သည်။

နစက ဥက္ကဋ္ဌ က အခမ်းအနားတွင် ကျေးဇူးတင်စကားပြောကြားစဉ် မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သည့် ငလျင်ကြီး(၁၈)ကြိမ်အနက် ၁၉၁၂ ခုနှစ်၊ မေ ၁၃ ရက်တွင်လှုပ်ခတ်ခဲ့သည့် ပြင်းအား (၈)ရစ်(ခ်)တာစကေးရှိ မေမြို့ငလျင်သည် အပြင်းထန်ဆုံးဖြစ်ပြီး ဒုတိယအပြင်းထန်ဆုံးမှာ လက်ရှိဖြစ်ပေါ်ခဲ့သည့် ပြင်းအား (၇ ဒသမ ၇)ရစ် (ခ်)တာစကေးရှိငလျင်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ထို့ကြောင့် ငလျင်နှင့်ပတ်သက်ပါက သင်ခန်းစာများရှိပြီးဖြစ်၍ ငလျင်ကြောင့်ဖြစ်ပေါ်လာသည့် ဖြစ်ပျက်မှုတွေကိုသတိပြုရန်၊ သင်ခန်းစာရယူနိုင်ရန်နှင့် အင်ဂျင်နီယာရှုထောင့်အရ အဆောက်အဦများတည်ဆောက်ရာတွင် စနစ်တကျတွက်ချက်ဆောက် လုပ်ရန်တို့ကိုသင်ခန်းစာဖော်ထုတ်ရန်လိုအပ်ကြောင်းကိုလည်း ပြောကြားသည်။

အလားတူ နိုင်ငံတော်အနေဖြင့် ဘီလီယံ(၅၀၀)မတည်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ကာ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်နေကြောင်း ပြောကြားသည်။

အဆောက်အဦများ ဆောက်လုပ်ရာတွင် ဖြစ်ပေါ်လာနိုင်မည့် ငလျင်ဒဏ်ကိုထည့်သွင်းစဉ်းစားခြင်းမရှိဘဲဆောင်ရွက်ခဲ့ခြင်းများကြောင့် မလိုလားအပ်ဘဲသေဆုံးခဲ့ရမှုများ၊ ဒဏ်ရာရရှိခဲ့ရမှုများနှင့် အပျောက်အဆုံးများရှိခဲ့ပြီး ဧပြီ ၁ ရက် မနက် ၈ နာရီအထိ စာရင်းကောက်ယူမှုများအရ ငလျင်ဒဏ်ကြောင့် သေဆုံးသူ(၂၇၁၉)ဦး၊ ထိခိုက်ဒဏ်ရာရသူ(၄၅၂၁)ဦး၊ ပျောက်ဆုံးသူ(၄၄၁)ဦးရှိကြောင်းလည်း ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မဟာမုနိဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌ ငလျင်ဒဏ်ကြောင့် ပျက်စီးမှုများအားရှင်းလင်းစဥ်တွေ့ရှိခဲ့ရသည့် ရတနာပစ္စည်းမျိုးစုံ ၁၂၅၀ မျိုးကိုလွှဲပြောင်းအပ်နှံပြီးဖြစ်

မန္တလေးငလျင်ကြီးလှုပ်ခတ်စဥ် မန္တလေးမြို့ကျက်သရေဆောင်ရှေးဟောင်းသမိုင်းဝင် မဟာမုနိဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂန္ဓကုဋိတိုက်ကျောင်းတော်ကြီး ၏ ထီးတော်ရှိ စိန်ဖူးတော်မြေခခဲ့ပြီး ပျက်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့် လုံခြုံရေးအဖွဲ့ဝင်များက ဂေါပကအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စက်ယန္တရားများဖြင့်အပျက်အစီးများအား ဖယ်ရှားရှင်းလင်းခဲ့ကြသည်။ ထိုသို့ ဖယ်ရှားရှင်းလင်းစဥ် ဧပြီ ၁ ရက်က ကျောင်းတော်ကြီး၏ အနောက်ဘက်ရင်ပြင်တော်ရှိ အဆောက်အဦအပျက်အစီးများကြားမှ ရတနာပစ္စည်း ၁၅၂ မျိုး(၃၈ ကျပ်သား၊ ၄ ပဲ၊ ၄ ရွေး)နှင့် (အတွင်း)စိန်ဖူးတော်၊ ဧပြီ ၂ ရက်တွင် ရတနာပစ္စည်း ၁၅၂ မျိုး(၂၇ ကျပ်သား၊ ၄ ပဲ၊ ၇ ရွေး)နှင့်...

ဘန်ကောက် စာရင်းစစ်ရုံးမှ ရုပ်အလေ-ာင်း လေးလေ-ာင်း ထပ်တွေ့

မတ်လ ၂၈ ရက်‌ေန့က လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ဘန်ကောက်မြို့တော်ရှိ နိုင်ငံတော်စာရင်းစစ်ချုပ်ရုံး အဆောက်အအုံ ပြိုကျခဲ့သည်။ ကယ်ဆယ်ရှာဖွေနေသူများသည် အလုပ်သမားများစွာ ပိတ်မိသွားခဲ့သည့် ဧရိယာတစ်ခုအနီးရောက်ရှိလာသည့်အခါအပြိုအပျက်များအောက်မှ နောက်ထပ် ရုပ်အလေ-ာင်း လေးလော-င်းကို တွေ့ရှိခဲ့ကြသည်ဟု သိရသည်။          တနင်္လာနေ့ညပိုင်းက ရုပ်အလေ-ာင်း လေးလေ-ာင်း ထပ်မံတွေ့ရှိမှုကြောင့် ‌ေ-သဆုံးသူ ၂၁ ဦးရှိလာခဲ့သည်ဟု အတည်ပြုနိုင်ကာ ၇၃ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဘန်ကောက် ဒုတိယအုပ်ချုပ်ရေးမှူး Tavida Kamolvej က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ မန္တလေးမြို့အနီး ဗဟိုပြု လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့်...

ဂျပန်သို့သွားရောက်မည့် မြန်မာလုပ်သားများ၏ ကာလရှည်နေထိုင်ခွင့်လက်မှတ်(COE) ကိုသက်တမ်းတိုးပေးမည်

ဂျပန်နိုင်ငံသို့ သွားရောက်ကြမည့် မြန်မာနိုင်ငံသားများ၏ အလုပ်လုပ်ကိုင်ခြင်းနှင့် သက်ဆိုင်သည့် ကာလရှည်နေထိုင်ခွင့်လက်မှတ်- Certificate of Eligibility (COE)ကို လတ် တလောကာလတွင် (၃) လမှ (၆)လသို့ သက်တမ်းတိုးပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးမှ ထုတ်ပြန်ထားသည်။ လက်ရှိတွင် မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဌာန၏ အလုပ်သမားစေလွှတ်ရေး စနစ်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများနှင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွင် လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်သက်ရောက်မှုများကြောင့် အလုပ်သမားဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည့် ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ်ပြား (Oversea Worker Identification Card - OWIC) ထုတ်ပေးခြင်းလုပ်ငန်းစဉ်များ နှောင့်နှေးလျက်ရှိသည့်အတွက်ကြောင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071