Saturday, April 12, 2025

မင်္ဂလာတောင်ညွှန့်နှင့် ရန်ကင်းမြို့နယ်တို့တွင် သစ်ပင်များလဲကျ

ရန်ကုန်တိုင်းအတွင်း၌ ယနေ့ ဧပြီ ၁၂ ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မင်္ဂလာတောင်ညွှန့်မြို့နယ်နှင့် ရန်ကင်းမြို့နယ်တို့တွင် သစ်ပင်လဲကျမှုများဖြစ်ပေါ်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ မီးရထားရပ်ကွက်၊ ၁၀၅...

နေပြည်တော်လမ်းလျှောက်သင်္ကြန်အား ရေအေးသင်္ကြန်အဖြစ် ကျင်းပမည်

မနက်ဖြန် ဧပြီ (၁၃) ရက်တွင်ကျရောက်မည့် သင်္ကြန်ပွဲတော်တွင် နေပြည်တော်၌ကျင်းပမည့် လမ်း လျှောက်သင်္ကြန်အား ရေအေးသင်္ကြန်အဖြစ်သာကျင်းပသွားမည်ဖြစ်ပြီး ရေအေးသင်္ကြန်နှင့် စတုဒိသာမဏ္ဍပ်တည်ဆောက်နေမှုတို့ကို ပြန်ကြားရေးဝန် ကြီးဌာန၊...

မယ်ဆိုင်ချောင်းရေ ညစ်ညမ်းစံချိန်ထက် မြင့်တက်နေ၍ ရေကစားခြင်း...

ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်ချောင်းရေမှာ ညစ်ညမ်းစံချိန်သတ်မှတ်နှုန်းထက် မြင့်တက်နေ၍ အဆိုပါ ချောင်းရေအသုံးပြု၍ ရေကစားခြင်း မပြုလုပ်ကြရန် မယ်ဆိုင်ခရိုင် ပြည်သူ့ကျန်းမာရေးရုံးက ဧပြီ(၉)ရက်ရက်စွဲဖြင့် မေတ္တာရပ်ခံထားသည်။ မယ်ဆိုင်ချောင်းအတွင်းရှိ ရေနမူနာကို...

တရုတ်-အာဆီယံမီဒီယာနှင့်ဉာဏ်ကြီးရှင်ဖိုရမ် မလေးရှားတွင်ကျင်းပ

တရုတ်နှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံမှ မီဒီယာကိုယ်စားလှယ်များနှင့် ဉာဏ်ကြီးရှင်များသည် တရုတ်-အာဆီယံ မီဒီယာနှင့် ဉာဏ်ကြီးရှင်ဖိုရမ်အတွက် ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ...
HomeInternationalသွင်းကုန်အားလုံးအနိမ့်ဆုံး၁၀ရာခိုင်နှုန်း မှ စ၍အခွန်ကောက်မည်ဟု...

သွင်းကုန်အားလုံးအနိမ့်ဆုံး၁၀ရာခိုင်နှုန်း မှ စ၍အခွန်ကောက်မည်ဟု ထရမ့်ပ်ဆို

အမေရိကန်ပြည်ထောင်စုသို့ တင်သွင်းသည့် သွင်းကုန်အားလုံးကို အခြေခံနှုန်း ၁၀ ရာခိုင်နှုန်းမှစ၍ အခွန်ကောက်သွားမည်ဖြစ်ကာ အမေ၏ရိက၏ အကြီးဆုံး ကုန်သွယ်ဖက်အချို့အပါအဝင် အခြားဒါဇင်နှင့် ချီသောနိုင်ငံများကို ပိုမိုမြင့်မားသော အခွန်စည်းကြပ်မှုများ သတ်မှတ်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဧပြီ (၂) ရက်တွင် ကြေညာလိုက်သည်။ ယင်းကြေညာချက်ကြောင့် ကမ္ဘာ့ဈေးကွက်များကို တုန်လှုပ်သွားစေပြီး ကုန်သွယ်ရေးစစ်ပွဲကို ပိုမိုပြင်းထန် စေမည်ဖြစ်သည်။
          
အခွန်းစည်းကြပ်မှု နှုန်းများကို မြှင့်တင်ခြင်းသည် ကမ္ဘာ့အကြီးဆုံး စားသုံးသူဆိုင်ရာစီးပွားရေးဝန်းကျင်တွင် အတားအဆီးသစ်များ ပေါ်ပေါက်လာစေပြီး ကမ္ဘာအစီအစဉ်ကို ပုံဖော်ပေးသည့် ဆယ်စုနှစ်များစွာ ကုန်သွယ်မှု ဖြေလျှော့ပေးခြင်းလုပ်ငန်းစဉ်ကို ပြောင်းပြန်လှန်ပစ်မည်ဖြစ်သည်။ ကုန်သွယ်ဖက်များသည် ၎င်းတို့ကိုယ်ပိုင် အစီအစဉ်များဖြင့် တန်ပြန်စည်းကြပ်မှုများ လုပ်လာမည်ဟု မျှော်လင့်ရကာ စက်ဘီးမှသည် စပျစ်ရည်အထိပါဝင်သော အားလုံးသော ကုန်စည်များ သိသိသာသာ ဈေးမြင့်တက်လာနိုင်သည်။
         
