Wednesday, April 16, 2025

အင်ဒိုကအစိမ်းရောင်စွမ်းအင်သုံးကုန်စည်များဖြင့်ဥရောပဈေးကွက်ဝင်မည်

ဂျကာတာ၊ဧပြီ ၁၅ အင်ဒိုနီးရှားအနေဖြင့် အမေရိက၏အခွန်စည်းကြပ်မှုမှ သက်သာစေရန်အတွက် ၎င်း၏စိမ်းလန်းသော သဘာဝစွမ်းအင်အရင်းအမြစ်များကိုအသုံးချကာ ဥရောပဈေးကွက်သို့ဝင်ရောက်ရန်ရည်မှန်းထားသည်ဟု စွမ်းအင်နှင့်သတ္တုအရင်းအမြစ်ဝန်ကြီးကပြောကြားခဲ့သည်။ အင်ဒိုနီးရှား၌ ဥရောပအပါအဝင် အခြားမည်သည့်နေရာတွင်မဆို ဈေးကွက်ကိုထိုးဖောက်နိုင်သည့် အစိမ်းရောင်သဘာဝစွမ်းအင်တွင် အားသာချက်ရှိပြီး...

မန္တလေးမိုးကြောင့် ယာယီကယ်ဆယ်ရေးစခန်းနေထိုင်သူများ အခက်ကြုံနေရ

ငလျင်ဒဏ်အဆိုးဆုံးခံထားရသည့် မန္တလေးနှင့် စစ်ကိုင်းတွင် ယမန်နေ့ ဧပြီ (၁၅) ရက် ညပိုင်းကရွာခဲ့သည့် မိုးကြောင့် ယာယီကယ်ဆယ်ရေးစခန်းနေထိုင်သူများ အခက်ကြုံနေရသည်။ ထို့ပြင် မန္တလေးမြိူ့၌ ပြိုလဲလုနီး...

PENANE INVITATIONAL JICA JUDO...

PENANE INVITATIONAL JICA JUDO CHAMPIONSHIP 2025 ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာဂျူဒိုအသင်း အနေဖြင့် ရွှေတံဆိပ် (၅)ခု၊ ငွေတံဆိပ်(၄)ခုနှင့်...

သင်္ကြန်ကာလ ချောင်းသာကမ်းခြေသို့ လာရောက်အပန်းဖြေသူများပြား

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်ရှိ ချောင်းသာကမ်းခြေသို့ မဟာသင်္ကြန်ကာလတွင် အနယ်နယ်အရပ်ရပ်မှ ခရီးသွားဧည့်သည်ဝင်ရောက်မှု အထူးများပြားလျက်ရှိကြောင်း သိရသည်။ သင်္ကြန်ကာလမရောက်မီ အကြိုရက်များကတည်းက ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများတွင် ကြိုတင်ရက်ချိန်းပြည့်သည့်အပြင်...
HomeNewsLocal Newsယာယီရပ်နားထားသော ရထားလမ်းပိုင်းများအား အမြန်ဆုံးပြုပြင်ပြီး...

ယာယီရပ်နားထားသော ရထားလမ်းပိုင်းများအား အမြန်ဆုံးပြုပြင်ပြီး ပြန်လည်ပြေးဆွဲမည်

ပြင်းထန်ငလျင်ဒဏ်ကြောင့် ယာယီရပ်နားထားသော ရထားလမ်းပိုင်းများအား အမြန်ဆုံးပြုပြင်ပြီး ပြန်လည်ပြေးဆွဲသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

အလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ နေပြည်တော်ပြည်ထောင်စုနယ်မြေနှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိ မြန်မာ့မီးရထား၏   သမိုင်းဝင်အင်းဝတံတား အပါအဝင် လမ်းများ၊ တံတားများ၊ ဘူတာအဆောက်အအုံများ ပျက်စီးဆုံးရှုံးခဲ့ရသည်။

