Saturday, April 12, 2025

နေပြည်တော်လမ်းလျှောက်သင်္ကြန်အား ရေအေးသင်္ကြန်အဖြစ် ကျင်းပမည်

မနက်ဖြန် ဧပြီ (၁၃) ရက်တွင်ကျရောက်မည့် သင်္ကြန်ပွဲတော်တွင် နေပြည်တော်၌ကျင်းပမည့် လမ်း လျှောက်သင်္ကြန်အား ရေအေးသင်္ကြန်အဖြစ်သာကျင်းပသွားမည်ဖြစ်ပြီး ရေအေးသင်္ကြန်နှင့် စတုဒိသာမဏ္ဍပ်တည်ဆောက်နေမှုတို့ကို ပြန်ကြားရေးဝန် ကြီးဌာန၊...

မယ်ဆိုင်ချောင်းရေ ညစ်ညမ်းစံချိန်ထက် မြင့်တက်နေ၍ ရေကစားခြင်း...

ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်ချောင်းရေမှာ ညစ်ညမ်းစံချိန်သတ်မှတ်နှုန်းထက် မြင့်တက်နေ၍ အဆိုပါ ချောင်းရေအသုံးပြု၍ ရေကစားခြင်း မပြုလုပ်ကြရန် မယ်ဆိုင်ခရိုင် ပြည်သူ့ကျန်းမာရေးရုံးက ဧပြီ(၉)ရက်ရက်စွဲဖြင့် မေတ္တာရပ်ခံထားသည်။ မယ်ဆိုင်ချောင်းအတွင်းရှိ ရေနမူနာကို...

တရုတ်-အာဆီယံမီဒီယာနှင့်ဉာဏ်ကြီးရှင်ဖိုရမ် မလေးရှားတွင်ကျင်းပ

တရုတ်နှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံမှ မီဒီယာကိုယ်စားလှယ်များနှင့် ဉာဏ်ကြီးရှင်များသည် တရုတ်-အာဆီယံ မီဒီယာနှင့် ဉာဏ်ကြီးရှင်ဖိုရမ်အတွက် ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ...

မြန်မာ့ငလျင်အတွက် ကုလကဒေါ်လာ(၂၇၅) သန်း အကူအညီတောင်းခံပြီ

ကုလသမဂ္ဂ၊ဧပြီ ၁၁ ကုလသမဂ္ဂနှင့် ၎င်း၏မိတ်ဖက်အဖွဲ့အစည်းများသည် မြန်မာ့ငလျင်ဘေးအတွက် အရေးပေါ်အကူအညီ‌ ပေးနိုင်ရေးအတွက် အမေရိကန်ဒေါ်လာ (၂၇၅) သန်းအကူအညီတောင်းခံမှုကို စတင်လိုက်ပြီဖြစ်ကြောင်းသိရသည်။ အဆိုပါရန်ပုံငွေသည် အရေးပေါ်အကူအညီများလိုအပ်လျက်ရှိသည့် လူပေါင်း ၁...
HomeNewsLocal Newsတရုတ်ကြက်ခြေနီယာဉ်တန်းပစ်ခတ်ခံရမှုသတင်းကို တရုတ်သံရုံးနှင့် SAC...

တရုတ်ကြက်ခြေနီယာဉ်တန်းပစ်ခတ်ခံရမှုသတင်းကို တရုတ်သံရုံးနှင့် SAC တို့ငြင်းဆို

တရုတ်နိုင်ငံကြက်ခြေနီအသင်းမှ မြန်မာနိုင်ငံ ငလျင်ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများ သယ်ဆောင်လာသည့် ယာဉ်တန်း(၉)စီးအား စစ်ကောင်စီတပ်မှ ပစ်ခတ် ဟူသော ခေါင်းစဥ်ဖြင့် PSLF/ TNLA တအာင်းပြည်သတင်းက  ဧပြီလ ၁ရက် ရက်စွဲဖြင့်ထုတ်ပြန်ချက်များ ထွက်ပေါ်နေခဲ့သည်။

မြန်မာနိုင်ငံတွင် ငလျင်ဒဏ်ကြုံတွေ့ခဲ့ပြီးနောက် နိုင်ငံတကာအကူအညီများအားလက်ခံ၍ ကူညီကယ်ဆယ်ရေးလုပ်ငန်း၊ ထောက်ပံ့ရေးပစ္စည်းလက်ခံသည့်လုပ်ငန်းများကို ဆောင်ရွက်ရာတွင် သက်ဆိုင်ရာသံရုံး၊ စစ်သံရုံးများမှတစ်ဆင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိသည်။