တရုတ်နိုင်ငံမှ သွင်းကုန်များသည် ယခင် သတ်မှတ်ထားသည့် ၂၀ ရာခိုင်နှုန်းထက် ကျော်လွန်သော (၃၅) ရာခိုင်နှုန်း စည်းကြပ်မှုအသစ်နှင့် ထပ်မံရင်ဆိုင်ရမည်ဖြစ်ကာ စုစုပေါင်း စည်းကြပ်မှုအသစ်သည် (၅၄) ရာခိုင်နှုန်း ရှိလာမည်ဖြစ်သည်။ အမေရိက၏ အနီးကပ်ဆုံး မဟာမိတ်များသည်လည်း အခွန်းစည်းကြပ်မှုမှ ကင်းလွတ်ခွင့်မရှိဘဲ ဥရောပသမဂ္ဂမှ သွင်းကုန်များအပေါ် (၂၀) ရာခိုင်နှုန်းနှင့် ဂျပန်သွင်းကုန်များအပေါ် (၂၄) ရာခိုင်နှုန်း သတ်မှတ်ထားသည်။
           
အဆိုပါ မြင့်မားသော စည်းကြပ်မှုများသည် ဧပြီ (၉) ရက်တွင် အသက်ဝင်မည်ဖြစ်ကာ နိုင်ငံပေါင်း (၆၀) ခန့်တွင် သက်ရောက်မှုရှိမည်ဖြစ်ကြောင်း အမည်မဖော်လိုသော အိမ်ဖြူတော် အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ အခြေခံအကောက်ခွန် ၁၀ ရာခိုင်နှုန်းသည် ဧပြီလ (၅) ရက်နေ့တွင် အသက်ဝင်မည်ဖြစ်ကြောင်းလည်း အဆိုပါ အရာရှိက ပြောဆိုခဲ့သည်။
        
အပြန်အလှန် စည်းကြပ်ခွန်များသည် အမေရိကန်ကုန်ပစ္စည်းများအပေါ် စည်းကြပ်ခွန်နှင့် အကောက်ခွန်မဟုတ်သော အခြားအတားအဆီးများကို တုန့်ပြန်ခြင်းဖြစ်သည်ဟု မစ္စတာ ထရမ့်ပ်က ပြောကြားခဲ့သည်။ အခွန်စည်းကြပ်မှု အသစ်များကြောင့် ပြည်တွင်း ကုန်ထုတ်လုပ်မှု မြင့်တက်လာမည်ဖြစ်သည်ဟုလည်း သူကပြောခဲ့သည်။
           
“အနီး၊ အဝေးက မိတ်ဆွေ၊ ရန်ဘက် နှစ်မျိုးလုံးသော နိုင်ငံတွေက ဆယ်စုနှစ်များစွာ ငါတို့နိုင်ငံကို လုယက်၊ အဓမ္မကျင့်၊ ခိုးယူတာတွေ လုပ်ခဲ့ကြတယ်” ဟု အိမ်ဖြူတော် နှင်းဆီဥယျာဉ်တွင် ပြုလုပ်သော အခမ်းအနား၌ မစ္စတာ ထရမ့်ပ်က ပြောကြားခဲ့သည်။
              
ယခင်ကပင် သွင်းကုန်အများအပြားအပေါ် အခွန် (၂၅) ရာခိုင်နှုန်း ကောက်ခံမှုကို ရင်ဆိုင်နေရသော အမေရိက၏ အကြီးဆုံး ကုန်သွယ်ဖက်နှစ်နိုင်ငံဖြစ်သော ကနေဒါနှင့် မက္ကဆီကိုတို့သည် ဧပြီ ၂ ရက်က ကြေညာလိုက်သော ထပ်တိုးအခွန်စည်းကြပ်မှုများကို ရင်ဆိုင်ရတော့မည်ဖြစ်သည်။

Ref: သည်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မင်္ဂလာတောင်ညွှန့်နှင့် ရန်ကင်းမြို့နယ်တို့တွင် သစ်ပင်များလဲကျ

