Wednesday, April 16, 2025

မန္တလေးမိုးကြောင့် ယာယီကယ်ဆယ်ရေးစခန်းနေထိုင်သူများ အခက်ကြုံနေရ

ငလျင်ဒဏ်အဆိုးဆုံးခံထားရသည့် မန္တလေးနှင့် စစ်ကိုင်းတွင် ယမန်နေ့ ဧပြီ (၁၅) ရက် ညပိုင်းကရွာခဲ့သည့် မိုးကြောင့် ယာယီကယ်ဆယ်ရေးစခန်းနေထိုင်သူများ အခက်ကြုံနေရသည်။ ထို့ပြင် မန္တလေးမြိူ့၌ ပြိုလဲလုနီး...

PENANE INVITATIONAL JICA JUDO...

PENANE INVITATIONAL JICA JUDO CHAMPIONSHIP 2025 ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာဂျူဒိုအသင်း အနေဖြင့် ရွှေတံဆိပ် (၅)ခု၊ ငွေတံဆိပ်(၄)ခုနှင့်...

သင်္ကြန်ကာလ ချောင်းသာကမ်းခြေသို့ လာရောက်အပန်းဖြေသူများပြား

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်ရှိ ချောင်းသာကမ်းခြေသို့ မဟာသင်္ကြန်ကာလတွင် အနယ်နယ်အရပ်ရပ်မှ ခရီးသွားဧည့်သည်ဝင်ရောက်မှု အထူးများပြားလျက်ရှိကြောင်း သိရသည်။ သင်္ကြန်ကာလမရောက်မီ အကြိုရက်များကတည်းက ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများတွင် ကြိုတင်ရက်ချိန်းပြည့်သည့်အပြင်...

မန္တလေးငလျင်ကြီးသည် ရှားပါး”စူပါရှီးယား” ငလျင်ဖြစ်

ငလျင်ကြီးကြောင့်မြေပြင်ပြောင်းလဲသွားမှုများကို ဂြိုလ်တုအချက်အလက်များဖြင့် နာဆာ ထုတ်ပြန် ကယ်လီဖိုးနီးယားတောင်ပိုင်းရှိ NASA ၏ Jet Propulsion Laboratory မှ သုတေသီများသည် ရေဒါနှင့် optical...
HomeNewsLocal Newsစစ်ကိုင်းမြို့၊ စွယ်တော်နန်းတည်းခိုခန်းမှ ပိတ်မိနေသူ...

စစ်ကိုင်းမြို့၊ စွယ်တော်နန်းတည်းခိုခန်းမှ ပိတ်မိနေသူ အမျိုးသား (၁)ဦးအား ငလျင်လှုပ်ခတ်ခဲ့ပြီး (၅) ရက်မြောက်နေ့တွင် အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့

စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ကွက်၊ စွယ်တော်နန်းတည်းခိုခန်းမှာ အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးပြီး ပိတ်မိနေသူ အမျိုးသား (၁)ဦးအား ငလျင်လှုပ်ခတ်ခဲ့ပြီး (၅) ရက်မြောက်နေ့တွင် အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ငလျင်လှုပ်ခတ်ခဲ့ပြီး စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ကွက်၊ စွယ်တော်နန်းတည်းခိုခန်းမှာ ပြိုကျပျက်စီးခဲ့ရပြီး စစ်ကိုင်းတိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ဦးဆောင်၍ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်ရာ ၅ ရက်မြောက်နေ့၊ (၁၂၂) နာရီအကြာ ယနေ့ ဧပြီ (၂)ရက်၊ နေ့လယ် (၂)နာရီ (၄၅)မိနစ်အချိန်တွင် ပိတ်မိနေသူ အမျိုးသား (၁)ဦးအား အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မန္တလေးမိုးကြောင့် ယာယီကယ်ဆယ်ရေးစခန်းနေထိုင်သူများ အခက်ကြုံနေရ