“အခုဖြစ်ခဲ့တဲ့အဖွဲ့အနေနဲ့မြန်မာနိုင်ငံကိုကော သက်ဆိုင်ရာသံရုံး၊ စစ်သံရုံးကိုကော အကြောင်းကာထားခြင်းမရှိဘူးလို့သိရပါတယ်။ ဖြစ်စဥ်နေရာကလည်း နောင်ချိုမြို့နယ်၊ အုန်းမတီးရွာအနီးမှာဖြစ်ခဲ့တာပါ။ အဲဒီနေရာက တပ်မတော်နဲ့ TNLA အဖွဲ့တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာကို အားလုံးသိပြီးဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

ဖြစ်စဥ်သည် ဧပြီ ၁ ရက်ည ၉ နာရီခွဲခန့်က နောင်ချိုဘက်မှ မော်တော်ယာဥ်(၉)စီးခန့်ပါသောယာဥ်တန်းသည် အုန်းမတီးရွာအနီးရောက်ရှိလာချိန်၌ တပ်မတော်လုံခြုံရေးအဖွဲ့က မီးအချက်ပြတားဆီးခဲ့သော်လည်း တားဆီး၍မရသဖြင့် မီတာ ၁၀၀ ခန့်အကွာအရောက်တွင် မိုးပေါ်ထောင်၍သေနတ်ပစ်ဖောက်တားဆီးရာ ယင်း ယာဥ်တန်းသည် နောင်ချိုဘက်သို့ပြန်လှည်သွားခဲ့သည်ဟု ပြောသည်။

ဖြစ်စဥ်မတိုင်မီ ယခုဖြစ်စဥ်ဖြစ်ပွားခဲ့သည့် လမ်းအားဖြတ်သန်းဝင်ရောက်လာသော နိုင်ငံတကာတွင်ကယ်ဆယ်မှုများပြုလုပ်လျက်ရှိသည့် တရုတ်နိုင်ငံမှ Blue Sky ကယ်ဆယ်ရေးအဖွဲ့သည် ကြိုတင်အကြောင်းကြားထားမှုကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ၎င်းတို့၏လုံခြုံရေးအတွက် လမ်းတစ်လျှောက်ဆောင်ရွက်ပေးခဲ့မှုကြောင့် လက်ရှိအချိန်တွင် ယင်း အဖွဲ့သည် မန္တလေးမြို့၌ကူညီကယ်ဆယ်မှုများပြုလုပ်ပေးလျက်ရှိသည်ဟု ပြောသည်။

” အခုဖြစ်စဥ်ကို တပ်မတော်အနေနဲ့ကော တာဝန်ရှိသူတွေအနေနဲ့ကော စုံစမ်းနေပါတယ်။ ဒီအဖွဲ့နဲ့ပတ်သက်ပြီးတော့လည်း မေးမြန်းနေပါတယ်။ တက်လာတဲ့ပုံတွေအရဆိုရင် သူတို့အသုံးပြုလာတဲ့ကားတွေက မြန်မာနိုင်ငံကကုန်တင်ကားတွေဘဲဖြစ်တာကိုတွေ့ရပါတယ်။ အဲဒီအဖွဲ့က တရုတ်ကြက်ခြေနီအသင်းလို့ပြောပါတယ်။ ဒီဖြစ်စဥ်မှာ လူသေဆုံး ထိခိုက်ဒဏ်ရာရတာမရှိပါဘူး”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ထို့ကြောင့် နိုင်ငံတကာမှကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အသိပေးရခြင်းများ၊ အကြောင်းကြားရခြင်းများ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက်ဆောင်ရွက်နေသဖြင့် နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် ကြိုတင်အကြောင်းကြားခြင်း၊ ညှိနှိုင်းခြင်းများ၊ လုံခြုံရေးအကူအညီရယူဆောင်ရွက်ခြင်းများကို ဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံလိုသည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နေပြည်တော်လမ်းလျှောက်သင်္ကြန်အား ရေအေးသင်္ကြန်အဖြစ် ကျင်းပမည်

