Saturday, April 12, 2025

နေပြည်တော်လမ်းလျှောက်သင်္ကြန်အား ရေအေးသင်္ကြန်အဖြစ် ကျင်းပမည်

မနက်ဖြန် ဧပြီ (၁၃) ရက်တွင်ကျရောက်မည့် သင်္ကြန်ပွဲတော်တွင် နေပြည်တော်၌ကျင်းပမည့် လမ်း လျှောက်သင်္ကြန်အား ရေအေးသင်္ကြန်အဖြစ်သာကျင်းပသွားမည်ဖြစ်ပြီး ရေအေးသင်္ကြန်နှင့် စတုဒိသာမဏ္ဍပ်တည်ဆောက်နေမှုတို့ကို ပြန်ကြားရေးဝန် ကြီးဌာန၊...

မယ်ဆိုင်ချောင်းရေ ညစ်ညမ်းစံချိန်ထက် မြင့်တက်နေ၍ ရေကစားခြင်း...

ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်ချောင်းရေမှာ ညစ်ညမ်းစံချိန်သတ်မှတ်နှုန်းထက် မြင့်တက်နေ၍ အဆိုပါ ချောင်းရေအသုံးပြု၍ ရေကစားခြင်း မပြုလုပ်ကြရန် မယ်ဆိုင်ခရိုင် ပြည်သူ့ကျန်းမာရေးရုံးက ဧပြီ(၉)ရက်ရက်စွဲဖြင့် မေတ္တာရပ်ခံထားသည်။ မယ်ဆိုင်ချောင်းအတွင်းရှိ ရေနမူနာကို...

တရုတ်-အာဆီယံမီဒီယာနှင့်ဉာဏ်ကြီးရှင်ဖိုရမ် မလေးရှားတွင်ကျင်းပ

တရုတ်နှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံမှ မီဒီယာကိုယ်စားလှယ်များနှင့် ဉာဏ်ကြီးရှင်များသည် တရုတ်-အာဆီယံ မီဒီယာနှင့် ဉာဏ်ကြီးရှင်ဖိုရမ်အတွက် ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ...

မြန်မာ့ငလျင်အတွက် ကုလကဒေါ်လာ(၂၇၅) သန်း အကူအညီတောင်းခံပြီ

ကုလသမဂ္ဂ၊ဧပြီ ၁၁ ကုလသမဂ္ဂနှင့် ၎င်း၏မိတ်ဖက်အဖွဲ့အစည်းများသည် မြန်မာ့ငလျင်ဘေးအတွက် အရေးပေါ်အကူအညီ‌ ပေးနိုင်ရေးအတွက် အမေရိကန်ဒေါ်လာ (၂၇၅) သန်းအကူအညီတောင်းခံမှုကို စတင်လိုက်ပြီဖြစ်ကြောင်းသိရသည်။ အဆိုပါရန်ပုံငွေသည် အရေးပေါ်အကူအညီများလိုအပ်လျက်ရှိသည့် လူပေါင်း ၁...
HomeMoviesတရုတ်နိုင်ငံကယ်ဆယ်ရေးအဖွဲ့က ငလျင်ဒဏ်ကြောင့် ပိတ်မိနေသူ(၆)ဦးကို...

တရုတ်နိုင်ငံကယ်ဆယ်ရေးအဖွဲ့က ငလျင်ဒဏ်ကြောင့် ပိတ်မိနေသူ(၆)ဦးကို ကယ်ဆယ်ပြီးဖြစ်

တရုတ်နိုင်ငံကယ်ဆယ်ရေးအဖွဲ့က မြန်မာနိုင်ငံရှိ ငလျင်ဒဏ်ကြောင့် ပိတ်မိနေသူ(၆)ဦးကို ကယ်ဆယ်ပြီးဖြစ်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကယနေ့တွင် အသိပေးထားသည်။