ငလျင်ဒဏ်အဆိုးဆုံးခံထားရသည့် မန္တလေးနှင့် စစ်ကိုင်းတွင် ယမန်နေ့ ဧပြီ (၁၅) ရက် ညပိုင်းကရွာခဲ့သည့် မိုးကြောင့် ယာယီကယ်ဆယ်ရေးစခန်းနေထိုင်သူများ အခက်ကြုံနေရသည်။ ထို့ပြင် မန္တလေးမြိူ့၌ ပြိုလဲလုနီး အဆောက်အဦ တစ်လုံးပြိုကျခဲ့ကာ ရပ်ကွက်များ၊ လမ်းများတွင်လည်း ရေများဝင်ရောက်ခဲ့သည်။ “မနေ့ညက မိုးတော်တော်ရွာတယ်၊ စက်မှု (၅၁) လမ်းမှာ မီးလောင်တယ်။ ရေကြီးတာကကြီး၊ နေဖို့ ဒုက္ခရောက်သူတွေကရောက်ပေါ့” ဟု မန္တလေးမြို့ခံတစ်ဦးက ဆိုသည်။ ရွာသွန်းသည့် မိုးကြောင့် မြေစိုက်ယာယီတဲများထဲ ရေများဝင်ရောက်ပြီး အိပ်ရာများနှင့် အသုံးအဆောင်များကိုလည်း အလောတကြီး ရွှေ့ပြောင်းခဲ့ရကြောင်း သူက ဆိုသည်။ ထိုနည်းတူ ငလျင်ဒဏ်ထိထားသည့်...

PENANE INVITATIONAL JICA JUDO CHAMPIONSHIP 2025 ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာဂျူဒိုအသင်း ဆုတံဆိပ် (၁၂) ခု ရရှိ

PENANE INVITATIONAL JICA JUDO CHAMPIONSHIP 2025 ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာဂျူဒိုအသင်း အနေဖြင့် ရွှေတံဆိပ် (၅)ခု၊ ငွေတံဆိပ်(၄)ခုနှင့် ကြေးတံဆိပ်(၃)ခု စုစုပေါင်း ဆုတံဆိပ် (၁၂) ခုရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ပြိုင်ပွဲကို ၂၀၂၅ ခုနှစ် ဧပြီ (၁၁) ရက်မှ (၁၃) ရက်အထိ မလေးရှားနိုင်ငံ ၊ ပီနန်မြို့တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။ PENANE INVITATIONAL JICA JUDO CHAMPIONSH IP 2025 ပြိုင်ပွဲသို့ မြန်မာဂျူဒိုအသင်း...

သင်္ကြန်ကာလ ချောင်းသာကမ်းခြေသို့ လာရောက်အပန်းဖြေသူများပြား

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်ရှိ ချောင်းသာကမ်းခြေသို့ မဟာသင်္ကြန်ကာလတွင် အနယ်နယ်အရပ်ရပ်မှ ခရီးသွားဧည့်သည်ဝင်ရောက်မှု အထူးများပြားလျက်ရှိကြောင်း သိရသည်။ သင်္ကြန်ကာလမရောက်မီ အကြိုရက်များကတည်းက ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများတွင် ကြိုတင်ရက်ချိန်းပြည့်သည့်အပြင် ရပ်ကွက်အတွင်းရှိ လုံးခြင်းအိမ်ငှားတည်းခိုလို့ရသည့် နေရာများသည်လည်း ပြည့်နေကြောင်း သိရသည်။ ချောင်းသာကမ်းခြေသို့ လာရောက်လည်ပတ်သူများ စိတ်အေးချမ်း ပျော်ရွှင်စွာအနားယူနိုင်ရန်၊ လုံခြုံမှုရှိစေရန်၊ ကမ်းခြေသန့်ရှင်းပြီး လာရောက်အပန်းဖြေသူများပြားလှပရန်၊ ကမ်းခြေတွင် စျေးရောင်းချသည့် စျေးသည်များ သတ်မှတ်စည်းကမ်းများနှင့်အညီ ရောင်းချစေရန်၊ ယာဥ်ကြောပိတ်ဆို့မှု မဖြစ်စေရန်တို့အတွက် မြို့အုပ်ချုပ်ရေးမှူး ဦးသီဟအောင်ဦးဆောင်ပြီး တာဝန်ရှိသူများအဖွဲ့က ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ချောင်းသာမြို့သို့ ဝင်ရောက်လာသည့် ခရီးသွားဧည့်သည်များသည် ချောင်းသာကမ်းခြေအပြင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071