အဆိုပါရထားလမ်းပိုင်းများ ပျက်စီးဆုံးရှုံးမှု အနေဖြင့် ရန်ကုန်-မန္တလေးရထားလမ်းရှိ ကျောက်တံခါး-တောင်ငူလမ်းပိုင်းတွင် လမ်းပျက်စီးမှု ၂၃ နေရာ၊ တောင်ငူ- နေပြည်တော် လမ်းပိုင်းတွင် လမ်းပျက်စီးမှု ခုနစ်နေရာနှင့် တံတားချို့ယွင်းမှုသုံးခု၊ သာစည်-မန္တလေးလမ်းပိုင်း၌ လမ်းပျက်စီးမှု ၃၀ နေရာနှင့် တံတားချို့ယွင်းမှု ရှစ်ခု၊ သာစည်-မိတ္ထီလာလမ်းပိုင်း၌  တံတားချို့ယွင်းမှုနှစ်ခု၊ ပျဉ်းမနား- တောင်တွင်းကြီးလမ်းပိုင်း၌ လမ်းပျက်စီးမှု ၁၁ နေရာနှင့် တံတားချို့ယွင်းမှု နှစ်ခုတို့ဖြစ်ပွားခဲ့သည်။

ထိုကဲ့သို့    ပျက်စီးဆုံးရှုံးမှုကြောင့် ရန်ကုန်-မန္တလေးလမ်းပိုင်းနှင့် ပျဉ်းမနား-တောင်တွင်းကြီး လမ်းပိုင်းတွင် ပြေးဆွဲလျက်ရှိသော လူစီးရထားများ၊ ကုန်တင်ရထားများအား ယာယီရပ်နားထားခဲ့ရကြောင်း သိရသည်။

ယင်းအပြင် ထိခိုက်ပျက်စီးမှုမရှိသည့် ရန်ကုန်မြို့ပတ်၊ ရန်ကုန်-မော်လမြိုင်၊ ရန်ကုန်-ပြည်၊ ရန်ကုန်-ပဲခူး၊ ပုသိမ်-ကြံခင်း စသည့် လမ်းပိုင်းများတွင် လူစီးရထားများနှင့် ကုန်ရထားများ ပုံမှန်ပြေးဆွဲလျက်ရှိသည်။

ငလျင်ဒဏ်ကြောင့်  ချို့ယွင်းပျက်စီးသွားသော လမ်းပိုင်းနှင့်တံတားများ ပြုပြင်ခြင်းများအား မြန်မာ့မီးရထား တိုင်းနယ်မြေအလိုက် လူအင်အား၊ စက်အင်အား၊ ပစ္စည်းအင်အား၊ ထိရောက်သော ထောက်ပံ့ပို့ဆောင်မှုများဖြင့်  ဆောင်ရွက်လျက်ရှိရာ ရန်ကုန်-တောင်ငူ- နေပြည်တော်-သာစည်-မန္တလေး လမ်းပိုင်းတစ်ခုလုံးတွင် ရထားများ  အမြန်ဆုံးပြန်လည်ပြေးဆွဲနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အင်ဒိုကအစိမ်းရောင်စွမ်းအင်သုံးကုန်စည်များဖြင့်ဥရောပဈေးကွက်ဝင်မည်