ရန်ကုန်တိုင်းအတွင်း၌ ယနေ့ ဧပြီ ၁၂ ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မင်္ဂလာတောင်ညွှန့်မြို့နယ်နှင့် ရန်ကင်းမြို့နယ်တို့တွင် သစ်ပင်လဲကျမှုများဖြစ်ပေါ်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ မီးရထားရပ်ကွက်၊ ၁၀၅ လမ်း၊ မီးရထားဝင်းအတွင်း၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ညနေ ၅ နာရီ ၁၇ မိနစ်ခန့်က သစ်ပင်လဲကျခဲ့သဖြင့် မင်္ဂလာတောင်ညွှန်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် ညနေ ၅ နာရီ ၇ မိနစ်ခန့်ကလည်း ရန်ကင်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ စည်ပင်လမ်းသစ်လမ်း၊ စံပြရန်ကင်းဈေးအနောက်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပျော့ကာအမြစ်လှန်ပြီး သစ်ပင်လဲကျခဲ့သဖြင့် ရန်ကင်းမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်...

နေပြည်တော်လမ်းလျှောက်သင်္ကြန်အား ရေအေးသင်္ကြန်အဖြစ် ကျင်းပမည်

မနက်ဖြန် ဧပြီ (၁၃) ရက်တွင်ကျရောက်မည့် သင်္ကြန်ပွဲတော်တွင် နေပြည်တော်၌ကျင်းပမည့် လမ်း လျှောက်သင်္ကြန်အား ရေအေးသင်္ကြန်အဖြစ်သာကျင်းပသွားမည်ဖြစ်ပြီး ရေအေးသင်္ကြန်နှင့် စတုဒိသာမဏ္ဍပ်တည်ဆောက်နေမှုတို့ကို ပြန်ကြားရေးဝန် ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းမှ ဧပြီ ၁၁ ရက်နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ နေပြည်တော်လမ်းလျှောက်သင်္ကြန်၏ ရေအေးသင်္ကြန်တွင် မြန်မာ့ရိုးရာအတာသင်္ကြန်အား UNESCO ၏ လူသားမျိုးနွယ်ကိုယ်စားပြုဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံရသည်ကိုအသိအမှတ်ပြုသည့်အနေဖြင့် ဂုဏ်ပြုကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့အား လူသားမျိုးနွယ်ကိုယ်စားပြုဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ်ပါဝင်နိုင်ရန် ကြိုးပမ်းဆောင် ရွက်နေမှုကိုဂုဏ်ပြုသည့်အနေဖြင့် သနပ်ခါးလိမ်းသည့်သရုပ်ဖော်ခြင်း၊ သက်ကြီးရွယ်အိုများအား ခေါင်းလျှော်ပေးခြင်း၊ ခြေသည်းလက်သည်း လှီးဖြတ်ပေးခြင်းတို့ကိုလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း...

မယ်ဆိုင်ချောင်းရေ ညစ်ညမ်းစံချိန်ထက် မြင့်တက်နေ၍ ရေကစားခြင်း ရှောင်ကြရန် မေတ္တာရပ်ခံထား

ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်ချောင်းရေမှာ ညစ်ညမ်းစံချိန်သတ်မှတ်နှုန်းထက် မြင့်တက်နေ၍ အဆိုပါ ချောင်းရေအသုံးပြု၍ ရေကစားခြင်း မပြုလုပ်ကြရန် မယ်ဆိုင်ခရိုင် ပြည်သူ့ကျန်းမာရေးရုံးက ဧပြီ(၉)ရက်ရက်စွဲဖြင့် မေတ္တာရပ်ခံထားသည်။ မယ်ဆိုင်ချောင်းအတွင်းရှိ ရေနမူနာကို ထိုင်းနိုင်ငံ၊ မယ်ဆိုင်ခရိုင်၊ ပြည်သူ့ကျန်းမာရေးရုံးက စစ်ဆေးရာတွင် ထိုသို့တွေ့ရှိခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ချင်းမိုင်ခရိုင် ပတ်ဝန်းကျင်ညစ်ညမ်းမှုထိန်းချုပ်ရေးရုံးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးရုံးသို့ ထပ်မံစစ်ဆေးရန် ပေးပို့ထားသည့်အတွက် စစ်ဆေးနေစဉ်အတွင်း ချောင်းရေ အသုံးပြု၍ ရေကစားခြင်းအားရှောင်ကြပါရန် မေတ္တာရပ်ခံထားခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် နှစ်နိုင်ငံ ပြည်သူများအနေဖြင့် မယ်ဆိုင်ချောင်းရေအား စားသောက်ကုန်များ ဆေးကြောခြင်း၊ သောက်ရေ/သုံးရေအဖြစ် အသုံးခြင်းများ မပြုလုပ်ကြရန်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071