မြန်မာနိုင်ငံရှိ တရုတ်အဖွဲ့အစည်း၊ ကုမ္ပဏီနှင့် စေတနာ့ဝန်ထမ်းများက သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းများတွင် ကိုယ်တိုင် ထဲထဲဝင်ဝင် ပါဝင်လျက်ရှိကာ တရုတ်ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း မြန်မာရုံးခန်းက မန္တလေးနှင့် နေပြည်တော်၌ ငလျင်ဒဏ်သင့်ပြည်သူ မိသားစု (၁,၀၀၀)အတွက် လူနေမှုဘဝပစ္စည်းများ လှူဒါန်းပေးလျက်ရှိကြောင်း အသိပေးချက်တွင်ဖော်ပြထားသည်။

ထို့အပြင် မြန်မာနိုင်ငံ တရုတ်လုပ်ငန်းရှင်များအသင်းက လှူဒါန်းငွေ မြန်မာကျပ် (၁) ဘီလီယံ (မြန်မာကျပ် ၁ ဒဿမ ၅ ဘီလီယံ) တန်ဖိုးရှိ ပစ္စည်းများကို ငလျင်ဒဏ်သင့်ပြည်သူများလက်ထဲသို့ ဆက်တိုက်ပို့ဆောင်ပေးလျက်ရှိသည်ဟု ဆိုသည်။

အလားတူ တရုတ်လုပ်ငန်းကုမ္ပဏီမှဝန်ထမ်းများက စေတနာ့ဝန်ထမ်းများအဖြစ် ကိုယ်တိုင်ပါဝင်ကာ ဘာသာပြန်၊ ထောက်ပံ့ပို့ဆောင်ရေး စသည့်ဝန် ဆောင်မှုဆိုင်ရာကိစ္စရပ်များကို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ထို့နည်းတူ တရုတ်တက္ကသိုလ်ကလည်း DeepSeek ကိုအခြေခံ၍ တရုတ်-မြန်မာ-အင်္ဂလိပ် အပြန်အလှန် ဘာသာပြန်ဆိုသောစနစ်ကို အရေးပေါ်ဖော်ဆောင်ခဲ့ပြီး၊ တစ်ကမ္ဘာလုံးရှိ တရုတ်စေတနာ့ဝန်ထမ်းများက ကယ်ဆယ်ပေးရန် အကူအညီတောင်းခံသော အချက်အလက်များအား လိုက်လံစုဆောင်း၍ တရုတ်၊ မြန်မာ၊ အင်္ဂလိပ် သုံးဘာသာဖြင့် ငလျင်ဒဏ်သင့်မှုအခြေအနေ တိုက်ရိုက်မြေပုံ(Live Map)ပြုလုပ်ကာ ကယ်ဆယ်ရေးအဖွဲ့အတွက် သတင်းအချက်အလက် ပံ့ပိုးမှုများ လုပ်ဆောင်ပေးခဲ့ကြောင်း အသိပေးချက်တွင် ဖော်ပြထားသည်။

မန္တလေးမြို့ခံပြည်သူများကလည်း တရုတ်ကယ်ဆယ်ရေးအဖွဲ့ဝင်များအတွက် အအေးနှင့်သောက်ရေများ ပေး‌ဝေခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့ကို အားပေးလျက်ရှိနေသည်ဟု ဆိုသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နေပြည်တော်လမ်းလျှောက်သင်္ကြန်အား ရေအေးသင်္ကြန်အဖြစ် ကျင်းပမည်

မနက်ဖြန် ဧပြီ (၁၃) ရက်တွင်ကျရောက်မည့် သင်္ကြန်ပွဲတော်တွင် နေပြည်တော်၌ကျင်းပမည့် လမ်း လျှောက်သင်္ကြန်အား ရေအေးသင်္ကြန်အဖြစ်သာကျင်းပသွားမည်ဖြစ်ပြီး ရေအေးသင်္ကြန်နှင့် စတုဒိသာမဏ္ဍပ်တည်ဆောက်နေမှုတို့ကို ပြန်ကြားရေးဝန် ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းမှ ဧပြီ ၁၁ ရက်နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ နေပြည်တော်လမ်းလျှောက်သင်္ကြန်၏ ရေအေးသင်္ကြန်တွင် မြန်မာ့ရိုးရာအတာသင်္ကြန်အား UNESCO ၏ လူသားမျိုးနွယ်ကိုယ်စားပြုဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံရသည်ကိုအသိအမှတ်ပြုသည့်အနေဖြင့် ဂုဏ်ပြုကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့အား လူသားမျိုးနွယ်ကိုယ်စားပြုဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ်ပါဝင်နိုင်ရန် ကြိုးပမ်းဆောင် ရွက်နေမှုကိုဂုဏ်ပြုသည့်အနေဖြင့် သနပ်ခါးလိမ်းသည့်သရုပ်ဖော်ခြင်း၊ သက်ကြီးရွယ်အိုများအား ခေါင်းလျှော်ပေးခြင်း၊ ခြေသည်းလက်သည်း လှီးဖြတ်ပေးခြင်းတို့ကိုလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း...