မနက်ဖြန် ဧပြီ (၁၃) ရက်တွင်ကျရောက်မည့် သင်္ကြန်ပွဲတော်တွင် နေပြည်တော်၌ကျင်းပမည့် လမ်း လျှောက်သင်္ကြန်အား ရေအေးသင်္ကြန်အဖြစ်သာကျင်းပသွားမည်ဖြစ်ပြီး ရေအေးသင်္ကြန်နှင့် စတုဒိသာမဏ္ဍပ်တည်ဆောက်နေမှုတို့ကို ပြန်ကြားရေးဝန် ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းမှ ဧပြီ ၁၁ ရက်နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ နေပြည်တော်လမ်းလျှောက်သင်္ကြန်၏ ရေအေးသင်္ကြန်တွင် မြန်မာ့ရိုးရာအတာသင်္ကြန်အား UNESCO ၏ လူသားမျိုးနွယ်ကိုယ်စားပြုဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံရသည်ကိုအသိအမှတ်ပြုသည့်အနေဖြင့် ဂုဏ်ပြုကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့အား လူသားမျိုးနွယ်ကိုယ်စားပြုဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ်ပါဝင်နိုင်ရန် ကြိုးပမ်းဆောင် ရွက်နေမှုကိုဂုဏ်ပြုသည့်အနေဖြင့် သနပ်ခါးလိမ်းသည့်သရုပ်ဖော်ခြင်း၊ သက်ကြီးရွယ်အိုများအား ခေါင်းလျှော်ပေးခြင်း၊ ခြေသည်းလက်သည်း လှီးဖြတ်ပေးခြင်းတို့ကိုလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း...

မယ်ဆိုင်ချောင်းရေ ညစ်ညမ်းစံချိန်ထက် မြင့်တက်နေ၍ ရေကစားခြင်း ရှောင်ကြရန် မေတ္တာရပ်ခံထား

ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်ချောင်းရေမှာ ညစ်ညမ်းစံချိန်သတ်မှတ်နှုန်းထက် မြင့်တက်နေ၍ အဆိုပါ ချောင်းရေအသုံးပြု၍ ရေကစားခြင်း မပြုလုပ်ကြရန် မယ်ဆိုင်ခရိုင် ပြည်သူ့ကျန်းမာရေးရုံးက ဧပြီ(၉)ရက်ရက်စွဲဖြင့် မေတ္တာရပ်ခံထားသည်။ မယ်ဆိုင်ချောင်းအတွင်းရှိ ရေနမူနာကို ထိုင်းနိုင်ငံ၊ မယ်ဆိုင်ခရိုင်၊ ပြည်သူ့ကျန်းမာရေးရုံးက စစ်ဆေးရာတွင် ထိုသို့တွေ့ရှိခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ချင်းမိုင်ခရိုင် ပတ်ဝန်းကျင်ညစ်ညမ်းမှုထိန်းချုပ်ရေးရုံးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးရုံးသို့ ထပ်မံစစ်ဆေးရန် ပေးပို့ထားသည့်အတွက် စစ်ဆေးနေစဉ်အတွင်း ချောင်းရေ အသုံးပြု၍ ရေကစားခြင်းအားရှောင်ကြပါရန် မေတ္တာရပ်ခံထားခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် နှစ်နိုင်ငံ ပြည်သူများအနေဖြင့် မယ်ဆိုင်ချောင်းရေအား စားသောက်ကုန်များ ဆေးကြောခြင်း၊ သောက်ရေ/သုံးရေအဖြစ် အသုံးခြင်းများ မပြုလုပ်ကြရန်...

တရုတ်-အာဆီယံမီဒီယာနှင့်ဉာဏ်ကြီးရှင်ဖိုရမ် မလေးရှားတွင်ကျင်းပ

တရုတ်နှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံမှ မီဒီယာကိုယ်စားလှယ်များနှင့် ဉာဏ်ကြီးရှင်များသည် တရုတ်-အာဆီယံ မီဒီယာနှင့် ဉာဏ်ကြီးရှင်ဖိုရမ်အတွက် ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ မြှင့်တင်ရန် ရည်ရွယ်ကာ မလေးရှားနိုင်ငံတွင် သောကြာနေ့တွင် တက်ရောက်ခဲ့ကြသည်။ "အာဆီယံ-တရုတ် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေခြင်း" ခေါင်းစဉ်ဖြင့် တက်ရောက်လာသူများက တရုတ်နှင့် အာဆီယံအကြား ပူးပေါင်းဆောင်ရွက်မှု၏ အောင်မြင်မှု ရရှိခဲ့သော လုပ်ဆောင်မှုအကြောင်းအရာများကို ပြောကြားရေးကို ပူးပေါင်းကြိုးပမ်းကြရန် တိုက်တွန်းခဲ့ကြသည်။ မလေးရှား နိုင်ငံဒုတိယဝန်ကြီးချုပ် ဖာဒီလာ ယူဆုဖ်က ၎င်း၏အဖွင့်မိန့်ခွန်းတွင် ဒေသတွင်းတည်ငြိမ်ရေးနှင့် ကမ္ဘာ့စီးပွားရေး ရုန်းပြန်ထနိုင်စွမ်းကို အထောက်အကူ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071