ဂျကာတာ၊ဧပြီ ၁၅ အင်ဒိုနီးရှားအနေဖြင့် အမေရိက၏အခွန်စည်းကြပ်မှုမှ သက်သာစေရန်အတွက် ၎င်း၏စိမ်းလန်းသော သဘာဝစွမ်းအင်အရင်းအမြစ်များကိုအသုံးချကာ ဥရောပဈေးကွက်သို့ဝင်ရောက်ရန်ရည်မှန်းထားသည်ဟု စွမ်းအင်နှင့်သတ္တုအရင်းအမြစ်ဝန်ကြီးကပြောကြားခဲ့သည်။ အင်ဒိုနီးရှား၌ ဥရောပအပါအဝင် အခြားမည်သည့်နေရာတွင်မဆို ဈေးကွက်ကိုထိုးဖောက်နိုင်သည့် အစိမ်းရောင်သဘာဝစွမ်းအင်တွင် အားသာချက်ရှိပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များ အလျှံပယ်ရှိသည်ဟုလည်း၄င်းက ပြောကြားခဲ့သည်။ ရေအားလျှပ်စစ် ၃,၆၀၀ ဂစ်ဂါဝပ်အထိ ထုတ်လပ်နိုင်စွမ်းရှိသည်ဟုလည်း အစိုးရကခန့်မှန်းထားကြောင်း၎င်းကဆက်လက်ပြောကြားခဲ့သည်။ အကယ်၍အဆိုပါအစီအစဉ်ကိုသာ အကောင်အထည်ဖော်နိုင်ပါက အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၃၀၀,၀၀၀ ခန့် ကို ဖန်တီးပေးနိုင်မည်ဖြစ်ပြီး နိုင်ငံခြားငွေအနေဖြင့် အမေရိကန်ဒေါ်လာ ၇၀ ဘီလျံအထိရရှိစေနိုင်မည်ဟုလည်းသူကဆိုသည်။ အမေရိကက အင်ဒိုနီးရှားကို အခွန်စည်းကြပ်မှုကို ၃၂ ရာခိုင်နှုန်းအထိတိုးလိုက်သည့်အပေါ် အင်ဒိုနီးရှားဘက်မှ ယခုကဲ့သို့တုန့်ပြန်ပြောကြားလာခြင်းဖြစ်ပြီး ယခုအကြောင်းအရာသည် ကုန်သွယ်ရေးဗျူဟာ၏ အစိတ်အပိုင်းတစ်ခုသာဖြစ်ကြောင်းလည်း၄င်းကဆိုသည်။ လက်ရှိတွင်မူ...

မန္တလေးမိုးကြောင့် ယာယီကယ်ဆယ်ရေးစခန်းနေထိုင်သူများ အခက်ကြုံနေရ

ငလျင်ဒဏ်အဆိုးဆုံးခံထားရသည့် မန္တလေးနှင့် စစ်ကိုင်းတွင် ယမန်နေ့ ဧပြီ (၁၅) ရက် ညပိုင်းကရွာခဲ့သည့် မိုးကြောင့် ယာယီကယ်ဆယ်ရေးစခန်းနေထိုင်သူများ အခက်ကြုံနေရသည်။ ထို့ပြင် မန္တလေးမြိူ့၌ ပြိုလဲလုနီး အဆောက်အဦ တစ်လုံးပြိုကျခဲ့ကာ ရပ်ကွက်များ၊ လမ်းများတွင်လည်း ရေများဝင်ရောက်ခဲ့သည်။ “မနေ့ညက မိုးတော်တော်ရွာတယ်၊ စက်မှု (၅၁) လမ်းမှာ မီးလောင်တယ်။ ရေကြီးတာကကြီး၊ နေဖို့ ဒုက္ခရောက်သူတွေကရောက်ပေါ့” ဟု မန္တလေးမြို့ခံတစ်ဦးက ဆိုသည်။ ရွာသွန်းသည့် မိုးကြောင့် မြေစိုက်ယာယီတဲများထဲ ရေများဝင်ရောက်ပြီး အိပ်ရာများနှင့် အသုံးအဆောင်များကိုလည်း အလောတကြီး ရွှေ့ပြောင်းခဲ့ရကြောင်း သူက ဆိုသည်။ ထိုနည်းတူ ငလျင်ဒဏ်ထိထားသည့်...

PENANE INVITATIONAL JICA JUDO CHAMPIONSHIP 2025 ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာဂျူဒိုအသင်း ဆုတံဆိပ် (၁၂) ခု ရရှိ

PENANE INVITATIONAL JICA JUDO CHAMPIONSHIP 2025 ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာဂျူဒိုအသင်း အနေဖြင့် ရွှေတံဆိပ် (၅)ခု၊ ငွေတံဆိပ်(၄)ခုနှင့် ကြေးတံဆိပ်(၃)ခု စုစုပေါင်း ဆုတံဆိပ် (၁၂) ခုရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ပြိုင်ပွဲကို ၂၀၂၅ ခုနှစ် ဧပြီ (၁၁) ရက်မှ (၁၃) ရက်အထိ မလေးရှားနိုင်ငံ ၊ ပီနန်မြို့တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။ PENANE INVITATIONAL JICA JUDO CHAMPIONSH IP 2025 ပြိုင်ပွဲသို့ မြန်မာဂျူဒိုအသင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071