မယ်ဆိုင်ချောင်းရေ ညစ်ညမ်းစံချိန်ထက် မြင့်တက်နေ၍ ရေကစားခြင်း ရှောင်ကြရန် မေတ္တာရပ်ခံထား

ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်ချောင်းရေမှာ ညစ်ညမ်းစံချိန်သတ်မှတ်နှုန်းထက် မြင့်တက်နေ၍ အဆိုပါ ချောင်းရေအသုံးပြု၍ ရေကစားခြင်း မပြုလုပ်ကြရန် မယ်ဆိုင်ခရိုင် ပြည်သူ့ကျန်းမာရေးရုံးက ဧပြီ(၉)ရက်ရက်စွဲဖြင့် မေတ္တာရပ်ခံထားသည်။ မယ်ဆိုင်ချောင်းအတွင်းရှိ ရေနမူနာကို ထိုင်းနိုင်ငံ၊ မယ်ဆိုင်ခရိုင်၊ ပြည်သူ့ကျန်းမာရေးရုံးက စစ်ဆေးရာတွင် ထိုသို့တွေ့ရှိခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ချင်းမိုင်ခရိုင် ပတ်ဝန်းကျင်ညစ်ညမ်းမှုထိန်းချုပ်ရေးရုံးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးရုံးသို့ ထပ်မံစစ်ဆေးရန် ပေးပို့ထားသည့်အတွက် စစ်ဆေးနေစဉ်အတွင်း ချောင်းရေ အသုံးပြု၍ ရေကစားခြင်းအားရှောင်ကြပါရန် မေတ္တာရပ်ခံထားခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် နှစ်နိုင်ငံ ပြည်သူများအနေဖြင့် မယ်ဆိုင်ချောင်းရေအား စားသောက်ကုန်များ ဆေးကြောခြင်း၊ သောက်ရေ/သုံးရေအဖြစ် အသုံးခြင်းများ မပြုလုပ်ကြရန်...

တရုတ်-အာဆီယံမီဒီယာနှင့်ဉာဏ်ကြီးရှင်ဖိုရမ် မလေးရှားတွင်ကျင်းပ

တရုတ်နှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံမှ မီဒီယာကိုယ်စားလှယ်များနှင့် ဉာဏ်ကြီးရှင်များသည် တရုတ်-အာဆီယံ မီဒီယာနှင့် ဉာဏ်ကြီးရှင်ဖိုရမ်အတွက် ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ မြှင့်တင်ရန် ရည်ရွယ်ကာ မလေးရှားနိုင်ငံတွင် သောကြာနေ့တွင် တက်ရောက်ခဲ့ကြသည်။ "အာဆီယံ-တရုတ် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေခြင်း" ခေါင်းစဉ်ဖြင့် တက်ရောက်လာသူများက တရုတ်နှင့် အာဆီယံအကြား ပူးပေါင်းဆောင်ရွက်မှု၏ အောင်မြင်မှု ရရှိခဲ့သော လုပ်ဆောင်မှုအကြောင်းအရာများကို ပြောကြားရေးကို ပူးပေါင်းကြိုးပမ်းကြရန် တိုက်တွန်းခဲ့ကြသည်။ မလေးရှား နိုင်ငံဒုတိယဝန်ကြီးချုပ် ဖာဒီလာ ယူဆုဖ်က ၎င်း၏အဖွင့်မိန့်ခွန်းတွင် ဒေသတွင်းတည်ငြိမ်ရေးနှင့် ကမ္ဘာ့စီးပွားရေး ရုန်းပြန်ထနိုင်စွမ်းကို အထောက်အကူ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071